ဂင်းနစ်စံချိန်ချိုးတဲ့ကမ္ဘာ့အကြီးဆုံးပီဇာပါတီကို အပျော်စီးသင်္ဘောပေါ်တွင် ကျင်းပ

 871

Pika (NP News) - ဇူလိုင် ၂၂

Princess Cruises ကော်ပိုရေးရှင်းသည် Sun Princess အပျော်စီးသင်္ဘောပေါ်တွင် အကြီးဆုံးပီဇာ ပါတီကို ကျင်းပခဲ့ပြီးနောက် ကမ္ဘာ့ဂင်းနစ်စံချိန်ကို ချိုးဖျက်နိုင်ခဲ့ကြောင်းသိရသည်။ အဆိုပါအပျော်စီး သင်္ဘောသည် ဆန်ဖရန်စ္စ ကိုမြို့ရှိ Tony's Pizza Napoletana ဆိုင်မှ စားဖိုမှူး Tony Gemignani နှင့်ပူးပေါင်းကာ သင်္ဘောပေါ်တွင် ပီဇာများမျှ ဝေပေးခြင်းဖြင့် ကမ္ဘာ့ဂင်းနစ်စံချိန်ချိုးဖျက်နိုင်ရန် ကြိုးပမ်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

အပျော်စီးသင်္ဘောတစ်လျှောက် ပီဇာအချပ်ရေ(၆)သောင်းကျော်ကို မျှဝေပေးခဲ့ပြီး ကမ္ဘာပေါ်တွင်အကြီးဆုံးပီဇာပါတီအတွက် ဂင်းနစ်စံချိန် တင်နိုင်ခဲ့ကြောင်း ဂင်းနစ်စံချိန်မှတ်တမ်း အဖွဲ့တာဝန်ရှိသူတစ်ဦးကအတည်ပြုခဲ့သည်။ အဆိုပါဂင်းနစ်စံချိန်ကိုချိုး ဖျက်ရန်အတွက် ကြိုးပမ်းမှုတွင် ဂျုံ(၆၅၁၂)ပေါင်၊ ဂျုံမှုန့်(၃၄၁၇)ပေါင်၊ pepperoni (၁၃၉၃)ပေါင်နှင့် ဒိန်ခဲ(၂၃၂၃) ပေါင်လိုအပ်ခဲ့ကြောင်း Princess Cruises အပျော်စီးသင်္ဘော၏ အစားအသောက်ဝန်ဆောင်မှုအဖွဲ့က ပြောကြားခဲ့ သည်။ အပျော်စီးသင်္ဘောပေါ်မှ တာဝန်ရှိသူများ၏ ဆန္ဒအရ ပီဇာအသစ်နှစ်မျိုးကို Tony Gemignani က ဖန်တီးပေးခဲ့ကြောင်း လည်းသိရသည်။

အဆိုပါ ပီဇာအသစ်တွင် Soppressata ဝက်အူချောင်း၊ ပျားရည်အပူ၊ agave pesto နှင့် လတ်ဆတ်သော ဆိတ်နို့ဒိန်ခဲတို့ကဲ့သို့သော ပါဝင်ပစ္စည်းများ ပါဝင်ကြောင်းလည်းသိရသည်။ ပီဇာအသစ်(၂)မျိုးအပြင် Tony Gemignani ၏ အမှတ်အသားပါသော ပီဇာသုံးမျိုးတို့ကို Sun Princess အပျော်စီးသင်္ဘောပေါ်ရှိ စားသောက် ဆိုင်တွင် ရရှိနေပြီဖြစ်ပြီး လာမည့်နွေရာသီနှောင်းပိုင်းတွင် Princess Cruises ၏ အခြားသင်္ဘောများပေါ်တွင် ရရှိနိုင်မည်ဖြစ်ကြောင်းလည်းသိရသည်။

zawgyi version
ဂင္းနစ္စံခ်ိန္ခ်ိဳးတဲ့ကမာၻ႔အႀကီးဆုံးပီဇာပါတီကို အေပ်ာ္စီးသေဘၤာေပၚတြင္ က်င္းပ
Pika (NP News) - ဇူလိုင္ ၂၂

Princess Cruises ေကာ္ပိုေရးရွင္းသည္ Sun Princess အေပ်ာ္စီးသေဘၤာေပၚတြင္ အႀကီးဆုံးပီဇာ ပါတီကို က်င္းပခဲ့ၿပီးေနာက္ ကမာၻ႔ဂင္းနစ္စံခ်ိန္ကို ခ်ိဳးဖ်က္ႏိုင္ခဲ့ေၾကာင္းသိရသည္။ အဆိုပါအေပ်ာ္စီး သေဘၤာသည္ ဆန္ဖရန္စၥ ကိုၿမိဳ႕ရွိ Tony's Pizza Napoletana ဆိုင္မွ စားဖိုမႉး Tony Gemignani ႏွင့္ပူးေပါင္းကာ သေဘၤာေပၚတြင္ ပီဇာမ်ားမွ် ေဝေပးျခင္းျဖင့္ ကမာၻ႔ဂင္းနစ္စံခ်ိန္ခ်ိဳးဖ်က္ႏိုင္ရန္ ႀကိဳးပမ္းခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။

အေပ်ာ္စီးသေဘၤာတစ္ေလွ်ာက္ ပီဇာအခ်ပ္ေရ(၆)ေသာင္းေက်ာ္ကို မွ်ေဝေပးခဲ့ၿပီး ကမာၻေပၚတြင္အႀကီးဆုံးပီဇာပါတီအတြက္ ဂင္းနစ္စံခ်ိန္ တင္ႏိုင္ခဲ့ေၾကာင္း ဂင္းနစ္စံခ်ိန္မွတ္တမ္း အဖြဲ႕တာဝန္ရွိသူတစ္ဦးကအတည္ျပဳခဲ့သည္။ အဆိုပါဂင္းနစ္စံခ်ိန္ကိုခ်ိဳး ဖ်က္ရန္အတြက္ ႀကိဳးပမ္းမႈတြင္ ဂ်ဳံ(၆၅၁၂)ေပါင္၊ ဂ်ဳံမႈန႔္(၃၄၁၇)ေပါင္၊ pepperoni (၁၃၉၃)ေပါင္ႏွင့္ ဒိန္ခဲ(၂၃၂၃) ေပါင္လိုအပ္ခဲ့ေၾကာင္း Princess Cruises အေပ်ာ္စီးသေဘၤာ၏ အစားအေသာက္ဝန္ေဆာင္မႈအဖြဲ႕က ေျပာၾကားခဲ့ သည္။ အေပ်ာ္စီးသေဘၤာေပၚမွ တာဝန္ရွိသူမ်ား၏ ဆႏၵအရ ပီဇာအသစ္ႏွစ္မ်ိဳးကို Tony Gemignani က ဖန္တီးေပးခဲ့ေၾကာင္း လည္းသိရသည္။

အဆိုပါ ပီဇာအသစ္တြင္ Soppressata ဝက္အူေခ်ာင္း၊ ပ်ားရည္အပူ၊ agave pesto ႏွင့္ လတ္ဆတ္ေသာ ဆိတ္ႏို႔ဒိန္ခဲတို႔ကဲ့သို႔ေသာ ပါဝင္ပစၥည္းမ်ား ပါဝင္ေၾကာင္းလည္းသိရသည္။ ပီဇာအသစ္(၂)မ်ိဳးအျပင္ Tony Gemignani ၏ အမွတ္အသားပါေသာ ပီဇာသုံးမ်ိဳးတို႔ကို Sun Princess အေပ်ာ္စီးသေဘၤာေပၚရွိ စားေသာက္ ဆိုင္တြင္ ရရွိေနၿပီျဖစ္ၿပီး လာမည့္ေႏြရာသီေႏွာင္းပိုင္းတြင္ Princess Cruises ၏ အျခားသေဘၤာမ်ားေပၚတြင္ ရရွိႏိုင္မည္ျဖစ္ေၾကာင္းလည္းသိရသည္။

Related news

© 2021. All rights reserved.