မျက်လုံးဘေးနားအသားကိုအသုံးပြုပြီး ကမ္ဘာ့ဂင်းနစ်စံချိန်နှစ်ခုချိုးဖျက်ခဲ့တဲ့ အမေရိကန်အမျိုးသား

 248

Pika (NP News) - ဇူလိုင် ၂ဝ

အမေရိကန်နိုင်ငံ နီဗားဒါးပြည်နယ် လတ်စ်ဗီးဂတ်စ် မြို့မှ အမျိုးသားတစ်ဦးသည် ၎င်း၏မျက်လုံး ဘေးနားအသားကိုအသုံးပြုကာ ကမ္ဘာ့ဂင်းနစ်စံချိန် နှစ်ခုကို ချိုးဖျက်နိုင်ခဲ့ကြောင်းသိရသည်။ အန်ဒရူး စတန်တန် အမည်ရှိအမျိုးသားသည် မီလန်မြို့တွင် ကျင်းပသော အီတလီတီဗီစီးရီး Lo Show Dei Record တွင်ပါဝင်ခဲ့ပြီးနောက် ယခုလို ဂင်းနစ်စံချိန် ချိုးဖျက်နိုင်ခဲ့ခြင်းဖြစ်သည်။ အန်ဒရူးစတန်တန်သည် မျက်လုံးဘေးနား အသားကိုအသုံးပြုကာ အလေးဆုံး အလေးချိန်ကိုဆွဲပြနိုင်ခဲ့သည့် ဂင်းနစ်စံချိန်နှင့် ဓားကို မျိုချနေစဉ်အချိန်အတွင်း မျက်လုံးဘေးနားအသား ဖြင့် အလေးဆုံးအလေးချိန်တို့ကို မြှောက်ပြ နိုင်ခဲ့သည့်ဂင်းနစ်စံချိန်တို့ကို ရယူနိုင်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။ ပထမဂင်းနစ်စံချိန်အတွက် အန်ဒရူးစတန်တန်သည် ကြီးမားသော သတ္တုချိတ်နှစ်ခုကို ၎င်း၏မျက်လုံးဘေးနားအသားတွင်ချိတ်ကာ (၅၃၁၉ ဒသမ ၇၅)ပေါင်ရှိပြီး ယာဉ်မောင်းပါရှိသည့် Cadillac ကားကို ဆွဲပြခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ထို့နောက် အန်ဒရူးစတန်တန်သည် ဓားကိုမျိုချ နေစဉ်အချိန်အတွင်း မျက်လုံးဘေးနား အသား တွင် သတ္တုချိတ်နှစ်ခုချိတ်ကာ(၁၂၉ ဒသမ ၆၃)ပေါင် လေးသော ၎င်း၏လက်ထောက်ကို မြှောက်ပြနိုင်ခဲ့ ခြင်းအတွက် ဂင်းနစ်စံချိန်ချိုးဖျက်နိုင်ခဲ့ကြောင်းသိရသည်။ ထို့ပြင် အန်ဒရူးစတန်တန်သည် ဓားကိုမျိုချ နေစဉ် အချိန်အတွင်း မျက်လုံးဘေးနားအသားကိုအသုံးပြုကာ အလေးဆုံး အလေးချိန်ကို မြှောက်ပြနိုင်ခဲ့ သည့် ဂင်းနစ်စံချိန်ကို ပထမဆုံးကိုင်ဆောင်သူဖြစ်လာခဲ့ကြောင်းလည်း သိရသည်။

zawgyi version
မ်က္လုံးေဘးနားအသားကိုအသုံးျပဳၿပီး ကမာၻ႔ဂင္းနစ္စံခ်ိန္ႏွစ္ခုခ်ိဳးဖ်က္ခဲ့တဲ့ အေမရိကန္အမ်ိဳးသား
Pika (NP News) - ဇူလိုင္ ၂ဝ

အေမရိကန္ႏိုင္ငံ နီဗားဒါးျပည္နယ္ လတ္စ္ဗီးဂတ္စ္ ၿမိဳ႕မွ အမ်ိဳးသားတစ္ဦးသည္ ၎၏မ်က္လုံး ေဘးနားအသားကိုအသုံးျပဳကာ ကမာၻ႔ဂင္းနစ္စံခ်ိန္ ႏွစ္ခုကို ခ်ိဳးဖ်က္ႏိုင္ခဲ့ေၾကာင္းသိရသည္။ အန္ဒ႐ူး စတန္တန္ အမည္ရွိအမ်ိဳးသားသည္ မီလန္ၿမိဳ႕တြင္ က်င္းပေသာ အီတလီတီဗီစီးရီး Lo Show Dei Record တြင္ပါဝင္ခဲ့ၿပီးေနာက္ ယခုလို ဂင္းနစ္စံခ်ိန္ ခ်ိဳးဖ်က္ႏိုင္ခဲ့ျခင္းျဖစ္သည္။ အန္ဒ႐ူးစတန္တန္သည္ မ်က္လုံးေဘးနား အသားကိုအသုံးျပဳကာ အေလးဆုံး အေလးခ်ိန္ကိုဆြဲျပႏိုင္ခဲ့သည့္ ဂင္းနစ္စံခ်ိန္ႏွင့္ ဓားကို မ်ိဳခ်ေနစဥ္အခ်ိန္အတြင္း မ်က္လုံးေဘးနားအသား ျဖင့္ အေလးဆုံးအေလးခ်ိန္တို႔ကို ေျမႇာက္ျပ ႏိုင္ခဲ့သည့္ဂင္းနစ္စံခ်ိန္တို႔ကို ရယူႏိုင္ခဲ့ျခင္းျဖစ္ေၾကာင္းလည္း သိရသည္။ ပထမဂင္းနစ္စံခ်ိန္အတြက္ အန္ဒ႐ူးစတန္တန္သည္ ႀကီးမားေသာ သတၱဳခ်ိတ္ႏွစ္ခုကို ၎၏မ်က္လုံးေဘးနားအသားတြင္ခ်ိတ္ကာ (၅၃၁၉ ဒသမ ၇၅)ေပါင္ရွိၿပီး ယာဥ္ေမာင္းပါရွိသည့္ Cadillac ကားကို ဆြဲျပခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။

ထို႔ေနာက္ အန္ဒ႐ူးစတန္တန္သည္ ဓားကိုမ်ိဳခ် ေနစဥ္အခ်ိန္အတြင္း မ်က္လုံးေဘးနား အသား တြင္ သတၱဳခ်ိတ္ႏွစ္ခုခ်ိတ္ကာ(၁၂၉ ဒသမ ၆၃)ေပါင္ ေလးေသာ ၎၏လက္ေထာက္ကို ေျမႇာက္ျပႏိုင္ခဲ့ ျခင္းအတြက္ ဂင္းနစ္စံခ်ိန္ခ်ိဳးဖ်က္ႏိုင္ခဲ့ေၾကာင္းသိရသည္။ ထို႔ျပင္ အန္ဒ႐ူးစတန္တန္သည္ ဓားကိုမ်ိဳခ် ေနစဥ္ အခ်ိန္အတြင္း မ်က္လုံးေဘးနားအသားကိုအသုံးျပဳကာ အေလးဆုံး အေလးခ်ိန္ကို ေျမႇာက္ျပႏိုင္ခဲ့ သည့္ ဂင္းနစ္စံခ်ိန္ကို ပထမဆုံးကိုင္ေဆာင္သူျဖစ္လာခဲ့ေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.