ပြင်းထန်သော ပြစ်ဒဏ်များပါဝင်သည့် အမျိုးသားလုံခြုံရေးဥပဒေကြမ်းသစ်ကို ဟောင်ကောင် အစိုးရထုတ်ပြန်

649

ALynn (NP News) - မတ် ၈
ဟောင်ကောင်သည် နိုင်ငံတော်သစ္စာဖောက်မှု၊ တော်လှန်ပုန်ကန်မှုကဲ့သို့ ပြစ်မှုကျူးလွန်သူများကို ထောင်ဒဏ် တစ်သက်တစ်ကျွန်းအထိ ချမှတ်နိုင်မည့် အမျိုးသားလုံခြုံရေးဥပဒေကြမ်းသစ်ကို ဖေဖော်ဝါရီလ ၈ ရက် (သောကြာနေ့) က ထုတ်ပြန်ခဲ့သည်။ ၎င်းဥပဒေကြမ်းသည် အစိုးရ၏ အုပ်ချုပ်ရေးအာဏာကို ပိုမိုချဲ့ထွင်နိုင်မည် ဖြစ်ကာ အနာဂတ်တွင် ၎င်းအားစိန်ခေါ်လာနိုင်သည့် သူလျှိုလုပ်ခြင်းများ၊ ပြင်ပ၏ ဝင်ရောက်စွက်ဖက်မှုများ နှင့် အခြားနိုင်ငံတော် လျှို့ဝှက်ချက်များကို အကာအကွယ်ပြုပေးနိုင်မည်ဖြစ်သည်။
ထို့ပြင် ဆူပူအုံကြွရန် လှုံ့ဆော်မှုများအတွက်လည်း ပြင်းထန်သော ပြစ်ဒဏ်များချမှတ်နိုင်ရန် ဖော်ပြထားသည်။ ဟောင်ကောင်ခေါင်းဆောင် ဂျွန်လီ၏ တွန်းအားပေးမှုအောက်တွင် ဥပဒေပြုရေးလုပ်ငန်းစဉ်ကို အမြန်အပြီးသတ် နိုင်ရန် စီစဉ်ထားပြီး သောကြာနေ့တွင် လွှတ်တော်အမတ်များသည် ထိုဥပဒေကြမ်းအား စတင်ဆွေးနွေးသွားမည် ဖြစ်သည်။
တရုတ်ပြည်မကြီးယိမ်းသည့် အမတ်များစွာ ပါဝင်သော ဟောင်ကောင်ဥပဒေပြုလွှတ်တော်တွင် အဆိုပါဥပဒေ ကြမ်းအား ရက်သတ္တပတ်အနည်းငယ်အတွင်း လွယ်လင့်တကူ အတည်ပြု ပြဋ္ဌာန်းနိုင်လိမ့်မည်ဟု မျှော်လင့်ရပါ သည်။
ဝေဖန်သုံးသပ်သူများက ထိုဥပဒေကို ပြဋ္ဌာန်းခြင်းဖြင့် ဟောင်ကောင်၏ ဥပဒေမူဘောင်သည် တရုတ်ပြည်မကြီး နှင့် ပို၍ ဆင်တူလာနိုင်ပြီး အရပ်ဘက်လွတ်လပ်ခွင့်များ ဆုံးရှုံးလာနိုင်ချေရှိကြောင်း သုံးသပ်ထားကြသည်။ သို့သော် အစိုးရက ၂၀၁၉ ခုနှစ်က မြို့တော်ကို လှုပ်ခတ်သွားစေသည့် အစိုးရဆန့်ကျင်ဆန္ဒပြမှုများကို ထောက်ပြခဲ့ပြီး ထိုသို့ သောအခြေအနေများအတွက် အမျိုးသားလုံခြုံရေးဥပဒေမှာ လိုအပ်နေကြောင်း ဖော်ပြခဲ့သည်။ ဥပဒေသစ်အောက် တွင် နိုင်ငံခြားတိုင်း ပြည်တစ်ခုမှ အင်အားသုံး၍ နိုင်ငံအား ကျူးကျော်စေရန် လှုံ့ဆော်ပေးခြင်းကို နိုင်ငံတော်သစ္စာ ဖောက်မှုဟု သတ်မှတ်ပြီး အမြင့်ဆုံးပြစ်ဒဏ် တစ်သက်တစ်ကျွန်းအထိ ချမှတ်နိုင်သည်။
ထို့ပြင် ပြည်သူများ၏ ဘေးကင်းလုံခြုံရေးကို ခြိမ်းခြောက်နေသည့်အကြမ်းဖက်မှုများကို ကျူးလွန်ခြင်းအား ပုန်ကန်မှုအဖြစ် သတ်မှတ်ထားသည်။ အလားတူ ဆူပူအုံ့ကြွမှုကျူးလွန်သူများကို ထောင်ဒဏ် ၇ နှစ် ချမှတ်နိုင်ပြီး ပြည်ပအင်အားစုများနှင့် ပူးပေါင်းကြံစည်သည့် ဆူပူမှုမျိုးဆိုလျှင် ၁၀ နှစ်အထိ ပြစ်ဒဏ်ချမှတ်ခံရနိုင်သည်။ ပြည်ပအင်အားစုများဟူသော အဓိပ္ပာယ်ဖွင့်ဆိုချက်တွင် နိုင်ငံခြားအစိုးရများ နှင့် နိုင်ငံရေးပါတီများ၊ နိုင်ငံတကာ အဖွဲ့အစည်းများ နှင့် ကုမ္ပဏီများ ပါဝင်သည်။
၂၀၂၀ ပြည့်နှစ်ကလည်း အလားတူဥပဒေမျိုး ပြဋ္ဌာန်းရန်ကြိုးပမ်းခဲ့ပြီး ဆန္ဒပြမှုများနှင့် ကြုံတွေ့ခဲ့ရသောကြောင့် ရှေ့မဆက်နိုင်ခဲ့ပေ။ သို့သော် ၎င်းဥပဒေကို ဆန့်ကျင်ခြင်း၏ အကျိုးဆက်များကို ဆန္ဒပြပြည်သူများ ကြုံတွေ့ ခံစားခဲ့ရပြီးဖြစ်သည့်အတွက် ယခုအကြိမ်တွင် အလားတူဆန္ဒပြမှုမျိုး ထပ်မံမဖြစ်ပွားနိုင်တော့ဟု မျှော်လင့်ရပါ သည်။

Zawgyi Version;
ျပင္းထန္ေသာ ျပစ္ဒဏ္မ်ားပါဝင္သည့္ အမ်ိဳးသားလုံၿခဳံေရးဥပေဒၾကမ္းသစ္ကို ေဟာင္ေကာင္ အစိုးရထုတ္ျပန္
ALynn (NP News) - မတ္ ၈
ေဟာင္ေကာင္သည္ ႏိုင္ငံေတာ္သစၥာေဖာက္မႈ၊ ေတာ္လွန္ပုန္ကန္မႈကဲ့သို႔ ျပစ္မႈက်ဴးလြန္သူမ်ားကို ေထာင္ဒဏ္ တစ္သက္တစ္ကြၽန္းအထိ ခ်မွတ္ႏိုင္မည့္ အမ်ိဳးသားလုံၿခဳံေရးဥပေဒၾကမ္းသစ္ကို ေဖေဖာ္ဝါရီလ ၈ ရက္ (ေသာၾကာေန႔) က ထုတ္ျပန္ခဲ့သည္။ ၎ဥပေဒၾကမ္းသည္ အစိုးရ၏ အုပ္ခ်ဳပ္ေရးအာဏာကို ပိုမိုခ်ဲ႕ထြင္ႏိုင္မည္ ျဖစ္ကာ အနာဂတ္တြင္ ၎အားစိန္ေခၚလာႏိုင္သည့္ သူလွ်ိဳလုပ္ျခင္းမ်ား၊ ျပင္ပ၏ ဝင္ေရာက္စြက္ဖက္မႈမ်ား ႏွင့္ အျခားႏိုင္ငံေတာ္ လွ်ိဳ႕ဝွက္ခ်က္မ်ားကို အကာအကြယ္ျပဳေပးႏိုင္မည္ျဖစ္သည္။
ထို႔ျပင္ ဆူပူအုံႂကြရန္ လႈံ႕ေဆာ္မႈမ်ားအတြက္လည္း ျပင္းထန္ေသာ ျပစ္ဒဏ္မ်ားခ်မွတ္ႏိုင္ရန္ ေဖာ္ျပထားသည္။ ေဟာင္ေကာင္ေခါင္းေဆာင္ ဂြၽန္လီ၏ တြန္းအားေပးမႈေအာက္တြင္ ဥပေဒျပဳေရးလုပ္ငန္းစဥ္ကို အျမန္အၿပီးသတ္ ႏိုင္ရန္ စီစဥ္ထားၿပီး ေသာၾကာေန႔တြင္ လႊတ္ေတာ္အမတ္မ်ားသည္ ထိုဥပေဒၾကမ္းအား စတင္ေဆြးေႏြးသြားမည္ ျဖစ္သည္။
တ႐ုတ္ျပည္မႀကီးယိမ္းသည့္ အမတ္မ်ားစြာ ပါဝင္ေသာ ေဟာင္ေကာင္ဥပေဒျပဳလႊတ္ေတာ္တြင္ အဆိုပါဥပေဒ ၾကမ္းအား ရက္သတၱပတ္အနည္းငယ္အတြင္း လြယ္လင့္တကူ အတည္ျပဳ ျပ႒ာန္းႏိုင္လိမ့္မည္ဟု ေမွ်ာ္လင့္ရပါ သည္။
ေဝဖန္သုံးသပ္သူမ်ားက ထိုဥပေဒကို ျပ႒ာန္းျခင္းျဖင့္ ေဟာင္ေကာင္၏ ဥပေဒမူေဘာင္သည္ တ႐ုတ္ျပည္မႀကီး ႏွင့္ ပို၍ ဆင္တူလာႏိုင္ၿပီး အရပ္ဘက္လြတ္လပ္ခြင့္မ်ား ဆုံးရႈံးလာႏိုင္ေခ်ရွိေၾကာင္း သုံးသပ္ထားၾကသည္။ သို႔ေသာ္ အစိုးရက ၂၀၁၉ ခုႏွစ္က ၿမိဳ႕ေတာ္ကို လႈပ္ခတ္သြားေစသည့္ အစိုးရဆန႔္က်င္ဆႏၵျပမႈမ်ားကို ေထာက္ျပခဲ့ၿပီး ထိုသို႔ ေသာအေျခအေနမ်ားအတြက္ အမ်ိဳးသားလုံၿခဳံေရးဥပေဒမွာ လိုအပ္ေနေၾကာင္း ေဖာ္ျပခဲ့သည္။ ဥပေဒသစ္ေအာက္ တြင္ ႏိုင္ငံျခားတိုင္း ျပည္တစ္ခုမွ အင္အားသုံး၍ ႏိုင္ငံအား က်ဴးေက်ာ္ေစရန္ လႈံ႕ေဆာ္ေပးျခင္းကို ႏိုင္ငံေတာ္သစၥာ ေဖာက္မႈဟု သတ္မွတ္ၿပီး အျမင့္ဆုံးျပစ္ဒဏ္ တစ္သက္တစ္ကြၽန္းအထိ ခ်မွတ္ႏိုင္သည္။
ထို႔ျပင္ ျပည္သူမ်ား၏ ေဘးကင္းလုံၿခဳံေရးကို ၿခိမ္းေျခာက္ေနသည့္အၾကမ္းဖက္မႈမ်ားကို က်ဴးလြန္ျခင္းအား ပုန္ကန္မႈအျဖစ္ သတ္မွတ္ထားသည္။ အလားတူ ဆူပူအုံ႔ႂကြမႈက်ဴးလြန္သူမ်ားကို ေထာင္ဒဏ္ ၇ ႏွစ္ ခ်မွတ္ႏိုင္ၿပီး ျပည္ပအင္အားစုမ်ားႏွင့္ ပူးေပါင္းႀကံစည္သည့္ ဆူပူမႈမ်ိဳးဆိုလွ်င္ ၁၀ ႏွစ္အထိ ျပစ္ဒဏ္ခ်မွတ္ခံရႏိုင္သည္။ ျပည္ပအင္အားစုမ်ားဟူေသာ အဓိပၸာယ္ဖြင့္ဆိုခ်က္တြင္ ႏိုင္ငံျခားအစိုးရမ်ား ႏွင့္ ႏိုင္ငံေရးပါတီမ်ား၊ ႏိုင္ငံတကာ အဖြဲ႕အစည္းမ်ား ႏွင့္ ကုမၸဏီမ်ား ပါဝင္သည္။
၂၀၂၀ ျပည့္ႏွစ္ကလည္း အလားတူဥပေဒမ်ိဳး ျပ႒ာန္းရန္ႀကိဳးပမ္းခဲ့ၿပီး ဆႏၵျပမႈမ်ားႏွင့္ ႀကဳံေတြ႕ခဲ့ရေသာေၾကာင့္ ေရွ႕မဆက္ႏိုင္ခဲ့ေပ။ သို႔ေသာ္ ၎ဥပေဒကို ဆန႔္က်င္ျခင္း၏ အက်ိဳးဆက္မ်ားကို ဆႏၵျပျပည္သူမ်ား ႀကဳံေတြ႕ ခံစားခဲ့ရၿပီးျဖစ္သည့္အတြက္ ယခုအႀကိမ္တြင္ အလားတူဆႏၵျပမႈမ်ိဳး ထပ္မံမျဖစ္ပြားႏိုင္ေတာ့ဟု ေမွ်ာ္လင့္ရပါ သည္။