နာမည်ကြီး ဖူဂျီတောင်တက်လမ်းကြောင်း Yoshida Trail ကို အသုံးပြုတဲ့ တောင်တက်သမားများ အခကြေးငွေ ၁၃ ဒေါ်လာ ပေးဆောင်ရမည်

1395

ရောင်နီ (NP News) - မတ် ၆
ဂျပန်နိုင်ငံရဲ့ အထင်ကရ ဖူဂျီတောင်ကို တက်ဖို့ တောင်တက်သမားတွေ အများဆုံး အသုံးပြုကြတဲ့ Yoshida Trail လမ်းကြောင်းအတွက် လမ်းအသုံးပြုစရိတ်ကို ဇူလိုင်လမှ စတင် တောင်တက်သမားတစ်ဦးကို အမေရိကန်ဒေါ်လာ ၁၃ နှုန်း ကောက်ခံသွားမယ်လို့ သိရပါတယ်။
ယာဉ်ကြောပိတ်ဆို့မှုများ သက်သာစေဖို့နဲ့ ဘေးကင်းလုံခြုံမှု ပိုမိုကောင်းမွန်စေဖို့အတွက်လည်း နံပါတ်တွေကို ကန့်သတ်သွားမယ်လို့ ဒေသဆိုင်ရာတာဝန်ရှိသူတစ်ဦးက အင်္ဂါနေ့ (မတ် ၅)မှာ ပြောကြားခဲ့ပါတယ်။ ကိုဗစ် အလွန်မှာ ဂျပန်နိုင်ငံရဲ့အမြင့်ဆုံးတောင်ကို တက်ရောက်မယ့် လူအုပ်ကြီး တစ်နှစ်ထက်တစ်နှစ် တိုးမြင့်လာသလို ဇူလိုင်မှ စက်တင်ဘာလအထိ တောင်တက်ကာလတစ်ခုကို ခရီးသွား ၂၂၀,၀၀၀ ကျော်ထိ ဆွဲဆောင်လျက် ရှိပါတယ်။ အခုအစီအစဉ်ကတော့ ဇူလိုင် ၁ ရက်မှစ အသက်ဝင်မှာဖြစ်ပြီး Yoshida Trail လမ်းကြောင်းမှ တက်ဖို့ လူတစ်ဦးကို ဝင်ကြေး ယန်း ၂၀၀၀ (အမေရိကန်ဒေါ်လာ ၁၃ ဒေါ်လာ) ကောက်ခံသွားမှာဖြစ်တယ်လို့ သိရပါတယ်။
တိုကျိုမှ ရထားနဲ့ လွယ်လွယ်ကူကူသွားလာနိုင်တဲ့ Yoshida Trail ဟာ အားလပ်ရက် အပန်းဖြေခရီးထွက်သူများ အတွက် အကြိုက်ဆုံး ရွေးချယ်မှုဖြစ်ပြီး၊ တောင်တက်သမား ၆၀ ရာခိုင်နှုန်းခန့်က အဲဒီလမ်းကြောင်းကို ရွေးချယ်ကြ တယ်လို့ တရားဝင်အချက်အလက်များအရ သိရပါတယ်။

Zawgyi Version;
နာမည္ႀကီး ဖူဂ်ီေတာင္တက္လမ္းေၾကာင္း Yoshida Trail ကို အသုံးျပဳတဲ့ ေတာင္တက္သမားမ်ား အခေၾကးေငြ ၁၃ ေဒၚလာ ေပးေဆာင္ရမည္
ေရာင္နီ (NP News) - မတ္ ၆
ဂ်ပန္ႏိုင္ငံရဲ႕ အထင္ကရ ဖူဂ်ီေတာင္ကို တက္ဖို႔ ေတာင္တက္သမားေတြ အမ်ားဆုံး အသုံးျပဳၾကတဲ့ Yoshida Trail လမ္းေၾကာင္းအတြက္ လမ္းအသုံးျပဳစရိတ္ကို ဇူလိုင္လမွ စတင္ ေတာင္တက္သမားတစ္ဦးကို အေမရိကန္ေဒၚလာ ၁၃ ႏႈန္း ေကာက္ခံသြားမယ္လို႔ သိရပါတယ္။
ယာဥ္ေၾကာပိတ္ဆို႔မႈမ်ား သက္သာေစဖို႔နဲ႔ ေဘးကင္းလုံၿခဳံမႈ ပိုမိုေကာင္းမြန္ေစဖို႔အတြက္လည္း နံပါတ္ေတြကို ကန႔္သတ္သြားမယ္လို႔ ေဒသဆိုင္ရာတာဝန္ရွိသူတစ္ဦးက အဂၤါေန႔ (မတ္ ၅)မွာ ေျပာၾကားခဲ့ပါတယ္။ ကိုဗစ္ အလြန္မွာ ဂ်ပန္ႏိုင္ငံရဲ႕အျမင့္ဆုံးေတာင္ကို တက္ေရာက္မယ့္ လူအုပ္ႀကီး တစ္ႏွစ္ထက္တစ္ႏွစ္ တိုးျမင့္လာသလို ဇူလိုင္မွ စက္တင္ဘာလအထိ ေတာင္တက္ကာလတစ္ခုကို ခရီးသြား ၂၂၀,၀၀၀ ေက်ာ္ထိ ဆြဲေဆာင္လ်က္ ရွိပါတယ္။ အခုအစီအစဥ္ကေတာ့ ဇူလိုင္ ၁ ရက္မွစ အသက္ဝင္မွာျဖစ္ၿပီး Yoshida Trail လမ္းေၾကာင္းမွ တက္ဖို႔ လူတစ္ဦးကို ဝင္ေၾကး ယန္း ၂၀၀၀ (အေမရိကန္ေဒၚလာ ၁၃ ေဒၚလာ) ေကာက္ခံသြားမွာျဖစ္တယ္လို႔ သိရပါတယ္။
တိုက်ိဳမွ ရထားနဲ႔ လြယ္လြယ္ကူကူသြားလာႏိုင္တဲ့ Yoshida Trail ဟာ အားလပ္ရက္ အပန္းေျဖခရီးထြက္သူမ်ား အတြက္ အႀကိဳက္ဆုံး ေ႐ြးခ်ယ္မႈျဖစ္ၿပီး၊ ေတာင္တက္သမား ၆၀ ရာခိုင္ႏႈန္းခန႔္က အဲဒီလမ္းေၾကာင္းကို ေ႐ြးခ်ယ္ၾက တယ္လို႔ တရားဝင္အခ်က္အလက္မ်ားအရ သိရပါတယ္။