Transformers ရုပ်ရှင်ဇာတ်ကားနှင့်ပတ်သက်သည့် အမှတ်တရပစ္စည်းပေါင်း(၁)သောင်းကျော် စုဆောင်းကာ ဂင်းနစ်စံချိန်ချိုးဖျက်နိုင်ခဲ့သည့် အမေရိကန်နိုင်ငံသား

 352

Pika (NP News) -‌ ဖေဖော်ဝါရီ ၂၆

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မှ အမျိုးသားတစ်ဦးသည် Transformers ရုပ်ရှင်ဇာတ်ကားနှင့်ပတ်သက်သည့် အမှတ်တရပစ္စည်းပေါင်း (၁၀၅၆၈)ခုကို စုဆောင်းခဲ့ပြီးနောက် ကမ္ဘာ့ဂင်းနစ် စံချိန်ကို ချိုးဖျက်နိုင်ခဲ့ကြောင်းသိရသည်။

မိုက်ကေးဟု အမည်ရသော အမျိုးသားသည် ၁၉၈၄ ခုနှစ်ကတည်းက Transformers စက်ရုပ် များကို စုဆောင်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ထို့ပြင် မိုက်ကေးသည်Transformers ရုပ်ရှင်ဇာတ်ကားနှင့် ပတ်သက်သည့် အမှတ်တရပစ္စည်းပေါင်း(၅၁၅၀)ခုကို စုဆောင်းကာ ဂင်းနစ်စံချိန်ချိုးဖျက်ထားသည့် AJ Ard ၏ စံချိန်ကို ချိုးဖျက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မိုက်ကေးက "ကျွန်တော် (၃)နှစ် ဒါမှမဟုတ် (၄)နှစ်သားအရွယ် ၁၉၈၄ ခုနှစ်ကတည်းက Transformers စက်ရုပ်တွေကို စတင်စုဆောင်းခဲ့ တာပါ။ ကျွန်တော်နဲ့ ကျွန်တော့်ရဲ့မိသားစုတွေဟာ Generation 1 Transformers စက်ရုပ်တွေ အများ အပြားရှိတဲ့ Sears စတိုးကို သွားခဲ့တာပါ။ ပြီးတော့ ကြိုက်တဲ့အရုပ်တစ်ခုကိုရွေးဖို့ ကျွန်တော့်မိဘတွေက ပြောခဲ့တာပါ။ အစိမ်းရောင်နဲ့လိမ္မော်ရောင် စပ်ထားတဲ့ တွဲထရပ်ကားကို ရွေးခဲ့ပြီးတဲ့နောက်မှာတော့ ကျွန်တော်ရဲ့ အရုပ်စုဆောင်းတဲ့ဝါသနာက စတင်ခဲ့ တာပါ။ ကျွန်တော် ကောလိပ်တက်နေတဲ့အချိန်မှာပဲ Generation 1 Transformers စက်ရုပ်တွေကို စုဆောင်းတာ ပြီးသွားခဲ့တာပါ။ ဒါပေမဲ့ ကျွန်တော့်ရဲ့ စုဆောင်းမှုက မရပ်တန့်သွားခဲ့ပါဘူး"ဟု ပြောဆိုခဲ့သည်။

ထို့ပြင် မိုက်ကေးက ၎င်းသည်နောက်ထပ် အသစ်ထွက်ရှိလာသော Transformers စက်ရုပ်များကို ဆက်လက်စုဆောင်းခဲ့ပြီး အမေရိကန်ရှိ စတိုးဆိုင်များတွင်မရှိသော ဂျပန်ထုတ်သီးသန့် စက်ရုပ်များကို ရှာဖွေရန်အတွက် အင်တာနက်ကိုလည်း အသုံးပြုခဲ့ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

zawgyi version
Transformers ႐ုပ္ရွင္ဇာတ္ကားႏွင့္ပတ္သက္သည့္ အမွတ္တရပစၥည္းေပါင္း (၁)ေသာင္းေက်ာ္ စုေဆာင္းကာ ဂင္းနစ္စံခ်ိန္ခ်ိဳးဖ်က္ႏိုင္ခဲ့သည့္ အေမရိကန္ ႏိုင္ငံသား
Pika (NP News) -‌ ေဖေဖာ္ဝါရီ ၂၆

အေမရိကန္ႏိုင္ငံ ကယ္လီဖိုးနီးယားျပည္နယ္မွ အမ်ိဳးသားတစ္ဦးသည္ Transformers ႐ုပ္ရွင္ဇာတ္ကားႏွင့္ပတ္သက္သည့္ အမွတ္တရပစၥည္းေပါင္း (၁၀၅၆၈)ခုကို စုေဆာင္းခဲ့ၿပီးေနာက္ ကမာၻ႔ဂင္းနစ္ စံခ်ိန္ကို ခ်ိဳးဖ်က္ႏိုင္ခဲ့ေၾကာင္းသိရသည္။

မိုက္ေကးဟု အမည္ရေသာ အမ်ိဳးသားသည္ ၁၉၈၄ ခုႏွစ္ကတည္းက Transformers စက္႐ုပ္ မ်ားကို စုေဆာင္းခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။ ထို႔ျပင္ မိုက္ေကးသည္Transformers ႐ုပ္ရွင္ဇာတ္ကားႏွင့္ ပတ္သက္သည့္ အမွတ္တရပစၥည္းေပါင္း(၅၁၅၀)ခုကို စုေဆာင္းကာ ဂင္းနစ္စံခ်ိန္ခ်ိဳးဖ်က္ထားသည့္ AJ Ard ၏ စံခ်ိန္ကို ခ်ိဳးဖ်က္ႏိုင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

မိုက္ေကးက "ကြၽန္ေတာ္ (၃)ႏွစ္ ဒါမွမဟုတ္ (၄)ႏွစ္သားအ႐ြယ္ ၁၉၈၄ ခုႏွစ္ကတည္းက Transformers စက္႐ုပ္ေတြကို စတင္စုေဆာင္းခဲ့ တာပါ။ ကြၽန္ေတာ္နဲ႔ ကြၽန္ေတာ့္ရဲ႕မိသားစုေတြဟာ Generation 1 Transformers စက္႐ုပ္ေတြ အမ်ား အျပားရွိတဲ့ Sears စတိုးကို သြားခဲ့တာပါ။ ၿပီးေတာ့ ႀကိဳက္တဲ့အ႐ုပ္တစ္ခုကိုေ႐ြးဖို႔ ကြၽန္ေတာ့္မိဘေတြက ေျပာခဲ့တာပါ။ အစိမ္းေရာင္နဲ႔လိေမၼာ္ေရာင္ စပ္ထားတဲ့ တြဲထရပ္ကားကို ေ႐ြးခဲ့ၿပီးတဲ့ေနာက္မွာေတာ့ ကြၽန္ေတာ္ရဲ႕ အ႐ုပ္စုေဆာင္းတဲ့ဝါသနာက စတင္ခဲ့ တာပါ။ ကြၽန္ေတာ္ ေကာလိပ္တက္ေနတဲ့အခ်ိန္မွာပဲ Generation 1 Transformers စက္႐ုပ္ေတြကို စုေဆာင္းတာ ၿပီးသြားခဲ့တာပါ။ ဒါေပမဲ့ ကြၽန္ေတာ့္ရဲ႕ စုေဆာင္းမႈက မရပ္တန႔္သြားခဲ့ပါဘူး"ဟု ေျပာဆိုခဲ့သည္။

ထို႔ျပင္ မိုက္ေကးက ၎သည္ေနာက္ထပ္ အသစ္ထြက္ရွိလာေသာ Transformers စက္႐ုပ္မ်ားကို ဆက္လက္စုေဆာင္းခဲ့ၿပီး အေမရိကန္ရွိ စတိုးဆိုင္မ်ားတြင္မရွိေသာ ဂ်ပန္ထုတ္သီးသန႔္ စက္႐ုပ္မ်ားကို ရွာေဖြရန္အတြက္ အင္တာနက္ကိုလည္း အသုံးျပဳခဲ့ေၾကာင္း ထုတ္ေဖာ္ေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.