နျူကလီးယားစွမ်းရည်ရှိသော ပဲ့ထိန်းဒုံးကျည်မျိုးဆက်သစ်ကို အောင်မြင်စွာစမ်းသပ်နိုင်ခဲ့ကြောင်း အိန္ဒိယစစ်ဘက်ပြော

 558

Pika (NP News) - ဧပြီ ၉

အိန္ဒိယနိုင်ငံသည် ယခုသီတင်းပတ် အစောပိုင်းတွင် အိုဒီရှာပြည်နယ်ကမ်းလွန်မှာ နျူကလီးယား စွမ်းရည်ရှိသော ပဲ့ထိန်းဒုံးကျည် မျိုးဆက်သစ် Agni Prime ကို အောင်မြင်စွာစမ်းသပ်ပစ်လွှတ် နိုင်ခဲ့ကြောင်း စစ်တပ်က ဧပြီလ(၄)ရက်နေ့တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။ အဆိုပါပဲ့ထိန်းဒုံးကျည်သည် အကွာအဝေး (၁၀ဝဝ)ကီလိုမီတာမှ (၂၀ဝဝ)ကီလိုမီတာအထိ ရောက်ရှိ နိုင်ပြီး နည်းပညာတိုးတက်မှုများနှင့်အတူ Agni စီးရီးတွင် အသေးဆုံးဒုံးကျည်ဖြစ်ကြောင်း အိန္ဒိယမီဒီယာများက ရေးသားဖော်ပြခဲ့သည်။

Agni Prime ပဲ့ထိန်းဒုံးကျည် စမ်းသပ်ပစ်လွှတ်မှုကို အိန္ဒိယကြည်းတပ်၊ ရေတပ်၊ လေတပ်တို့မှ တပ်ဖွဲ့ဝင်များပါဝင်သည့် နိုင်ငံ၏မဟာဗျူဟာ မြောက်တပ်ဖွဲ့ကွပ်ကဲမှုဌာန (SFC) နှင့် ကာကွယ် ရေးသုတေသန နှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (DRDO) တို့က ပူးတွဲလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

အိန္ဒိယကာကွယ်ရေး ဝန်ကြီးဌာနက ‘ဒီစမ်းသပ်ပစ်လွှတ်မှုဟာ နေရာအမျိုးမျိုးမှာ ဖြန့်ကြက်ချထားတဲ့ အာရုံခံကိရိယာများစွာကနေ ဖမ်းယူရရှိထားတဲ့ ဒေတာတွေက အတည်ပြုချက်အတိုင်း ယုံကြည်စိတ်ချရတဲ့ စွမ်းဆောင်ရည်တွေအားလုံးကို ပြသနိုင်ခဲ့ပါတယ်’ဟုပြောဆိုခဲ့သည်။

Agni Prime ပဲ့ထိန်းဒုံးကျည်သည် တာလတ်ပစ်မြေပြင်မှ မြေပြင်ပစ် ဒုံးကျည်ဖြစ်ပြီး အကွာအဝေး (၇၀ဝ)ကီလိုမီတာမှ (၃၅၀ဝ)ကီလိုမီတာအထိ ရောက်ရှိနိုင်သော Agni (၁) မှ (၄) စီးရီးများ၏ နောက်ဆုံးပေါ် အမျိုးအစားဖြစ်သလို နေရာများအပြားတွင် ဖြန့်ကျက်ချထားပြီးပြီဖြစ်ကြောင်းလည်းသိရသည်။

အဆိုပါမျိုးဆက်သစ်ဒုံးကျည်တွင် အဆင့်မြင့် အာရုံခံကိရိယာများ၊ လမ်းကြောင်းပြခြင်းနှင့် လမ်းòန် စနစ်များပါဝင်ပြီး Agni စီးရီးများထဲတွင် အပေါ့ပါးဆုံးနှင့် အသေးဆုံး ဒုံးကျည်များဖြစ်ကြောင်းလည်းသိရသည်။ ထို့ပြင် Agni Prime ပဲ့ထိန်းဒုံးကျည်သည် အိန္ဒိယစစ်တပ်အတွက် အစွမ်းထက်သော လက်နက်တစ်ခု ဖြစ်လာ လိမ့်မည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး Rajnath Singh က ပြောကြားခဲ့သည်။

zawgyi version
န်ဴကလီးယားစြမ္းရည္ရွိေသာ ပဲ့ထိန္းဒုံးက်ည္မ်ိဳးဆက္သစ္ကို ေအာင္ျမင္စြာစမ္းသပ္ႏိုင္ခဲ့ေၾကာင္း အိႏၵိယစစ္ဘက္ေျပာ
Pika (NP News) - ဧၿပီ ၉

အိႏၵိယႏိုင္ငံသည္ ယခုသီတင္းပတ္ အေစာပိုင္းတြင္ အိုဒီရွာျပည္နယ္ကမ္းလြန္မွာ န်ဴကလီးယား စြမ္းရည္ရွိေသာ ပဲ့ထိန္းဒုံးက်ည္ မ်ိဳးဆက္သစ္ Agni Prime ကို ေအာင္ျမင္စြာစမ္းသပ္ပစ္လႊတ္ ႏိုင္ခဲ့ေၾကာင္း စစ္တပ္က ဧၿပီလ(၄)ရက္ေန႔တြင္ ထုတ္ေဖာ္ေျပာဆိုခဲ့သည္။ အဆိုပါပဲ့ထိန္းဒုံးက်ည္သည္ အကြာအေဝး (၁၀ဝဝ)ကီလိုမီတာမွ (၂၀ဝဝ)ကီလိုမီတာအထိ ေရာက္ရွိ ႏိုင္ၿပီး နည္းပညာတိုးတက္မႈမ်ားႏွင့္အတူ Agni စီးရီးတြင္ အေသးဆုံးဒုံးက်ည္ျဖစ္ေၾကာင္း အိႏၵိယမီဒီယာမ်ားက ေရးသားေဖာ္ျပခဲ့သည္။

Agni Prime ပဲ့ထိန္းဒုံးက်ည္ စမ္းသပ္ပစ္လႊတ္မႈကို အိႏၵိယၾကည္းတပ္၊ ေရတပ္၊ ေလတပ္တို႔မွ တပ္ဖြဲ႕ဝင္မ်ားပါဝင္သည့္ ႏိုင္ငံ၏မဟာဗ်ဴဟာ ေျမာက္တပ္ဖြဲ႕ကြပ္ကဲမႈဌာန (SFC) ႏွင့္ ကာကြယ္ ေရးသုေတသန ႏွင့္ ဖြံ႕ၿဖိဳးတိုးတက္ေရးအဖြဲ႕ (DRDO) တို႔က ပူးတြဲလုပ္ေဆာင္ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။

အိႏၵိယကာကြယ္ေရး ဝန္ႀကီးဌာနက ‘ဒီစမ္းသပ္ပစ္လႊတ္မႈဟာ ေနရာအမ်ိဳးမ်ိဳးမွာ ျဖန႔္ၾကက္ခ်ထားတဲ့ အာ႐ုံခံကိရိယာမ်ားစြာကေန ဖမ္းယူရရွိထားတဲ့ ေဒတာေတြက အတည္ျပဳခ်က္အတိုင္း ယုံၾကည္စိတ္ခ်ရတဲ့ စြမ္းေဆာင္ရည္ေတြအားလုံးကို ျပသႏိုင္ခဲ့ပါတယ္’ဟုေျပာဆိုခဲ့သည္။

Agni Prime ပဲ့ထိန္းဒုံးက်ည္သည္ တာလတ္ပစ္ေျမျပင္မွ ေျမျပင္ပစ္ ဒုံးက်ည္ျဖစ္ၿပီး အကြာအေဝး (၇၀ဝ)ကီလိုမီတာမွ (၃၅၀ဝ)ကီလိုမီတာအထိ ေရာက္ရွိႏိုင္ေသာ Agni (၁) မွ (၄) စီးရီးမ်ား၏ ေနာက္ဆုံးေပၚ အမ်ိဳးအစားျဖစ္သလို ေနရာမ်ားအျပားတြင္ ျဖန႔္က်က္ခ်ထားၿပီးၿပီျဖစ္ေၾကာင္းလည္းသိရသည္။

အဆိုပါမ်ိဳးဆက္သစ္ဒုံးက်ည္တြင္ အဆင့္ျမင့္ အာ႐ုံခံကိရိယာမ်ား၊ လမ္းေၾကာင္းျပျခင္းႏွင့္ လမ္းòန္ စနစ္မ်ားပါဝင္ၿပီး Agni စီးရီးမ်ားထဲတြင္ အေပါ့ပါးဆုံးႏွင့္ အေသးဆုံး ဒုံးက်ည္မ်ားျဖစ္ေၾကာင္းလည္းသိရသည္။ ထို႔ျပင္ Agni Prime ပဲ့ထိန္းဒုံးက်ည္သည္ အိႏၵိယစစ္တပ္အတြက္ အစြမ္းထက္ေသာ လက္နက္တစ္ခု ျဖစ္လာ လိမ့္မည္ျဖစ္ေၾကာင္း ကာကြယ္ေရးဝန္ႀကီး Rajnath Singh က ေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.