"တစ်ကျပ်ရရင် တစ်ကျပ်ဖိုးပဲသုံးမယ်ဆိုတဲ့ အိမ်ရှင်မဆန်တဲ့ ပေါ်လစီက မှားနေတယ်" (အင်တာဗျူး)
1206
အေဝိုင်အီး၊ ယွန်း (NP News) - ဖေဖော်ဝါရီ ၂၉
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ တပ်မတော်က အာဏာရယူခဲ့ပြီးနောက်ပိုင်းမှစ၍ ပြည်တွင်း၌အခြေခံစား သောက်ကုန်များအပြင် ဆောက်လုပ်ရေးသုံးပစ္စည်းများသည် တစ်စတစ်စ ဈေးနှုန်းမြင့်တက်လာခဲ့သည်။ အစိုးရအနေဖြင့် ဆောက်လုပ်ရေးကဏ္ဍကောင်းမွန်စွာလည်ပတ်နိုင်ရေးအတွက် သွင်းကုန် ပါမစ်များကို လွတ်လပ်စွာခွင့်ပြုပေးသင့်ကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်အချို့၏ ပြောဆိုမှုများ လည်းရှိနေသည့် အတွက် NP News ဂျာနယ်က Myanmar Developer Association (MDA) ဥက္ကဋ္ဌ ဦးသန်းနိုင်အား တွေ့ဆုံမေးမြန်းထားမှုများကို ဖော်ပြလိုက်ပါသည်။
မေး။ ။ ၂၀၂၁ နစကအာဏာရယူခဲ့တဲ့ အချိန်ကနေ အခု ၂၀၂၄ အထိ မြန်မာနိုင်ငံရဲ့ဆောက်လုပ်ရေး လုပ်ငန်းဟာ တိုးတက်လာတယ်လို့မြင်လား။ ဆုတ်ယုတ်သွားတယ်လို့ မြင်လား။ ဘယ်လိုဖြစ်လာသလဲ။
ဖြေ။ ။ ကျွန်တော့်အနေနဲ့မြင်တာတော့ လုပ်ငန်းတွေ အနေနဲ့ကတော့ ဆုတ်ယုတ်သွားတယ်။ ဒါပေမဲ့ ဈေး နှုန်းတွေအနေနဲ့ကတော့ ထိုးတက်လာတယ်။ အဲဒီလိုတော့မြင်မိပါတယ်။
မေး။ ။ ၂၀၂၁ နဲ့ ၂၀၂၄ နှိုင်းယှဉ်ရင် ဈေးနှုန်းက ဘယ်လောက်ရာခိုင်နှုန်းလောက် မြင့်တက်လာတာ လဲ။
ဖြေ။ ။ ဥပမာ ၂၀၂၁ တုန်းက သံတစ်တန်ရဲ့ဈေးက (၁၅)သိန်း၊ (၁၆)သိန်း ပတ်ချာလည်မှာပဲရှိတယ်။ အခု ၂၀၂၃ အကုန်လောက်ကစပြီး (၂၈)သိန်းကနေ ပြီးတော့ ဒီဘက်ကိုရောက်လာတဲ့အချိန်မှာ သိန်း(၃၀) နည်းနည်းစွန်းလာ တယ်ပေါ့။ အဲဒီလိုတွေတက်လာတယ်။ ပြီးတော့ ကွန်ကရစ်လုပ်ငန်းလည်း ဒီအတိုင်းပဲ။ ၂၀၂၁ လောက်တုန်းက (၆၅၀ဝဝ)၊ (၇၀ဝဝဝ)နဲ့ ကွန်ကရစ်ဝယ်ခဲ့တဲ့ဟာက အခုချိန်မှာ (၁၄၀ဝဝဝ)၊ (၁၅၀ဝဝဝ)နီးပါးဖြစ်သွားပြီ။ အားလုံးက နှစ်ဆ တက် သွားတယ်။ အဲဒီလိုပဲ အဆောက်အအုံတွေရဲ့ဈေး တွေကလည်း ကျန်တဲ့ပစ္စည်းတွေ ဈေးတက်တဲ့ အတွက် နှစ်ဆလောက်တက်သွားတာပေါ့။
မေး။ ။ ဒီလိုဆောက်လုပ်ရေးပစ္စည်းတွေ ဈေးတွေမြင့်တက်သွားတော့ ဘာပဲဖြစ်ဖြစ် အခက်အခဲဆိုတာတော့ ရှိမှာပဲလေ။ အဲဒီတော့ ဆောက်လုပ်ရေးလုပ်ငန်းတွေ မှာ ဘယ်လိုအခက်အခဲတွေဖြစ်လာလဲ။ ဘယ်လို အခြေအနေမျိုးတွေနဲ့ ရင်ဆိုင်နေရလဲ။
ဖြေ။ ။ ဆောက်လုပ်ရေးပစ္စည်းတွေက ဈေးတက်တယ်။ ဈေးတက်တယ်ဆိုတဲ့အခါမှာ နှစ်မျိုးရှိတယ် ပေါ့နော်။ ဒေါ်လာဈေးတက်လို့တက်လာတာမျိုးရှိတယ်။ နောက်တစ်ခုက Import ပါမစ်တွေမှာ ဆောက် လုပ်ရေးက ဦးစားပေးမပါဘူးလို့ဖြစ်နေတဲ့ အချိန်မှာ ကိုယ့်ပိုက်ဆံနဲ့ကိုယ် အစိုးရဆီက နိုင်ငံခြားငွေ မဝယ် ဘူးဆိုရင်တောင် ပါမစ်ရဖို့ခက်တယ်။ ပါမစ် ရဖို့ခက်တဲ့အတွက်ကြောင့် အခုဈေးကွက်ထဲမှာ ပစ္စည်းက အရမ်းရှားပြီးပြတ်လပ်နေတယ်။ ပစ္စည်းပြတ်လပ်တဲ့အခါကျတော့ ရှိတဲ့ပစ္စည်းကိုဈေးတင်ပြီး တော့ ရောင်း ကြတယ်။ အဓိကအခက်အခဲကတော့ ပစ္စည်းဝယ်လို့မရတဲ့အတွက် အဆောက်အအုံအသစ် ထပ် ဆောက်ဖို့ဆို တာတို့ အဆောက်အအုံကို ဆောက်လက်စလူက ရှေ့လုပ်ငန်းဆက်လုပ်ဖို့ဆိုတာ အရမ်း အခက်အခဲ ဖြစ်နေတယ်။ အခုဈေးကွက်ထဲမှာ အခက်အခဲကတော့ အဲဒီလိုအခြေအနေလေးတွေ ဖြစ်နေတယ်။
မေး။ ။ ဒါဆိုရင် အဲဒီအခက်အခဲတွေပြေလည်အောင် ဘယ်လိုမျိုးဖြေရှင်းသင့်လဲ။ နိုင်ငံတော်အနေနဲ့က ကော ဘာတွေလုပ်ပေးသင့်တယ်လို့ မြင်လဲ။
ဖြေ။ ။ နိုင်ငံတော်အနေနဲ့ကတော့ အဓိက ကတော့ ဆောက်လုပ်ရေး Sector က ကျွန်တော်တို့ အမြဲတမ်း ပြောနေသလို အလုပ်အကိုင်အခွင့်အလမ်းလည်း အများကြီးပေးနိုင်တယ်။ လုပ်ခလစာလည်း အမြင့် ဆုံးပေး နိုင်တဲ့ Sector လည်း ဖြစ်တယ်။ အဲဒီတော့ ဒီ Sector ကိုတော့ ပြန်လည်ပတ်အောင်လုပ်မှ နိုင်ငံတော်က စီးပွားရေးဖွံ့ဖြိုးမှာ။ ဘာတွေကိုဖြေရှင်းပေး သင့်လဲဆိုတော့ ဆောက်လုပ်ရေး Sector က ဖြေ ရှင်းရမယ့်ဟာတွေ အများကြီးပဲ။ အများကြီးပဲဆိုတဲ့ နေရာမှာ ခုနပြောသလို ဆောက်လုပ်ရေးလုပ်ငန်း တွေ နည်းနည်းလေးပြန်လည်ပတ်အောင် လုပ်ဖို့ဆို ရင်တော့ Import ပါမစ်တွေကို ဖြေလျှော့ သင့်တယ်။ ဆောက်လုပ်ရေးအတွက်ကို လူကြီးတွေစဉ်းစားနေ တာက အိမ်တစ်အိမ်အနေနဲ့ပြောမယ်ဆို အိမ်ရှင်မ စဉ်းစားသလိုစဉ်းစားနေတာ။ ဥပမာ ငွေတစ်ကျပ် ဝင်ငွေရှိရင် တစ်ကျပ်နဲ့သုံးရမယ်ဆိုတဲ့ ဟာပေါ့နော်။ အကြွေးမတင်ရင်ပြီးရောဆိုတဲ့ဟာနဲ့ တွက်ပြီး။တကယ့်တကယ် စီးပွားရေးလုပ်တဲ့ ယောကျာ်းလေး တစ်ယောက်ရဲ့အတွေးအခေါ်ကျတော့ ဘဏ်က ချေးငွေယူပြီးတော့လည်း လုပ်သင့်ရင် လုပ်ရတယ်။ ထွက်ငွေများရင်များပေမယ့် ဒါသည် Investment ဖြစ်တယ်။ တကယ်တမ်းသွားသင့်တာ နိုင်ငံတော်က ပစ္စည်းတွေနဲ့ပတ်သက်ပြီး ပြည်တွင်းမှာ ထုတ်စေချင်တာ။ ပြည်တွင်းမှာထုတ်ဖို့ဆိုတာက ကျွန်တော် တို့နိုင်ငံမှာ လျှပ်စစ်လုံလောက်အောင်မရှိဘူး။ ကုန်ကြမ်းတွေကအစ မထုတ်နိုင်သေးဘူး။ ဥပမာ သံကို သူတို့က ပြည်တွင်း မှာထုတ်ချင်တယ်။ သံထုတ် တာကို အားပေးမယ်လို့ပြောတယ်။ ပြောပေမယ့် ကျွန်တော်တို့ဆီမှာ လျှပ်စစ်မရှိ တဲ့အတွက် ဒီဇယ်က လည်း Import နဲ့သွင်းတာပဲ။ အဲဒီ ဒီဇယ်နဲ့သုံးပြီး မီးစက်နဲ့လည်ပြီးလုပ်တာတို့၊ လျှပ်စစ်မီးကလည်း မရတဲ့အခါတို့ အဲဒါမျိုးတွေဖြစ်တဲ့အတွက်ကြောင့် ပစ္စည်းထုတ်တာ ဈေးအရမ်းတက်တယ်။ ဘယ်လိုမှ တရုတ်ကသွင်းတာကို မယှဉ်နိုင်ဘူး။ လုပ်သင့်တာက ဘာလဲဆိုတော့ ရေတို၊ ရေရှည်။ ဥပမာ ဒီ(၃)နှစ်ကို တော့ ပြည်တွင်းထုတ်တဲ့ဟာကို အားပေးဖို့အတွက် စက်ရုံတည်ဆောက်တာတို့ ဘာတို့ညာတို့ကို အစိုးရ ကဝိုင်းပြီးတော့ တည်ဆောက်မယ်။ တည်ဆောက်ပြီး တော့ နောက်(၃)နှစ်ကျရင် ထုတ်မယ်။ နောက်(၅)နှစ်လောက်ကြာရင်တော့ ပြည်ပကတင်သွင်းတဲ့ ပစ္စည်းကို တစ်ဝက်လောက်လျှော့ချရင် လျှော့ချမယ်။ အဲဒီလို ပေါ်လစီလေးနဲ့ သွားသင့်တာပေါ့နော်။ အဲဒီ လိုမဟုတ်ဘဲ ချက်ချင်းကြီး ဒုန်းဆိုပြီး ရပ်လိုက်တဲ့အခါ ကျတော့ ဒီထဲမှာရှိတဲ့လုပ်ငန်းတွေက အဆင်မပြေ တော့ဘူး။ အခုလိုဘာပဲပြောပြော ကြည့်မယ်ဆိုရင် နိုင်ငံခြားထွက် အလုပ်လုပ်တဲ့သူတွေ များသွားပြီ။ ဒါဟာ ပြည်တွင်းမှာ အလုပ်အကိုင်မပေးနိုင်ဘူးဆိုတာ ပေါ်တယ်။ တကယ်က ကျွန်တော်တို့ Sector မှာ အဓိက လိုအပ်နေတာက သွင်းကုန်ပစ္စည်းတွေကို အလွယ်တကူ သွင်းနိုင်ဖို့လိုတယ်။ ဘာလို့လဲဆိုရင် အားလုံးက ကျွန်တော်တို့နိုင်ငံမှာ ပြည်တွင်းမှာ ထုတ် နိုင်တဲ့ဟာ မရှိဘူး။ သံဆိုလည်း ပြောနေကြတယ် မြောင်းတကာမှာထုတ်တယ် နိုင်ငံတကာစံမီတယ်တို့ ဘာတို့ညာတို့။ အဲဒါတွေက တကယ့်တကယ်ဆိုရင် အဲဒီလောက်ကြီး မဟုတ်ဘူး။ လုပ်လို့မရဘူး။ ဥပမာ ဘယ်နှထပ်လောက်အထိပဲ မြောင်းတကာသံကိုသုံး။ အဲဒါလည်း ကျွန်တော်တို့နိုင်ငံမှာ လုံလောက်အောင် မထုတ်ပေးနိုင်ဘူး။ အဲဒီလိုမထုတ်နိုင်ဘဲနဲ့ ပြည် တွင်းမှာထုတ်ဖို့ အားပေးဖို့အတွက် ကြိုးစားဖို့အ တွက်ဆိုပြီး ပိတ်လိုက်တယ်။ စောစောကပြောတဲ့ အိမ်ရှင်မ စဉ်းစားနည်းနဲ့စဉ်းစားတယ်။ တစ်ကျပ်ရရင် တစ်ကျပ်ပဲသုံးမယ်ဆိုတဲ့ဟာမျိုး အကြွေးမတင် ရင်ပြီးရောဆိုတဲ့ ပေါ်လစီက တကယ့်တကယ် ကျွန် တော့်အနေနဲ့ပြောရရင်တော့ လွဲမှားနေ တယ်လို့ ထင်တယ်။ ဘာလို့လဲဆိုရင် ရေတိုရေရှည်သွားရမှာ။ ကျွန်တော်တို့ အလုပ်လုပ်သလိုပေါ့၊ ကျွန်တော့်မှာ ပိုက်ဆံတစ်ကျပ်ပဲရှိတယ်။ ဒီအဆောက်အအုံ ဆောက်ရင် နှစ်ကျပ်ကုန်မယ်ဆိုရင် တစ်ကျပ်ကိုမချေး ဘဲနဲ့ တစ်ကျပ်ကိုပိုမသုံးဘဲနဲ့ ဘယ်လိုဆောက်မလဲ။ လုပ်လို့မရနိုင်ဘူး။ အဲဒီအလုပ်ကိုလုပ်မှ အလုပ်သမား တွေကလည်း အဆင်ပြေမယ်။ စားလို့ရမယ်။ အဲဒီဟာ ပြီးသွားရင်လည်း ပြန်ရောင်းတာကနေ ပိုက်ဆံရမှ စီးပွားရေးကအဆင်ပြေမယ်။ အဲဒီလိုမဟုတ်ဘဲနဲ့ တစ်ကျပ်ကို တစ်ကျပ်ပဲသုံးမယ်ဆိုရင်တော့ စီးပွား ရေးလုပ်တဲ့သူရဲ့ Idea မဟုတ်ဘူး။ တစ်ကျပ်ပဲရှိတယ် တစ်ကျပ်ပဲသုံးလို့ဆိုပြီး လုပ်လို့မရဘူး။ ဒါပေမဲ့ လူကြီးတွေလည်း သူတို့အခက်အခဲနဲ့သူတို့ ဘာစဉ်း စားလဲတော့ ကျွန်တော်လည်းမသိဘူး။
မေး။ ။ ဆောက်လုပ်ရေးလုပ်ငန်းဆိုတာ အလုပ်အ ကိုင်အခွင့်အလမ်းတွေလည်း အများကြီးရှိတယ်။ အလုပ်သမားတွေလည်း အများကြီးပေးနိုင်တယ်။ ၂၀၂၁ နဲ့ယှဉ်မယ်ဆိုရင် အခုနောက်ပိုင်းမှာတော့ အလုပ်အကိုင်အခွင့်အလမ်းတွေလည်း ပိုပြီးရှားသွား မယ်လို့ထင်တယ်။ နှစ်စဉ်ဆောက်လုပ်ရေးလုပ်ငန်း ကနေပြီးတော့ အလုပ်အကိုင်အခွင့်အလမ်း ဘယ်လောက်ပေးနိုင်လဲ။
ဖြေ။ ။ ဦးသိန်းစိန်လက်ထက် အရမ်းကောင်းခဲ့တဲ့ အချိန်တုန်းက အလုပ်ပေးနိုင်တာ သန်းဂဏန်း လောက်အထိရှိတယ်။ အဲဒီအချိန်တုန်းက ဘာတွေပါ ဖြစ်ခဲ့လဲဆိုတော့ စီးပွားရေးတွေပြန်ကောင်းလာတယ်။ အဆောက်အအုံအသစ်တွေ ပြန်ဆောက်လာတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေဝင်လာတော့ နိုင်ငံခြားမှာ ရောက်နေတဲ့ မြန်မာအင်ဂျင်နီယာတွေကို ကျွန်တော် တို့ပြန်ငှားပြီးတော့ စင်ကာပူလစာနဲ့ပေးပြီး အလုပ် ပြန်ခန့်နိုင်တယ်။ ဟိုဘက်ကလူတွေ ဒီဘက်ကို ပြန် လာနိုင်အောင်အထိ လုပ်နိုင်ခဲ့တယ်။ ဒါပေမဲ့ ၂၀၁၆ ဦးဖြိုးမင်းသိန်းတို့ အထပ်အမြင့်ရပ်လိုက်တဲ့အချိန်မှာ အဲဒီလူတွေကလည်း အကုန်ပြန်ကုန်ကြတယ်။ အဲဒီ အချိန်မှာစပြီး ဂယက်ကရိုက်လာတာပေါ့။ ၂၀၂၁ က နေနောက်ပိုင်း ဒီဘက်ဆိုရင်တော့ တော်တော်လေး ကျသွားတဲ့ပုံရှိတယ်။ ဘာတွေကျသွားလဲဆိုရင်တော့ နံပါတ်(၁) တင်ဒါတွေမှာ အစိုးရတင်ဒါတွေလည်း သိပ်မထွက်တော့ဘူး။ အစိုးရတင်ဒါတွေကလည်း ထွက်လို့ရှိရင် မကိုက်ဘူးဆိုတာသိတယ်။ နိုင်ငံတော် ကလည်း ဘတ်ဂျက်ကိုချုံ့လိုက်တယ်။ မလိုအပ်တဲ့ အဆောက်အအုံတွေဆောက်တဲ့ဟာကို ထိန်းရမယ် ဆိုပြီး ဘတ်ဂျက်ကိုချုံ့ပစ်လိုက်တယ်။ အဲဒီမှာတင် အစိုးရတင်ဒါတွေထွက်လာတာနည်းသွားတာ။ နောက်ပြီးတော့ ကိုယ်ပိုင်ဆောက်တယ်ဆိုတဲ့ ဟာ တွေကလည်း နည်းလာတဲ့အတွက်ကြောင့် အခုဆိုရင် ကျွန်တော်ထင်တယ် သိန်းဂဏန်းလောက်ပဲရှိတော့ မယ်။ (၄)(၅)သိန်းလောက်ပဲ ရှိလိမ့်မယ်။ အဲဒီ ထက်တော့ ပိုစရာမရှိဘူး။ အလုပ်တွေအများကြီး နည်းသွားတယ်။
မေး။ ။ ဒီလိုမျိုး ဆောက်လုပ်ရေးပစ္စည်းတွေ ဈေးတွေ အဆမတန်တက်ပြီးတော့ ပစ္စည်းတွေလည်း ရှားပါးမှု တွေနဲ့ကြုံတဲ့အခါမှာ နိုင်ငံတော်ကလုပ်တဲ့ အိမ်ရာ စီမံကိန်းတွေနဲ့ ကိုယ်ပိုင်လုပ်တဲ့ Developer တွေနဲ့ ဆိုရင် ဘယ်သူကပိုပြီးထိခိုက်မှုပိုများလဲ။
ဖြေ။ ။ ထိခိုက်မှုများတာကတော့ နိုင်ငံတော် စီမံကိန်း ယူတဲ့သူက ဒီနေ့ယူ နောက်နေ့ရှုံးပဲ။ ဘာလို့လဲဆိုရင် တင်ဒါဈေးနှုန်းတွက်ချက်ပုံရှိတယ်။ တင်ဒါက သူတို့ Yellow Book နဲ့တွက်ချက်တယ်။ အစိုးရဆီမှာ ဈေးနှုန်းရှိတယ်။ ဥပမာ ဘယ်ဒေသရဲ့ပေါက်ဈေး ဆိုပြီးတော့။ အဲဒီစာအုပ်ထဲမှာတွက်တဲ့ ဈေးနှုန်း ကိုယ်တိုင်က ပြင်ပမှာပစ္စည်းဝယ်လို့မရဘူး။ အဲဒီနှုန်း နဲ့တွက်ချက်ပြီးတော့ တင်ဒါခေါ်တာ။ တင်ဒါခေါ်ပြီး တော့မှ အဲဒီနှုန်းထက် (၅)ရာခိုင်နှုန်းကနေ (၁၀) ရာ ခိုင်နှုန်းနည်းမှ တင်ဒါအောင်ပေးတာ။ အစကတည်း ကလွဲ နေတာ။ ဥပမာ ဈေးနှုန်းက ကာလပေါက်ဈေးထက် လည်းနည်းတဲ့ စာအုပ်ကြီးကို Reference ယူထား တယ်။ Yellow Book ဆိုတာရှိတယ် သူတို့မှာ။ အဲဒါ နဲ့တွက်ချက်တယ်။ တွက်ချက်ပြီးတော့ အဲဒီဟာထက် (၅)ရာခိုင်းနှုန်းလျော့ဦးမှ တင်ဒါက အောင်တယ်ဆို တော့ နဂိုတည်းကဝယ်လို့မရတဲ့ဟာကို ဆောက်ခိုင်းတာ။ အဲဒီတော့ Quality က မကောင်းတာတို့၊ ကန်ထရိုက် ထွက်ပြေးတာတို့ ထည့်မပြောနဲ့တော့။ နဂိုတည်းကလွဲ နေပြီ။ အဲဒါကြောင့်မလို့ အိမ်ရာစီမံကိန်းတွေမှာလည်း တချို့တွေ တိုးလိုးတန်းလန်းတွေဖြစ်လို့ ပြီးခဲ့တဲ့ပြည် သူ့အငှားအိမ်ရာစီမံကိန်းရန်ကုန်ဆိုရင် ထပ်တိုး ဘတ်ဂျက်တောင်ပေးခဲ့ရတယ်။ မပြီးတဲ့ အဆောက်အ အုံတွေအတွက်ဆိုပြီး တိုးပေးခဲ့ရတယ်။ အခု Private Sector တွေမှာလည်း အထိနာတယ်။ ဘယ်လို အထိနာလဲဆိုတော့ ကြိုပွိုင့်တွေကို ကြိုရောင်း လိုက်တယ်။ ရောင်းရင်းနဲ့ဆောက်ရင်းနဲ့ ဈေးတက် သွားတဲ့အတွက်ကြောင့် အကုန်လုံးကိုတော့ ထိနေ တာပဲ။ ဒါပေမဲ့ ကျွန်တော်တို့ Developer တွေက တော့ အစည်းအဝေးလုပ်နေတဲ့အတွက် ထိန်း ထားတယ်။ ကြိုပွိုင့်ကိုနည်းနည်းထိန်းရောင်းတယ်။ ဖြည်းဖြည်းချင်းလွှတ်နိုင်တဲ့အနေအထားနဲ့ ဖြည်း ဖြည်းချင်းတက်သွားတယ်။ ဘတ်ဂျက်ကိုချိန်ပြီးတော့ အဲဒီလိုလုပ်တဲ့အတွက် အထိအခိုက်တော့များတယ်။ ဒါပေမဲ့ နည်းနည်းတော့ထိန်းထားနိုင်သေးတယ်။ အစိုးရတင်ဒါလုပ်တဲ့သူတွေထိတယ်။ Quality ကိုလည်း အကောင်းလိုချင်တယ်။ ဈေးနှုန်းကျတော့ လည်း မပေါက်တဲ့ဈေးပေးတယ်။ ဈေးနည်းတယ်ဆိုလို့ ရှိရင် ပေါချောင်ကောင်းဆိုတာ ဘယ်မှာမှမရဘူး။ ပေါရင်၊ ချောင်ရင်၊ ကောင်းဖို့ဆိုတာ ဘယ်လိုမှမဖြစ် နိုင်ဘူး။ အဲဒီတော့ အစိုးရအဆောက်အအုံတင်ဒါတွေ Quality မမီဘူးဆိုတဲ့အချက်က အဲဒါပဲ။
မေး။ ။ ဒီလိုမျိုးဈေးတွေမြင့်လာတဲ့အတွက်ကြောင့် လုံးဝရပ်နားသွားတဲ့လုပ်ငန်းရှင်ကတော့ မရှိဘူးလို့ သိရတယ်။ တစ်ဖက်မှာ အိမ်ခြံမြေကလည်း ဈေးက ကောင်းနေတဲ့အတွက်ကြောင့်။ ဒါပေမဲ့ ရာခိုင်နှုန်းနဲ့ ပြောရင်ကော လုပ်ငန်းရှင်တွေအနေနဲ့ ဘယ်လောက် လျော့သွားလဲ။
ဖြေ။ ။ ရာခိုင်နှုန်းကတော့ တော်တော်လေးလျော့ တယ်။ အသစ်ထပ်မဆောက်တဲ့လူတွေလည်းများတယ်။ ဥပမာ ရပ်ကွက်ထဲမှာ အရင်တုန်းကဆို မြင်လိမ့်မယ်။ (၅)ထပ်၊ (၆)ထပ်လေးတွေ စည်ပင်ခွင့်ပြုချက်နဲ့ ဆောက်တာလေးတွေများတယ်။ အခုအဲဒါ လေးတွေ တော်တော်နည်းလာတယ်။ ပစ္စည်းဈေးနှုန်း တက်တာတွေပါတယ်။ သူတို့ကျတော့ ရေရှည်ကို မထိန်းနိုင်ဘူး။ ရာခိုင်နှုန်းကတော့ တော်တော်ကျ သွားတယ်။ ဒါပေမဲ့ စောစောကပြောသလို တစ်ဖက် မှာကျပေမယ့် မြေဈေးကလည်းတက်လာတယ်။ မြေ ဈေးက ဘယ်လောက်တက်လာလဲဆိုတော့ ရန်ကုန် မြို့ရဲ့ ဆင်ခြေဖုံးလိုနေရာမျိုးကိုမှ 1sq.Ft ကို သုံး-လေးသိန်း ဖြစ်လာပြီ။ ဆောက်လုပ်စရိတ်ပေါင်းလိုက်ရင် အနည်းဆုံး လေး-ငါးသိန်းက ရောင်းလို့ရနေပြီ။ ထူးခြားတာတစ်ခုက တချို့တွေတိုက်ခန်းကိုဆောက် ပြီးတော့ 1sq.Ft ကိုတစ်သိန်းခွဲ၊ နှစ်သိန်းနဲ့ ရောင်းနေ တဲ့လူတွေလည်းရှိတယ်။ ကျွန်တော်တို့ ဆောက်လုပ်ရေး Sector ကနည်းနည်းတော့ ထူးခြားတယ်။ အဲဒါ က Customer Knowledge လိုသွားတာ။
မေး။ ။ ဆောက်လုပ်ရေးသုံးပစ္စည်းတွေ ဈေးတက်တဲ့ ကိစ္စမှာ သံပဲပြောကြတာများတယ်။ တခြား ဆောက် လုပ်ရေးပစ္စည်းတွေကကော ဘယ်လိုရှိလဲ။
ဖြေ။ ။ ဆောက်လုပ်ရေးပစ္စည်းမှန်သမျှသည် အကုန် လုံးက Import ။ အကုန်လုံးကိုဖွင့်ပေးရမှာ။ သံတစ် ခုတည်း မဟုတ်ဘူး။ ကျောက်ပြား ကိုယ့်နိုင်ငံမှာ မထွက်ဘူး။ နောက်ပြီးတော့ ယမ်း မရတာ။ ယမ်းကတခြားဘက်ကိုရောက်သွားမှာစိုးလို့ ယမ်းကိုသိပ်မ ထုတ်ဘူး။ ထိန်းချုပ်ထားတယ်။ အဲဒီအတွက်ကြောင့် မို့လို့ ကျောက်မီးသွေးတွေဘာတွေ နိုင်ငံခြားကနေ ဝယ်ရတယ်။ အဲဒါမျိုးတွေလည်းရှိတယ်။ ဘိလပ်မြေ ထုတ်ဖို့အတွက်ကို။ ကျန်တဲ့ဟာတွေလည်း အများကြီး ရှိတယ်။ ဥပမာ အလူမီနီယမ်၊ မှန်တို့၊ ဆေးတို့ အကုန် လုံးက နိုင်ငံခြားကဝယ်ရတာ။ ဓာတ်လှေကားတို့၊ လျှပ်စစ်ပစ္စည်းတွေ၊ မီးကြိုး၊ မီးလုံး အကုန်လုံးက နိုင်ငံခြားကသွင်းရတာ။ သွင်းရတာဖြစ်တဲ့အတွက် ဒီ Sector မှာ နိုင်ငံခြားငွေအများကြီးသုံးမယ်ဆိုရင် ဒီ sector နဲ့ နိုင်ငံခြား ငွေပြန်ရှာတဲ့ ကွန်ဒိုကို အားပေး ရမယ်။
မေး။ ။ ဆောက်လုပ်ရေးကဏ္ဍမှာသုံးတဲ့ပစ္စည်း အ ကုန်လုံးရဲ့ (၉၀)ရာခိုင်နှုန်းနဲ့အထက်ဟာ နိုင်ငံခြား ကနေတင်သွင်းရတာဖြစ်ပြီး (၁၀)ရာခိုင်နှုန်းလောက် ပဲ ကိုယ့်နိုင်ငံမှာထုတ်တာဖြစ်နေတဲ့ သဘောလား။
ဖြေ။ ။ မှန်ပါတယ်။ ဆီက ဒေါ်လာနဲ့လာတာလေ။ ကျောက်စရစ်တို့ သဲတို့ ထုတ်ဖို့အတွက် သင်္ဘောတို့၊ စက်လှေတို့ သုံးတာလည်း ဒီဇယ်သွင်းရတာပဲ။
မေး။ ။ အဲဒီအတွက် သွင်းကုန်ပါမစ်ကကော ကောင်း ကောင်းမွန်မွန် ခိုင်ခိုင်မာမာနဲ့ သေချာမြန်မြန်ဆန်ဆန် ရရဲ့လား။
ဖြေ။ ။ သွင်းကုန်ပါမစ်ကမရတာကြာလှနေပြီ။ ဆောက်လုပ်ရေးပစ္စည်းမှမဟုတ်ဘူး။ သူတို့ပထမပိုင်း ဦးစားပေးပါတယ်ဆိုတဲ့ ဆေးတောင်မှ အရှင်းဆုံး ပြောရရင် မြေဩဇာတောင်မှ အရစ်ကျနဲ့ပေးနေတာ။ ခုနကျွန်တော်ပြောတဲ့ အိမ်ရှင်မတစ်ယောက်ရဲ့ အတွေးနဲ့ စီမံခန့်ခွဲတယ်ဆိုတာ အဲဒါကိုပြောတာ။ တစ်ကျပ်ပဲရှိရင် တစ်ကျပ်ပဲသုံးတယ်ဆိုတဲ့ အတွေး အခေါ်ပေါ့နော်။ အဲဒါက Develop မဖြစ်နိုင်ဘူး။ ဒါပေမဲ့ မှန်တယ်၊ အိမ်တော့ မပျက်သွားဘူးပေါ့ဗျာ။ တကယ်စီးပွားရေးလုပ်တဲ့သူတွေရဲ့ အတွေးအခေါ် ကျတော့ အဆောက်အအုံ ဆောက် တယ်။ ချေးပြီး ဆောက်တယ်။ ရှိလို့ဆောက်တာမှမဟုတ်တာ။ ဒါ Investment ပဲလေ။ ချေးရင်ချေးရမယ်။ ပိုသုံးရင် သုံးရမယ်။ ဒါပေမဲ့ ဒါက ကာလတစ်ခုရှိတယ်။ ရေတို၊ ရေရှည်နဲ့သွားသင့်တာ အကုန်လုံးက။ စိုက်ပျိုးရေး၊ မွေးမြူရေးဆိုတာက မဆလခေတ်ကတည်းက ကြွေး ကြော်ခဲ့တဲ့ခေါင်းစဉ်၊ ဘယ်တုန်းကမှ မအောင်မြင် ခဲ့ဘူး။ ကိုယ့်ဆီမှာ အဲဒီလိုပညာရှင်တွေလည်းမရှိဘူး။ အဓိက က ကျွန်တော်ပြောချင်တာ အားလုံး Sector တိုင်းမှာ ဥပမာ ဆေးထုတ်တာကို ဒီမှာခွင့်ပြုမယ် ပြောတယ်။ အားပေးတယ်။ ဟုတ်ပြီ ဆေးထုတ်တဲ့ ဆေးဝါးကုန်ကြမ်းကို မြန်မာပြည်မှာထုတ်တာကို အရင်လုပ်ရမှာ မဟုတ်ဘူးလား။ ဆေးဝါးကုန်ကြမ်းကို ဘင်္ဂလားဒေ့ရှ်က သွင်းမယ်၊ အိန္ဒိယက သွင်းမယ် ဒီမှာ Tablets ရိုက်ထုတ်တာပဲရှိတယ်၊ ဘာလုပ်မှာတုံး မှားနေတယ်ဆိုတာ အဲဒါမျိုးတွေ မှားနေတာ။ ပြီး တော့ SME တွေကို အားပေးတယ်။ ချေးငွေထုတ်ပေး လိုက်တယ်။ သိန်း(၁၀ဝဝ)။ ပြီးရင် ဘယ်သူမှပြန်မဆပ် နိုင်ဘူး။ အဲဒီ သိန်း(၁၀ဝဝ)က တကယ့် SME တွေ ဆီလည်း မရောက်သလို SME မှာ တရုတ်တို့ဘာတို့ ကို မပြိုင်နိုင်ဘဲနဲ့ ဘယ်လိုလုပ်မှာတုံး။ SME ဆိုတာ အနိမ့်ဆုံးဗျာ စက်မှုလက်မှု မီးလိုတယ်လေ။ အမှန်က ကျွန်တော်ဆိုရင် အဲဒီပိုက်ဆံသိန်း (၁၀ဝဝ) နဲ့ ဆိုလာ တွေ ဝယ်တပ်ပေးလိုက်ပြီ။ ဆိုလာကိုလုပ်ပေးလိုက် တာ အစိုးရအနေနဲ့လည်း ဝန်ထုပ်ဝန်ပိုးအများကြီး ကျသွားမယ်။ ချေးတဲ့ သိန်း (၁၀ဝဝ) ကို ဆိုလာတပ် ပေးလိုက်ရင် တော်ရုံတန်ရုံ SME တွေအတွက်က လုံလောက်တယ်။
မေး။ ။ နောက်တစ်ခုက အခု (၃)နှစ်တာအခင်းအကျင်းမှာ ပြိုလဲသွားတဲ့ ဆောက်လုပ်ရေးလုပ်ငန်းရှင် တွေ ပေါ်လာပြီလား။
ဖြေ။ ။ လုပ်ငန်းအသေးတွေတော့ တော်တော်ပြိုလဲ သွားပြီ။ ရပ်ကွက်ထဲမှာဆောက်နေတဲ့ ဆောက်လုပ် ရေးလုပ်ငန်းတွေတော့ ပြိုလဲသွားပြီ။ လုပ်ငန်းကြီးတွေ ကတော့ ကျန်သေးတယ်။ Logic အရ စဉ်းစားကြည့် လေ ဆောက်လို့မရတာကြီးကို ဘယ်သူကအရှုံးခံပြီး ရောင်းမှာလဲ။ အဲဒီတော့မရောင်းတာ။ ဒါပေမဲ့ ဘာဖြစ်လဲဆိုတော့ ကျွန်တော်တို့ဆီမှာလူမညီဘူး။ တချို့က ဘဏ်ကိုဆပ်ရမယ့်အကြွေးရှိတဲ့ အခါ မြန်မြန်ဖြုတ်ချင်တယ်။ ဈေးတက်ရင်ရောင်းရမှာ မဟုတ်ဘူး လို့ထင်တယ်။ အမှန်ကမဟုတ်ဘူး။ အခုဈေးတက်တဲ့ အချိန်မှာ အရမ်းရောင်းနေရတာ။ ဒါပေမဲ့ ကျွန်တော်တို့က ပြန်ထိန်းနေရတယ်။ ဘာကြောင့် ထိန်းနေရလဲ ဆိုတော့ ပစ္စည်းဈေးတွေက လိုက်တက်နေလို့။ အခု အဝယ်အရမ်းများတယ်။ ဘာကြောင့်များလဲ၊ လားရှိုး တို့ဘာတို့ ရှမ်းဘက်ကဆင်းလာတဲ့တချို့က ရန်ကုန် မြို့မှာ အိမ်ခြံမြေအငှားပြန်လိုက်လာပြီ။ အဝယ်လည်း လိုက်လာတယ်။ ပိုက်ဆံရှိတဲ့စစ်ဘေးရှောင်တွေ အများကြီးဆင်းလာတယ်။ I-Green ဆို အခန်း ရောင်းဖို့မရှိ တော့ဘူး။ အရမ်းရောင်းရတာ။ အဲဒီလို ဟာမျိုးတွေရှိတဲ့အတွက် အဝယ်ရှိနေတော့ ဆောက်တဲ့လူအတွက်က အကြီးကြီးတွေကတော့ မပြုတ်ဘူး။ အကြီးတွေကမြတ်မယ်ဆိုတာ ကျိန်းသေတယ်။ ထိန်းရောင်းဖို့ပဲလိုတာ။ နောက်တစ်ခုက ဆောက်လုပ်ရေး Sector ကောင်းဖို့ ဆိုတာ ဘာဆက်လုပ်ပေးရမလဲဆို တော့ Customer Knowledge ကို ထပ်ပြီး မီဒီယာက ပေးမှရမယ်။ Customer တွေမှာ Knowledge မရှိဘူး။ မရှိတဲ့အခါကျတော့ ရောင်းမှားဝယ်မှားဆိုတဲ့ တချို့ဟာတွေရှိတယ်။ ပင်လယ်ကမ်းခြေမှာသွားပြီး အိမ်ဆောက်တဲ့ဟာတွေ။ နောက်တစ်ခါ ကလောတို့၊ မေမြို့တို့၊ ရှမ်းပြည်ဘက်မှာ အိမ်တွေဆောက်တဲ့ဟာ တွေ၊ ရောင်းတဲ့ဟာတွေ။ အမှန်က အဲဒါတွေက လိုအပ်လားဆို မလိုအပ်ဘူး။ မလိုအပ်ဘဲနဲ့သွားဆောက်တာ။ အဲဒီဟာတွေကို တစ်လမှာ ဘယ်နှခေါက်များ သွားလည်မလဲ။ ဟိုတယ်ကောင်းကောင်းရှိရင် ဟိုတယ်တွေလည်း Develop ဖြစ်တယ်။ အစိုးရက မစဉ်းစားတာ။ အဲဒါတွေရှိလိုက်တဲ့အတွက်ကြောင့် ဘာဖြစ်သွားလဲဆိုတော့ ကျန်တဲ့ဟိုတယ်လုပ်ငန်းတွေပါ အသွားတယ်။ အမှန်ဆိုရင် အစိုးရက အဲဒါမျိုးတွေကို ထိန်းပေးရမှာ။ Market Economy မှန်ပေမယ့် အစိုးရက ထိန်းရမယ့်ဟာကိုထိန်းပေးရမယ်။ နယူးယော့ခ်မှာဆို ဟိုတယ်တစ်လုံးကို လွယ်လွယ်နဲ့ ဆောက်လို့မရဘူး။ သုံးနှစ် Report ရှိတယ်။ နယူးယော့ခ်မြို့ကတော့ ဟိုတယ်အသင်းကရော သုတေသန လုပ်ထားတာရှိတယ်။ ဟိုတယ်တစ်လုံးဆောက် ပေးလိုက်လို့ သူတို့ရဲ့ရှယ်ယာကို ခွဲပေးရမယ်ဆို ပေး မဆောက်ဘူး။ Market Economy ဆိုပေမယ့် ပြတ်မသွားအောင် တချို့ဟာတွေက အစိုးရက ထိန်းချုပ်ပေးတယ်။ ဈေးကွက်ပြတ်သွားရင် အကုန်ကျသွားမှာ။ အဲဒီအချိန်မှာ အစိုးရကလည်း အခွန်အကောက် မရဘူး။ အကုန်ရှုပ်ကုန်တာ။ ဒီမှာကအစိုးရက အဲဒီလို ဟာမျိုးတွေ မစဉ်းစားဘူး။ ဥပမာ ရှမ်းပြည်နယ်အစိုးရဆို သူဝန်ကြီးချုပ်ဖြစ်တဲ့အချိန်မှာ လာဆောက်ဆိုပြီး သူ့ဒေသဖွံ့ဖြိုးအောင်လုပ်မယ်၊ အဲဒီလိုမရဘူး။ အဲဒီဒေသက နေမယ့်သူအတွက် ဖြစ်တဲ့အိမ်ရာမဟုတ်ဘူး။ တကယ့် Real Demand မဟုတ်ဘူး။ ကျွန်တော်တို့ မြန်မာတွေရဲ့အကျင့်က ဟိုပြည်နယ်မှာလည်း အိမ် ရှိတယ်။ ကမ်းခြေမှာလည်း အိမ်ရှိတယ်ဆိုတာကို ဂုဏ်ယူချင်တာ။ ဂုဏ်ယူချင်တော့ဘာဖြစ်လဲဆိုတော့ ပိုက်ဆံရှိတာတော့မှန်တယ် ဒါပေမဲ့ အဲဒီလူကလည်း ဘဏ်ကြွေးတွေများနေတဲ့ကြားကနေ ဂုဏ်ယူချင်တဲ့ အတွက် သွားလုပ်တာ။ ဥပမာ ကမ်းခြေမှာ သူဌေးတွေ အများကြီးပဲ ဟိုတယ်တွေဆောက်ကြတာ။ ဂုဏ်တစ် ခုအနေနဲ့သွားဆောက်တာ။ တကယ့် Real Investment မဟုတ်ဘူး။ နောက်ဆုံးမှာ ဘာဖြစ်လဲ ဆိုတော့ အဲဒီဟိုတယ်တွေကို ဘဏ်တွေက အပေါင်ခံကြ တယ်။ အခုဆို ဘဏ်တွေကသိမ်းလည်း ဟိုတယ် တန်ဖိုးမရတာတို့ ဖြစ်နေပြီ ဘယ်သူမှမဝယ်နိုင်ဘူး။ ဟိုတယ်က ဘယ်လိုသိမ်းမလဲ အဲဒါဆို။ ကျွန်တော် တို့ဆီမှာက Investment ပုံစံတွေက မှားနေတယ်။
တကယ်က ကလောမှာ အိမ်တစ်အိမ်ဝယ်တယ်။ သိန်း(၄၅၀)ထား။ မြတ်ချင်လို့ဝယ်တယ် Invest အနေနဲ့ဝယ်တယ်ပဲထားတော့။ တစ်ချိန်မှာ ရာသီဥတု ဖောက်ပြန်မယ်။ ရေမလုံလောက်တဲ့ပြဿနာတွေ ဖြစ်လာမယ်။ ဒါပေမဲ့ ရှမ်းပြည်နယ်အစိုးရက မစဉ်းစားဘူး။ လတ်တလောအိမ်ရာဖွံ့ဖြိုးသွားတယ် ဆိုတာကိုပဲ ပြချင်တာ။ နောက်ဖြစ်လာမယ့် ဂယက်ကို မစဉ်းစားဘူး။ မစဉ်းစားတဲ့အခါကျတော့ Invest လုပ် လိုက်တယ် လုပ်ပြီးရင်ရှုံးပြီပဲ။ Developer ဆိုတာ Step by Step ဧကရာချီဝယ်ပြီးတော့ သွားတာ။ နောက်တစ်ခါ ဟိုတယ်မှာတည်းတယ်၊ တစ်နှစ်ကို ဘယ်နှခါ အဲဒီအိမ်မှာတည်းနိုင်မှာလဲ။ အဲဒီအိမ်ကို သန့်ရှင်းရေးလုပ် ရမှာရှိတယ်။ လစဉ်ကြေးတွေပေးရတယ်။ ဟိုတယ်ဆိုရင်တောင် ဟိုတယ်အလုံးရေဘယ် လောက်ဆိုတာမျိုးကို သုတေသနလုပ်ပြီးမှ ပေးဆောက်ရမှာ။ ဆောက်လုပ်ရေး Sector မှာလည်း အဲဒီအတိုင်းပဲ Customer Knowledge က မီဒီယာ က လုပ်မှရမှာ။ တညင်ဘက်မှာဆောက်နေတာ တစ်ခုရှိတယ်။ အဲဒီမှာဝယ်လိုက်တယ်။ 1sq.ft ကို (၄)သိန်းနဲ့။ မြို့ထဲမှာတောင်မှ (၄)သိန်းဆိုတာ တချို့ လူတွေတော်တော်ရောင်းနေရသေးတာ။ ဝယ်ပြီး ဘာ ပြဿနာတက်လဲဆိုတော့ လစဉ်ကြေးက အိမ်ငှားနေ ရသလိုပဲ။ တစ်လကို (၇)သိန်းနဲ့ (၈)သိန်းကြားမှာရှိ တယ်။ ခုဝယ်ပြီးမှ တချို့တွေ ဒုက္ခရောက်နေကြတာ။ ပြန်ငှားစားဖို့ကျတော့လည်း နိုင်ငံခြားသားလည်း ရေရှည်မခံနိုင်ဘူး။ မငှားတော့ဘူးပေါ့ဗျာ။ အဲဒီမှာ (၇)သိန်း(၈)သိန်း တစ်လပေးရရင် ဒီဘက်မှာ အေး ဆေးရနေပြီကို။ အဲဒီ Customer Knowledge တွေကို မီဒီယာကမလုပ်ပေးရင် ဆောက်လုပ်ရေး Sector တွေက မတက်ဘူး။ အစိုးရလည်းအားပေး ရမှာ။ ကွန်ဒိုမီနီယမ်တွေကို အားပေးရမယ်။ BOT တွေကိုလည်း ထိထိရောက်ရောက် အရေးယူရမယ်။ အရေးယူတယ်ဆိုတာ မင်းတို့စချုပ်တုန်းက ဒီလုပ်ငန်းတွေလုပ်ဖို့ချုပ်တာ ဒါပဲလုပ်ဆိုတာမျိုး။ ဘာလုပ်ငန်းတွေပဲလုပ်ဆိုတာ BOT အောက်မှာရှိပြီးသား။ ဟိုတယ်တွေလုပ်လို့ရတယ်။ Service လုပ်ငန်းတွေ လုပ်လို့ရတယ်။
မေး။ ။ ဆောက်လုပ်ရေးမှာဆိုရင်(၉၀)ရာခိုင်နှုန်း လောက်က ပြည်ပကနေတင်သွင်းနေရတယ်လို့ ခုန တုန်းကပြောသွားတယ်။ ငွေကြေးအရဆိုရင်ကော နှစ်စဉ်ဘယ်လောက်သုံးစွဲနေရလဲ။
ဖြေ။ ။ ကျွန်တော်သိသလောက်ကတော့ နှစ်စဉ် နိုင်ငံခြားကနေ သံက တန်(၃)သန်းကျော်လောက် သွင်းတယ်လို့ပြောတယ်။ ဒီနှစ်တွေတော့ လျော့တယ် လို့ကြားတယ်။ ဒီနှစ်တွေမှာ လျော့တာကတော့ ပါမစ် ကြောင့်ပေါ့နော်။ ပုံမှန်ကတော့ တန်(၃)သန်းကျော် လောက်သွင်းတာပေါ့။ အစိုးရက ဒီမှာပဲထုတ်တာကို လိုချင်တာ။ တရုတ်နဲ့ဈေးပြိုင်မရောင်းရတော့ ဘယ်လိုလုပ်ရင်းနှီးမြှုပ်နှံမှာလဲ။ အဲဒီအတွက် သုံးရမယ် Infrastructure ဆိုတာရှိတယ်။ Infrastructure က အကုန်နိုင်ငံခြားကနေ ဝယ်နေရတယ်။ သံဆိုလည်း သံကုန်ကြမ်းက ဘယ်ကထုတ်မှာလဲ။ နိုင်ငံ ခြားကပဲဝယ်ရမယ်ဆို ဘာထူးမှာလဲ။ နည်းနည်းသက်သာမယ်ဆိုရင်တောင် လက်ခစားလေးလောက်ပဲ သက်သာသွားမှာ။ Transporation Charge ကတော့အတူတူပဲ။ ကုန်ကြမ်းကို အရင်စထုတ်တာကို အစိုးရက ဦးစားပေး ရမှာ။ Step တွေ ကျော်နေသလို ဖြစ်နေတာပေါ့။
မေး။ ။ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းတွေက ၂၀၂၁ နဲ့ နှိုင်းယှဉ်မယ်ဆိုရင် ခုလက်ရှိမှာ ဘယ်လောက် ရာခိုင်နှုန်းလောက်တက်သွားတာလဲ။
ဖြေ။ ။ (၁၀ဝ)ရာခိုင်နှုန်းလောက်တက်သွားတာပေါ့။ (၃)နှစ်ထဲမှာကို (၁၀ဝ)ရာခိုင်နှုန်းဖြစ်သွားတာ။ သံ ဆိုရင် အရင်က (၁၅)သိန်း၊ (၁၆)သိန်းက အခုဆို သိန်း(၃၀)ဖြစ်သွားပြီလေ။ ကွန်ကရစ်လည်း ဒီတိုင်းပဲ။
မေး။ ။ ဆောက်လုပ်ရေးလုပ်ငန်းတွေ အရင်လို ပြန် လည်ပတ်ဖို့ကို နိုင်ငံတော်က အရေးကြီးဆုံးမဖြစ်မနေ တစ်ခုကိုခွင့်ပြုပေးရမယ်ဆိုရင် ဘာကိုခွင့်ပြုပေးစေ ချင်လဲ။
ဖြေ။ ။ သံပေါ့။ သံကိုတကယ်ဆောက်နေတဲ့ဟာတွေနဲ့ ပါမစ်သာပေးလိုက်။ အသင်းတွေကနေဆောက်ရင် အသင်းတွေကို ပါမစ်ပေးလိုက်။ အဲဒါသည် အလွယ် ဆုံးနည်းပဲ။ အဲဒီလိုမှမပေးချင်ရင်လည်း သံ ရောင်းတဲ့ သူတွေကို ပါမစ်ပေးလိုက်။ ဘယ်သူမှတော့ ပုံပြီးတော့ မသွင်းဘူး။ သူ့ဟာနဲ့သူ လည်ပတ်အောင်တော့ သုံး မှာပဲ။ မဖြစ်မနေသံကတော့ လိုအပ်ချက်ရှိနေတယ်။ လိုအပ်ချက်ရှိနေတဲ့အတွက် ဖွင့်ပေးရမယ်။ ဆောက် လုပ်ရေးပစ္စည်းတွေဖွင့်ပေးရမယ်။ ဖွင့်ရမှာတော့ အကုန်ဖွင့်ပေးရမှာ။ နောက်တစ်ခုက ဆောက်လုပ်ရေး လုပ်ငန်းတွေ ဖွံ့ဖြိုးဖို့ဆိုတာ လျှပ်စစ်မူဝါဒတွေလည်း ပြင်မှရမယ်။ ကျွန်တော်တို့နိုင်ငံမှာက ဘာတွေရှိလဲ ဆိုတော့ နောက်ပိုင်းကွန်ဒိုတွေမှာတက်နေလို့ရှိရင် မီတာခကို အိမ်သုံးယူနစ်နဲ့ရတဲ့သူတွေရှားတယ်။ တစ်ယူနစ်ကို (၃၀ဝ)(၄၀ဝ)ယူနေတာ။ ယူနစ်(၃၀ဝ)(၄၀ဝ) နဲ့ဆိုရင် ဘယ်သူက တိုက်ခန်းဝယ်ပြီး နေချင် မှာလဲ။ ဒီမှာဖြစ်နေတာဘာလဲဆိုတော့ မီတာကိစ္စပဲ ဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် ပစ္စည်းတစ်ခုကို ကုန်သည် ကနေပြီးတော့ လူကြီးတွေကိုတင်ပြမယ်၊ လူကြီးတွေ ကကြိုက်တယ်ဆိုရင် အဲဒီပစ္စည်းသုံးလို့ ပြောလိုက် မယ်။ တကယ့်တကယ်လုပ်ရမှာက အောက်ခြေဝန် ထမ်းတွေရှိတယ်။ အဲဒီတော့ အခုမီတာက ပေါ်လစီက လွန်ခဲ့တဲ့ (၄)(၅)နှစ်က ပေါ်လစီတွေ။ နိုင်ငံတကာမှာ နည်းပညာဆိုတာ အမြဲမြင့်နေတာ။ နောက်တစ်ခုက မီးပျက်များတဲ့ နိုင်ငံတွေမှာ လျှပ်စစ်မီးရော မီးစက်မီးရော ဘယ်လိုစနစ်နဲ့သုံးလဲဆိုတာ အောက်ခြေအင်ဂျင်နီယာတွေက လေ့လာရမှာ။ လေ့လာပြီးတော့ သူတို့ရဲ့ EPC ဘုတ်အဖွဲ့ဥက္ကဋ္ဌတွေ ဝန်ကြီးဌာနတွေ ကို တင်ပြရမှာ။ ဥပမာတစ်ခုပြောမယ် အထပ်မြင့် ဆောက်မယ်၊ မီတာကို အစိုးရမီးနဲ့ မီးစက်မီးကို ကျွန်တော်တို့ ကြိုးနှစ်ကြိုးဆွဲရမယ်။ ကြိုးနှစ်ကြိုးဆွဲရင် အဲဒီ Cost တွေ နိုင်ငံခြားဒေါ်လာ အများကြီးကုန်ဆုံး သွား တာမဟုတ်ဘူးလား။ နည်းပညာမှာ ကြိုးတစ်ကြိုးတည်းတပ်ပြီးတော့ Switching လုပ်တဲ့ နည်းပညာရှိတယ်။ ဟိုတုန်းကဒီနည်းကို မသုံးဘူး မှန်တယ်။ အထပ်မြင့်လည်း အဲဒီလောက်မရှိခဲ့ဘူး။ နည်းပညာလည်း အဲဒီလောက်မလုပ်ခဲ့ဘူး။ တရုတ် မှာလည်း အဲဒီလိုသုံးတယ်။ အိန္ဒိယမှာလည်း အဲဒီလို နည်းပညာသုံးတယ်။ ဘင်္ဂလားဒေ့ရှ်တို့ ပါကစ္စတန် တို့လို့ မီးမမှန်တဲ့နေရာတွေမှာလည်း သုံးတယ်။ တစ်ချောင်းတည်းတပ်ရတာ Switching နဲ့သွားတာ။ အဲဒီလိုမျိုးဆို Sub-Meter နဲ့သုံးလိုက်လေ။ အဲဒီတော့ ဆောက်လုပ်ရေး Sector က ကွန်ဒိုဝယ်တဲ့သူ အများစုက ဝယ်နေပြီးမှသိတာလေ။
မေး။ ။ နောက်တစ်ခုက ဆောက်လုပ်ရေးလုပ်ငန်း တိုးတက်ဖို့အတွက် နိုင်ငံတော်ကို ဘာပြောချင်လဲ။
ဖြေ။ ။ ဘာပြောချင်လဲဆိုတော့ ဆောက်လုပ်ရေး လုပ်ငန်းက အရေးကြီးတယ်။ အဲဒီတော့ ဆောက်လုပ် ရေး Sector မှာ တကယ်ရင်းနှီးမြှုပ်နှံနေတဲ့ သူတွေနဲ့ နိုင်ငံတော်နဲ့တွေ့ပြီးတော့ မူဝါဒတွေကို ပြုပြင်သင့် တာတွေပြုပြင်ဖို့လိုတယ်။ ဘာဖြစ်လို့လဲဆိုတော့ တစ် ခုတည်းမဟုတ်တဲ့အတွက်ကြောင့်မို့လို့ အများကြီး ပြင်ရမှာဖြစ်နေတယ်။ တကယ်လုပ်နေတဲ့ လုပ်ငန်းရှင် တွေနဲ့ နိုင်ငံတော်နဲ့တွေ့ပြီးတော့ မူဝါဒတွေကို ပြင်ဖို့ လိုတယ်။ အဲဒါပြင်လိုက်ရင် ဆောက်လုပ်ရေး Sector တက်လာမယ်။ Other Business တွေလည်း တက် လာမယ်။ အလုပ်အကိုင်လည်း အများကြီး ပြန်ဖွံ့ဖြိုး လာမယ်။ အထည်ချုပ်တစ်ရက်(၈၀ဝဝ) ရဖို့ဆိုတာ မနည်းညှိနေရတာ။ ခုထိလည်းမသေချာဘူး။ ဒါတောင် ကျွမ်းကျင်မှ။ ကျွန်တော်တို့ဆီမှာ အလုပ်ကြမ်းသမား (၁၀ဝဝဝ)ကျော်သွားပြီ။ အဲဒီလို အလုပ်များများ ပေးနိုင်တဲ့ လစာများများပေးနိုင်တဲ့ Sector ဆိုတာ အားကိုပေးရမှာ နိုင်ငံတော်က။ တကယ်တော့ ကျွန်တော်တို့ကတောင်းဆိုနေရမှာ မဟုတ်ဘူး။ အစိုးရက လိုက်လုပ်ပေးရမှာ။ အစိုးရကခေါ်ပြီးတော့ မေးနေ ရမှာ။ အလုပ်လုပ်လို့ လွယ်အောင်လို့။ ပြီးရင် ပြင်သင့်တာတွေပြင်နေရမှာ။ အဓိကက မူဝါဒတွေ ပြင်ဖို့လို နေပြီ။ အများကြီး ပြင်ရမယ်။
ခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။
zawgyi version
"တစ္က်ပ္ရရင္ တစ္က်ပ္ဖိုးပဲသုံးမယ္ဆိုတဲ့ အိမ္ရွင္မဆန္တဲ့ ေပၚလစီက မွားေနတယ္" (အင်တာဗျူး)
ေအဝိုင္အီး၊ ယြန္း (NP News) - ေဖေဖာ္ဝါရီ ၂၉
၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလ တပ္မေတာ္က အာဏာရယူခဲ့ၿပီးေနာက္ပိုင္းမွစ၍ ျပည္တြင္း၌အေျခခံစား ေသာက္ကုန္မ်ားအျပင္ ေဆာက္လုပ္ေရးသုံးပစၥည္းမ်ားသည္ တစ္စတစ္စ ေဈးႏႈန္းျမင့္တက္လာခဲ့သည္။ အစိုးရအေနျဖင့္ ေဆာက္လုပ္ေရးက႑ေကာင္းမြန္စြာလည္ပတ္ႏိုင္ေရးအတြက္ သြင္းကုန္ ပါမစ္မ်ားကို လြတ္လပ္စြာခြင့္ျပဳေပးသင့္ေၾကာင္း ေဆာက္လုပ္ေရးလုပ္ငန္းရွင္အခ်ိဳ႕၏ ေျပာဆိုမႈမ်ား လည္းရွိေနသည့္ အတြက္ NP News ဂ်ာနယ္က Myanmar Developer Association (MDA) ဥကၠ႒ ဦးသန္းႏိုင္အား ေတြ႕ဆုံေမးျမန္းထားမႈမ်ားကို ေဖာ္ျပလိုက္ပါသည္။
ေမး။ ။ ၂၀၂၁ နစကအာဏာရယူခဲ့တဲ့ အခ်ိန္ကေန အခု ၂၀၂၄ အထိ ျမန္မာႏိုင္ငံရဲ႕ေဆာက္လုပ္ေရး လုပ္ငန္းဟာ တိုးတက္လာတယ္လို႔ျမင္လား။ ဆုတ္ယုတ္သြားတယ္လို႔ ျမင္လား။ ဘယ္လိုျဖစ္လာသလဲ။
ေျဖ။ ။ ကြၽန္ေတာ့္အေနနဲ႔ျမင္တာေတာ့ လုပ္ငန္းေတြ အေနနဲ႔ကေတာ့ ဆုတ္ယုတ္သြားတယ္။ ဒါေပမဲ့ ေဈး ႏႈန္းေတြအေနနဲ႔ကေတာ့ ထိုးတက္လာတယ္။ အဲဒီလိုေတာ့ျမင္မိပါတယ္။
ေမး။ ။ ၂၀၂၁ နဲ႔ ၂၀၂၄ ႏႈိင္းယွဥ္ရင္ ေဈးႏႈန္းက ဘယ္ေလာက္ရာခိုင္ႏႈန္းေလာက္ ျမင့္တက္လာတာ လဲ။
ေျဖ။ ။ ဥပမာ ၂၀၂၁ တုန္းက သံတစ္တန္ရဲ႕ေဈးက (၁၅)သိန္း၊ (၁၆)သိန္း ပတ္ခ်ာလည္မွာပဲရွိတယ္။ အခု ၂၀၂၃ အကုန္ေလာက္ကစၿပီး (၂၈)သိန္းကေန ၿပီးေတာ့ ဒီဘက္ကိုေရာက္လာတဲ့အခ်ိန္မွာ သိန္း(၃၀) နည္းနည္းစြန္းလာ တယ္ေပါ့။ အဲဒီလိုေတြတက္လာတယ္။ ၿပီးေတာ့ ကြန္ကရစ္လုပ္ငန္းလည္း ဒီအတိုင္းပဲ။ ၂၀၂၁ ေလာက္တုန္းက (၆၅၀ဝဝ)၊ (၇၀ဝဝဝ)နဲ႔ ကြန္ကရစ္ဝယ္ခဲ့တဲ့ဟာက အခုခ်ိန္မွာ (၁၄၀ဝဝဝ)၊ (၁၅၀ဝဝဝ)နီးပါးျဖစ္သြားၿပီ။ အားလုံးက ႏွစ္ဆ တက္ သြားတယ္။ အဲဒီလိုပဲ အေဆာက္အအုံေတြရဲ႕ေဈး ေတြကလည္း က်န္တဲ့ပစၥည္းေတြ ေဈးတက္တဲ့ အတြက္ ႏွစ္ဆေလာက္တက္သြားတာေပါ့။
ေမး။ ။ ဒီလိုေဆာက္လုပ္ေရးပစၥည္းေတြ ေဈးေတြျမင့္တက္သြားေတာ့ ဘာပဲျဖစ္ျဖစ္ အခက္အခဲဆိုတာေတာ့ ရွိမွာပဲေလ။ အဲဒီေတာ့ ေဆာက္လုပ္ေရးလုပ္ငန္းေတြ မွာ ဘယ္လိုအခက္အခဲေတြျဖစ္လာလဲ။ ဘယ္လို အေျခအေနမ်ိဳးေတြနဲ႔ ရင္ဆိုင္ေနရလဲ။
ေျဖ။ ။ ေဆာက္လုပ္ေရးပစၥည္းေတြက ေဈးတက္တယ္။ ေဈးတက္တယ္ဆိုတဲ့အခါမွာ ႏွစ္မ်ိဳးရွိတယ္ ေပါ့ေနာ္။ ေဒၚလာေဈးတက္လို႔တက္လာတာမ်ိဳးရွိတယ္။ ေနာက္တစ္ခုက Import ပါမစ္ေတြမွာ ေဆာက္ လုပ္ေရးက ဦးစားေပးမပါဘူးလို႔ျဖစ္ေနတဲ့ အခ်ိန္မွာ ကိုယ့္ပိုက္ဆံနဲ႔ကိုယ္ အစိုးရဆီက ႏိုင္ငံျခားေငြ မဝယ္ ဘူးဆိုရင္ေတာင္ ပါမစ္ရဖို႔ခက္တယ္။ ပါမစ္ ရဖို႔ခက္တဲ့အတြက္ေၾကာင့္ အခုေဈးကြက္ထဲမွာ ပစၥည္းက အရမ္းရွားၿပီးျပတ္လပ္ေနတယ္။ ပစၥည္းျပတ္လပ္တဲ့အခါက်ေတာ့ ရွိတဲ့ပစၥည္းကိုေဈးတင္ၿပီး ေတာ့ ေရာင္း ၾကတယ္။ အဓိကအခက္အခဲကေတာ့ ပစၥည္းဝယ္လို႔မရတဲ့အတြက္ အေဆာက္အအုံအသစ္ ထပ္ ေဆာက္ဖို႔ဆို တာတို႔ အေဆာက္အအုံကို ေဆာက္လက္စလူက ေရွ႕လုပ္ငန္းဆက္လုပ္ဖို႔ဆိုတာ အရမ္း အခက္အခဲ ျဖစ္ေနတယ္။ အခုေဈးကြက္ထဲမွာ အခက္အခဲကေတာ့ အဲဒီလိုအေျခအေနေလးေတြ ျဖစ္ေနတယ္။
ေမး။ ။ ဒါဆိုရင္ အဲဒီအခက္အခဲေတြေျပလည္ေအာင္ ဘယ္လိုမ်ိဳးေျဖရွင္းသင့္လဲ။ ႏိုင္ငံေတာ္အေနနဲ႔က ေကာ ဘာေတြလုပ္ေပးသင့္တယ္လို႔ ျမင္လဲ။
ေျဖ။ ။ ႏိုင္ငံေတာ္အေနနဲ႔ကေတာ့ အဓိက ကေတာ့ ေဆာက္လုပ္ေရး Sector က ကြၽန္ေတာ္တို႔ အၿမဲတမ္း ေျပာေနသလို အလုပ္အကိုင္အခြင့္အလမ္းလည္း အမ်ားႀကီးေပးႏိုင္တယ္။ လုပ္ခလစာလည္း အျမင့္ ဆုံးေပး ႏိုင္တဲ့ Sector လည္း ျဖစ္တယ္။ အဲဒီေတာ့ ဒီ Sector ကိုေတာ့ ျပန္လည္ပတ္ေအာင္လုပ္မွ ႏိုင္ငံေတာ္က စီးပြားေရးဖြံ႕ၿဖိဳးမွာ။ ဘာေတြကိုေျဖရွင္းေပး သင့္လဲဆိုေတာ့ ေဆာက္လုပ္ေရး Sector က ေျဖ ရွင္းရမယ့္ဟာေတြ အမ်ားႀကီးပဲ။ အမ်ားႀကီးပဲဆိုတဲ့ ေနရာမွာ ခုနေျပာသလို ေဆာက္လုပ္ေရးလုပ္ငန္း ေတြ နည္းနည္းေလးျပန္လည္ပတ္ေအာင္ လုပ္ဖို႔ဆို ရင္ေတာ့ Import ပါမစ္ေတြကို ေျဖေလွ်ာ့ သင့္တယ္။ ေဆာက္လုပ္ေရးအတြက္ကို လူႀကီးေတြစဥ္းစားေန တာက အိမ္တစ္အိမ္အေနနဲ႔ေျပာမယ္ဆို အိမ္ရွင္မ စဥ္းစားသလိုစဥ္းစားေနတာ။ ဥပမာ ေငြတစ္က်ပ္ ဝင္ေငြရွိရင္ တစ္က်ပ္နဲ႔သုံးရမယ္ဆိုတဲ့ ဟာေပါ့ေနာ္။ အေႂကြးမတင္ရင္ၿပီးေရာဆိုတဲ့ဟာနဲ႔ တြက္ၿပီး။တကယ့္တကယ္ စီးပြားေရးလုပ္တဲ့ ေယာက်ာ္းေလး တစ္ေယာက္ရဲ႕အေတြးအေခၚက်ေတာ့ ဘဏ္က ေခ်းေငြယူၿပီးေတာ့လည္း လုပ္သင့္ရင္ လုပ္ရတယ္။ ထြက္ေငြမ်ားရင္မ်ားေပမယ့္ ဒါသည္ Investment ျဖစ္တယ္။ တကယ္တမ္းသြားသင့္တာ ႏိုင္ငံေတာ္က ပစၥည္းေတြနဲ႔ပတ္သက္ၿပီး ျပည္တြင္းမွာ ထုတ္ေစခ်င္တာ။ ျပည္တြင္းမွာထုတ္ဖို႔ဆိုတာက ကြၽန္ေတာ္ တို႔ႏိုင္ငံမွာ လွ်ပ္စစ္လုံေလာက္ေအာင္မရွိဘူး။ ကုန္ၾကမ္းေတြကအစ မထုတ္ႏိုင္ေသးဘူး။ ဥပမာ သံကို သူတို႔က ျပည္တြင္း မွာထုတ္ခ်င္တယ္။ သံထုတ္ တာကို အားေပးမယ္လို႔ေျပာတယ္။ ေျပာေပမယ့္ ကြၽန္ေတာ္တို႔ဆီမွာ လွ်ပ္စစ္မရွိ တဲ့အတြက္ ဒီဇယ္က လည္း Import နဲ႔သြင္းတာပဲ။ အဲဒီ ဒီဇယ္နဲ႔သုံးၿပီး မီးစက္နဲ႔လည္ၿပီးလုပ္တာတို႔၊ လွ်ပ္စစ္မီးကလည္း မရတဲ့အခါတို႔ အဲဒါမ်ိဳးေတြျဖစ္တဲ့အတြက္ေၾကာင့္ ပစၥည္းထုတ္တာ ေဈးအရမ္းတက္တယ္။ ဘယ္လိုမွ တ႐ုတ္ကသြင္းတာကို မယွဥ္ႏိုင္ဘူး။ လုပ္သင့္တာက ဘာလဲဆိုေတာ့ ေရတို၊ ေရရွည္။ ဥပမာ ဒီ(၃)ႏွစ္ကို ေတာ့ ျပည္တြင္းထုတ္တဲ့ဟာကို အားေပးဖို႔အတြက္ စက္႐ုံတည္ေဆာက္တာတို႔ ဘာတို႔ညာတို႔ကို အစိုးရ ကဝိုင္းၿပီးေတာ့ တည္ေဆာက္မယ္။ တည္ေဆာက္ၿပီး ေတာ့ ေနာက္(၃)ႏွစ္က်ရင္ ထုတ္မယ္။ ေနာက္(၅)ႏွစ္ေလာက္ၾကာရင္ေတာ့ ျပည္ပကတင္သြင္းတဲ့ ပစၥည္းကို တစ္ဝက္ေလာက္ေလွ်ာ့ခ်ရင္ ေလွ်ာ့ခ်မယ္။ အဲဒီလို ေပၚလစီေလးနဲ႔ သြားသင့္တာေပါ့ေနာ္။ အဲဒီ လိုမဟုတ္ဘဲ ခ်က္ခ်င္းႀကီး ဒုန္းဆိုၿပီး ရပ္လိုက္တဲ့အခါ က်ေတာ့ ဒီထဲမွာရွိတဲ့လုပ္ငန္းေတြက အဆင္မေျပ ေတာ့ဘူး။ အခုလိုဘာပဲေျပာေျပာ ၾကည့္မယ္ဆိုရင္ ႏိုင္ငံျခားထြက္ အလုပ္လုပ္တဲ့သူေတြ မ်ားသြားၿပီ။ ဒါဟာ ျပည္တြင္းမွာ အလုပ္အကိုင္မေပးႏိုင္ဘူးဆိုတာ ေပၚတယ္။ တကယ္က ကြၽန္ေတာ္တို႔ Sector မွာ အဓိက လိုအပ္ေနတာက သြင္းကုန္ပစၥည္းေတြကို အလြယ္တကူ သြင္းႏိုင္ဖို႔လိုတယ္။ ဘာလို႔လဲဆိုရင္ အားလုံးက ကြၽန္ေတာ္တို႔ႏိုင္ငံမွာ ျပည္တြင္းမွာ ထုတ္ ႏိုင္တဲ့ဟာ မရွိဘူး။ သံဆိုလည္း ေျပာေနၾကတယ္ ေျမာင္းတကာမွာထုတ္တယ္ ႏိုင္ငံတကာစံမီတယ္တို႔ ဘာတို႔ညာတို႔။ အဲဒါေတြက တကယ့္တကယ္ဆိုရင္ အဲဒီေလာက္ႀကီး မဟုတ္ဘူး။ လုပ္လို႔မရဘူး။ ဥပမာ ဘယ္ႏွထပ္ေလာက္အထိပဲ ေျမာင္းတကာသံကိုသုံး။ အဲဒါလည္း ကြၽန္ေတာ္တို႔ႏိုင္ငံမွာ လုံေလာက္ေအာင္ မထုတ္ေပးႏိုင္ဘူး။ အဲဒီလိုမထုတ္ႏိုင္ဘဲနဲ႔ ျပည္ တြင္းမွာထုတ္ဖို႔ အားေပးဖို႔အတြက္ ႀကိဳးစားဖို႔အ တြက္ဆိုၿပီး ပိတ္လိုက္တယ္။ ေစာေစာကေျပာတဲ့ အိမ္ရွင္မ စဥ္းစားနည္းနဲ႔စဥ္းစားတယ္။ တစ္က်ပ္ရရင္ တစ္က်ပ္ပဲသုံးမယ္ဆိုတဲ့ဟာမ်ိဳး အေႂကြးမတင္ ရင္ၿပီးေရာဆိုတဲ့ ေပၚလစီက တကယ့္တကယ္ ကြၽန္ ေတာ့္အေနနဲ႔ေျပာရရင္ေတာ့ လြဲမွားေန တယ္လို႔ ထင္တယ္။ ဘာလို႔လဲဆိုရင္ ေရတိုေရရွည္သြားရမွာ။ ကြၽန္ေတာ္တို႔ အလုပ္လုပ္သလိုေပါ့၊ ကြၽန္ေတာ့္မွာ ပိုက္ဆံတစ္က်ပ္ပဲရွိတယ္။ ဒီအေဆာက္အအုံ ေဆာက္ရင္ ႏွစ္က်ပ္ကုန္မယ္ဆိုရင္ တစ္က်ပ္ကိုမေခ်း ဘဲနဲ႔ တစ္က်ပ္ကိုပိုမသုံးဘဲနဲ႔ ဘယ္လိုေဆာက္မလဲ။ လုပ္လို႔မရႏိုင္ဘူး။ အဲဒီအလုပ္ကိုလုပ္မွ အလုပ္သမား ေတြကလည္း အဆင္ေျပမယ္။ စားလို႔ရမယ္။ အဲဒီဟာ ၿပီးသြားရင္လည္း ျပန္ေရာင္းတာကေန ပိုက္ဆံရမွ စီးပြားေရးကအဆင္ေျပမယ္။ အဲဒီလိုမဟုတ္ဘဲနဲ႔ တစ္က်ပ္ကို တစ္က်ပ္ပဲသုံးမယ္ဆိုရင္ေတာ့ စီးပြား ေရးလုပ္တဲ့သူရဲ႕ Idea မဟုတ္ဘူး။ တစ္က်ပ္ပဲရွိတယ္ တစ္က်ပ္ပဲသုံးလို႔ဆိုၿပီး လုပ္လို႔မရဘူး။ ဒါေပမဲ့ လူႀကီးေတြလည္း သူတို႔အခက္အခဲနဲ႔သူတို႔ ဘာစဥ္း စားလဲေတာ့ ကြၽန္ေတာ္လည္းမသိဘူး။
ေမး။ ။ ေဆာက္လုပ္ေရးလုပ္ငန္းဆိုတာ အလုပ္အ ကိုင္အခြင့္အလမ္းေတြလည္း အမ်ားႀကီးရွိတယ္။ အလုပ္သမားေတြလည္း အမ်ားႀကီးေပးႏိုင္တယ္။ ၂၀၂၁ နဲ႔ယွဥ္မယ္ဆိုရင္ အခုေနာက္ပိုင္းမွာေတာ့ အလုပ္အကိုင္အခြင့္အလမ္းေတြလည္း ပိုၿပီးရွားသြား မယ္လို႔ထင္တယ္။ ႏွစ္စဥ္ေဆာက္လုပ္ေရးလုပ္ငန္း ကေနၿပီးေတာ့ အလုပ္အကိုင္အခြင့္အလမ္း ဘယ္ေလာက္ေပးႏိုင္လဲ။
ေျဖ။ ။ ဦးသိန္းစိန္လက္ထက္ အရမ္းေကာင္းခဲ့တဲ့ အခ်ိန္တုန္းက အလုပ္ေပးႏိုင္တာ သန္းဂဏန္း ေလာက္အထိရွိတယ္။ အဲဒီအခ်ိန္တုန္းက ဘာေတြပါ ျဖစ္ခဲ့လဲဆိုေတာ့ စီးပြားေရးေတြျပန္ေကာင္းလာတယ္။ အေဆာက္အအုံအသစ္ေတြ ျပန္ေဆာက္လာတယ္။ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈေတြဝင္လာေတာ့ ႏိုင္ငံျခားမွာ ေရာက္ေနတဲ့ ျမန္မာအင္ဂ်င္နီယာေတြကို ကြၽန္ေတာ္ တို႔ျပန္ငွားၿပီးေတာ့ စင္ကာပူလစာနဲ႔ေပးၿပီး အလုပ္ ျပန္ခန႔္ႏိုင္တယ္။ ဟိုဘက္ကလူေတြ ဒီဘက္ကို ျပန္ လာႏိုင္ေအာင္အထိ လုပ္ႏိုင္ခဲ့တယ္။ ဒါေပမဲ့ ၂၀၁၆ ဦးၿဖိဳးမင္းသိန္းတို႔ အထပ္အျမင့္ရပ္လိုက္တဲ့အခ်ိန္မွာ အဲဒီလူေတြကလည္း အကုန္ျပန္ကုန္ၾကတယ္။ အဲဒီ အခ်ိန္မွာစၿပီး ဂယက္က႐ိုက္လာတာေပါ့။ ၂၀၂၁ က ေနေနာက္ပိုင္း ဒီဘက္ဆိုရင္ေတာ့ ေတာ္ေတာ္ေလး က်သြားတဲ့ပုံရွိတယ္။ ဘာေတြက်သြားလဲဆိုရင္ေတာ့ နံပါတ္(၁) တင္ဒါေတြမွာ အစိုးရတင္ဒါေတြလည္း သိပ္မထြက္ေတာ့ဘူး။ အစိုးရတင္ဒါေတြကလည္း ထြက္လို႔ရွိရင္ မကိုက္ဘူးဆိုတာသိတယ္။ ႏိုင္ငံေတာ္ ကလည္း ဘတ္ဂ်က္ကိုခ်ဳံ႕လိုက္တယ္။ မလိုအပ္တဲ့ အေဆာက္အအုံေတြေဆာက္တဲ့ဟာကို ထိန္းရမယ္ ဆိုၿပီး ဘတ္ဂ်က္ကိုခ်ဳံ႕ပစ္လိုက္တယ္။ အဲဒီမွာတင္ အစိုးရတင္ဒါေတြထြက္လာတာနည္းသြားတာ။ ေနာက္ၿပီးေတာ့ ကိုယ္ပိုင္ေဆာက္တယ္ဆိုတဲ့ ဟာ ေတြကလည္း နည္းလာတဲ့အတြက္ေၾကာင့္ အခုဆိုရင္ ကြၽန္ေတာ္ထင္တယ္ သိန္းဂဏန္းေလာက္ပဲရွိေတာ့ မယ္။ (၄)(၅)သိန္းေလာက္ပဲ ရွိလိမ့္မယ္။ အဲဒီ ထက္ေတာ့ ပိုစရာမရွိဘူး။ အလုပ္ေတြအမ်ားႀကီး နည္းသြားတယ္။
ေမး။ ။ ဒီလိုမ်ိဳး ေဆာက္လုပ္ေရးပစၥည္းေတြ ေဈးေတြ အဆမတန္တက္ၿပီးေတာ့ ပစၥည္းေတြလည္း ရွားပါးမႈ ေတြနဲ႔ႀကဳံတဲ့အခါမွာ ႏိုင္ငံေတာ္ကလုပ္တဲ့ အိမ္ရာ စီမံကိန္းေတြနဲ႔ ကိုယ္ပိုင္လုပ္တဲ့ Developer ေတြနဲ႔ ဆိုရင္ ဘယ္သူကပိုၿပီးထိခိုက္မႈပိုမ်ားလဲ။
ေျဖ။ ။ ထိခိုက္မႈမ်ားတာကေတာ့ ႏိုင္ငံေတာ္ စီမံကိန္း ယူတဲ့သူက ဒီေန႔ယူ ေနာက္ေန႔ရႈံးပဲ။ ဘာလို႔လဲဆိုရင္ တင္ဒါေဈးႏႈန္းတြက္ခ်က္ပုံရွိတယ္။ တင္ဒါက သူတို႔ Yellow Book နဲ႔တြက္ခ်က္တယ္။ အစိုးရဆီမွာ ေဈးႏႈန္းရွိတယ္။ ဥပမာ ဘယ္ေဒသရဲ႕ေပါက္ေဈး ဆိုၿပီးေတာ့။ အဲဒီစာအုပ္ထဲမွာတြက္တဲ့ ေဈးႏႈန္း ကိုယ္တိုင္က ျပင္ပမွာပစၥည္းဝယ္လို႔မရဘူး။ အဲဒီႏႈန္း နဲ႔တြက္ခ်က္ၿပီးေတာ့ တင္ဒါေခၚတာ။ တင္ဒါေခၚၿပီး ေတာ့မွ အဲဒီႏႈန္းထက္ (၅)ရာခိုင္ႏႈန္းကေန (၁၀) ရာ ခိုင္ႏႈန္းနည္းမွ တင္ဒါေအာင္ေပးတာ။ အစကတည္း ကလြဲ ေနတာ။ ဥပမာ ေဈးႏႈန္းက ကာလေပါက္ေဈးထက္ လည္းနည္းတဲ့ စာအုပ္ႀကီးကို Reference ယူထား တယ္။ Yellow Book ဆိုတာရွိတယ္ သူတို႔မွာ။ အဲဒါ နဲ႔တြက္ခ်က္တယ္။ တြက္ခ်က္ၿပီးေတာ့ အဲဒီဟာထက္ (၅)ရာခိုင္းႏႈန္းေလ်ာ့ဦးမွ တင္ဒါက ေအာင္တယ္ဆို ေတာ့ နဂိုတည္းကဝယ္လို႔မရတဲ့ဟာကို ေဆာက္ခိုင္းတာ။ အဲဒီေတာ့ Quality က မေကာင္းတာတို႔၊ ကန္ထ႐ိုက္ ထြက္ေျပးတာတို႔ ထည့္မေျပာနဲ႔ေတာ့။ နဂိုတည္းကလြဲ ေနၿပီ။ အဲဒါေၾကာင့္မလို႔ အိမ္ရာစီမံကိန္းေတြမွာလည္း တခ်ိဳ႕ေတြ တိုးလိုးတန္းလန္းေတြျဖစ္လို႔ ၿပီးခဲ့တဲ့ျပည္ သူ႔အငွားအိမ္ရာစီမံကိန္းရန္ကုန္ဆိုရင္ ထပ္တိုး ဘတ္ဂ်က္ေတာင္ေပးခဲ့ရတယ္။ မၿပီးတဲ့ အေဆာက္အ အုံေတြအတြက္ဆိုၿပီး တိုးေပးခဲ့ရတယ္။ အခု Private Sector ေတြမွာလည္း အထိနာတယ္။ ဘယ္လို အထိနာလဲဆိုေတာ့ ႀကိဳပြိဳင့္ေတြကို ႀကိဳေရာင္း လိုက္တယ္။ ေရာင္းရင္းနဲ႔ေဆာက္ရင္းနဲ႔ ေဈးတက္ သြားတဲ့အတြက္ေၾကာင့္ အကုန္လုံးကိုေတာ့ ထိေန တာပဲ။ ဒါေပမဲ့ ကြၽန္ေတာ္တို႔ Developer ေတြက ေတာ့ အစည္းအေဝးလုပ္ေနတဲ့အတြက္ ထိန္း ထားတယ္။ ႀကိဳပြိဳင့္ကိုနည္းနည္းထိန္းေရာင္းတယ္။ ျဖည္းျဖည္းခ်င္းလႊတ္ႏိုင္တဲ့အေနအထားနဲ႔ ျဖည္း ျဖည္းခ်င္းတက္သြားတယ္။ ဘတ္ဂ်က္ကိုခ်ိန္ၿပီးေတာ့ အဲဒီလိုလုပ္တဲ့အတြက္ အထိအခိုက္ေတာ့မ်ားတယ္။ ဒါေပမဲ့ နည္းနည္းေတာ့ထိန္းထားႏိုင္ေသးတယ္။ အစိုးရတင္ဒါလုပ္တဲ့သူေတြထိတယ္။ Quality ကိုလည္း အေကာင္းလိုခ်င္တယ္။ ေဈးႏႈန္းက်ေတာ့ လည္း မေပါက္တဲ့ေဈးေပးတယ္။ ေဈးနည္းတယ္ဆိုလို႔ ရွိရင္ ေပါေခ်ာင္ေကာင္းဆိုတာ ဘယ္မွာမွမရဘူး။ ေပါရင္၊ ေခ်ာင္ရင္၊ ေကာင္းဖို႔ဆိုတာ ဘယ္လိုမွမျဖစ္ ႏိုင္ဘူး။ အဲဒီေတာ့ အစိုးရအေဆာက္အအုံတင္ဒါေတြ Quality မမီဘူးဆိုတဲ့အခ်က္က အဲဒါပဲ။
ေမး။ ။ ဒီလိုမ်ိဳးေဈးေတြျမင့္လာတဲ့အတြက္ေၾကာင့္ လုံးဝရပ္နားသြားတဲ့လုပ္ငန္းရွင္ကေတာ့ မရွိဘူးလို႔ သိရတယ္။ တစ္ဖက္မွာ အိမ္ၿခံေျမကလည္း ေဈးက ေကာင္းေနတဲ့အတြက္ေၾကာင့္။ ဒါေပမဲ့ ရာခိုင္ႏႈန္းနဲ႔ ေျပာရင္ေကာ လုပ္ငန္းရွင္ေတြအေနနဲ႔ ဘယ္ေလာက္ ေလ်ာ့သြားလဲ။
ေျဖ။ ။ ရာခိုင္ႏႈန္းကေတာ့ ေတာ္ေတာ္ေလးေလ်ာ့ တယ္။ အသစ္ထပ္မေဆာက္တဲ့လူေတြလည္းမ်ားတယ္။ ဥပမာ ရပ္ကြက္ထဲမွာ အရင္တုန္းကဆို ျမင္လိမ့္မယ္။ (၅)ထပ္၊ (၆)ထပ္ေလးေတြ စည္ပင္ခြင့္ျပဳခ်က္နဲ႔ ေဆာက္တာေလးေတြမ်ားတယ္။ အခုအဲဒါ ေလးေတြ ေတာ္ေတာ္နည္းလာတယ္။ ပစၥည္းေဈးႏႈန္း တက္တာေတြပါတယ္။ သူတို႔က်ေတာ့ ေရရွည္ကို မထိန္းႏိုင္ဘူး။ ရာခိုင္ႏႈန္းကေတာ့ ေတာ္ေတာ္က် သြားတယ္။ ဒါေပမဲ့ ေစာေစာကေျပာသလို တစ္ဖက္ မွာက်ေပမယ့္ ေျမေဈးကလည္းတက္လာတယ္။ ေျမ ေဈးက ဘယ္ေလာက္တက္လာလဲဆိုေတာ့ ရန္ကုန္ ၿမိဳ႕ရဲ႕ ဆင္ေျခဖုံးလိုေနရာမ်ိဳးကိုမွ 1sq.Ft ကို သုံး-ေလးသိန္း ျဖစ္လာၿပီ။ ေဆာက္လုပ္စရိတ္ေပါင္းလိုက္ရင္ အနည္းဆုံး ေလး-ငါးသိန္းက ေရာင္းလို႔ရေနၿပီ။ ထူးျခားတာတစ္ခုက တခ်ိဳ႕ေတြတိုက္ခန္းကိုေဆာက္ ၿပီးေတာ့ 1sq.Ft ကိုတစ္သိန္းခြဲ၊ ႏွစ္သိန္းနဲ႔ ေရာင္းေန တဲ့လူေတြလည္းရွိတယ္။ ကြၽန္ေတာ္တို႔ ေဆာက္လုပ္ေရး Sector ကနည္းနည္းေတာ့ ထူးျခားတယ္။ အဲဒါ က Customer Knowledge လိုသြားတာ။
ေမး။ ။ ေဆာက္လုပ္ေရးသုံးပစၥည္းေတြ ေဈးတက္တဲ့ ကိစၥမွာ သံပဲေျပာၾကတာမ်ားတယ္။ တျခား ေဆာက္ လုပ္ေရးပစၥည္းေတြကေကာ ဘယ္လိုရွိလဲ။
ေျဖ။ ။ ေဆာက္လုပ္ေရးပစၥည္းမွန္သမွ်သည္ အကုန္ လုံးက Import ။ အကုန္လုံးကိုဖြင့္ေပးရမွာ။ သံတစ္ ခုတည္း မဟုတ္ဘူး။ ေက်ာက္ျပား ကိုယ့္ႏိုင္ငံမွာ မထြက္ဘူး။ ေနာက္ၿပီးေတာ့ ယမ္း မရတာ။ ယမ္းကတျခားဘက္ကိုေရာက္သြားမွာစိုးလို႔ ယမ္းကိုသိပ္မ ထုတ္ဘူး။ ထိန္းခ်ဳပ္ထားတယ္။ အဲဒီအတြက္ေၾကာင့္ မို႔လို႔ ေက်ာက္မီးေသြးေတြဘာေတြ ႏိုင္ငံျခားကေန ဝယ္ရတယ္။ အဲဒါမ်ိဳးေတြလည္းရွိတယ္။ ဘိလပ္ေျမ ထုတ္ဖို႔အတြက္ကို။ က်န္တဲ့ဟာေတြလည္း အမ်ားႀကီး ရွိတယ္။ ဥပမာ အလူမီနီယမ္၊ မွန္တို႔၊ ေဆးတို႔ အကုန္ လုံးက ႏိုင္ငံျခားကဝယ္ရတာ။ ဓာတ္ေလွကားတို႔၊ လွ်ပ္စစ္ပစၥည္းေတြ၊ မီးႀကိဳး၊ မီးလုံး အကုန္လုံးက ႏိုင္ငံျခားကသြင္းရတာ။ သြင္းရတာျဖစ္တဲ့အတြက္ ဒီ Sector မွာ ႏိုင္ငံျခားေငြအမ်ားႀကီးသုံးမယ္ဆိုရင္ ဒီ sector နဲ႔ ႏိုင္ငံျခား ေငြျပန္ရွာတဲ့ ကြန္ဒိုကို အားေပး ရမယ္။
ေမး။ ။ ေဆာက္လုပ္ေရးက႑မွာသုံးတဲ့ပစၥည္း အ ကုန္လုံးရဲ႕ (၉၀)ရာခိုင္ႏႈန္းနဲ႔အထက္ဟာ ႏိုင္ငံျခား ကေနတင္သြင္းရတာျဖစ္ၿပီး (၁၀)ရာခိုင္ႏႈန္းေလာက္ ပဲ ကိုယ့္ႏိုင္ငံမွာထုတ္တာျဖစ္ေနတဲ့ သေဘာလား။
ေျဖ။ ။ မွန္ပါတယ္။ ဆီက ေဒၚလာနဲ႔လာတာေလ။ ေက်ာက္စရစ္တို႔ သဲတို႔ ထုတ္ဖို႔အတြက္ သေဘၤာတို႔၊ စက္ေလွတို႔ သုံးတာလည္း ဒီဇယ္သြင္းရတာပဲ။
ေမး။ ။ အဲဒီအတြက္ သြင္းကုန္ပါမစ္ကေကာ ေကာင္း ေကာင္းမြန္မြန္ ခိုင္ခိုင္မာမာနဲ႔ ေသခ်ာျမန္ျမန္ဆန္ဆန္ ရရဲ႕လား။
ေျဖ။ ။ သြင္းကုန္ပါမစ္ကမရတာၾကာလွေနၿပီ။ ေဆာက္လုပ္ေရးပစၥည္းမွမဟုတ္ဘူး။ သူတို႔ပထမပိုင္း ဦးစားေပးပါတယ္ဆိုတဲ့ ေဆးေတာင္မွ အရွင္းဆုံး ေျပာရရင္ ေျမဩဇာေတာင္မွ အရစ္က်နဲ႔ေပးေနတာ။ ခုနကြၽန္ေတာ္ေျပာတဲ့ အိမ္ရွင္မတစ္ေယာက္ရဲ႕ အေတြးနဲ႔ စီမံခန႔္ခြဲတယ္ဆိုတာ အဲဒါကိုေျပာတာ။ တစ္က်ပ္ပဲရွိရင္ တစ္က်ပ္ပဲသုံးတယ္ဆိုတဲ့ အေတြး အေခၚေပါ့ေနာ္။ အဲဒါက Develop မျဖစ္ႏိုင္ဘူး။ ဒါေပမဲ့ မွန္တယ္၊ အိမ္ေတာ့ မပ်က္သြားဘူးေပါ့ဗ်ာ။ တကယ္စီးပြားေရးလုပ္တဲ့သူေတြရဲ႕ အေတြးအေခၚ က်ေတာ့ အေဆာက္အအုံ ေဆာက္ တယ္။ ေခ်းၿပီး ေဆာက္တယ္။ ရွိလို႔ေဆာက္တာမွမဟုတ္တာ။ ဒါ Investment ပဲေလ။ ေခ်းရင္ေခ်းရမယ္။ ပိုသုံးရင္ သုံးရမယ္။ ဒါေပမဲ့ ဒါက ကာလတစ္ခုရွိတယ္။ ေရတို၊ ေရရွည္နဲ႔သြားသင့္တာ အကုန္လုံးက။ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးဆိုတာက မဆလေခတ္ကတည္းက ေႂကြး ေၾကာ္ခဲ့တဲ့ေခါင္းစဥ္၊ ဘယ္တုန္းကမွ မေအာင္ျမင္ ခဲ့ဘူး။ ကိုယ့္ဆီမွာ အဲဒီလိုပညာရွင္ေတြလည္းမရွိဘူး။ အဓိက က ကြၽန္ေတာ္ေျပာခ်င္တာ အားလုံး Sector တိုင္းမွာ ဥပမာ ေဆးထုတ္တာကို ဒီမွာခြင့္ျပဳမယ္ ေျပာတယ္။ အားေပးတယ္။ ဟုတ္ၿပီ ေဆးထုတ္တဲ့ ေဆးဝါးကုန္ၾကမ္းကို ျမန္မာျပည္မွာထုတ္တာကို အရင္လုပ္ရမွာ မဟုတ္ဘူးလား။ ေဆးဝါးကုန္ၾကမ္းကို ဘဂၤလားေဒ့ရွ္က သြင္းမယ္၊ အိႏၵိယက သြင္းမယ္ ဒီမွာ Tablets ႐ိုက္ထုတ္တာပဲရွိတယ္၊ ဘာလုပ္မွာတုံး မွားေနတယ္ဆိုတာ အဲဒါမ်ိဳးေတြ မွားေနတာ။ ၿပီး ေတာ့ SME ေတြကို အားေပးတယ္။ ေခ်းေငြထုတ္ေပး လိုက္တယ္။ သိန္း(၁၀ဝဝ)။ ၿပီးရင္ ဘယ္သူမွျပန္မဆပ္ ႏိုင္ဘူး။ အဲဒီ သိန္း(၁၀ဝဝ)က တကယ့္ SME ေတြ ဆီလည္း မေရာက္သလို SME မွာ တ႐ုတ္တို႔ဘာတို႔ ကို မၿပိဳင္ႏိုင္ဘဲနဲ႔ ဘယ္လိုလုပ္မွာတုံး။ SME ဆိုတာ အနိမ့္ဆုံးဗ်ာ စက္မႈလက္မႈ မီးလိုတယ္ေလ။ အမွန္က ကြၽန္ေတာ္ဆိုရင္ အဲဒီပိုက္ဆံသိန္း (၁၀ဝဝ) နဲ႔ ဆိုလာ ေတြ ဝယ္တပ္ေပးလိုက္ၿပီ။ ဆိုလာကိုလုပ္ေပးလိုက္ တာ အစိုးရအေနနဲ႔လည္း ဝန္ထုပ္ဝန္ပိုးအမ်ားႀကီး က်သြားမယ္။ ေခ်းတဲ့ သိန္း (၁၀ဝဝ) ကို ဆိုလာတပ္ ေပးလိုက္ရင္ ေတာ္႐ုံတန္႐ုံ SME ေတြအတြက္က လုံေလာက္တယ္။
ေမး။ ။ ေနာက္တစ္ခုက အခု (၃)ႏွစ္တာအခင္းအက်င္းမွာ ၿပိဳလဲသြားတဲ့ ေဆာက္လုပ္ေရးလုပ္ငန္းရွင္ ေတြ ေပၚလာၿပီလား။
ေျဖ။ ။ လုပ္ငန္းအေသးေတြေတာ့ ေတာ္ေတာ္ၿပိဳလဲ သြားၿပီ။ ရပ္ကြက္ထဲမွာေဆာက္ေနတဲ့ ေဆာက္လုပ္ ေရးလုပ္ငန္းေတြေတာ့ ၿပိဳလဲသြားၿပီ။ လုပ္ငန္းႀကီးေတြ ကေတာ့ က်န္ေသးတယ္။ Logic အရ စဥ္းစားၾကည့္ ေလ ေဆာက္လို႔မရတာႀကီးကို ဘယ္သူကအရႈံးခံၿပီး ေရာင္းမွာလဲ။ အဲဒီေတာ့မေရာင္းတာ။ ဒါေပမဲ့ ဘာျဖစ္လဲဆိုေတာ့ ကြၽန္ေတာ္တို႔ဆီမွာလူမညီဘူး။ တခ်ိဳ႕က ဘဏ္ကိုဆပ္ရမယ့္အေႂကြးရွိတဲ့ အခါ ျမန္ျမန္ျဖဳတ္ခ်င္တယ္။ ေဈးတက္ရင္ေရာင္းရမွာ မဟုတ္ဘူး လို႔ထင္တယ္။ အမွန္ကမဟုတ္ဘူး။ အခုေဈးတက္တဲ့ အခ်ိန္မွာ အရမ္းေရာင္းေနရတာ။ ဒါေပမဲ့ ကြၽန္ေတာ္တို႔က ျပန္ထိန္းေနရတယ္။ ဘာေၾကာင့္ ထိန္းေနရလဲ ဆိုေတာ့ ပစၥည္းေဈးေတြက လိုက္တက္ေနလို႔။ အခု အဝယ္အရမ္းမ်ားတယ္။ ဘာေၾကာင့္မ်ားလဲ၊ လားရႈိး တို႔ဘာတို႔ ရွမ္းဘက္ကဆင္းလာတဲ့တခ်ိဳ႕က ရန္ကုန္ ၿမိဳ႕မွာ အိမ္ၿခံေျမအငွားျပန္လိုက္လာၿပီ။ အဝယ္လည္း လိုက္လာတယ္။ ပိုက္ဆံရွိတဲ့စစ္ေဘးေရွာင္ေတြ အမ်ားႀကီးဆင္းလာတယ္။ I-Green ဆို အခန္း ေရာင္းဖို႔မရွိ ေတာ့ဘူး။ အရမ္းေရာင္းရတာ။ အဲဒီလို ဟာမ်ိဳးေတြရွိတဲ့အတြက္ အဝယ္ရွိေနေတာ့ ေဆာက္တဲ့လူအတြက္က အႀကီးႀကီးေတြကေတာ့ မျပဳတ္ဘူး။ အႀကီးေတြကျမတ္မယ္ဆိုတာ က်ိန္းေသတယ္။ ထိန္းေရာင္းဖို႔ပဲလိုတာ။ ေနာက္တစ္ခုက ေဆာက္လုပ္ေရး Sector ေကာင္းဖို႔ ဆိုတာ ဘာဆက္လုပ္ေပးရမလဲဆို ေတာ့ Customer Knowledge ကို ထပ္ၿပီး မီဒီယာက ေပးမွရမယ္။ Customer ေတြမွာ Knowledge မရွိဘူး။ မရွိတဲ့အခါက်ေတာ့ ေရာင္းမွားဝယ္မွားဆိုတဲ့ တခ်ိဳ႕ဟာေတြရွိတယ္။ ပင္လယ္ကမ္းေျခမွာသြားၿပီး အိမ္ေဆာက္တဲ့ဟာေတြ။ ေနာက္တစ္ခါ ကေလာတို႔၊ ေမၿမိဳ႕တို႔၊ ရွမ္းျပည္ဘက္မွာ အိမ္ေတြေဆာက္တဲ့ဟာ ေတြ၊ ေရာင္းတဲ့ဟာေတြ။ အမွန္က အဲဒါေတြက လိုအပ္လားဆို မလိုအပ္ဘူး။ မလိုအပ္ဘဲနဲ႔သြားေဆာက္တာ။ အဲဒီဟာေတြကို တစ္လမွာ ဘယ္ႏွေခါက္မ်ား သြားလည္မလဲ။ ဟိုတယ္ေကာင္းေကာင္းရွိရင္ ဟိုတယ္ေတြလည္း Develop ျဖစ္တယ္။ အစိုးရက မစဥ္းစားတာ။ အဲဒါေတြရွိလိုက္တဲ့အတြက္ေၾကာင့္ ဘာျဖစ္သြားလဲဆိုေတာ့ က်န္တဲ့ဟိုတယ္လုပ္ငန္းေတြပါ အသြားတယ္။ အမွန္ဆိုရင္ အစိုးရက အဲဒါမ်ိဳးေတြကို ထိန္းေပးရမွာ။ Market Economy မွန္ေပမယ့္ အစိုးရက ထိန္းရမယ့္ဟာကိုထိန္းေပးရမယ္။ နယူးေယာ့ခ္မွာဆို ဟိုတယ္တစ္လုံးကို လြယ္လြယ္နဲ႔ ေဆာက္လို႔မရဘူး။ သုံးႏွစ္ Report ရွိတယ္။ နယူးေယာ့ခ္ၿမိဳ႕ကေတာ့ ဟိုတယ္အသင္းကေရာ သုေတသန လုပ္ထားတာရွိတယ္။ ဟိုတယ္တစ္လုံးေဆာက္ ေပးလိုက္လို႔ သူတို႔ရဲ႕ရွယ္ယာကို ခြဲေပးရမယ္ဆို ေပး မေဆာက္ဘူး။ Market Economy ဆိုေပမယ့္ ျပတ္မသြားေအာင္ တခ်ိဳ႕ဟာေတြက အစိုးရက ထိန္းခ်ဳပ္ေပးတယ္။ ေဈးကြက္ျပတ္သြားရင္ အကုန္က်သြားမွာ။ အဲဒီအခ်ိန္မွာ အစိုးရကလည္း အခြန္အေကာက္ မရဘူး။ အကုန္ရႈပ္ကုန္တာ။ ဒီမွာကအစိုးရက အဲဒီလို ဟာမ်ိဳးေတြ မစဥ္းစားဘူး။ ဥပမာ ရွမ္းျပည္နယ္အစိုးရဆို သူဝန္ႀကီးခ်ဳပ္ျဖစ္တဲ့အခ်ိန္မွာ လာေဆာက္ဆိုၿပီး သူ႔ေဒသဖြံ႕ၿဖိဳးေအာင္လုပ္မယ္၊ အဲဒီလိုမရဘူး။ အဲဒီေဒသက ေနမယ့္သူအတြက္ ျဖစ္တဲ့အိမ္ရာမဟုတ္ဘူး။ တကယ့္ Real Demand မဟုတ္ဘူး။ ကြၽန္ေတာ္တို႔ ျမန္မာေတြရဲ႕အက်င့္က ဟိုျပည္နယ္မွာလည္း အိမ္ ရွိတယ္။ ကမ္းေျခမွာလည္း အိမ္ရွိတယ္ဆိုတာကို ဂုဏ္ယူခ်င္တာ။ ဂုဏ္ယူခ်င္ေတာ့ဘာျဖစ္လဲဆိုေတာ့ ပိုက္ဆံရွိတာေတာ့မွန္တယ္ ဒါေပမဲ့ အဲဒီလူကလည္း ဘဏ္ေႂကြးေတြမ်ားေနတဲ့ၾကားကေန ဂုဏ္ယူခ်င္တဲ့ အတြက္ သြားလုပ္တာ။ ဥပမာ ကမ္းေျခမွာ သူေဌးေတြ အမ်ားႀကီးပဲ ဟိုတယ္ေတြေဆာက္ၾကတာ။ ဂုဏ္တစ္ ခုအေနနဲ႔သြားေဆာက္တာ။ တကယ့္ Real Investment မဟုတ္ဘူး။ ေနာက္ဆုံးမွာ ဘာျဖစ္လဲ ဆိုေတာ့ အဲဒီဟိုတယ္ေတြကို ဘဏ္ေတြက အေပါင္ခံၾက တယ္။ အခုဆို ဘဏ္ေတြကသိမ္းလည္း ဟိုတယ္ တန္ဖိုးမရတာတို႔ ျဖစ္ေနၿပီ ဘယ္သူမွမဝယ္ႏိုင္ဘူး။ ဟိုတယ္က ဘယ္လိုသိမ္းမလဲ အဲဒါဆို။ ကြၽန္ေတာ္ တို႔ဆီမွာက Investment ပုံစံေတြက မွားေနတယ္။
တကယ္က ကေလာမွာ အိမ္တစ္အိမ္ဝယ္တယ္။ သိန္း(၄၅၀)ထား။ ျမတ္ခ်င္လို႔ဝယ္တယ္ Invest အေနနဲ႔ဝယ္တယ္ပဲထားေတာ့။ တစ္ခ်ိန္မွာ ရာသီဥတု ေဖာက္ျပန္မယ္။ ေရမလုံေလာက္တဲ့ျပႆနာေတြ ျဖစ္လာမယ္။ ဒါေပမဲ့ ရွမ္းျပည္နယ္အစိုးရက မစဥ္းစားဘူး။ လတ္တေလာအိမ္ရာဖြံ႕ၿဖိဳးသြားတယ္ ဆိုတာကိုပဲ ျပခ်င္တာ။ ေနာက္ျဖစ္လာမယ့္ ဂယက္ကို မစဥ္းစားဘူး။ မစဥ္းစားတဲ့အခါက်ေတာ့ Invest လုပ္ လိုက္တယ္ လုပ္ၿပီးရင္ရႈံးၿပီပဲ။ Developer ဆိုတာ Step by Step ဧကရာခ်ီဝယ္ၿပီးေတာ့ သြားတာ။ ေနာက္တစ္ခါ ဟိုတယ္မွာတည္းတယ္၊ တစ္ႏွစ္ကို ဘယ္ႏွခါ အဲဒီအိမ္မွာတည္းႏိုင္မွာလဲ။ အဲဒီအိမ္ကို သန႔္ရွင္းေရးလုပ္ ရမွာရွိတယ္။ လစဥ္ေၾကးေတြေပးရတယ္။ ဟိုတယ္ဆိုရင္ေတာင္ ဟိုတယ္အလုံးေရဘယ္ ေလာက္ဆိုတာမ်ိဳးကို သုေတသနလုပ္ၿပီးမွ ေပးေဆာက္ရမွာ။ ေဆာက္လုပ္ေရး Sector မွာလည္း အဲဒီအတိုင္းပဲ Customer Knowledge က မီဒီယာ က လုပ္မွရမွာ။ တညင္ဘက္မွာေဆာက္ေနတာ တစ္ခုရွိတယ္။ အဲဒီမွာဝယ္လိုက္တယ္။ 1sq.ft ကို (၄)သိန္းနဲ႔။ ၿမိဳ႕ထဲမွာေတာင္မွ (၄)သိန္းဆိုတာ တခ်ိဳ႕ လူေတြေတာ္ေတာ္ေရာင္းေနရေသးတာ။ ဝယ္ၿပီး ဘာ ျပႆနာတက္လဲဆိုေတာ့ လစဥ္ေၾကးက အိမ္ငွားေန ရသလိုပဲ။ တစ္လကို (၇)သိန္းနဲ႔ (၈)သိန္းၾကားမွာရွိ တယ္။ ခုဝယ္ၿပီးမွ တခ်ိဳ႕ေတြ ဒုကၡေရာက္ေနၾကတာ။ ျပန္ငွားစားဖို႔က်ေတာ့လည္း ႏိုင္ငံျခားသားလည္း ေရရွည္မခံႏိုင္ဘူး။ မငွားေတာ့ဘူးေပါ့ဗ်ာ။ အဲဒီမွာ (၇)သိန္း(၈)သိန္း တစ္လေပးရရင္ ဒီဘက္မွာ ေအး ေဆးရေနၿပီကို။ အဲဒီ Customer Knowledge ေတြကို မီဒီယာကမလုပ္ေပးရင္ ေဆာက္လုပ္ေရး Sector ေတြက မတက္ဘူး။ အစိုးရလည္းအားေပး ရမွာ။ ကြန္ဒိုမီနီယမ္ေတြကို အားေပးရမယ္။ BOT ေတြကိုလည္း ထိထိေရာက္ေရာက္ အေရးယူရမယ္။ အေရးယူတယ္ဆိုတာ မင္းတို႔စခ်ဳပ္တုန္းက ဒီလုပ္ငန္းေတြလုပ္ဖို႔ခ်ဳပ္တာ ဒါပဲလုပ္ဆိုတာမ်ိဳး။ ဘာလုပ္ငန္းေတြပဲလုပ္ဆိုတာ BOT ေအာက္မွာရွိၿပီးသား။ ဟိုတယ္ေတြလုပ္လို႔ရတယ္။ Service လုပ္ငန္းေတြ လုပ္လို႔ရတယ္။
ေမး။ ။ ေဆာက္လုပ္ေရးမွာဆိုရင္(၉၀)ရာခိုင္ႏႈန္း ေလာက္က ျပည္ပကေနတင္သြင္းေနရတယ္လို႔ ခုန တုန္းကေျပာသြားတယ္။ ေငြေၾကးအရဆိုရင္ေကာ ႏွစ္စဥ္ဘယ္ေလာက္သုံးစြဲေနရလဲ။
ေျဖ။ ။ ကြၽန္ေတာ္သိသေလာက္ကေတာ့ ႏွစ္စဥ္ ႏိုင္ငံျခားကေန သံက တန္(၃)သန္းေက်ာ္ေလာက္ သြင္းတယ္လို႔ေျပာတယ္။ ဒီႏွစ္ေတြေတာ့ ေလ်ာ့တယ္ လို႔ၾကားတယ္။ ဒီႏွစ္ေတြမွာ ေလ်ာ့တာကေတာ့ ပါမစ္ ေၾကာင့္ေပါ့ေနာ္။ ပုံမွန္ကေတာ့ တန္(၃)သန္းေက်ာ္ ေလာက္သြင္းတာေပါ့။ အစိုးရက ဒီမွာပဲထုတ္တာကို လိုခ်င္တာ။ တ႐ုတ္နဲ႔ေဈးၿပိဳင္မေရာင္းရေတာ့ ဘယ္လိုလုပ္ရင္းႏွီးျမႇဳပ္ႏွံမွာလဲ။ အဲဒီအတြက္ သုံးရမယ္ Infrastructure ဆိုတာရွိတယ္။ Infrastructure က အကုန္ႏိုင္ငံျခားကေန ဝယ္ေနရတယ္။ သံဆိုလည္း သံကုန္ၾကမ္းက ဘယ္ကထုတ္မွာလဲ။ ႏိုင္ငံ ျခားကပဲဝယ္ရမယ္ဆို ဘာထူးမွာလဲ။ နည္းနည္းသက္သာမယ္ဆိုရင္ေတာင္ လက္ခစားေလးေလာက္ပဲ သက္သာသြားမွာ။ Transporation Charge ကေတာ့အတူတူပဲ။ ကုန္ၾကမ္းကို အရင္စထုတ္တာကို အစိုးရက ဦးစားေပး ရမွာ။ Step ေတြ ေက်ာ္ေနသလို ျဖစ္ေနတာေပါ့။
ေမး။ ။ ေဆာက္လုပ္ေရးလုပ္ငန္းသုံးပစၥည္းေတြက ၂၀၂၁ နဲ႔ ႏႈိင္းယွဥ္မယ္ဆိုရင္ ခုလက္ရွိမွာ ဘယ္ေလာက္ ရာခိုင္ႏႈန္းေလာက္တက္သြားတာလဲ။
ေျဖ။ ။ (၁၀ဝ)ရာခိုင္ႏႈန္းေလာက္တက္သြားတာေပါ့။ (၃)ႏွစ္ထဲမွာကို (၁၀ဝ)ရာခိုင္ႏႈန္းျဖစ္သြားတာ။ သံ ဆိုရင္ အရင္က (၁၅)သိန္း၊ (၁၆)သိန္းက အခုဆို သိန္း(၃၀)ျဖစ္သြားၿပီေလ။ ကြန္ကရစ္လည္း ဒီတိုင္းပဲ။
ေမး။ ။ ေဆာက္လုပ္ေရးလုပ္ငန္းေတြ အရင္လို ျပန္ လည္ပတ္ဖို႔ကို ႏိုင္ငံေတာ္က အေရးႀကီးဆုံးမျဖစ္မေန တစ္ခုကိုခြင့္ျပဳေပးရမယ္ဆိုရင္ ဘာကိုခြင့္ျပဳေပးေစ ခ်င္လဲ။
ေျဖ။ ။ သံေပါ့။ သံကိုတကယ္ေဆာက္ေနတဲ့ဟာေတြနဲ႔ ပါမစ္သာေပးလိုက္။ အသင္းေတြကေနေဆာက္ရင္ အသင္းေတြကို ပါမစ္ေပးလိုက္။ အဲဒါသည္ အလြယ္ ဆုံးနည္းပဲ။ အဲဒီလိုမွမေပးခ်င္ရင္လည္း သံ ေရာင္းတဲ့ သူေတြကို ပါမစ္ေပးလိုက္။ ဘယ္သူမွေတာ့ ပုံၿပီးေတာ့ မသြင္းဘူး။ သူ႔ဟာနဲ႔သူ လည္ပတ္ေအာင္ေတာ့ သုံး မွာပဲ။ မျဖစ္မေနသံကေတာ့ လိုအပ္ခ်က္ရွိေနတယ္။ လိုအပ္ခ်က္ရွိေနတဲ့အတြက္ ဖြင့္ေပးရမယ္။ ေဆာက္ လုပ္ေရးပစၥည္းေတြဖြင့္ေပးရမယ္။ ဖြင့္ရမွာေတာ့ အကုန္ဖြင့္ေပးရမွာ။ ေနာက္တစ္ခုက ေဆာက္လုပ္ေရး လုပ္ငန္းေတြ ဖြံ႕ၿဖိဳးဖို႔ဆိုတာ လွ်ပ္စစ္မူဝါဒေတြလည္း ျပင္မွရမယ္။ ကြၽန္ေတာ္တို႔ႏိုင္ငံမွာက ဘာေတြရွိလဲ ဆိုေတာ့ ေနာက္ပိုင္းကြန္ဒိုေတြမွာတက္ေနလို႔ရွိရင္ မီတာခကို အိမ္သုံးယူနစ္နဲ႔ရတဲ့သူေတြရွားတယ္။ တစ္ယူနစ္ကို (၃၀ဝ)(၄၀ဝ)ယူေနတာ။ ယူနစ္(၃၀ဝ)(၄၀ဝ) နဲ႔ဆိုရင္ ဘယ္သူက တိုက္ခန္းဝယ္ၿပီး ေနခ်င္ မွာလဲ။ ဒီမွာျဖစ္ေနတာဘာလဲဆိုေတာ့ မီတာကိစၥပဲ ျဖစ္ျဖစ္၊ ဘာပဲျဖစ္ျဖစ္ ပစၥည္းတစ္ခုကို ကုန္သည္ ကေနၿပီးေတာ့ လူႀကီးေတြကိုတင္ျပမယ္၊ လူႀကီးေတြ ကႀကိဳက္တယ္ဆိုရင္ အဲဒီပစၥည္းသုံးလို႔ ေျပာလိုက္ မယ္။ တကယ့္တကယ္လုပ္ရမွာက ေအာက္ေျခဝန္ ထမ္းေတြရွိတယ္။ အဲဒီေတာ့ အခုမီတာက ေပၚလစီက လြန္ခဲ့တဲ့ (၄)(၅)ႏွစ္က ေပၚလစီေတြ။ ႏိုင္ငံတကာမွာ နည္းပညာဆိုတာ အၿမဲျမင့္ေနတာ။ ေနာက္တစ္ခုက မီးပ်က္မ်ားတဲ့ ႏိုင္ငံေတြမွာ လွ်ပ္စစ္မီးေရာ မီးစက္မီးေရာ ဘယ္လိုစနစ္နဲ႔သုံးလဲဆိုတာ ေအာက္ေျခအင္ဂ်င္နီယာေတြက ေလ့လာရမွာ။ ေလ့လာၿပီးေတာ့ သူတို႔ရဲ႕ EPC ဘုတ္အဖြဲ႕ဥကၠ႒ေတြ ဝန္ႀကီးဌာနေတြ ကို တင္ျပရမွာ။ ဥပမာတစ္ခုေျပာမယ္ အထပ္ျမင့္ ေဆာက္မယ္၊ မီတာကို အစိုးရမီးနဲ႔ မီးစက္မီးကို ကြၽန္ေတာ္တို႔ ႀကိဳးႏွစ္ႀကိဳးဆြဲရမယ္။ ႀကိဳးႏွစ္ႀကိဳးဆြဲရင္ အဲဒီ Cost ေတြ ႏိုင္ငံျခားေဒၚလာ အမ်ားႀကီးကုန္ဆုံး သြား တာမဟုတ္ဘူးလား။ နည္းပညာမွာ ႀကိဳးတစ္ႀကိဳးတည္းတပ္ၿပီးေတာ့ Switching လုပ္တဲ့ နည္းပညာရွိတယ္။ ဟိုတုန္းကဒီနည္းကို မသုံးဘူး မွန္တယ္။ အထပ္ျမင့္လည္း အဲဒီေလာက္မရွိခဲ့ဘူး။ နည္းပညာလည္း အဲဒီေလာက္မလုပ္ခဲ့ဘူး။ တ႐ုတ္ မွာလည္း အဲဒီလိုသုံးတယ္။ အိႏၵိယမွာလည္း အဲဒီလို နည္းပညာသုံးတယ္။ ဘဂၤလားေဒ့ရွ္တို႔ ပါကစၥတန္ တို႔လို႔ မီးမမွန္တဲ့ေနရာေတြမွာလည္း သုံးတယ္။ တစ္ေခ်ာင္းတည္းတပ္ရတာ Switching နဲ႔သြားတာ။ အဲဒီလိုမ်ိဳးဆို Sub-Meter နဲ႔သုံးလိုက္ေလ။ အဲဒီေတာ့ ေဆာက္လုပ္ေရး Sector က ကြန္ဒိုဝယ္တဲ့သူ အမ်ားစုက ဝယ္ေနၿပီးမွသိတာေလ။
ေမး။ ။ ေနာက္တစ္ခုက ေဆာက္လုပ္ေရးလုပ္ငန္း တိုးတက္ဖို႔အတြက္ ႏိုင္ငံေတာ္ကို ဘာေျပာခ်င္လဲ။
ေျဖ။ ။ ဘာေျပာခ်င္လဲဆိုေတာ့ ေဆာက္လုပ္ေရး လုပ္ငန္းက အေရးႀကီးတယ္။ အဲဒီေတာ့ ေဆာက္လုပ္ ေရး Sector မွာ တကယ္ရင္းႏွီးျမႇဳပ္ႏွံေနတဲ့ သူေတြနဲ႔ ႏိုင္ငံေတာ္နဲ႔ေတြ႕ၿပီးေတာ့ မူဝါဒေတြကို ျပဳျပင္သင့္ တာေတြျပဳျပင္ဖို႔လိုတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ တစ္ ခုတည္းမဟုတ္တဲ့အတြက္ေၾကာင့္မို႔လို႔ အမ်ားႀကီး ျပင္ရမွာျဖစ္ေနတယ္။ တကယ္လုပ္ေနတဲ့ လုပ္ငန္းရွင္ ေတြနဲ႔ ႏိုင္ငံေတာ္နဲ႔ေတြ႕ၿပီးေတာ့ မူဝါဒေတြကို ျပင္ဖို႔ လိုတယ္။ အဲဒါျပင္လိုက္ရင္ ေဆာက္လုပ္ေရး Sector တက္လာမယ္။ Other Business ေတြလည္း တက္ လာမယ္။ အလုပ္အကိုင္လည္း အမ်ားႀကီး ျပန္ဖြံ႕ၿဖိဳး လာမယ္။ အထည္ခ်ဳပ္တစ္ရက္(၈၀ဝဝ) ရဖို႔ဆိုတာ မနည္းညႇိေနရတာ။ ခုထိလည္းမေသခ်ာဘူး။ ဒါေတာင္ ကြၽမ္းက်င္မွ။ ကြၽန္ေတာ္တို႔ဆီမွာ အလုပ္ၾကမ္းသမား (၁၀ဝဝဝ)ေက်ာ္သြားၿပီ။ အဲဒီလို အလုပ္မ်ားမ်ား ေပးႏိုင္တဲ့ လစာမ်ားမ်ားေပးႏိုင္တဲ့ Sector ဆိုတာ အားကိုေပးရမွာ ႏိုင္ငံေတာ္က။ တကယ္ေတာ့ ကြၽန္ေတာ္တို႔ကေတာင္းဆိုေနရမွာ မဟုတ္ဘူး။ အစိုးရက လိုက္လုပ္ေပးရမွာ။ အစိုးရကေခၚၿပီးေတာ့ ေမးေန ရမွာ။ အလုပ္လုပ္လို႔ လြယ္ေအာင္လို႔။ ၿပီးရင္ ျပင္သင့္တာေတြျပင္ေနရမွာ။ အဓိကက မူဝါဒေတြ ျပင္ဖို႔လို ေနၿပီ။ အမ်ားႀကီး ျပင္ရမယ္။
ခုလိုေျဖၾကားေပးတာ ေက်းဇူးတင္ပါတယ္။