အန္တရာယ်ဖြစ်စေမည့်အွန်လိုင်းအကြောင်းအရာများ ဖယ်ရှားရန် နည်းပညာကုမ္ပဏီများကို တွန်းအားပေးသွားမည့် ဥပဒေပြဋ္ဌာန်းရန် ကနေဒါအစိုးရကြိုးပမ်း

 238

ALynn (NP News) - ဖေဖော်ဝါရီ ၂၈

ကနေဒါအစိုးရသည် ကလေးသူငယ်များ လိင်ပိုင်းဆိုင်ရာလှုံ့ဆော်မှုနှင့် အမုန်းပွားစေသောကိစ္စများ ပါဝင်သည့် အွန်လိုင်းအကြောင်းအရာများကို အမြန်ဆုံးဖယ်ရှားပေးရန် နည်းပညာကုမ္ပဏီများကို တွန်းအားပေးမည့် ဥပဒေ ကြမ်းတစ်ခုကို ထုတ်ဖော်ခဲ့သည်။

ဝန်ကြီးချုပ် ဂျက်စတင် ထရူးဒိုးက ၎င်းအွန်လိုင်းခြိမ်းခြောက်မှုဆိုင်ရာအက်ဥပဒေကို ဖေဖော်ဝါရီလ ၂၆ ရက် (တနင်္လာနေ့) က စတင်မိတ်ဆက်ခဲ့ပြီး ၎င်းဥပဒေသည် ရာဇဝတ်မှုနှုန်းမြင့်မားစေမည့်အန္တရာယ်ရှိသော အွန်လိုင်း အကြောင်းအရာ အမျိုးအစား ၇ မျိုးကို နည်းပညာကုမ္ပဏီများ တာဝန်ယူဖြေရှင်း နိုင်ရန်ရည်ရွယ်၍ ပြဋ္ဌာန်းလိုခြင်း ဖြစ်သည်။ ယင်းဥပဒေအရ အန္တရာယ်ဖြစ်စေမည့် အွန်လိုင်းရေးသားချက်များကို ၂၄ နာရီအတွင်း ဖယ်ရှားပစ်မည် ဖြစ်ပြီး ထိုအကြောင်းအရာများကို ဖြန့်ဝေသူများအား လူအခွင့်အရေးဆိုင်ရာခုံသမာဓိရုံးတွင် အမှုဖွင့်တိုင်ကြား နိုင်သည်။

အန္တရာယ်ရှိသော အွန်လိုင်းအကြောင်းအရာ အမျိုးအစား ၇ မျိုးမှာ သဘောဆန္ဒမပါဘဲ ဆက်သွယ်ပြောဆိုမှုများ၊ အမုန်းပွားစေမည့် အကြောင်းအရာများ၊ အစွန်းရောက်သည့် အကြောင်းအရာများ၊ အကြမ်းဖက်မှုကို လှုံ့ဆော်သည့် အကြောင်းအရာများ၊ ကလေးသူငယ်များအား အနိုင်ကျင့်နှောင့်ယှက်သည့်အကြောင်းအရာများ၊ ကလေးသူငယ် များ ၎င်းတို့ကိုယ်တိုင်အန္တရာယ်ပြုစေမည့်အကြောင်းအရာများ ဖြစ်ပါသည်။
၎င်းဥပဒေအရ ဒီဂျစ်တယ်လုံခြုံရေးကော်မရှင်တစ်ခုကို ဖွဲ့စည်း တည်ထောင်သွားမည်ဖြစ်ပြီး ကလေးသူငယ်များကို ကာကွယ်ရန် မိဘအုပ်ထိန်းမှုနှင့် လုံခြုံသောရှာဖွေမှုကဲ့သို့ setting များ ပါဝင်သည့် နည်းပညာပလက်ဖောင်းများ ကိုလည်း ထည့်သွင်းအသုံးပြုသွားမည်ဖြစ်သည်။

အစိုးရ၏ထုတ်ပြန်ကြေညာချက်တွင် “ကနေဒါနိုင်ငံသားများ၏ လွတ်လပ်စွာထုတ်ဖော်ပြသခွင့် ကိုလေးစားသော် လည်း ၎င်းတို့၏ ဘဝလုံခြုံရေးအတွက် စိုးရိမ်ကြောင့်ကြကင်းသော အွန်လိုင်းစနစ်တစ်ခုကို အားလုံးရရှိခံစားစေ လိုခြင်းဖြစ်ကြောင်းနှင့် ယခုထုတ်ပြန်သောဥပဒေကြမ်းသည် ဆိုရှယ်မီဒီယာအသုံးပြုသူများနှင့် ကလေးသူငယ်များ လုံခြုံဘေးကင်းရေးအတွက် အရေးတကြီး လိုအပ်နေသောဥပဒေတစ်ခုဖြစ်ကြောင်း” ဖော်ပြပါရှိသည်။

၎င်းဥပဒေကြမ်းကို ကော်မတီတွင် ဦးစွာဆွေးနွေးမည်ဖြစ်ပြီး ထိုမှတစ်ဆင့် အထက်လွှတ်တော်၏ အကဲဖြတ် ဆန်းစစ်ခြင်းကို ဆောင် ရွက်ကာ နောက်ဆုံးမှ ဥပဒေအဖြစ်ပြဋ္ဌာန်းသွားမည်ဖြစ်သည်။
ထိုဥပဒေနှင့်ပတ်သက်၍ အစိုးရ၏အဆိုပြုချက်များကို ကွန်ဆာဗေးတစ်များက ဆန့်ကျင်ကြသည်။ ကွန်ဆာဗေး တစ်ပါတီခေါင်းဆောင် Pierre Poilievre က “ဝန်ကြီးချုပ်ထရူးဒိုးသည် အာဏာရှင်ဆန်ပြီး အစိုးရ၏ စီမံချက်များ သည် ကနေဒါနိုင်ငံသားများ၏ လွတ်လပ်စွာထုတ်ဖော်ပြသခွင့်ကို ထိပါးနှောင့်ယှက်နေကြောင်း” ပြီးခဲ့သီတင်းပတ် က စွပ်စွဲပြစ်တင်ခဲ့သည်။

ကနေဒါ၏ ထိုဥပဒေမူကြမ်းသည် ယူကေအွန်လိုင်းလုံခြုံရေးဥပဒေ၊ ဥရောပသမဂ္ဂ ဒီဂျစ်တယ် ဝန်ဆောင်မှု အက်ဥပဒေနှင့် အမေရိကန်နိုင်ငံ ဖလော်ရီနှင့်တက္ကဆက်ပြည်နယ်တို့တွင် ကျင့်သုံးသည့် အွန်လိုင်းဥပဒေများနှင့် ဆင်တူသည်။

Zawgyi Version;
အႏၲရာယ္ျဖစ္ေစမည့္အြန္လိုင္းအေၾကာင္းအရာမ်ား ဖယ္ရွားရန္ နည္းပညာကုမၸဏီမ်ားကို တြန္းအားေပးသြားမည့္ ဥပေဒျပ႒ာန္းရန္ ကေနဒါအစိုးရႀကိဳးပမ္း
ALynn (NP News) - ေဖေဖာ္ဝါရီ ၂၈

ကေနဒါအစိုးရသည္ ကေလးသူငယ္မ်ား လိင္ပိုင္းဆိုင္ရာလႈံ႕ေဆာ္မႈႏွင့္ အမုန္းပြားေစေသာကိစၥမ်ား ပါဝင္သည့္ အြန္လိုင္းအေၾကာင္းအရာမ်ားကို အျမန္ဆုံးဖယ္ရွားေပးရန္ နည္းပညာကုမၸဏီမ်ားကို တြန္းအားေပးမည့္ ဥပေဒ ၾကမ္းတစ္ခုကို ထုတ္ေဖာ္ခဲ့သည္။

ဝန္ႀကီးခ်ဳပ္ ဂ်က္စတင္ ထ႐ူးဒိုးက ၎အြန္လိုင္းၿခိမ္းေျခာက္မႈဆိုင္ရာအက္ဥပေဒကို ေဖေဖာ္ဝါရီလ ၂၆ ရက္ (တနလၤာေန႔) က စတင္မိတ္ဆက္ခဲ့ၿပီး ၎ဥပေဒသည္ ရာဇဝတ္မႈႏႈန္းျမင့္မားေစမည့္အႏၲရာယ္ရွိေသာ အြန္လိုင္း အေၾကာင္းအရာ အမ်ိဳးအစား ၇ မ်ိဳးကို နည္းပညာကုမၸဏီမ်ား တာဝန္ယူေျဖရွင္း ႏိုင္ရန္ရည္႐ြယ္၍ ျပ႒ာန္းလိုျခင္း ျဖစ္သည္။ ယင္းဥပေဒအရ အႏၲရာယ္ျဖစ္ေစမည့္ အြန္လိုင္းေရးသားခ်က္မ်ားကို ၂၄ နာရီအတြင္း ဖယ္ရွားပစ္မည္ ျဖစ္ၿပီး ထိုအေၾကာင္းအရာမ်ားကို ျဖန႔္ေဝသူမ်ားအား လူအခြင့္အေရးဆိုင္ရာခုံသမာဓိ႐ုံးတြင္ အမႈဖြင့္တိုင္ၾကား ႏိုင္သည္။

အႏၲရာယ္ရွိေသာ အြန္လိုင္းအေၾကာင္းအရာ အမ်ိဳးအစား ၇ မ်ိဳးမွာ သေဘာဆႏၵမပါဘဲ ဆက္သြယ္ေျပာဆိုမႈမ်ား၊ အမုန္းပြားေစမည့္ အေၾကာင္းအရာမ်ား၊ အစြန္းေရာက္သည့္ အေၾကာင္းအရာမ်ား၊ အၾကမ္းဖက္မႈကို လႈံ႕ေဆာ္သည့္ အေၾကာင္းအရာမ်ား၊ ကေလးသူငယ္မ်ားအား အႏိုင္က်င့္ေႏွာင့္ယွက္သည့္အေၾကာင္းအရာမ်ား၊ ကေလးသူငယ္ မ်ား ၎တို႔ကိုယ္တိုင္အႏၲရာယ္ျပဳေစမည့္အေၾကာင္းအရာမ်ား ျဖစ္ပါသည္။
၎ဥပေဒအရ ဒီဂ်စ္တယ္လုံၿခဳံေရးေကာ္မရွင္တစ္ခုကို ဖြဲ႕စည္း တည္ေထာင္သြားမည္ျဖစ္ၿပီး ကေလးသူငယ္မ်ားကို ကာကြယ္ရန္ မိဘအုပ္ထိန္းမႈႏွင့္ လုံၿခဳံေသာရွာေဖြမႈကဲ့သို႔ setting မ်ား ပါဝင္သည့္ နည္းပညာပလက္ေဖာင္းမ်ား ကိုလည္း ထည့္သြင္းအသုံးျပဳသြားမည္ျဖစ္သည္။

အစိုးရ၏ထုတ္ျပန္ေၾကညာခ်က္တြင္ “ကေနဒါႏိုင္ငံသားမ်ား၏ လြတ္လပ္စြာထုတ္ေဖာ္ျပသခြင့္ ကိုေလးစားေသာ္ လည္း ၎တို႔၏ ဘဝလုံၿခဳံေရးအတြက္ စိုးရိမ္ေၾကာင့္ၾကကင္းေသာ အြန္လိုင္းစနစ္တစ္ခုကို အားလုံးရရွိခံစားေစ လိုျခင္းျဖစ္ေၾကာင္းႏွင့္ ယခုထုတ္ျပန္ေသာဥပေဒၾကမ္းသည္ ဆိုရွယ္မီဒီယာအသုံးျပဳသူမ်ားႏွင့္ ကေလးသူငယ္မ်ား လုံၿခဳံေဘးကင္းေရးအတြက္ အေရးတႀကီး လိုအပ္ေနေသာဥပေဒတစ္ခုျဖစ္ေၾကာင္း” ေဖာ္ျပပါရွိသည္။

၎ဥပေဒၾကမ္းကို ေကာ္မတီတြင္ ဦးစြာေဆြးေႏြးမည္ျဖစ္ၿပီး ထိုမွတစ္ဆင့္ အထက္လႊတ္ေတာ္၏ အကဲျဖတ္ ဆန္းစစ္ျခင္းကို ေဆာင္ ႐ြက္ကာ ေနာက္ဆုံးမွ ဥပေဒအျဖစ္ျပ႒ာန္းသြားမည္ျဖစ္သည္။
ထိုဥပေဒႏွင့္ပတ္သက္၍ အစိုးရ၏အဆိုျပဳခ်က္မ်ားကို ကြန္ဆာေဗးတစ္မ်ားက ဆန႔္က်င္ၾကသည္။ ကြန္ဆာေဗး တစ္ပါတီေခါင္းေဆာင္ Pierre Poilievre က “ဝန္ႀကီးခ်ဳပ္ထ႐ူးဒိုးသည္ အာဏာရွင္ဆန္ၿပီး အစိုးရ၏ စီမံခ်က္မ်ား သည္ ကေနဒါႏိုင္ငံသားမ်ား၏ လြတ္လပ္စြာထုတ္ေဖာ္ျပသခြင့္ကို ထိပါးေႏွာင့္ယွက္ေနေၾကာင္း” ၿပီးခဲ့သီတင္းပတ္ က စြပ္စြဲျပစ္တင္ခဲ့သည္။

ကေနဒါ၏ ထိုဥပေဒမူၾကမ္းသည္ ယူေကအြန္လိုင္းလုံၿခဳံေရးဥပေဒ၊ ဥေရာပသမဂၢ ဒီဂ်စ္တယ္ ဝန္ေဆာင္မႈ အက္ဥပေဒႏွင့္ အေမရိကန္ႏိုင္ငံ ဖေလာ္ရီႏွင့္တကၠဆက္ျပည္နယ္တို႔တြင္ က်င့္သုံးသည့္ အြန္လိုင္းဥပေဒမ်ားႏွင့္ ဆင္တူသည္။

Related news

© 2021. All rights reserved.