ကမ္ဘာ့အမြန်ဆုံးအရုပ်ကား တီထွင်နိုင်ခဲ့တဲ့ ဂျာမနီနိုင်ငံသား

 317

ဂျန်ဇက် (NP News) - မတ် ၁၁

တစ်နာရီ ၉၂ မိုင်ကျော် နှုန်းမောင်းနိုင်မယ့် ကမ္ဘာ့အမြန်ဆုံးအရုပ်ကား တီထွင်နိုင်ခဲ့တဲ့ အင်ဂျင်နီယာကျောင်းသား ဂျာမနီနိုင်ငံက လူငယ်အင်ဂျင်နီယာ ကျောင်းသားတစ်ဦးဟာ တစ်နာရီကို မိုင်ပေါင်း ၉၂မိုင်ကျော် မောင်းနှင်နိုင်စွမ်း ရှိမယ့် ကမ္ဘာအမြန်ဆုံး အရုပ်ကားကို အောင်မြင်စွာတီထွင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အသက် ၃၁ နှစ်အရွယ်ရှိတဲ့ မာဆယ်ပေါလ်ဟာ တစ်နာရီကို မိုင်ပေါင်း ၉၂ ဒသမ ၂၄ မိုင်မောင်းနှင်နိုင်စွမ်းရှိမယ့် ကမ္ဘာ့အမြန်ဆုံးအရုပ်ကားကို ပြင်ဆင်မွမ်းမံနိုင်ဖို့ ၁၀ လကျော်ကြာ အချိန်ယူခဲ့ရပါတယ်။ မာဆယ်ပေါလ် တီထွင် ထားတဲ့အရုပ်ကားဟာ ကမ္ဘာပေါ်ရှိ အရုပ်ကားတွေထဲမှာ အမြန်ဆုံးမောင်နှင်နိုင်စွမ်းရှိတဲ့ အရုပ်ကားဖြစ်လာခဲ့ပြီး တစ်နာရီကို ၉၂ မိုင်နှုန်း နဲ့ မောင်းနှင်နိုင်စွမ်းရှိတယ်လို့ ဆိုပါတယ်။

ကလေးစီး အရုပ်ကား(Bobby Cars) တွေကို နှစ်သက်သဘောကျတဲ့ မာဆယ်ပေါလ်ဟာ ကလေးစီး အရုပ်ကား ပြိုင်ပွဲတွေလည်း ပါဝင်ဆင်နွှဲခဲ့ပြီး ကမ္ဘာ့ချန်ပီယံဆု ၁၄ ကြိမ်၊ ဥရောပချန်ပီယံဆု ၉ ကြိမ် ဆွတ်ခူးနိုင်ခဲ့ပြီး အရုပ်ကားပြိုင်ပွဲသမိုင်းမှာ အအောင်မြင်ဆုံး ကားမောင်းသမားတစ်ဦးလည်းဖြစ်ပါတယ်။

မာဆယ်ပေါလ်ဟာ ကမ္ဘာချန်ပီယံဆုတွေ ရယူနိုင်မှုကို ရောင်ရဲမှုမရှိဘဲ ကမ္ဘာ့အမြန်ဆုံး ကလေးစီးပြိုင်ကား တီထွင် ဖို့အကြံရခဲ့ပြီး ၁၀ လကြာ အချိန်ယူ တည်ဆောက်ခဲ့ပြီးနောက်မှာ ကမ္ဘာအမြန်ဆုံးအရုပ်ကားကို အောင်မြင်စွာ တီထွင်နိုင်ခဲ့တာဖြစ်ပါတယ်။ မာဆယ်ပေါလ်ဟာ ယခင်ကလည်း အရုပ်ကားတွေကို တီထွင်ခဲ့ဖူးပြီး ၎င်းရဲ့ယခင် စံချိန်ဟောင်းကို ချိုးဖျက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

မာဆယ်ပေါလ်ဟာ ယခင်က တစ်နာရီကို ၈၈ မိုင်မောင်းနှင်နိုင်မယ့် အရုပ်ကားကို တီထွင်ထားနိုင်သူဖြစ်ပြီး လက်ရှိ အချိန်မှာတော့ အဲဒီစံချိန်ကို ချိုးဖျက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ မာဆယ်ပေါလ်ဟာ သူရဲ့ ကမ္ဘာအမြန်ဆုံး အရုပ်ကားကိုတီထွင်နိုင်ဖို့ ကလေးစီးကားအမျိုးအစားဖြစ်တဲ့ Baby Porsche 911 ကားကို ဝယ်ယူခဲ့ပြီး အလူမီနီယမ်ကိုယ်ထည်နဲ့ပြန်လည်တည်ဆောက်ခဲ့ပါတယ်။ အဲဒီကားမှာ အသုံးပြုမယ့် လျှပ်စစ်မော်တာနဲ့ ဘက်ထရီကိုတော့ ကုမ္ပဏီတစ်ခုမှာ အပ်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီလိုမျိုး ကမ္ဘာ့အမြန်ဆုံး အရုပ်ကားကို တီထွင်နိုင်ဖို့ မာဆယ်ပေါလ်ဟာ စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်ခဲ့ရပြီး ဘတ်ဂျက်ငွေ လိုအပ်ချက်တွေ ရှိခဲ့ပါတယ်။ မာဆယ်ပေါလ်ဟာ ကားဖန်တီးတီထွင်ဖို့ ဒေါ်လာ ၁၀၀၀၀ ဘတ်ဂျက် လိုအပ်ခဲ့ပြီး၊ အဲဒီဘတ်ဂျက်ငွေကို ရယူနိုင်ခဲ့တဲ့အတွက် ကားကို အပြီးသတ်တည်ဆောက်နိုင်ခဲ့ပြီး ဂျာမနီနိုင်ငံမှ ဟော့ကန်ဟိုင်ရင်းကားမောင်းကွင်းမှာ ကမ္ဘာ့ဂင်းနစ်စံချိန်ကို ထပ်မံချိုးဖျက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

Zawgyi Version;
ကမာၻ႔အျမန္ဆုံးအ႐ုပ္ကား တီထြင္ႏိုင္ခဲ့တဲ့ ဂ်ာမနီႏိုင္ငံသား
ဂ်န္ဇက္ (NP News) - မတ္ ၁၁

တစ္နာရီ ၉၂ မိုင္ေက်ာ္ ႏႈန္းေမာင္းႏိုင္မယ့္ ကမာၻ႔အျမန္ဆုံးအ႐ုပ္ကား တီထြင္ႏိုင္ခဲ့တဲ့ အင္ဂ်င္နီယာေက်ာင္းသား ဂ်ာမနီႏိုင္ငံက လူငယ္အင္ဂ်င္နီယာ ေက်ာင္းသားတစ္ဦးဟာ တစ္နာရီကို မိုင္ေပါင္း ၉၂မိုင္ေက်ာ္ ေမာင္းႏွင္ႏိုင္စြမ္း ရွိမယ့္ ကမာၻအျမန္ဆုံး အ႐ုပ္ကားကို ေအာင္ျမင္စြာတီထြင္ႏိုင္ခဲ့တယ္လို႔ ဆိုပါတယ္။

အသက္ ၃၁ ႏွစ္အ႐ြယ္ရွိတဲ့ မာဆယ္ေပါလ္ဟာ တစ္နာရီကို မိုင္ေပါင္း ၉၂ ဒသမ ၂၄ မိုင္ေမာင္းႏွင္ႏိုင္စြမ္းရွိမယ့္ ကမာၻ႔အျမန္ဆုံးအ႐ုပ္ကားကို ျပင္ဆင္မြမ္းမံႏိုင္ဖို႔ ၁၀ လေက်ာ္ၾကာ အခ်ိန္ယူခဲ့ရပါတယ္။ မာဆယ္ေပါလ္ တီထြင္ ထားတဲ့အ႐ုပ္ကားဟာ ကမာၻေပၚရွိ အ႐ုပ္ကားေတြထဲမွာ အျမန္ဆုံးေမာင္ႏွင္ႏိုင္စြမ္းရွိတဲ့ အ႐ုပ္ကားျဖစ္လာခဲ့ၿပီး တစ္နာရီကို ၉၂ မိုင္ႏႈန္း နဲ႔ ေမာင္းႏွင္ႏိုင္စြမ္းရွိတယ္လို႔ ဆိုပါတယ္။

ကေလးစီး အ႐ုပ္ကား(Bobby Cars) ေတြကို ႏွစ္သက္သေဘာက်တဲ့ မာဆယ္ေပါလ္ဟာ ကေလးစီး အ႐ုပ္ကား ၿပိဳင္ပြဲေတြလည္း ပါဝင္ဆင္ႏႊဲခဲ့ၿပီး ကမာၻ႔ခ်န္ပီယံဆု ၁၄ ႀကိမ္၊ ဥေရာပခ်န္ပီယံဆု ၉ ႀကိမ္ ဆြတ္ခူးႏိုင္ခဲ့ၿပီး အ႐ုပ္ကားၿပိဳင္ပြဲသမိုင္းမွာ အေအာင္ျမင္ဆုံး ကားေမာင္းသမားတစ္ဦးလည္းျဖစ္ပါတယ္။

မာဆယ္ေပါလ္ဟာ ကမာၻခ်န္ပီယံဆုေတြ ရယူႏိုင္မႈကို ေရာင္ရဲမႈမရွိဘဲ ကမာၻ႔အျမန္ဆုံး ကေလးစီးၿပိဳင္ကား တီထြင္ ဖို႔အႀကံရခဲ့ၿပီး ၁၀ လၾကာ အခ်ိန္ယူ တည္ေဆာက္ခဲ့ၿပီးေနာက္မွာ ကမာၻအျမန္ဆုံးအ႐ုပ္ကားကို ေအာင္ျမင္စြာ တီထြင္ႏိုင္ခဲ့တာျဖစ္ပါတယ္။ မာဆယ္ေပါလ္ဟာ ယခင္ကလည္း အ႐ုပ္ကားေတြကို တီထြင္ခဲ့ဖူးၿပီး ၎ရဲ႕ယခင္ စံခ်ိန္ေဟာင္းကို ခ်ိဳးဖ်က္ႏိုင္ခဲ့တယ္လို႔ ဆိုပါတယ္။

မာဆယ္ေပါလ္ဟာ ယခင္က တစ္နာရီကို ၈၈ မိုင္ေမာင္းႏွင္ႏိုင္မယ့္ အ႐ုပ္ကားကို တီထြင္ထားႏိုင္သူျဖစ္ၿပီး လက္ရွိ အခ်ိန္မွာေတာ့ အဲဒီစံခ်ိန္ကို ခ်ိဳးဖ်က္ႏိုင္ခဲ့တယ္လို႔ ဆိုပါတယ္။ မာဆယ္ေပါလ္ဟာ သူရဲ႕ ကမာၻအျမန္ဆုံး အ႐ုပ္ကားကိုတီထြင္ႏိုင္ဖို႔ ကေလးစီးကားအမ်ိဳးအစားျဖစ္တဲ့ Baby Porsche 911 ကားကို ဝယ္ယူခဲ့ၿပီး အလူမီနီယမ္ကိုယ္ထည္နဲ႔ျပန္လည္တည္ေဆာက္ခဲ့ပါတယ္။ အဲဒီကားမွာ အသုံးျပဳမယ့္ လွ်ပ္စစ္ေမာ္တာနဲ႔ ဘက္ထရီကိုေတာ့ ကုမၸဏီတစ္ခုမွာ အပ္ခဲ့တယ္လို႔ ဆိုပါတယ္။

အဲဒီလိုမ်ိဳး ကမာၻ႔အျမန္ဆုံး အ႐ုပ္ကားကို တီထြင္ႏိုင္ဖို႔ မာဆယ္ေပါလ္ဟာ စိန္ေခၚမႈေတြနဲ႔ရင္ဆိုင္ခဲ့ရၿပီး ဘတ္ဂ်က္ေငြ လိုအပ္ခ်က္ေတြ ရွိခဲ့ပါတယ္။ မာဆယ္ေပါလ္ဟာ ကားဖန္တီးတီထြင္ဖို႔ ေဒၚလာ ၁၀၀၀၀ ဘတ္ဂ်က္ လိုအပ္ခဲ့ၿပီး၊ အဲဒီဘတ္ဂ်က္ေငြကို ရယူႏိုင္ခဲ့တဲ့အတြက္ ကားကို အၿပီးသတ္တည္ေဆာက္ႏိုင္ခဲ့ၿပီး ဂ်ာမနီႏိုင္ငံမွ ေဟာ့ကန္ဟိုင္ရင္းကားေမာင္းကြင္းမွာ ကမာၻ႔ဂင္းနစ္စံခ်ိန္ကို ထပ္မံခ်ိဳးဖ်က္ႏိုင္ခဲ့တယ္လို႔ ဆိုပါတယ္။

Related news

© 2021. All rights reserved.