ဟေတီမှ အမေရိကန်သံရုံးဝန်ထမ်းများကို လေကြောင်းဖြင့် ကယ်ထုတ်

 1197

Htay Oung (NP News) - မတ် ၁၂

ဟေတီနိုင်ငံ ပို့အောပရင့်မြို့တော်ကောင်းကင်ယံမှာ စစ်လေယာဉ်များ စောင့်ရှောက်မှုအကူအညီနဲ့ အမေရိကန် သံရုံးမှ အရေးတကြီး မလိုအပ်တဲ့ဝန်ထမ်းများကို ကယ်ထုတ်ပေးလိုက်ရတယ်လို့ သည်တယ်လီဂရပ်ဖ် သတင်း အေဂျင်စီက ယနေ့ မတ်လ ၁၂ ရက်မှာ ရေးသားခဲ့ပါတယ်။

ဟေတီနိုင်ငံရဲ့တစ်နေ့တစ်ခြားဆိုးရွားလာတဲ့ လုံခြုံရေးအခြေအေနတွေနဲ့ပတ်သက်ပြီး ကာရေဘီယန်ဒေသတွင်း ခေါင်းဆောင်များ တနင်္လာနေ့ ဂျမေကာနိုင်ငံမှာ အရေးပေါ်အစည်းအဝေးတစ်ရပ်ကျင်းပရန် ပြင်ဆင်နေခိုက် ယခုဖြစ်စဉ် ပေါ်ပေါက်လာကြောင်း တွေ့ရှိရပါတယ်။

အဲဒီအစည်အဝေးကို တက်ရောက်ဖို့အတွက် အမေရိကန်၊ ပြင်သစ်၊ ကနေဒါ၊ ကမ္ဘာ့ကုလသမဂ္ဂ နဲ့ ဘရာဇီးနိုင်ငံတို့ ကို ဖိတ်ကြားထားကြောင်း သိရှိရပါတယ်။
အမေရိကန် ရဟတ်ယာဉ်များဟာ သံရုံးဝင်းအတွင်းသို့ ပျံသန်းခဲ့ပြီး ဝန်ထမ်းများကို ကယ်ထုတ်ခဲ့ကြောင်း ပင်တာဂွန်စစ်ဌာနချုပ် (တောင်ပိုင်းဒေသ) က သတင်းထုတ်ပြန်ပါတယ်။ ဒါပေမယ့် အမေရိကန်စစ်လေယာဉ်များ နဲ့အတူ ဟေတီနိုင်ငံသားများ လိုက်ပါလာခြင်းမရှိကြောင်း အလေးထားဖော်ပြပါတယ်။ ဟေတီနိုင်ငံအတွင်း အုပ်စု ဖွဲ့တိုက်ခိုက်မှုများ ပိုမိုဆိုးရွားလာချိန်မှာ အစိုးရအဖွဲ့အကြီးတန်းအရာရှိများ ထွက်ပြေးသွားလိမ့်မယ်လို့ ထင်ကြေး ပေးမှုများ ထွက်ပေါ်နေတဲ့အတွက် အခုလိုသတင်းထုတ်ပြန်ခြင်းဖြစ်ပုံရပါတယ်။

ရာဇဝတ်ဂိုဏ်းများဟာ ပို့အောပရင့် မြို့တော်ကို နယ်မြေအများစုကို သိမ်းယူထိန်းချုပ်လာနေပြီး အမေရိကန်သံရုံး အနီးတဝိုက်အထိ ရောက်ရှိလာပါတယ်။ သံတမန်မိသားစုများ အပါအဝင် အရေးတကြီးကိစ္စမဟုတ်တဲ့ လုပ်ငန်းစဉ် များမှာ တာဝန်ထမ်းဆောင်နေသူ အားလုံး ဟေတီနိုင်ငံအတွင်းမှ ထွက်ခွာရန် ပြီးခဲ့တဲ့နှစ် ဇူလိုင်လကတည်းက အမိန့်ပေးထားပြီးဖြစ်ပါတယ်။ ယခုလို သံရုံးဝန်ထမ်းများကို လေကြောင်းမှ သယ်ပို့ခြင်းဟာ ထွက်ခွာရန် အလှည့်ကျသူများနဲ့ ဝန်ထမ်းအသစ်လဲလှယ်ဖို့အတွက် သွေးရိုးသားရိုးကိစ္စဖြစ်ပုံရပါတယ်။

အမေရိကန်အနေနဲ့ ဟေတီရဲတပ်ဖွဲ့ကို အကူအညီပေးရန်နဲ့ ကုလသမဂ္ဂက ခွင့်ပြုထားတဲ့ လုံခြုံရေးတပ် ချ ထားရန် အစီအစဉ်အတွက် ဆက်လက်ဆောင်ရွက်နေကြောင်း တနင်္ဂနွေနေ့ သတင်းထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ ဒါပေမယ့် အဲဒီကြိုးစားမှုတွေက ယခုအချိန်ထိ အောင်မြင်ခြင်း မရှိသေးကြောင်းလည်း ဖော်ပြထားပါတယ်။

ပြဿနာပတ်လည်ဝိုင်းနေတဲ့ ဟေတီဝန်ကြီးချုပ် အေရီယယ်_ဟင်နရီဟာ လောလေဆယ် ကင်ညာနိုင်ငံမှာ ရောက်ရှိနေပါတယ်။ ဒုစရိုက်ဂိုဏ်းများကို တိုက်ခိုက်ရန်အတွက် ကုလသမဂ္ဂကျောထောက်နောက်ခံနဲ့ အရှေ့ အာဖရိကနိုင်ငံမှ ရဲတပ်ဖွဲ့ဝင်များကို ဖြန့်ချထားနိုင်ရန် တိုက်တွန်းခဲ့ပါတယ်။ ဒါပေမယ့် အဲဒီလို တပ်ဖြန့်ခြင်းမျိုးဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့မညီဘူးလို့ ကင်ညာနိုင်ငံတရားလွှတ်တော်က ဇန်နဝါရီလမှာ ဆုံးဖြတ်ခဲ့ပါတယ်။

ရာထူးမှ နှုတ်ထွက်ပေးရန် (သို့မဟုတ်) အသွင်ကူးပြောင်းရေးကောင်စီ ဖွဲ့စည်းပေးရန် တောင်းဆိုမှုများနဲ့ ရင်ဆိုင် နေရတဲ့ ဝန်ကြီးချုပ် ဟင်နရီဟာ ယခုတိုင် အိမ်သို့ မပြန်နိုင်သေးပေ။ ဟေတီနဲ့ ကျွန်းတစ်ခုတည်း နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ဒိုမီနီကန်သမ္မတနိုင်ငံမှာလည်း လေယာဉ်ဆင်းသက်နိုင်ခြင်းမရှိတဲ့အတွက် အင်္ဂါနေ့ ပွာတိုရီကိုနိုင်ငံမှာ ရောက်ရှိနေပါတယ်။

လုံခြုံရေးအခြေအနေကြောင့် ဟေတီဝန်ကြီးချုပ် ဟင်နရီကို ဒိုမီနီကန်သမ္မတနိုင်ငံမှ ကြိုဆိုနိုင်ခြင်း မရှိကြောင်း၊ ဟေတီနဲ့ ထိစပ်နေတဲ့ နိုင်ငံ့ ကုန်းမြေနယ်ခြားကို ပိတ်ထားလိုက်ပြီဖြစ်ကြောင်း၊ လက်ရှိအခြေအနေအရ ဒိုမီနီကန် သမ္မတနိုင်ငံတွင်း ဟေတီဝန်ကြီးချုပ်ရှိနေခြင်းမှာ မသင့်လျော်ဟု ယူဆကြောင်း၊ အမျိုးသားလုံခြုံရေး နဲ့ တည်ငြိမ် မှုကို ကာကွယ်ရန်အတွက် အစိုးရအနေနဲ့ မလွှဲမရှောင်သာ ဆုံးဖြတ်လိုက်ရကြောင်း ကျွန်းအရှေ့ခြမ်း အိမ်နီးချင်း တိုင်းပြည်သမ္မတရုံးက သတင်းထုတ်ပြန်ပါတယ်။

ဟေတီနိုင်ငံရဲ့လုံခြုံရေးအခြေအနေဟာ လုံးဝ ထိန်းသိမ်းမရနိုင်လောက်အောင် ရှိနေကြောင်း ဖော်ပြထားပြီး ဟေတီပြည်တွင်းရေးဟာ ဒိုမီနီကန်သမ္မတနိုင်ငံရဲ့ လုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းရေးကို တိုက်ရိုက်ခြိမ်းခြောက် နေကြောင်း၊ ငြိမ်းချမ်းမှု ထိန်းသိမ်းရေးတပ်များနဲ့ အရေးပေါ် ပြန်လည်ထိန်းသိမ်းမှု မလုပ်ဆောင်နိုင်ခဲ့လျှင် အခြေ အနေများ ပိုမိုဆိုးရွားလာနိုင်ကြောင်း အဆိုပါထုတ်ပြန်ချက်မှာ ခန့်မှန်းဖော်ပြထားပါတယ်

ဟေတီလေဆိပ်ကို သိမ်းယူရန် တိုက်ခိုက်နေတဲ့ ဒုစရိုက်ဂိုဏ်းများကို စစ်သားတစ်စုက ခုခံကာကွယ်နေရတဲ့ အတွက် ပို့အောပရင့် မြို့တော်မှာ လေယာဉ်ဆင်းသက်နိုင်ခြင်း မရှိကြောင်း အင်ဒီယားတူဒေးက ယနေ့ သတင်း စုစည်းရေးသားခဲ့ပါတယ်။

ဟေတီဟာ တောင်နဲ့မြောက် အမေရိကန်တိုက်နှစ်ခုအကြား ကာရေဘီယန်ပင်လယ် ဂရိတ်တား_အင်တီ လက်ဇ်ကျွန်းရဲ့ အနောက်ခြမ်းမှာတည်ရှိပြီး အရှေ့ခြမ်းဟာ ဒိုမီနီကန်သမ္မတနိုင်ငံဖြစ်ပါတယ်။ ပြင်သစ်ဘာသာ စကားပြော လူဦးရေ ၁၁ သန်းရှိတဲ့အတွက် ကာရေဗီယန်ဒေသမှာ လူနေအများဆုံးတိုင်းပြည်လို့ ဆိုနိုင်ပါတယ်။ အတိတ်ကာလ စပိန်ကိုလိုနီဖြစ်ခဲ့ဖူးပေမယ့် ၁၈ ရာစု ပြင်သစ်တို့လက်ထက် ကြံစိုက်ပျိုးရန် အာဖရိက လူမည်း များကို ကျွန်အဖြစ် အဆမတန် ခေါ်သွင်းခဲ့ရာမှ လူဖြူများ၊ မူလတောင်အမေရိကနွယ်ဖွားဌာနေ တိုင်းရင်းသားများ ထက် လူမည်းများဦးရေက ၁၀-ဆကျော် ပိုမိုများပြားသွားခဲ့ပါတယ်။

ဟေတီဟာ ပါလီမန်ဒီမိုကရေစီတိုင်းပြည်ဖြစ်ပြီး အမေရိကန်ပြီးရင် ဒုတိယမြောက် ဒီမိုကရေစီအဆန်ဆုံး တိုင်းပြည်အဖြစ် သတ်မှတ်နိုင်ပါတယ်။ ဒါပေမယ့် ဟေတီရဲ့ ဒီမိုကရေစီဟာ ပြန်ပေးဆွဲခြင်း၊ ရာဇဝတ်မှုခင်း ထူပြောခြင်း၊ ရပ်ရွာမငြိမ်သက်မှုများအပြင် ကျန်းမာရေးစောင့်ရှောက်မှုညံဖျင်းခြင်းတို့ကို ဖြေရှင်းပေးနိုင်ခြင်း မရှိခဲ့ပါဘူး၊ မကြာခဏ မုန်တိုင်ဒဏ်သင့်ခြင်း၊ ရေကြီးခြင်း မိုးခေါင်ခြင်းတို့ဟာ တစ်လှည့်စီ ခြိမ်းခြောက်နေပြီး ကာရေဘီယန်ဒေသအတွင်း အဆင်းရဲဆုံးနိုင်ငံဖြစ်နေရပါတယ်။

ဟေတီရဲ့လက်နက်ကိုင်အကြမ်းဖက်ယဉ်ကျေးမှုဟာ ၁၉၅၀ ပြည့်လွန်နှစ်များအတွင်း ဟေတီအာဏာရှင် ဖန်ဆွာ_ဒူဗယ်လီယေ လက်ထက် အတိုက်အခံများကို နှိမ်နင်းဖို့ နိုင်ငံဝန်ထမ်း မဟုတ်သူများကို ခါးပိုက်ဆောင် တပ်အဖြစ် ဖွဲ့စည်းရာမှ စတင်ခဲ့ပါတယ်။ နောက်ပိုင်း သြဇာကြီးထွားလာသူတို့က လက်နက်ဖြုတ်သိမ်းမခံပဲ လက်ယာစွန်း ကာကွယ်ရေးအဖွဲ့များအဖြစ် ဆက်လက်ရှင်သန်နေခဲ့ပါတယ်။ နိုင်ငံရေးသမားအသီးသီးတို့ကလည်း မိမိတို့အကျိုးစီးပွားကို ကာကွယ်ရန်၊ ရွေးကောက်ပွဲများကို ခြယ်လှယ်ရန်နဲ့ လူထုမငြိမ်သက်မှုများကို နှိမ်နင်းရန် အကြောင်းပြပြီး လက်နက်ကိုင်အဖွဲ့များကို ဆက်လက်အသုံးပြုနေခဲ့ပါတယ်။

အဲဒီအဖွဲ့များဟာ နောက်ပိုင်းမှာ ရဲနဲ့ စစ်တပ်ကို ဂရုမစိုက်တဲ့ စစ်သွေးကြွ ရာဇဝတ်ဂိုဏ်းများဖြစ်သွားကြပြီး ၂၀၂၃ ခုနှစ် ပို့အောပရင်စ်မြို့တော် ၉၀ ရာခိုင်နှုန်ကျော်ကို ဂိုဏ်းအုပ်စုကြီး ၂ ခုက ထိန်းချုပ်တဲ့အထိဖြစ်လာခဲ့ပါတယ်။ ဟေတီတစ်နိုင်ငံလုံးမှာ ရာဇဝတ်ဂိုဏ်း ပေါင်း ၂၀၀ ခန့်ရှိမှာဖြစ်ပြီး ဂိုဏ်းအုပ်စုကြီးှနှစ်ခုကလည်း မြို့တော်မှာ ဗိုလ်လုနေ ကြပါသေးတယ်။ အမေရိကန်က ဒေါ်လာသန်း ၁၀၀ ထောက်ပံ့ခဲ့တဲ့အစီအစဉ်ဟာ ကာလရှည်စီးပွားရေး ချွတ်ခြုံကျနေပြီး လက်နက်ကိုင်အကြမ်းဖက်ယဉ်ကျေးမှု အမြစ်တွယ်နေတဲ့တိုင်းပြည်မှာ တစ်ခဏလောက်သာ တည်ငြိမ်မှု တည်ဆောက်နိုင်ခဲ့ပါတယ်။

၂၀၂၁ ခုနှစ် သမ္မတ ဂျိုဗန်နိုင်_မွိုင်ဆက်စ် လုပ်ကြံခံရပြီးနောက် ဦးနှောက်နှင့်အာရုံကြောခွဲစိတ်ကုဆရာဝန်ကြီး အသက် ၇၄ နှစ်အရွယ် အေရီယယ်_ဟင်နရီက ခေတ္တဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့ပါတယ်။ အဲ့ဒီနောက် သမ္မတ မွိုင်ဆက်စ် လုပ်ကြံသတ်ဖြတ်ဖော်ထုတ်ရေးအစီအစဉ်မှာ ပူးပေါင်းကူညီရန် ငြင်းဆိုတဲ့အတွက် ကျူးလွန်ရာမှာ ဟင်နရီကိုယ်တိုင် ပါဝင်ပတ်သက်နေတယ်လို့ စွပ်စွဲခြင်းခံရပါတယ်။

ရာဇဝတ်ဂိုဏ်းများကို နှိမ်နင်းရေး ထပ်မံ အကူအညီတောင်းဖို့ ကင်ညာနိုင်ငံကို ဟင်နရီ အလည်အပတ် သွားရောက်နေခိုက် ဝန်ကြီးချုပ်ကို ဖြုတ်ချပစ်မယ်လို့ ရဲအရာရှိဟောင်းတစ်ဦးဖြစ်သူ ဂျင်မီ-ချာဇီယာက ပြောဆိုပြီး နောက် မကြာသေးမီရက်များအတွင်း ပို့်အောပရင့် မြို့တော်မှာ ပြင်းထန်တဲ့ သေနတ်ပစ်ခတ်မှုများ တုန်လှုပ်ဖွယ် ဖြစ်ပွားခဲ့ပါတယ်။ ဂျင်မီချာဇီယာဟာ မြို့တော်အခြေစိုက် ရာဇဝတ်ဂိုဏ်းပေါင်း တစ်ဒါဇင်ကျော်တို့ မဟာမိတ်ဖွဲ့ ထားတဲ့ “FR69 နဲ့ မိသားစုများ” အဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်ပြီး မြို့တော်ဧရိယာအတွင်း အစုအပုံလိုက် သတ်ဖြတ်မှုများ မှာ တာဝန်ရှိသူတစ်ဦးအဖြစ် သတ်မှတ်ခံရသူဖြစ်ပါတယ်။

အသက် ၄၇ နှစ်အရွယ် ချာဇီယာဟာ ပြိုင်ဘက်ရာဇဝတ်ဂိုဏ်းသားများကို ဖမ်းဆီးရမိလျှင် အရှင်လတ်လတ် မီးရှို့သတ်ဖြတ်လေ့ရှိတဲ့အတွက် ဘာဘီကျုးလို့လည်းအမည်တွင်ပါတယ်။ ချာဇီယာရဲ့ဂိုဏ်းသားတစ်ဦးက လူ့ခန္ဓာကိုယ်အစိတ်အပိုင်းများကို စားသောက်နေပုံ ဗွီဒီယိုလည်း တွစ်တာလူမှုကွန်ရက်မှာ ပျံလွင့်ခဲ့ဖူးပါတယ်။ ယခု X လို့ အမည်ပြောင်းထားတဲ့ တွစ်တာက အဲဒီဗွီဒီယိုကို ဖယ်ရှားပစ်ခဲ့ပေမယ့် ဒီဖြစ်စဉ်ဟာ လွန်ခဲ့တဲ့ ၂ နှစ်က အမှန် ဖြစ်ကြောင်း သိရှိရပါတယ်။

ဘာဘီကျူး (ခေါ်) ချာဇီယာဟာ ဟေတီမှာ သြဇာအကြီးဆုံး ပုဂ္ဂိုလ်ဖြစ်နေပြီး လေဆိပ်များ၊ ရဲစခန်းများနဲ့ အကျဉ်းထောင်များကို အုပ်စုဖွဲ့တိုက်ခိုက်ခြင်းကြောင့် ထောင်ပေါင်းများစွာသော အကျဉ်းသားများလွတ်မြောက် သွားပါတယ်။ အဲဒီအထဲမှာ သမ္မတ ဂျိုဗန်နိုင်မွိုင်ဆက် လုပ်ကြံခံရမှုမှာ ပူးပေါင်းကြံစည်မှုနဲ့ အကျဉ်းချခံထားသူ ကိုလံဘီယာနိုင်ငံသား ကြေးစားစစ်သား အတော်များများနဲ့ ဒုစရိုက်သမားများ ပါဝင်နေပါတယ်။

#ဟေတီ #အမေရိကန်သံရုံးဝန်ထမ်း #ဘာဘီကျူး_ခေါ်_ဂျင်မီချာဇီယာ #သမ္မတ ဂျိုဗန်နိုင်မွိုင်ဆက် #FR69 နဲ့မိသားစုများ #ဝန်ကြီးချုပ်_အေရီယယ်_ဟင်နရီ #ဟေတီအာဏာရှင်_ဖန်ဆွာ_ဒူဗယ်လီယေ #လက်နက်ကိုင်အကြမ်းဖက်ယဉ်ကျေးမှု

(The Telegraph., 11 March 2024,” US airlifts staff out of Haiti as military arrives to secure embassy” နှင့် အခြားဆက်စပ်သတင်းများကို #HtayOung, #OungMarine ဆီလျော်အောင်ကောက် နှုတ်ဘာသာပြန်ဆို သည်။)

Zawgyi Version;
ေဟတီမွ အေမရိကန္သံ႐ုံးဝန္ထမ္းမ်ားကို ေလေၾကာင္းျဖင့္ ကယ္ထုတ္
Htay Oung (NP News) - မတ္ ၁၂

ေဟတီႏိုင္ငံ ပို႔ေအာပရင့္ၿမိဳ႕ေတာ္ေကာင္းကင္ယံမွာ စစ္ေလယာဥ္မ်ား ေစာင့္ေရွာက္မႈအကူအညီနဲ႔ အေမရိကန္ သံ႐ုံးမွ အေရးတႀကီး မလိုအပ္တဲ့ဝန္ထမ္းမ်ားကို ကယ္ထုတ္ေပးလိုက္ရတယ္လို႔ သည္တယ္လီဂရပ္ဖ္ သတင္း ေအဂ်င္စီက ယေန႔ မတ္လ ၁၂ ရက္မွာ ေရးသားခဲ့ပါတယ္။

ေဟတီႏိုင္ငံရဲ႕တစ္ေန႔တစ္ျခားဆိုး႐ြားလာတဲ့ လုံၿခဳံေရးအေျခေအနေတြနဲ႔ပတ္သက္ၿပီး ကာေရဘီယန္ေဒသတြင္း ေခါင္းေဆာင္မ်ား တနလၤာေန႔ ဂ်ေမကာႏိုင္ငံမွာ အေရးေပၚအစည္းအေဝးတစ္ရပ္က်င္းပရန္ ျပင္ဆင္ေနခိုက္ ယခုျဖစ္စဥ္ ေပၚေပါက္လာေၾကာင္း ေတြ႕ရွိရပါတယ္။

အဲဒီအစည္အေဝးကို တက္ေရာက္ဖို႔အတြက္ အေမရိကန္၊ ျပင္သစ္၊ ကေနဒါ၊ ကမာၻ႔ကုလသမဂၢ နဲ႔ ဘရာဇီးႏိုင္ငံတို႔ ကို ဖိတ္ၾကားထားေၾကာင္း သိရွိရပါတယ္။
အေမရိကန္ ရဟတ္ယာဥ္မ်ားဟာ သံ႐ုံးဝင္းအတြင္းသို႔ ပ်ံသန္းခဲ့ၿပီး ဝန္ထမ္းမ်ားကို ကယ္ထုတ္ခဲ့ေၾကာင္း ပင္တာဂြန္စစ္ဌာနခ်ဳပ္ (ေတာင္ပိုင္းေဒသ) က သတင္းထုတ္ျပန္ပါတယ္။ ဒါေပမယ့္ အေမရိကန္စစ္ေလယာဥ္မ်ား နဲ႔အတူ ေဟတီႏိုင္ငံသားမ်ား လိုက္ပါလာျခင္းမရွိေၾကာင္း အေလးထားေဖာ္ျပပါတယ္။ ေဟတီႏိုင္ငံအတြင္း အုပ္စု ဖြဲ႕တိုက္ခိုက္မႈမ်ား ပိုမိုဆိုး႐ြားလာခ်ိန္မွာ အစိုးရအဖြဲ႕အႀကီးတန္းအရာရွိမ်ား ထြက္ေျပးသြားလိမ့္မယ္လို႔ ထင္ေၾကး ေပးမႈမ်ား ထြက္ေပၚေနတဲ့အတြက္ အခုလိုသတင္းထုတ္ျပန္ျခင္းျဖစ္ပုံရပါတယ္။

ရာဇဝတ္ဂိုဏ္းမ်ားဟာ ပို႔ေအာပရင့္ ၿမိဳ႕ေတာ္ကို နယ္ေျမအမ်ားစုကို သိမ္းယူထိန္းခ်ဳပ္လာေနၿပီး အေမရိကန္သံ႐ုံး အနီးတဝိုက္အထိ ေရာက္ရွိလာပါတယ္။ သံတမန္မိသားစုမ်ား အပါအဝင္ အေရးတႀကီးကိစၥမဟုတ္တဲ့ လုပ္ငန္းစဥ္ မ်ားမွာ တာဝန္ထမ္းေဆာင္ေနသူ အားလုံး ေဟတီႏိုင္ငံအတြင္းမွ ထြက္ခြာရန္ ၿပီးခဲ့တဲ့ႏွစ္ ဇူလိုင္လကတည္းက အမိန႔္ေပးထားၿပီးျဖစ္ပါတယ္။ ယခုလို သံ႐ုံးဝန္ထမ္းမ်ားကို ေလေၾကာင္းမွ သယ္ပို႔ျခင္းဟာ ထြက္ခြာရန္ အလွည့္က်သူမ်ားနဲ႔ ဝန္ထမ္းအသစ္လဲလွယ္ဖို႔အတြက္ ေသြး႐ိုးသား႐ိုးကိစၥျဖစ္ပုံရပါတယ္။

အေမရိကန္အေနနဲ႔ ေဟတီရဲတပ္ဖြဲ႕ကို အကူအညီေပးရန္နဲ႔ ကုလသမဂၢက ခြင့္ျပဳထားတဲ့ လုံၿခဳံေရးတပ္ ခ် ထားရန္ အစီအစဥ္အတြက္ ဆက္လက္ေဆာင္႐ြက္ေနေၾကာင္း တနဂၤေႏြေန႔ သတင္းထုတ္ျပန္ခ်က္မွာ ပါရွိပါတယ္။ ဒါေပမယ့္ အဲဒီႀကိဳးစားမႈေတြက ယခုအခ်ိန္ထိ ေအာင္ျမင္ျခင္း မရွိေသးေၾကာင္းလည္း ေဖာ္ျပထားပါတယ္။

ျပႆနာပတ္လည္ဝိုင္းေနတဲ့ ေဟတီဝန္ႀကီးခ်ဳပ္ ေအရီယယ္_ဟင္နရီဟာ ေလာေလဆယ္ ကင္ညာႏိုင္ငံမွာ ေရာက္ရွိေနပါတယ္။ ဒုစ႐ိုက္ဂိုဏ္းမ်ားကို တိုက္ခိုက္ရန္အတြက္ ကုလသမဂၢေက်ာေထာက္ေနာက္ခံနဲ႔ အေရွ႕ အာဖရိကႏိုင္ငံမွ ရဲတပ္ဖြဲ႕ဝင္မ်ားကို ျဖန႔္ခ်ထားႏိုင္ရန္ တိုက္တြန္းခဲ့ပါတယ္။ ဒါေပမယ့္ အဲဒီလို တပ္ျဖန႔္ျခင္းမ်ိဳးဟာ ဖြဲ႕စည္းပုံအေျခခံဥပေဒနဲ႔မညီဘူးလို႔ ကင္ညာႏိုင္ငံတရားလႊတ္ေတာ္က ဇန္နဝါရီလမွာ ဆုံးျဖတ္ခဲ့ပါတယ္။

ရာထူးမွ ႏႈတ္ထြက္ေပးရန္ (သို႔မဟုတ္) အသြင္ကူးေျပာင္းေရးေကာင္စီ ဖြဲ႕စည္းေပးရန္ ေတာင္းဆိုမႈမ်ားနဲ႔ ရင္ဆိုင္ ေနရတဲ့ ဝန္ႀကီးခ်ဳပ္ ဟင္နရီဟာ ယခုတိုင္ အိမ္သို႔ မျပန္ႏိုင္ေသးေပ။ ေဟတီနဲ႔ ကြၽန္းတစ္ခုတည္း နယ္နိမိတ္ခ်င္း ထိစပ္ေနတဲ့ ဒိုမီနီကန္သမၼတႏိုင္ငံမွာလည္း ေလယာဥ္ဆင္းသက္ႏိုင္ျခင္းမရွိတဲ့အတြက္ အဂၤါေန႔ ပြာတိုရီကိုႏိုင္ငံမွာ ေရာက္ရွိေနပါတယ္။

လုံၿခဳံေရးအေျခအေနေၾကာင့္ ေဟတီဝန္ႀကီးခ်ဳပ္ ဟင္နရီကို ဒိုမီနီကန္သမၼတႏိုင္ငံမွ ႀကိဳဆိုႏိုင္ျခင္း မရွိေၾကာင္း၊ ေဟတီနဲ႔ ထိစပ္ေနတဲ့ ႏိုင္ငံ့ ကုန္းေျမနယ္ျခားကို ပိတ္ထားလိုက္ၿပီျဖစ္ေၾကာင္း၊ လက္ရွိအေျခအေနအရ ဒိုမီနီကန္ သမၼတႏိုင္ငံတြင္း ေဟတီဝန္ႀကီးခ်ဳပ္ရွိေနျခင္းမွာ မသင့္ေလ်ာ္ဟု ယူဆေၾကာင္း၊ အမ်ိဳးသားလုံၿခဳံေရး နဲ႔ တည္ၿငိမ္ မႈကို ကာကြယ္ရန္အတြက္ အစိုးရအေနနဲ႔ မလႊဲမေရွာင္သာ ဆုံးျဖတ္လိုက္ရေၾကာင္း ကြၽန္းအေရွ႕ျခမ္း အိမ္နီးခ်င္း တိုင္းျပည္သမၼတ႐ုံးက သတင္းထုတ္ျပန္ပါတယ္။

ေဟတီႏိုင္ငံရဲ႕လုံၿခဳံေရးအေျခအေနဟာ လုံးဝ ထိန္းသိမ္းမရႏိုင္ေလာက္ေအာင္ ရွိေနေၾကာင္း ေဖာ္ျပထားၿပီး ေဟတီျပည္တြင္းေရးဟာ ဒိုမီနီကန္သမၼတႏိုင္ငံရဲ႕ လုံၿခဳံေရးနဲ႔ တည္ၿငိမ္ေအးခ်မ္းေရးကို တိုက္႐ိုက္ၿခိမ္းေျခာက္ ေနေၾကာင္း၊ ၿငိမ္းခ်မ္းမႈ ထိန္းသိမ္းေရးတပ္မ်ားနဲ႔ အေရးေပၚ ျပန္လည္ထိန္းသိမ္းမႈ မလုပ္ေဆာင္ႏိုင္ခဲ့လွ်င္ အေျခ အေနမ်ား ပိုမိုဆိုး႐ြားလာႏိုင္ေၾကာင္း အဆိုပါထုတ္ျပန္ခ်က္မွာ ခန႔္မွန္းေဖာ္ျပထားပါတယ္

ေဟတီေလဆိပ္ကို သိမ္းယူရန္ တိုက္ခိုက္ေနတဲ့ ဒုစ႐ိုက္ဂိုဏ္းမ်ားကို စစ္သားတစ္စုက ခုခံကာကြယ္ေနရတဲ့ အတြက္ ပို႔ေအာပရင့္ ၿမိဳ႕ေတာ္မွာ ေလယာဥ္ဆင္းသက္ႏိုင္ျခင္း မရွိေၾကာင္း အင္ဒီယားတူေဒးက ယေန႔ သတင္း စုစည္းေရးသားခဲ့ပါတယ္။

ေဟတီဟာ ေတာင္နဲ႔ေျမာက္ အေမရိကန္တိုက္ႏွစ္ခုအၾကား ကာေရဘီယန္ပင္လယ္ ဂရိတ္တား_အင္တီ လက္ဇ္ကြၽန္းရဲ႕ အေနာက္ျခမ္းမွာတည္ရွိၿပီး အေရွ႕ျခမ္းဟာ ဒိုမီနီကန္သမၼတႏိုင္ငံျဖစ္ပါတယ္။ ျပင္သစ္ဘာသာ စကားေျပာ လူဦးေရ ၁၁ သန္းရွိတဲ့အတြက္ ကာေရဗီယန္ေဒသမွာ လူေနအမ်ားဆုံးတိုင္းျပည္လို႔ ဆိုႏိုင္ပါတယ္။ အတိတ္ကာလ စပိန္ကိုလိုနီျဖစ္ခဲ့ဖူးေပမယ့္ ၁၈ ရာစု ျပင္သစ္တို႔လက္ထက္ ႀကံစိုက္ပ်ိဳးရန္ အာဖရိက လူမည္း မ်ားကို ကြၽန္အျဖစ္ အဆမတန္ ေခၚသြင္းခဲ့ရာမွ လူျဖဴမ်ား၊ မူလေတာင္အေမရိကႏြယ္ဖြားဌာေန တိုင္းရင္းသားမ်ား ထက္ လူမည္းမ်ားဦးေရက ၁၀-ဆေက်ာ္ ပိုမိုမ်ားျပားသြားခဲ့ပါတယ္။

ေဟတီဟာ ပါလီမန္ဒီမိုကေရစီတိုင္းျပည္ျဖစ္ၿပီး အေမရိကန္ၿပီးရင္ ဒုတိယေျမာက္ ဒီမိုကေရစီအဆန္ဆုံး တိုင္းျပည္အျဖစ္ သတ္မွတ္ႏိုင္ပါတယ္။ ဒါေပမယ့္ ေဟတီရဲ႕ ဒီမိုကေရစီဟာ ျပန္ေပးဆြဲျခင္း၊ ရာဇဝတ္မႈခင္း ထူေျပာျခင္း၊ ရပ္႐ြာမၿငိမ္သက္မႈမ်ားအျပင္ က်န္းမာေရးေစာင့္ေရွာက္မႈညံဖ်င္းျခင္းတို႔ကို ေျဖရွင္းေပးႏိုင္ျခင္း မရွိခဲ့ပါဘူး၊ မၾကာခဏ မုန္တိုင္ဒဏ္သင့္ျခင္း၊ ေရႀကီးျခင္း မိုးေခါင္ျခင္းတို႔ဟာ တစ္လွည့္စီ ၿခိမ္းေျခာက္ေနၿပီး ကာေရဘီယန္ေဒသအတြင္း အဆင္းရဲဆုံးႏိုင္ငံျဖစ္ေနရပါတယ္။

ေဟတီရဲ႕လက္နက္ကိုင္အၾကမ္းဖက္ယဥ္ေက်းမႈဟာ ၁၉၅၀ ျပည့္လြန္ႏွစ္မ်ားအတြင္း ေဟတီအာဏာရွင္ ဖန္ဆြာ_ဒူဗယ္လီေယ လက္ထက္ အတိုက္အခံမ်ားကို ႏွိမ္နင္းဖို႔ ႏိုင္ငံဝန္ထမ္း မဟုတ္သူမ်ားကို ခါးပိုက္ေဆာင္ တပ္အျဖစ္ ဖြဲ႕စည္းရာမွ စတင္ခဲ့ပါတယ္။ ေနာက္ပိုင္း ၾသဇာႀကီးထြားလာသူတို႔က လက္နက္ျဖဳတ္သိမ္းမခံပဲ လက္ယာစြန္း ကာကြယ္ေရးအဖြဲ႕မ်ားအျဖစ္ ဆက္လက္ရွင္သန္ေနခဲ့ပါတယ္။ ႏိုင္ငံေရးသမားအသီးသီးတို႔ကလည္း မိမိတို႔အက်ိဳးစီးပြားကို ကာကြယ္ရန္၊ ေ႐ြးေကာက္ပြဲမ်ားကို ျခယ္လွယ္ရန္နဲ႔ လူထုမၿငိမ္သက္မႈမ်ားကို ႏွိမ္နင္းရန္ အေၾကာင္းျပၿပီး လက္နက္ကိုင္အဖြဲ႕မ်ားကို ဆက္လက္အသုံးျပဳေနခဲ့ပါတယ္။

အဲဒီအဖြဲ႕မ်ားဟာ ေနာက္ပိုင္းမွာ ရဲနဲ႔ စစ္တပ္ကို ဂ႐ုမစိုက္တဲ့ စစ္ေသြးႂကြ ရာဇဝတ္ဂိုဏ္းမ်ားျဖစ္သြားၾကၿပီး ၂၀၂၃ ခုႏွစ္ ပို႔ေအာပရင္စ္ၿမိဳ႕ေတာ္ ၉၀ ရာခိုင္ႏႈန္ေက်ာ္ကို ဂိုဏ္းအုပ္စုႀကီး ၂ ခုက ထိန္းခ်ဳပ္တဲ့အထိျဖစ္လာခဲ့ပါတယ္။ ေဟတီတစ္ႏိုင္ငံလုံးမွာ ရာဇဝတ္ဂိုဏ္း ေပါင္း ၂၀၀ ခန႔္ရွိမွာျဖစ္ၿပီး ဂိုဏ္းအုပ္စုႀကီးွႏွစ္ခုကလည္း ၿမိဳ႕ေတာ္မွာ ဗိုလ္လုေန ၾကပါေသးတယ္။ အေမရိကန္က ေဒၚလာသန္း ၁၀၀ ေထာက္ပံ့ခဲ့တဲ့အစီအစဥ္ဟာ ကာလရွည္စီးပြားေရး ခြၽတ္ၿခဳံက်ေနၿပီး လက္နက္ကိုင္အၾကမ္းဖက္ယဥ္ေက်းမႈ အျမစ္တြယ္ေနတဲ့တိုင္းျပည္မွာ တစ္ခဏေလာက္သာ တည္ၿငိမ္မႈ တည္ေဆာက္ႏိုင္ခဲ့ပါတယ္။

၂၀၂၁ ခုႏွစ္ သမၼတ ဂ်ိဳဗန္ႏိုင္_မြိဳင္ဆက္စ္ လုပ္ႀကံခံရၿပီးေနာက္ ဦးေႏွာက္ႏွင့္အာ႐ုံေၾကာခြဲစိတ္ကုဆရာဝန္ႀကီး အသက္ ၇၄ ႏွစ္အ႐ြယ္ ေအရီယယ္_ဟင္နရီက ေခတၱဝန္ႀကီးခ်ဳပ္အျဖစ္ တာဝန္ယူခဲ့ပါတယ္။ အဲ့ဒီေနာက္ သမၼတ မြိဳင္ဆက္စ္ လုပ္ႀကံသတ္ျဖတ္ေဖာ္ထုတ္ေရးအစီအစဥ္မွာ ပူးေပါင္းကူညီရန္ ျငင္းဆိုတဲ့အတြက္ က်ဴးလြန္ရာမွာ ဟင္နရီကိုယ္တိုင္ ပါဝင္ပတ္သက္ေနတယ္လို႔ စြပ္စြဲျခင္းခံရပါတယ္။

ရာဇဝတ္ဂိုဏ္းမ်ားကို ႏွိမ္နင္းေရး ထပ္မံ အကူအညီေတာင္းဖို႔ ကင္ညာႏိုင္ငံကို ဟင္နရီ အလည္အပတ္ သြားေရာက္ေနခိုက္ ဝန္ႀကီးခ်ဳပ္ကို ျဖဳတ္ခ်ပစ္မယ္လို႔ ရဲအရာရွိေဟာင္းတစ္ဦးျဖစ္သူ ဂ်င္မီ-ခ်ာဇီယာက ေျပာဆိုၿပီး ေနာက္ မၾကာေသးမီရက္မ်ားအတြင္း ပို႔္ေအာပရင့္ ၿမိဳ႕ေတာ္မွာ ျပင္းထန္တဲ့ ေသနတ္ပစ္ခတ္မႈမ်ား တုန္လႈပ္ဖြယ္ ျဖစ္ပြားခဲ့ပါတယ္။ ဂ်င္မီခ်ာဇီယာဟာ ၿမိဳ႕ေတာ္အေျခစိုက္ ရာဇဝတ္ဂိုဏ္းေပါင္း တစ္ဒါဇင္ေက်ာ္တို႔ မဟာမိတ္ဖြဲ႕ ထားတဲ့ “FR69 နဲ႔ မိသားစုမ်ား” အဖြဲ႕ရဲ႕ေခါင္းေဆာင္ျဖစ္ၿပီး ၿမိဳ႕ေတာ္ဧရိယာအတြင္း အစုအပုံလိုက္ သတ္ျဖတ္မႈမ်ား မွာ တာဝန္ရွိသူတစ္ဦးအျဖစ္ သတ္မွတ္ခံရသူျဖစ္ပါတယ္။

အသက္ ၄၇ ႏွစ္အ႐ြယ္ ခ်ာဇီယာဟာ ၿပိဳင္ဘက္ရာဇဝတ္ဂိုဏ္းသားမ်ားကို ဖမ္းဆီးရမိလွ်င္ အရွင္လတ္လတ္ မီးရႈိ႕သတ္ျဖတ္ေလ့ရွိတဲ့အတြက္ ဘာဘီက်ဳးလို႔လည္းအမည္တြင္ပါတယ္။ ခ်ာဇီယာရဲ႕ဂိုဏ္းသားတစ္ဦးက လူ႔ခႏၶာကိုယ္အစိတ္အပိုင္းမ်ားကို စားေသာက္ေနပုံ ဗြီဒီယိုလည္း တြစ္တာလူမႈကြန္ရက္မွာ ပ်ံလြင့္ခဲ့ဖူးပါတယ္။ ယခု X လို႔ အမည္ေျပာင္းထားတဲ့ တြစ္တာက အဲဒီဗြီဒီယိုကို ဖယ္ရွားပစ္ခဲ့ေပမယ့္ ဒီျဖစ္စဥ္ဟာ လြန္ခဲ့တဲ့ ၂ ႏွစ္က အမွန္ ျဖစ္ေၾကာင္း သိရွိရပါတယ္။

ဘာဘီက်ဴး (ေခၚ) ခ်ာဇီယာဟာ ေဟတီမွာ ၾသဇာအႀကီးဆုံး ပုဂၢိဳလ္ျဖစ္ေနၿပီး ေလဆိပ္မ်ား၊ ရဲစခန္းမ်ားနဲ႔ အက်ဥ္းေထာင္မ်ားကို အုပ္စုဖြဲ႕တိုက္ခိုက္ျခင္းေၾကာင့္ ေထာင္ေပါင္းမ်ားစြာေသာ အက်ဥ္းသားမ်ားလြတ္ေျမာက္ သြားပါတယ္။ အဲဒီအထဲမွာ သမၼတ ဂ်ိဳဗန္ႏိုင္မြိဳင္ဆက္ လုပ္ႀကံခံရမႈမွာ ပူးေပါင္းႀကံစည္မႈနဲ႔ အက်ဥ္းခ်ခံထားသူ ကိုလံဘီယာႏိုင္ငံသား ေၾကးစားစစ္သား အေတာ္မ်ားမ်ားနဲ႔ ဒုစ႐ိုက္သမားမ်ား ပါဝင္ေနပါတယ္။

#ေဟတီ #အေမရိကန္သံ႐ုံးဝန္ထမ္း #ဘာဘီက်ဴး_ေခၚ_ဂ်င္မီခ်ာဇီယာ #သမၼတ ဂ်ိဳဗန္ႏိုင္မြိဳင္ဆက္ #FR69 နဲ႔မိသားစုမ်ား #ဝန္ႀကီးခ်ဳပ္_ေအရီယယ္_ဟင္နရီ #ေဟတီအာဏာရွင္_ဖန္ဆြာ_ဒူဗယ္လီေယ #လက္နက္ကိုင္အၾကမ္းဖက္ယဥ္ေက်းမႈ

(The Telegraph., 11 March 2024,” US airlifts staff out of Haiti as military arrives to secure embassy” ႏွင့္ အျခားဆက္စပ္သတင္းမ်ားကို #HtayOung, #OungMarine ဆီေလ်ာ္ေအာင္ေကာက္ ႏႈတ္ဘာသာျပန္ဆို သည္။)

Related news

© 2021. All rights reserved.