ဒေါ်လာ ၈ ဘီလျံကျော်တန် မူဆယ်-မန္တလေးရထားလမ်းသစ်စီမံကိန်းအတွက် ဒီဇိုင်းကို တရုတ် Grant ဖြင့် ဆောင်ရွက်ရန် ကြိုးပမ်းနေ

 1738

Zawgyi Version;
မြူနစ် (NP News) - မတ် ၁၉

မူဆယ်-မန္တလေးရထားလမ်းသစ်ဖောက်လုပ် ရေးစီမံကိန်းအတွက် ဒီဇိုင်းကို တရုတ်နိုင်ငံ၏ Grant အကူအညီဖြင့် ဆောင်ရွက်ပေးနိုင်ရန် ကြိုးပမ်းနေကြောင်း နစက၏ သတင်းအချက်အလက်များအရ သိရသည်။

လက်ရှိတွင် ယင်းစီမံကိန်းဆောင်ရွက်နိုင်ရေးအတွက် China Railway Eryuan Engineering Group ကုမ္ပဏီက easibility Study Final Report yg Financial Model ကို နစကအစိုးရထံ တင်ပြထားကြောင်း သိရသည်။ အဆိုပါ Financial Model အပေါ် လေ့လာသုံးသပ်ရန်အတွက် ဘဏ္ဍာရေးဆိုင်ရာ လေ့လာသုံးသပ်ရေးကော်မတီကို နစက က ဖွဲ့စည်းထားပြီး အဆိုပါကော်မတီတွင် ပို့ဆောင်ရေးနှင့်ဆက် သွယ်ရေးဒုဝန်ကြီး ဦးအောင်မြိုင်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည်။

တရုတ်ကုမ္ပဏီက တင်ပြလာသည့် Report ပါ အသုံးစရိတ်တွက်ချက်မှုများသည် လက်ရှိအခြေအနေနှင့် ကိုက်ညီ ပြည့်စုံ မှန်ကန်မှုရှိ၊ မရှိကို အထက်ပါ ဘဏ္ဍာရေးဆိုင်ရာလေ့လာသုံးသပ်ရေး ကော်မတီက လေ့လာသုံးသပ်နေ ကြောင်း သိရသည်။ မူဆယ်-မန္တလေးရထားလမ်းသစ်စီမံကိန်းနှင့်ပတ်သက်၍ Detail Design ကို တရုတ်နိုင်ငံ၏ Grant အကူအညီဖြင့် ဆောင်ရွက်ပေးနိုင်ရေးနှင့် စီမံကိန်းအကောင်အထည်ဖော်ရာတွင် သက်သာသော အတိုးနှုန်းဖြင့် ချေးငွေရရှိရန်အတွက်လည်း ကော်မတီက သုံးသပ်ကြိုးပမ်းနေကြောင်း သိရသည်။

မူဆယ်-မန္တလေးရထားလမ်းတစ်လျှောက် လျှပ်စစ်ဓာတ်အားသွယ်တန်းရာတွင် စရိတ်ကျသင့်သည့်အခြေအနေ များကိုလည်း အထက်ပါကော်မတီက သုံးသပ်လေ့လာနေကြောင်း သိရသည်။

“မူဆယ်-လားရှိုး-မန္တလေးရထားလမ်းကြီးဖြစ်လာရင်တော့ တရုတ်နိုင်ငံနဲ့ မြန်မာကြားက import ၊ export ပစ္စည်း တွေ ကုန်ကျစရိတ်သက်သက်သာသာနဲ့ ကုန်သွယ်နိုင်လာမယ်ပေါ့။ ရထားနဲ့ဆိုရင်တော့ အများကြီး ကုန်ကျစရိတ် သက်သာမှာပေါ့။ ပြည်သူတွေနဲ့ လုပ်ငန်းရှင်တွေအတွက်လည်း ကောင်းမွန်လာနိုင်တာပေါ့” ဟု နိုင်ငံ့ဝန်ထမ်း အရာရှိတစ်ဦးက NP News ကို ပြောသည်။

ထို့ပြင် စီမံကိန်းအကောင်အထည်ဖော်နိုင်ရေးအတွက် အစိုးရအချင်းချင်း (Government to Government) ညှိနှိုင်း ဆောင်ရွက်ရေး မူဘောင် (Framework)ကို ရေးဆွဲအတည်ပြုနိုင်ရေးကိုလည်း ဆောင်ရွက်နေကြောင်း သိရသည်။ မူဆယ်-မန္တလေး ရထားလမ်းသစ်ဖောက်လုပ်ရေးစီမံကိန်းတွင် တံတား ၁၂၄ စင်းတည်ဆောက်ခြင်း၊ ဥမင်လိုဏ် ခေါင်း ၆၀ တည်ဆောက်ခြင်းအပြင် ဓာတ်အားခွဲရုံ (၁၁)ရုံကိုလည်း ထည့်သွင်းတည်ဆောက်သွားရန် စီစဉ်ထား ကြောင်း သိရသည်။

အဆိုပါ မူဆယ်-မန္တလေးရထားလမ်းသစ် ဖောက်လုပ်ရေးစီမံကိန်းသည် ကီလိုမီတာ (၄၀ဝ) ကျော်အရှည်ရှိပြီး ကုန်ကျစရိတ်အနေဖြင့် အမေရိကန်ဒေါ်လာ (၈)ဘီလျံကျော်ရှိမည်ဟု ခန့်မှန်းထားသည်။ အဆိုပါစီမံကိန်းနှင့် ပတ်သက်၍ ၂၀၁၈ ခုနှစ် အောက်တိုဘာလအတွင်းက ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထား ဌာနနှင့် တရုတ်နိုင်ငံ China Railway Eryuan Engineering Group Co.Limited (CREEC) ၊ China Railway Group Limited တို့သည် ရထားလမ်းဖောက်လုပ်ရေး စီမံကိန်း ဖြစ်မြောက်နိုင်ခြေလေ့လာမှု ဆောင်ရွက်ရန် MoU ရေးထိုးခဲ့ကြသည်။

ရထားလမ်းစီမံကိန်းသည် တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့မှ မြန်မာနိုင်ငံအလယ်ပိုင်းရှိ ကုန်သွယ်ရေးအချက် အချာဖြစ်သော မန္တလေးမြို့ကို ချိတ်ဆက်ဖောက်လုပ်မည့် အမြန်ရထားလမ်းဖြစ်ပြီး တရုတ်-မြန်မာစီးပွားရေး စင်္ကြံန်လမ်း၏ အစိတ်အပိုင်းတစ်ခုလည်းဖြစ်သည်။

Zawgyi Version;
ေဒၚလာ ၈ ဘီလ်ံေက်ာ္တန္ မူဆယ္-မႏၲေလးရထားလမ္းသစ္စီမံကိန္းအတြက္ ဒီဇိုင္းကို တ႐ုတ္ Grant ျဖင့္ ေဆာင္႐ြက္ရန္ ႀကိဳးပမ္းေန
ျမဴနစ္ (NP News) - မတ္ ၁၉

မူဆယ္-မႏၲေလးရထားလမ္းသစ္ေဖာက္လုပ္ ေရးစီမံကိန္းအတြက္ ဒီဇိုင္းကို တ႐ုတ္ႏိုင္ငံ၏ Grant အကူအညီျဖင့္ ေဆာင္႐ြက္ေပးႏိုင္ရန္ ႀကိဳးပမ္းေနေၾကာင္း နစက၏ သတင္းအခ်က္အလက္မ်ားအရ သိရသည္။

လက္ရွိတြင္ ယင္းစီမံကိန္းေဆာင္႐ြက္ႏိုင္ေရးအတြက္ China Railway Eryuan Engineering Group ကုမၸဏီက easibility Study Final Report yg Financial Model ကို နစကအစိုးရထံ တင္ျပထားေၾကာင္း သိရသည္။ အဆိုပါ Financial Model အေပၚ ေလ့လာသုံးသပ္ရန္အတြက္ ဘ႑ာေရးဆိုင္ရာ ေလ့လာသုံးသပ္ေရးေကာ္မတီကို နစက က ဖြဲ႕စည္းထားၿပီး အဆိုပါေကာ္မတီတြင္ ပို႔ေဆာင္ေရးႏွင့္ဆက္ သြယ္ေရးဒုဝန္ႀကီး ဦးေအာင္ၿမိဳင္က ဥကၠ႒အျဖစ္ တာဝန္ယူထားသည္။

တ႐ုတ္ကုမၸဏီက တင္ျပလာသည့္ Report ပါ အသုံးစရိတ္တြက္ခ်က္မႈမ်ားသည္ လက္ရွိအေျခအေနႏွင့္ ကိုက္ညီ ျပည့္စုံ မွန္ကန္မႈရွိ၊ မရွိကို အထက္ပါ ဘ႑ာေရးဆိုင္ရာေလ့လာသုံးသပ္ေရး ေကာ္မတီက ေလ့လာသုံးသပ္ေန ေၾကာင္း သိရသည္။ မူဆယ္-မႏၲေလးရထားလမ္းသစ္စီမံကိန္းႏွင့္ပတ္သက္၍ Detail Design ကို တ႐ုတ္ႏိုင္ငံ၏ Grant အကူအညီျဖင့္ ေဆာင္႐ြက္ေပးႏိုင္ေရးႏွင့္ စီမံကိန္းအေကာင္အထည္ေဖာ္ရာတြင္ သက္သာေသာ အတိုးႏႈန္းျဖင့္ ေခ်းေငြရရွိရန္အတြက္လည္း ေကာ္မတီက သုံးသပ္ႀကိဳးပမ္းေနေၾကာင္း သိရသည္။

မူဆယ္-မႏၲေလးရထားလမ္းတစ္ေလွ်ာက္ လွ်ပ္စစ္ဓာတ္အားသြယ္တန္းရာတြင္ စရိတ္က်သင့္သည့္အေျခအေန မ်ားကိုလည္း အထက္ပါေကာ္မတီက သုံးသပ္ေလ့လာေနေၾကာင္း သိရသည္။

“မူဆယ္-လားရႈိး-မႏၲေလးရထားလမ္းႀကီးျဖစ္လာရင္ေတာ့ တ႐ုတ္ႏိုင္ငံနဲ႔ ျမန္မာၾကားက import ၊ export ပစၥည္း ေတြ ကုန္က်စရိတ္သက္သက္သာသာနဲ႔ ကုန္သြယ္ႏိုင္လာမယ္ေပါ့။ ရထားနဲ႔ဆိုရင္ေတာ့ အမ်ားႀကီး ကုန္က်စရိတ္ သက္သာမွာေပါ့။ ျပည္သူေတြနဲ႔ လုပ္ငန္းရွင္ေတြအတြက္လည္း ေကာင္းမြန္လာႏိုင္တာေပါ့” ဟု ႏိုင္ငံ့ဝန္ထမ္း အရာရွိတစ္ဦးက NP News ကို ေျပာသည္။

ထို႔ျပင္ စီမံကိန္းအေကာင္အထည္ေဖာ္ႏိုင္ေရးအတြက္ အစိုးရအခ်င္းခ်င္း (Government to Government) ညႇိႏႈိင္း ေဆာင္႐ြက္ေရး မူေဘာင္ (Framework)ကို ေရးဆြဲအတည္ျပဳႏိုင္ေရးကိုလည္း ေဆာင္႐ြက္ေနေၾကာင္း သိရသည္။ မူဆယ္-မႏၲေလး ရထားလမ္းသစ္ေဖာက္လုပ္ေရးစီမံကိန္းတြင္ တံတား ၁၂၄ စင္းတည္ေဆာက္ျခင္း၊ ဥမင္လိုဏ္ ေခါင္း ၆၀ တည္ေဆာက္ျခင္းအျပင္ ဓာတ္အားခြဲ႐ုံ (၁၁)႐ုံကိုလည္း ထည့္သြင္းတည္ေဆာက္သြားရန္ စီစဥ္ထား ေၾကာင္း သိရသည္။

အဆိုပါ မူဆယ္-မႏၲေလးရထားလမ္းသစ္ ေဖာက္လုပ္ေရးစီမံကိန္းသည္ ကီလိုမီတာ (၄၀ဝ) ေက်ာ္အရွည္ရွိၿပီး ကုန္က်စရိတ္အေနျဖင့္ အေမရိကန္ေဒၚလာ (၈)ဘီလ်ံေက်ာ္ရွိမည္ဟု ခန႔္မွန္းထားသည္။ အဆိုပါစီမံကိန္းႏွင့္ ပတ္သက္၍ ၂၀၁၈ ခုႏွစ္ ေအာက္တိုဘာလအတြင္းက ပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရးဝန္ႀကီးဌာန၊ ျမန္မာ့မီးရထား ဌာနႏွင့္ တ႐ုတ္ႏိုင္ငံ China Railway Eryuan Engineering Group Co.Limited (CREEC) ၊ China Railway Group Limited တို႔သည္ ရထားလမ္းေဖာက္လုပ္ေရး စီမံကိန္း ျဖစ္ေျမာက္ႏိုင္ေျခေလ့လာမႈ ေဆာင္႐ြက္ရန္ MoU ေရးထိုးခဲ့ၾကသည္။

ရထားလမ္းစီမံကိန္းသည္ တ႐ုတ္-ျမန္မာနယ္စပ္ မူဆယ္ၿမိဳ႕မွ ျမန္မာႏိုင္ငံအလယ္ပိုင္းရွိ ကုန္သြယ္ေရးအခ်က္ အခ်ာျဖစ္ေသာ မႏၲေလးၿမိဳ႕ကို ခ်ိတ္ဆက္ေဖာက္လုပ္မည့္ အျမန္ရထားလမ္းျဖစ္ၿပီး တ႐ုတ္-ျမန္မာစီးပြားေရး စႀကႍန္လမ္း၏ အစိတ္အပိုင္းတစ္ခုလည္းျဖစ္သည္။

Related news

© 2021. All rights reserved.