ခြံအမှတ်(၅၄)၏ ပထမဆုံးအကြိမ် လေလံပွဲက လေလံဆွဲသူမရှိဘဲ ပြီးဆုံးသွားနိုင်ခြေများနေ

 6873

Iirs (NP News) - မတ် ၁၉

ဒေါ်အောင်ဆန်းစုကြည်နေထိုင်ခဲ့ဖူးသော တက္ကသိုလ်ရိပ်သာလမ်းပေါ်မှ ခြံအမှတ်(၅၄)ကို မတ်လ (၂၀)ရက်တွင် ပထမဆုံးအကြိမ် လေလံတင် ရောင်းချမည်ဖြစ်သော်လည်း လေလံပွဲ အောင်မြင်နိုင်ခြေ လုံးဝနီးပါးနည်းပါးနေကြောင်း နီးစပ်သူသတင်းရင်းမြစ်များထံမှ သတင်းရရှိသည်။

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ကန့်ကွက်ထားခြင်းမရှိသော ငွေကျပ်သိန်းပေါင်းသုံးသန်း တစ်သိန်းငါးသောင်းတိတိ (၃၁၅,ဝဝဝ,ဝဝဝ,ဝဝဝ) သို့မဟုတ် အမေရိကန်ဒေါ်လာသန်း(၉၀)ခန့် တန်ကြေးသတ်မှတ်ထားသည့် ခြံအမှတ်(၅၄)၏ လေလံတင်ပွဲကို မတ်လ(၂၀)ရက်တွင် ကျင်းပသွားမည်ဟု ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ဇန် နဝါရီလအတွင်း အတည်ပြုခဲ့ပြီးနောက် ဖေဖော်ဝါရီ (၈)ရက်တွင် ရုံးတွင်း အမိန့်òန်ကြားစာများထွက်ရှိ ထားပြီးဖြစ်ကြောင်း သိရသည်။

'လေလံပွဲက အိမ်ရှိတဲ့နေရာ ခြံအမှတ်(၅၄)မှာပဲ ကျင်းပရမှာ။ လုံခြုံ ရေးကိုတော့ သက်ဆိုင်ရာအစိုးရဘက်က တာဝန်ယူစီစဉ်ပေးမယ်လို့ အကြမ်းဖျင်း သိထားတယ်။ လေလံပွဲအတွက် လိုအပ်ရင် လုံခြုံရေး အစောင့်အရှောက်အပြင် လမ်းတစ်ခြမ်း ယာယီပိတ်တာတွေ ဘာတွေဖြစ်လာနိုင်ပါတယ်' ဟု အိမ်လေလံ ကိစ္စနှင့်နီးစပ်သောသတင်းရင်းမြစ်က NP News ကို ပြောသည်။ ပုံမှန်အခြေအနေ သာမန်အိမ် တစ်လုံးဖြစ်နေပါက ယင်းကဲ့သို့ လုံခြုံရေးအစောင့် အရှောက်များ လိုအပ်မည်မဟုတ်သော် လည်း ဒေါ်အောင်ဆန်းစုကြည်နေထိုင်ခဲ့ဖူးသော မိခင်ဖြစ်သူဒေါ်ခင်ကြည် အမည်ပေါက် အိမ်နှင့်ခြံဖြစ်နေသည့်အတွက် ဆန့်ကျင်ဘက် အတိုက်အခံအင်အားစုများစောင့်ကြည့်ခြိမ်းခြောက်ခြင်းများခံနေရခြင်းကြောင့်လည်းဖြစ်သည်။

'ပထမတစ်ကြိမ် လေလံပွဲကိုတော့ တော်ရုံလူ ကလာပြီး ဆွဲရဲမယ့်ပုံမပေါ်ဘူး။ ပြောရရင်တော့ ပထမတစ်ကြိမ်မှာ လေလံဆွဲမယ့်သူ မရှိတာမျိုးဖြစ်သွားပြီး နောက်ထပ်နောက်ထပ်အကြိမ်တွေ လုပ်သွားရမယ့် သဘောရှိတယ်'ဟု တရားရုံးနှင့် နီးစပ်သော သတင်းရင်းမြစ်ကလည်း NP News ကို ပြောသည်။ အထူးသဖြင့် ဒေါ်လာသန်း(၉၀)ခန့် တန်ကြေးဆိုသော ဈေးနှုန်းအရလည်းကောင်း၊ လေလံဆွဲမည့်သူ၏ လုံခြုံရေးအရလည်းကောင်း မတ်လ (၂၀)ရက် လေလံပွဲက နောက်တစ်ကြိမ် ထပ်မံကျင်းပ ရန်သာ ပြင်ဆင်ထားရတော့မည့် အနေအထားမျိုးဟု ဆိုသည်။ ပြည်ပြေး NUG ဘက်တော်သား လူတစ်စုကမူ ခြံအမှတ်(၅၄)ကို ဒေါ်အောင်ဆန်းစုကြည် ပိုင်ဆိုင်သည့် အိမ်တစ်ခုသဖွယ် ဥပဒေအထောက်အထားမဲ့စွာ သတ်မှတ်လိုက်ကြပြီး အဆိုပါအိမ်ကို လေလံဆွဲ ဝယ်ယူမည့်သူကို သတ်ဖြတ်သွားမည့်သဘောမျိုးအထိ ခြိမ်းခြောက်ထားကြခြင်းလည်း ဖြစ်သည်။

ခြံအမှတ်(၅၄)သည် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် မြေတိုင်းရပ်ကွက် အမှတ် ၃၆ ၊ ဧရိယာ (၁ ဒသမ ၉၂၃ ဧကပေါ်တွင်) ရှိထားပြီး ပိုင် ဆိုင်သူ အမည်ပေါက်မှာ ဗိုလ်ချုပ်အောင်ဆန်း၏ ဇနီး ဒေါ်ခင်ကြည်ဖြစ်သည်။ အမွေပိုင်ဆိုင်ခွင့် သတ်မှတ်ချက်နှင့် ဥပဒေအချို့အရ မိခင်ဖြစ်သူ ဒေါ်ခင်ကြည်ကိုယ်တိုင် က တစ်စုံတစ်ဦးကို အမွေစားအမွေခံအဖြစ် သတ် မှတ်ပေးခဲ့ခြင်းမရှိလျှင် သားသမီးဖြစ်သူနှစ်ဦး (ဦးအောင်ဆန်းဦးနှင့် ဒေါ်အောင်ဆန်းစုကြည်) က ခွဲဝေခံစားခွင့်ရှိသည်ဟု ဆိုသည်။ ယင်းအတွက် ကြောင့်လည်း တရားရုံးအသိပေးစာကို ဒေါ်အောင် ဆန်းစုကြည်က လက်ခံရရှိခဲ့သည့်တိုင် နှစ်လကျော် ကြာသော ရုံးချိန်းများအတွင်း ဒေါ်အောင်ဆန်းစု ကြည်က ရှေ့နေများမှတစ်ဆင့် ကန့်ကွက်လျှောက်ထား ခြင်းမျိုး မရှိခဲ့ကြောင်းလည်း သိရသည်။ 'လေလံက တစ်ကြိမ်နဲ့ မပြီးရင်တော့ မအောင်မချင်း ရက်သတ်မှတ်ပြီး လုပ်နေရမယ့်သဘောပါပဲ။ ဖျက်သိမ်းပစ်လိုက်တာမျိုးကျတော့ တရားရုံးက ပြန်ရုပ် သိမ်းကြောင်း ကြေညာမှပဲရမယ်။ မဖြစ်တော့ မဖြစ် နိုင်ပါဘူး'ဟု တရားရုံးသတင်းရင်းမြစ်က သုံးသပ်ပြောကြားသည်။ လက်ရှိအချိန်တွင် ခြံအမှတ်(၅၄)အတွင်းရှိ ဒေါ်အောင်ဆန်းစုကြည် ပိုင်ဆိုင်သော ကုန်တင်ကားအစီး(၂၀)စာ ပစ္စည်းမျိုးစုံကို ဒေါ်အောင်ဆန်းစုကြည် ထောက်ခံသူများပင်လျှင် လာရောက်သယ်ယူပြောင်းရွှေ့ပေးခြင်းမျိုးမရှိဘဲ မည်သည့်နေရာတွင် ထားရမည်မှန်းမသိ ဖြစ်နေကြောင်း ကြားသိရသည်။

zawgyi version
ၿခံအမွတ္(၅၄)၏ ပထမဆုံးအႀကိမ္ ေလလံပြဲက ေလလံဆြဲသူမရွိဘဲ ၿပီးဆုံးသြားႏိုင္ေျခမ်ားေန
Iirs (NP News) - မတ္ ၁၉

ေဒၚေအာင္ဆန္းစုၾကည္ေနထိုင္ခဲ့ဖူးေသာ တကၠသိုလ္ရိပ္သာလမ္းေပၚမွ ၿခံအမွတ္(၅၄)ကို မတ္လ (၂၀)ရက္တြင္ ပထမဆုံးအႀကိမ္ ေလလံတင္ ေရာင္းခ်မည္ျဖစ္ေသာ္လည္း ေလလံပြဲ ေအာင္ျမင္ႏိုင္ေျခ လုံးဝနီးပါးနည္းပါးေနေၾကာင္း နီးစပ္သူသတင္းရင္းျမစ္မ်ားထံမွ သတင္းရရွိသည္။

ေဒၚေအာင္ဆန္းစုၾကည္ကိုယ္တိုင္ ကန႔္ကြက္ထားျခင္းမရွိေသာ ေငြက်ပ္သိန္းေပါင္းသုံးသန္း တစ္သိန္းငါးေသာင္းတိတိ (၃၁၅,ဝဝဝ,ဝဝဝ,ဝဝဝ) သို႔မဟုတ္ အေမရိကန္ေဒၚလာသန္း(၉၀)ခန႔္ တန္ေၾကးသတ္မွတ္ထားသည့္ ၿခံအမွတ္(၅၄)၏ ေလလံတင္ပြဲကို မတ္လ(၂၀)ရက္တြင္ က်င္းပသြားမည္ဟု ျပည္ေထာင္စုတရားလႊတ္ေတာ္ခ်ဳပ္က ဇန္ နဝါရီလအတြင္း အတည္ျပဳခဲ့ၿပီးေနာက္ ေဖေဖာ္ဝါရီ (၈)ရက္တြင္ ႐ုံးတြင္း အမိန႔္òန္ၾကားစာမ်ားထြက္ရွိ ထားၿပီးျဖစ္ေၾကာင္း သိရသည္။

'ေလလံပြဲက အိမ္ရွိတဲ့ေနရာ ၿခံအမွတ္(၅၄)မွာပဲ က်င္းပရမွာ။ လုံၿခဳံ ေရးကိုေတာ့ သက္ဆိုင္ရာအစိုးရဘက္က တာဝန္ယူစီစဥ္ေပးမယ္လို႔ အၾကမ္းဖ်င္း သိထားတယ္။ ေလလံပြဲအတြက္ လိုအပ္ရင္ လုံၿခဳံေရး အေစာင့္အေရွာက္အျပင္ လမ္းတစ္ျခမ္း ယာယီပိတ္တာေတြ ဘာေတြျဖစ္လာႏိုင္ပါတယ္' ဟု အိမ္ေလလံ ကိစၥႏွင့္နီးစပ္ေသာသတင္းရင္းျမစ္က NP News ကို ေျပာသည္။ ပုံမွန္အေျခအေန သာမန္အိမ္ တစ္လုံးျဖစ္ေနပါက ယင္းကဲ့သို႔ လုံၿခဳံေရးအေစာင့္ အေရွာက္မ်ား လိုအပ္မည္မဟုတ္ေသာ္ လည္း ေဒၚေအာင္ဆန္းစုၾကည္ေနထိုင္ခဲ့ဖူးေသာ မိခင္ျဖစ္သူေဒၚခင္ၾကည္ အမည္ေပါက္ အိမ္ႏွင့္ၿခံျဖစ္ေနသည့္အတြက္ ဆန႔္က်င္ဘက္ အတိုက္အခံအင္အားစုမ်ားေစာင့္ၾကည့္ၿခိမ္းေျခာက္ျခင္းမ်ားခံေနရျခင္းေၾကာင့္လည္းျဖစ္သည္။

'ပထမတစ္ႀကိမ္ ေလလံပြဲကိုေတာ့ ေတာ္႐ုံလူ ကလာၿပီး ဆြဲရဲမယ့္ပုံမေပၚဘူး။ ေျပာရရင္ေတာ့ ပထမတစ္ႀကိမ္မွာ ေလလံဆြဲမယ့္သူ မရွိတာမ်ိဳးျဖစ္သြားၿပီး ေနာက္ထပ္ေနာက္ထပ္အႀကိမ္ေတြ လုပ္သြားရမယ့္ သေဘာရွိတယ္'ဟု တရား႐ုံးႏွင့္ နီးစပ္ေသာ သတင္းရင္းျမစ္ကလည္း NP News ကို ေျပာသည္။ အထူးသျဖင့္ ေဒၚလာသန္း(၉၀)ခန႔္ တန္ေၾကးဆိုေသာ ေဈးႏႈန္းအရလည္းေကာင္း၊ ေလလံဆြဲမည့္သူ၏ လုံၿခဳံေရးအရလည္းေကာင္း မတ္လ (၂၀)ရက္ ေလလံပြဲက ေနာက္တစ္ႀကိမ္ ထပ္မံက်င္းပ ရန္သာ ျပင္ဆင္ထားရေတာ့မည့္ အေနအထားမ်ိဳးဟု ဆိုသည္။ ျပည္ေျပး NUG ဘက္ေတာ္သား လူတစ္စုကမူ ၿခံအမွတ္(၅၄)ကို ေဒၚေအာင္ဆန္းစုၾကည္ ပိုင္ဆိုင္သည့္ အိမ္တစ္ခုသဖြယ္ ဥပေဒအေထာက္အထားမဲ့စြာ သတ္မွတ္လိုက္ၾကၿပီး အဆိုပါအိမ္ကို ေလလံဆြဲ ဝယ္ယူမည့္သူကို သတ္ျဖတ္သြားမည့္သေဘာမ်ိဳးအထိ ၿခိမ္းေျခာက္ထားၾကျခင္းလည္း ျဖစ္သည္။

ၿခံအမွတ္(၅၄)သည္ ရန္ကုန္တိုင္းေဒသႀကီး ဗဟန္းၿမိဳ႕နယ္ ေျမတိုင္းရပ္ကြက္ အမွတ္ ၃၆ ၊ ဧရိယာ (၁ ဒသမ ၉၂၃ ဧကေပၚတြင္) ရွိထားၿပီး ပိုင္ ဆိုင္သူ အမည္ေပါက္မွာ ဗိုလ္ခ်ဳပ္ေအာင္ဆန္း၏ ဇနီး ေဒၚခင္ၾကည္ျဖစ္သည္။ အေမြပိုင္ဆိုင္ခြင့္ သတ္မွတ္ခ်က္ႏွင့္ ဥပေဒအခ်ိဳ႕အရ မိခင္ျဖစ္သူ ေဒၚခင္ၾကည္ကိုယ္တိုင္ က တစ္စုံတစ္ဦးကို အေမြစားအေမြခံအျဖစ္ သတ္ မွတ္ေပးခဲ့ျခင္းမရွိလွ်င္ သားသမီးျဖစ္သူႏွစ္ဦး (ဦးေအာင္ဆန္းဦးႏွင့္ ေဒၚေအာင္ဆန္းစုၾကည္) က ခြဲေဝခံစားခြင့္ရွိသည္ဟု ဆိုသည္။ ယင္းအတြက္ ေၾကာင့္လည္း တရား႐ုံးအသိေပးစာကို ေဒၚေအာင္ ဆန္းစုၾကည္က လက္ခံရရွိခဲ့သည့္တိုင္ ႏွစ္လေက်ာ္ ၾကာေသာ ႐ုံးခ်ိန္းမ်ားအတြင္း ေဒၚေအာင္ဆန္းစု ၾကည္က ေရွ႕ေနမ်ားမွတစ္ဆင့္ ကန႔္ကြက္ေလွ်ာက္ထား ျခင္းမ်ိဳး မရွိခဲ့ေၾကာင္းလည္း သိရသည္။ 'ေလလံက တစ္ႀကိမ္နဲ႔ မၿပီးရင္ေတာ့ မေအာင္မခ်င္း ရက္သတ္မွတ္ၿပီး လုပ္ေနရမယ့္သေဘာပါပဲ။ ဖ်က္သိမ္းပစ္လိုက္တာမ်ိဳးက်ေတာ့ တရား႐ုံးက ျပန္႐ုပ္ သိမ္းေၾကာင္း ေၾကညာမွပဲရမယ္။ မျဖစ္ေတာ့ မျဖစ္ ႏိုင္ပါဘူး'ဟု တရား႐ုံးသတင္းရင္းျမစ္က သုံးသပ္ေျပာၾကားသည္။ လက္ရွိအခ်ိန္တြင္ ၿခံအမွတ္(၅၄)အတြင္းရွိ ေဒၚေအာင္ဆန္းစုၾကည္ ပိုင္ဆိုင္ေသာ ကုန္တင္ကားအစီး(၂၀)စာ ပစၥည္းမ်ိဳးစုံကို ေဒၚေအာင္ဆန္းစုၾကည္ ေထာက္ခံသူမ်ားပင္လွ်င္ လာေရာက္သယ္ယူေျပာင္းေ႐ႊ႕ေပးျခင္းမ်ိဳးမရွိဘဲ မည္သည့္ေနရာတြင္ ထားရမည္မွန္းမသိ ျဖစ္ေနေၾကာင္း ၾကားသိရသည္။

Picture

Khin Maung

19/03/2024 13:12

လေလံဆွဲမယ့်သူ မရှိရင် လွယ်လေးပါဗျာ၊ မြေဧရိယာ အညီအမျှ နှစ်ခြမ်း ခြမ်းပြီး မဲနှိုက်ခိုင်းလိုက်ပါ။

Related news

© 2021. All rights reserved.