ဆော်ဒီအာရေဗျနိုင်ငံမှာ တည်ဆောက်နေဆဲဖြစ်တဲ့ ကမ္ဘာ့ပထမဆုံး မျဉ်းဖြောင့်ပုံစံ စမတ်မြို့ (The Line) အကြောင်း

 504

Pika (NP News) - မတ် ၂၁

ဆော်ဒီအာရေဗျနိုင်ငံ တဗက်ပြည်နယ် မြို့ပြဧရိယာအသစ်ဖြစ်သည့် နီယွန်တွင်တည်ဆောက်နေဆဲဖြစ်သော The Line ပရောဂျက်သည် ကားများ၊ လမ်းများ (သို့မဟုတ်) ကာဗွန်ထုတ်လွှတ်မှုမရှိစေရန် ဒီဇိုင်းထုတ်ထားသည့် မျဉ်းဖြောင့်ပုံစံစမတ်မြို့ တစ်မြို့ဖြစ်သည်။

(၁၇၀) ကီလိုမီတာ (၁၀၅ မိုင်ကျော်) ရှည်လျားသည့် စမတ်မြို့သည် မြို့ပြဧရိယာအသစ်ဖြစ်သော နီယွန်၏ ကြေညာထားသည့်ဒေသ(၉)ခုအနက်မှ တစ်ခုဖြစ်ပြီး Saudi Vision 2030 ပရောဂျက်၏ တစ်စိတ်တစ် ပိုင်း ဖြစ်ကြောင်းလည်း သိရသည်။ ထို့ပြင် The Line ပရောဂျက်သည် အလုပ်အကိုင်ပေါင်း (၄၆၀ဝဝဝ)ခန့် ဖန်တီး ပေးနိုင်မည်ဖြစ်ပြီး၊ နိုင်ငံ GDP သို့ ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ (၄၈)ဘီလျံ ထည့်ပေါင်းပေးနိုင်မည်ဟု ဆော်ဒီအာရေဗျအစိုးရက ပြောထားသည်။

ထို့ပြင် The Line ပရောဂျက်ကို မြို့ပြ ဧရိယာအသစ်ဖြစ်သောနီယွန်(အမေရိကန်ဒေါ်လာ (၅၀ဝ)ဘီလျံ ပရောဂျက်) ၏ ပထမဆုံးသောဖွံ့ဖြိုးတိုးတက်မှုတစ်ခုဖြစ်လာရန်စီစဉ်ထားကြောင်းသိရသည်။ အဆိုပါ စမတ် မြို့တွင် ဆော်ဒီအာရေဗျနိုင်ငံ၏ လက်ရှိလူဦးရေ (၃၅ ဒသမ ၅) သန်း၏ (၂၅)ရာခိုင် နှုန်းဖြစ်သော လူ(၉)သန်း နေထိုင်နိုင်မည်ဟု ခန့်မှန်းထားကြသည်။ The Line ပရောဂျက်၏ အရှည်တစ်လျှောက်လုံးတွင် တူးဖော်ခြင်း လုပ်ငန်းများကို ၂၀၂၂ ခုနှစ် အောက်တိုဘာလတွင် စတင်ခဲ့သည်။

The Line ပရောဂျက်သည် (၁၇၀)ကီလို မီတာရှည်လျားပြီး မြို့ပြဧရိယာအသစ်ဖြစ်သော နီယွန် အတွင်းရှိ သဘာဝတရား၏(၉၅)ရာခိုင်နှုန်းကိုထိန်းသိမ်းထားမည်ဖြစ်သည်။ ထို့ပြင် အဆိုပါပရောဂျက်သည် တဗက်မြို့မှ ပင်လယ်နီအထိ ရှည်လျားကြောင်းသိရသည်။ အဆိုပါစမတ်မြို့တွင် လူ (၉)သန်း နေထိုင်နိုင်ရန် ရည်ရွယ်ထားပြီး တစ်စတုရန်းကီလိုမီတာလျှင် ပျမ်းမျှလူဦးရေ(၂၆၀ဝဝဝ)ရှိမည်ဖြစ်သည်။ နှိုင်းယှဉ်ကြည့် မည်ဆိုပါက ၂၀၂၀ ပြည့်နှစ်တွင် ကမ္ဘာ့လူဦးရေအထူထပ်ဆုံး မြို့တော်ဖြစ်သော ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် တစ်စတုရန်းကီလိုမီ တာလျှင် လူဦးရေ (၄၄၀ဝဝ)ရှိကြောင်းသိရသည်။

The Line ပရောဂျက်သည် ၎င်း၏ အရှည်တစ်လျှောက်လုံးတွင် မှန်များဖြင့်တည်ဆောက်ထားသော အဆောက် အအုံနှစ်ခုပါဝင်မည့် မြို့ပြစီမံကိန်းတစ်ခုလည်းဖြစ်သည်။ မှန်များဖြင့် တည်ဆောက်ထားသော အဆောက်အအုံ နှစ်ခု၏ စုစုပေါင်းအကျယ်မှာ(၂၀ဝ)မီတာ (၆၅၆ ပေကျော်) ရှိကာ အမြင့်မှာ(၅၀ဝ)မီတာ (ပေ ၁၆၄၀ ကျော်) ရှိမည် ဖြစ်သည်။ အဆိုပါမှန် အဆောက်အအုံ နှစ်ခုသည် Abraj Al-Bait နာရီမျှော်စင်နှင့် အဆိုပြုထားသော Jeddah မျှော်စင်တို့ပြီးလျှင် ဆော်ဒီအာရေးဗျနိုင်ငံ၏ တတိယမြောက် အမြင့်ဆုံးအဆောက်အအုံဖြစ်လာမည်ဖြစ်ပြီး ခန့်မှန်းခြေအားဖြင့်ကမ္ဘာပေါ်တွင် (၁၂)ခုမြောက် အမြင့်ဆုံးအဆောက်အအုံဖြစ်လာမည်ဖြစ်သည်။

အဆိုပါစမတ်မြို့ကို ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြင့် အပြည့်အဝစွမ်းအင်ပေးနိုင်ရန် အစီအစဉ်ရေးဆွဲ ထားကြောင်း လည်း သိရသည်။ အဆိုပါပရောဂျက်တွင် အလွှာ(၃)ခုပါဝင်မည်ဖြစ်ပြီး နေထိုင်သူများ သွားလာရေးအတွက် မျက်နှာပြင်အလွှာတစ်ခု၊ အခြေခံအဆောက်အအုံများအတွက် မြေအောက်အလွှာတစ်ခုနှင့် သယ် ယူပို့ဆောင်ရေး အတွက် နောက်ထပ်မြေအောက်အလွှာတစ်ခုတို့ဖြစ်သည်။ ထို့ပြင် AI နည်းပညာဖြင့် မြို့တော်ကို စောင့်ကြည့်မည် ဖြစ်ပြီး ၎င်း၏နိုင်ငံသားများအတွက် နေ့စဉ်ဘဝတိုးတက်စေမည့် နည်းလမ်းများကို ရှာဖွေ ရန် ကြိုတင်ခန့်မှန်းမှုများ နှင့်ဒေတာပုံစံများကို အသုံးပြုသွားမည်ဖြစ်ကြောင်းသိရသည်။

နေထိုင်သူများအနေဖြင့်လည်း ဒေတာအချက်အလက်များပေးပို့ခြင်းအတွက်အခကြေးငွေ ပေးဆောင် ရမည်ဖြစ်သည်။ အဆိုပါ ပရောဂျက် အတွက်ကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ(၁၀ဝ)ဘီလျံမှ (၂၀ဝ) ဘီ လျံကြားရှိမည်ဟု ခန့်မှန်းထားကြသလို အချို့က အမေရိကန်ဒေါ်လာ(၁)ထရီလီယံအထိ ကုန်ကျမည်ဟု ခန့်မှန်း ထားကြသည်။

The Line ပရောဂျက်အတွက် အစီအစဉ်ကို ၂၀၂၁ခုနှစ် ဇန်နဝါရီလ(၁၀)ရက်နေ့တွင် ဆော်ဒီ အာရေဗျ အိမ်ရှေ့စံမင်းသား Mohammed bin Salman က နိုင်ငံပိုင်ရုပ်မြင်သံကြားလိုင်းမှ ထုတ်လွှင့်သော တင်ဆက်မှု တစ် ခုတွင် ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါပရောဂျက်အတွက် မြေသားလုပ်ငန်း များကို ၂၀၂၁ခုနှစ် အောက်တို ဘာလတွင်စတင်ခဲ့ပြီး ပထမဆုံးနေထိုင်သူများကို ၂၀၂၄ ခုနှစ်အတွင်း ပြောင်းရွှေ့ပေးနိုင်ရန် မျှော်လင့်ထား ကြောင်း သိရသည်။

The Line ပရောဂျက်၏ ပထမအဆင့်ကို ၂၀၃၀ ပြည့်နှစ်တွင် အပြီးသတ်ရန် စီစဉ်ထားကြောင်း၊ ၂၀၂၁ ခုနှစ် ဇူလိုင်လ(၂၅)ရက်နေ့တွင် Mohammed bin Salman က ထုတ်ပြန်ချက်တစ်ခုနှင့် ပရိုမိုးရှင်း ဗီဒီယိုတစ်ခုကို ထုတ်ပြန်ခဲ့ပြီးနောက် မီဒီယာအများအပြားသည် The Line ပရောဂျက်နှင့်ပတ်သက်သည့် အကြောင်းအရာများ ကို ကျယ်ကျယ်ပြန့်ပြန့်ဖော်ပြလာခဲ့သည်။ ထို့ပြင် The Line ပရောဂျက်၏ ဒီဇိုင်းပိုင်း ကောင်းကျိုးနှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများအပေါ် မေးခွန်းထုတ်မှုများလည်းရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ပရောဂျက်သည် တောရိုင်းတိရ စ္ဆာန်များနှင့် ငှက်များ၏ရွှေ့ပြောင်းနေထိုင်မှုအပေါ် အကျိုး သက်ရောက်မှုများရှိလာမည်ကို စိုးရိမ်မှုများလည်းရှိနေသည်။ မျဉ်းဖြောင့်ပုံစံစမတ်မြို့သည် လမ်းများ၊ ကား များ သို့မဟုတ် ဓာတ်ငွေ့ထုတ်လွှတ်မှုများ မရှိဘဲ (၁၀ဝ)ရာခိုင်နှုန်း ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်လည်ပတ် မည်ဖြစ်သည်။ အဆိုပါမြို့သည် ပုံမှန်မြို့များနှင့်မတူဘဲ လမ်းပန်းဆက်သွယ်ရေးနှင့်အခြေခံ အဆောက်အအုံ များထက် နေထိုင်သူများ၏ ကျန်းမာရေးနှင့်ကောင်းကောင်းမွန်မွန်နေထိုင်ရေးတို့ကို ဦးစားပေးသွားမည်ဖြစ် ကြောင်းသိရသည်။

ထို့ပြင်နေထိုင်သူများကိုလည်း တစ်နှစ်ပတ်လုံး သဘာဝပတ်ဝန်းကျင်အတိုင်းခံစားရစေရန် လုပ် ဆောင်ပေးသွားမည်လည်းဖြစ်သည်။ နေထိုင်သူများသည် နေ့စဉ်ဘဝတွင်လိုအပ်သောအရာများကို (၅) မိနစ် ခန့် လမ်းလျှောက်ရုံဖြင့် ရရှိမည်ဖြစ်ပြီး အမြန်ရထားလမ်း တစ်ဖက်နှင့်တစ်ဖက်အဆုံးကို မိနစ် (၂၀)ဖြင့် သွား လာနိုင်မည်လည်းဖြစ်သည်။ မျဉ်းဖြောင့်ပုံစံစမတ်မြို့တွင် နေထိုင်သူများသည် ပတ်ဝန်းကျင်ရှိ သဘာဝရှုခင်း များ၊ တောင်များနှင့်ကောင်းကင်တို့ပါဝင်သည့် ရှုခင်းများကိုခံစားနိုင်မည်ဖြစ်ပြီး အခြေခံအဆောက်အအုံ များကို လျှော့ချထားခြင်းကြောင့် ကျယ်ဝန်းသောမြို့ပြပုံစံများမှလည်းရှောင်ရှားနိုင်မည်ဖြစ်သည်။ ထို့ပြင် မလိုအပ်သော အခြေခံအဆောက်အအုံများ၊ ကားများနှင့် လမ်းများမရှိခြင်းကြောင့် စမတ်မြို့သည် ကာဗွန် သုညဖြစ်နေမည်လည်း ဖြစ်သည်။ စမတ်မြို့သည် ၎င်း၏မှုလုပ်ငန်းများအပါအဝင် (၁၀ဝ)ရာခိုင်နှုန်း ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်ဖြင့် လည်ပတ်မည်ဖြစ်သည်။ ထို့ပြင် စမတ်မြို့တွင်နေရောင်ခြည်၊ အရိပ်နှင့် သဘာဝ လေ ဝင်လေထွက်ကို ချိန်ညှိစေနိုင်ရန်အတွက်အကောင်းဆုံးပုံစံဖြင့်ဒီဇိုင်းဆွဲထားကြောင်းလည်းသိရသည်။ မြို့အနှံ့ တစ်ဝိုက်ရှိ စိမ်းလန်းစိုပြည်သောနေရာများသည် နေထိုင်သူများ၊ အလုပ်လုပ်ကိုင်မည့်သူများနှင့် လာရောက် လည်ပတ် သူများကို သက်သောင့်သက်သာဖြစ်စေမည်လည်းဖြစ်သည်။ Neom ကုမ္ပဏီက “ The Line
ပရောဂျက်ဟာ ဒီနေ့မြို့ပြလူနေမှုဘဝမှာ လူသားမျိုးနွယ်ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို ကိုင်တွယ်ဖြေရှင်း ပေးမှာဖြစ်ပြီး တခြားနည်းလမ်းတွေနဲ့ နေထိုင်နိုင်မယ့် ပုံစံတစ်ခုကို ပြသပေးသွားမှာပဲဖြစ်ပါတယ်။ ကျွန် တော်တို့ ကမ္ဘာကြီးရဲ့မြို့တွေ ရင်ဆိုင်နေရတဲ့ နေထိုင်မှုနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကျပ်အတည်း တွေကို လျစ်လျူရှုမထားနိုင်ပါဘူး။ ဒီအကျပ်အတည်းတွေကို ဖြေရှင်းဖို့အတွက် ဆန်းသစ်တဲ့စိတ်ကူးအကြံ ညဏ် ဖြေရှင်းချက်တွေကို ကျွန်တော်တို့ ဆက်လက်လုပ်ဆောင်သွားမှာပါ။ Neom ကုမ္ပဏီဟာ စမတ်မြို့ တည်ဆောက်မယ့်စိတ်ကူးကို အမှန်တကယ် ဖြစ်လာစေဖို့အတွက် ဗိသုကာပညာ၊ အင်ဂျင်နီယာနဲ့ ဆောက် လုပ်ရေးတို့မှာ ထူးချွန်တဲ့လူတွေကို ဦးဆောင်ပြီးဆက်လက်လုပ်ကိုင်နေပါတယ် ” ဟု ထုတ်ပြန်ထားသည်။

Zawgyi Version;
ေဆာ္ဒီအာေရဗ်ႏိုင္ငံမွာ တည္ေဆာက္ေနဆဲျဖစ္တဲ့ ကမာၻ႔ပထမဆုံး မ်ဥ္းေျဖာင့္ပုံစံ စမတ္ၿမိဳ႕ (The Line) အေၾကာင္း
Pika (NP News) - မတ္ ၂၁

ေဆာ္ဒီအာေရဗ်ႏိုင္ငံ တဗက္ျပည္နယ္ ၿမိဳ႕ျပဧရိယာအသစ္ျဖစ္သည့္ နီယြန္တြင္တည္ေဆာက္ေနဆဲျဖစ္ေသာ The Line ပေရာဂ်က္သည္ ကားမ်ား၊ လမ္းမ်ား (သို႔မဟုတ္) ကာဗြန္ထုတ္လႊတ္မႈမရွိေစရန္ ဒီဇိုင္းထုတ္ထားသည့္ မ်ဥ္းေျဖာင့္ပုံစံစမတ္ၿမိဳ႕ တစ္ၿမိဳ႕ျဖစ္သည္။

(၁၇၀) ကီလိုမီတာ (၁၀၅ မိုင္ေက်ာ္) ရွည္လ်ားသည့္ စမတ္ၿမိဳ႕သည္ ၿမိဳ႕ျပဧရိယာအသစ္ျဖစ္ေသာ နီယြန္၏ ေၾကညာထားသည့္ေဒသ(၉)ခုအနက္မွ တစ္ခုျဖစ္ၿပီး Saudi Vision 2030 ပေရာဂ်က္၏ တစ္စိတ္တစ္ ပိုင္း ျဖစ္ေၾကာင္းလည္း သိရသည္။ ထို႔ျပင္ The Line ပေရာဂ်က္သည္ အလုပ္အကိုင္ေပါင္း (၄၆၀ဝဝဝ)ခန႔္ ဖန္တီး ေပးႏိုင္မည္ျဖစ္ၿပီး၊ ႏိုင္ငံ GDP သို႔ ခန႔္မွန္းေျခ အေမရိကန္ေဒၚလာ (၄၈)ဘီလ်ံ ထည့္ေပါင္းေပးႏိုင္မည္ဟု ေဆာ္ဒီအာေရဗ်အစိုးရက ေျပာထားသည္။

ထို႔ျပင္ The Line ပေရာဂ်က္ကို ၿမိဳ႕ျပ ဧရိယာအသစ္ျဖစ္ေသာနီယြန္(အေမရိကန္ေဒၚလာ (၅၀ဝ)ဘီလ်ံ ပေရာဂ်က္) ၏ ပထမဆုံးေသာဖြံ႕ၿဖိဳးတိုးတက္မႈတစ္ခုျဖစ္လာရန္စီစဥ္ထားေၾကာင္းသိရသည္။ အဆိုပါ စမတ္ ၿမိဳ႕တြင္ ေဆာ္ဒီအာေရဗ်ႏိုင္ငံ၏ လက္ရွိလူဦးေရ (၃၅ ဒသမ ၅) သန္း၏ (၂၅)ရာခိုင္ ႏႈန္းျဖစ္ေသာ လူ(၉)သန္း ေနထိုင္ႏိုင္မည္ဟု ခန႔္မွန္းထားၾကသည္။ The Line ပေရာဂ်က္၏ အရွည္တစ္ေလွ်ာက္လုံးတြင္ တူးေဖာ္ျခင္း လုပ္ငန္းမ်ားကို ၂၀၂၂ ခုႏွစ္ ေအာက္တိုဘာလတြင္ စတင္ခဲ့သည္။

The Line ပေရာဂ်က္သည္ (၁၇၀)ကီလို မီတာရွည္လ်ားၿပီး ၿမိဳ႕ျပဧရိယာအသစ္ျဖစ္ေသာ နီယြန္ အတြင္းရွိ သဘာဝတရား၏(၉၅)ရာခိုင္ႏႈန္းကိုထိန္းသိမ္းထားမည္ျဖစ္သည္။ ထို႔ျပင္ အဆိုပါပေရာဂ်က္သည္ တဗက္ၿမိဳ႕မွ ပင္လယ္နီအထိ ရွည္လ်ားေၾကာင္းသိရသည္။ အဆိုပါစမတ္ၿမိဳ႕တြင္ လူ (၉)သန္း ေနထိုင္ႏိုင္ရန္ ရည္႐ြယ္ထားၿပီး တစ္စတုရန္းကီလိုမီတာလွ်င္ ပ်မ္းမွ်လူဦးေရ(၂၆၀ဝဝဝ)ရွိမည္ျဖစ္သည္။ ႏႈိင္းယွဥ္ၾကည့္ မည္ဆိုပါက ၂၀၂၀ ျပည့္ႏွစ္တြင္ ကမာၻ႔လူဦးေရအထူထပ္ဆုံး ၿမိဳ႕ေတာ္ျဖစ္ေသာ ဖိလစ္ပိုင္ႏိုင္ငံ မနီလာၿမိဳ႕တြင္ တစ္စတုရန္းကီလိုမီ တာလွ်င္ လူဦးေရ (၄၄၀ဝဝ)ရွိေၾကာင္းသိရသည္။

The Line ပေရာဂ်က္သည္ ၎၏ အရွည္တစ္ေလွ်ာက္လုံးတြင္ မွန္မ်ားျဖင့္တည္ေဆာက္ထားေသာ အေဆာက္ အအုံႏွစ္ခုပါဝင္မည့္ ၿမိဳ႕ျပစီမံကိန္းတစ္ခုလည္းျဖစ္သည္။ မွန္မ်ားျဖင့္ တည္ေဆာက္ထားေသာ အေဆာက္အအုံ ႏွစ္ခု၏ စုစုေပါင္းအက်ယ္မွာ(၂၀ဝ)မီတာ (၆၅၆ ေပေက်ာ္) ရွိကာ အျမင့္မွာ(၅၀ဝ)မီတာ (ေပ ၁၆၄၀ ေက်ာ္) ရွိမည္ ျဖစ္သည္။ အဆိုပါမွန္ အေဆာက္အအုံ ႏွစ္ခုသည္ Abraj Al-Bait နာရီေမွ်ာ္စင္ႏွင့္ အဆိုျပဳထားေသာ Jeddah ေမွ်ာ္စင္တို႔ၿပီးလွ်င္ ေဆာ္ဒီအာေရးဗ်ႏိုင္ငံ၏ တတိယေျမာက္ အျမင့္ဆုံးအေဆာက္အအုံျဖစ္လာမည္ျဖစ္ၿပီး ခန႔္မွန္းေျခအားျဖင့္ကမာၻေပၚတြင္ (၁၂)ခုေျမာက္ အျမင့္ဆုံးအေဆာက္အအုံျဖစ္လာမည္ျဖစ္သည္။

အဆိုပါစမတ္ၿမိဳ႕ကို ျပန္လည္ျပည့္ၿဖိဳးၿမဲစြမ္းအင္ျဖင့္ အျပည့္အဝစြမ္းအင္ေပးႏိုင္ရန္ အစီအစဥ္ေရးဆြဲ ထားေၾကာင္း လည္း သိရသည္။ အဆိုပါပေရာဂ်က္တြင္ အလႊာ(၃)ခုပါဝင္မည္ျဖစ္ၿပီး ေနထိုင္သူမ်ား သြားလာေရးအတြက္ မ်က္ႏွာျပင္အလႊာတစ္ခု၊ အေျခခံအေဆာက္အအုံမ်ားအတြက္ ေျမေအာက္အလႊာတစ္ခုႏွင့္ သယ္ ယူပို႔ေဆာင္ေရး အတြက္ ေနာက္ထပ္ေျမေအာက္အလႊာတစ္ခုတို႔ျဖစ္သည္။ ထို႔ျပင္ AI နည္းပညာျဖင့္ ၿမိဳ႕ေတာ္ကို ေစာင့္ၾကည့္မည္ ျဖစ္ၿပီး ၎၏ႏိုင္ငံသားမ်ားအတြက္ ေန႔စဥ္ဘဝတိုးတက္ေစမည့္ နည္းလမ္းမ်ားကို ရွာေဖြ ရန္ ႀကိဳတင္ခန႔္မွန္းမႈမ်ား ႏွင့္ေဒတာပုံစံမ်ားကို အသုံးျပဳသြားမည္ျဖစ္ေၾကာင္းသိရသည္။

ေနထိုင္သူမ်ားအေနျဖင့္လည္း ေဒတာအခ်က္အလက္မ်ားေပးပို႔ျခင္းအတြက္အခေၾကးေငြ ေပးေဆာင္ ရမည္ျဖစ္သည္။ အဆိုပါ ပေရာဂ်က္ အတြက္ကုန္က်စရိတ္မွာ အေမရိကန္ေဒၚလာ(၁၀ဝ)ဘီလ်ံမွ (၂၀ဝ) ဘီ လ်ံၾကားရွိမည္ဟု ခန႔္မွန္းထားၾကသလို အခ်ိဳ႕က အေမရိကန္ေဒၚလာ(၁)ထရီလီယံအထိ ကုန္က်မည္ဟု ခန႔္မွန္း ထားၾကသည္။

The Line ပေရာဂ်က္အတြက္ အစီအစဥ္ကို ၂၀၂၁ခုႏွစ္ ဇန္နဝါရီလ(၁၀)ရက္ေန႔တြင္ ေဆာ္ဒီ အာေရဗ် အိမ္ေရွ႕စံမင္းသား Mohammed bin Salman က ႏိုင္ငံပိုင္႐ုပ္ျမင္သံၾကားလိုင္းမွ ထုတ္လႊင့္ေသာ တင္ဆက္မႈ တစ္ ခုတြင္ ထုတ္ျပန္ေၾကညာခဲ့သည္။ အဆိုပါပေရာဂ်က္အတြက္ ေျမသားလုပ္ငန္း မ်ားကို ၂၀၂၁ခုႏွစ္ ေအာက္တို ဘာလတြင္စတင္ခဲ့ၿပီး ပထမဆုံးေနထိုင္သူမ်ားကို ၂၀၂၄ ခုႏွစ္အတြင္း ေျပာင္းေ႐ႊ႕ေပးႏိုင္ရန္ ေမွ်ာ္လင့္ထား ေၾကာင္း သိရသည္။

The Line ပေရာဂ်က္၏ ပထမအဆင့္ကို ၂၀၃၀ ျပည့္ႏွစ္တြင္ အၿပီးသတ္ရန္ စီစဥ္ထားေၾကာင္း၊ ၂၀၂၁ ခုႏွစ္ ဇူလိုင္လ(၂၅)ရက္ေန႔တြင္ Mohammed bin Salman က ထုတ္ျပန္ခ်က္တစ္ခုႏွင့္ ပ႐ိုမိုးရွင္း ဗီဒီယိုတစ္ခုကို ထုတ္ျပန္ခဲ့ၿပီးေနာက္ မီဒီယာအမ်ားအျပားသည္ The Line ပေရာဂ်က္ႏွင့္ပတ္သက္သည့္ အေၾကာင္းအရာမ်ား ကို က်ယ္က်ယ္ျပန႔္ျပန႔္ေဖာ္ျပလာခဲ့သည္။ ထို႔ျပင္ The Line ပေရာဂ်က္၏ ဒီဇိုင္းပိုင္း ေကာင္းက်ိဳးႏွင့္ သဘာဝ ပတ္ဝန္းက်င္ဆိုင္ရာ ျပႆနာမ်ားအေပၚ ေမးခြန္းထုတ္မႈမ်ားလည္းရွိခဲ့ေၾကာင္း သိရသည္။

အဆိုပါ ပေရာဂ်က္သည္ ေတာ႐ိုင္းတိရ စာၦန္မ်ားႏွင့္ ငွက္မ်ား၏ေ႐ႊ႕ေျပာင္းေနထိုင္မႈအေပၚ အက်ိဳး သက္ေရာက္မႈမ်ားရွိလာမည္ကို စိုးရိမ္မႈမ်ားလည္းရွိေနသည္။ မ်ဥ္းေျဖာင့္ပုံစံစမတ္ၿမိဳ႕သည္ လမ္းမ်ား၊ ကား မ်ား သို႔မဟုတ္ ဓာတ္ေငြ႕ထုတ္လႊတ္မႈမ်ား မရွိဘဲ (၁၀ဝ)ရာခိုင္ႏႈန္း ျပန္လည္ျပည့္ၿဖိဳးၿမဲစြမ္းအင္လည္ပတ္ မည္ျဖစ္သည္။ အဆိုပါၿမိဳ႕သည္ ပုံမွန္ၿမိဳ႕မ်ားႏွင့္မတူဘဲ လမ္းပန္းဆက္သြယ္ေရးႏွင့္အေျခခံ အေဆာက္အအုံ မ်ားထက္ ေနထိုင္သူမ်ား၏ က်န္းမာေရးႏွင့္ေကာင္းေကာင္းမြန္မြန္ေနထိုင္ေရးတို႔ကို ဦးစားေပးသြားမည္ျဖစ္ ေၾကာင္းသိရသည္။

ထို႔ျပင္ေနထိုင္သူမ်ားကိုလည္း တစ္ႏွစ္ပတ္လုံး သဘာဝပတ္ဝန္းက်င္အတိုင္းခံစားရေစရန္ လုပ္ ေဆာင္ေပးသြားမည္လည္းျဖစ္သည္။ ေနထိုင္သူမ်ားသည္ ေန႔စဥ္ဘဝတြင္လိုအပ္ေသာအရာမ်ားကို (၅) မိနစ္ ခန႔္ လမ္းေလွ်ာက္႐ုံျဖင့္ ရရွိမည္ျဖစ္ၿပီး အျမန္ရထားလမ္း တစ္ဖက္ႏွင့္တစ္ဖက္အဆုံးကို မိနစ္ (၂၀)ျဖင့္ သြား လာႏိုင္မည္လည္းျဖစ္သည္။ မ်ဥ္းေျဖာင့္ပုံစံစမတ္ၿမိဳ႕တြင္ ေနထိုင္သူမ်ားသည္ ပတ္ဝန္းက်င္ရွိ သဘာဝရႈခင္း မ်ား၊ ေတာင္မ်ားႏွင့္ေကာင္းကင္တို႔ပါဝင္သည့္ ရႈခင္းမ်ားကိုခံစားႏိုင္မည္ျဖစ္ၿပီး အေျခခံအေဆာက္အအုံ မ်ားကို ေလွ်ာ့ခ်ထားျခင္းေၾကာင့္ က်ယ္ဝန္းေသာၿမိဳ႕ျပပုံစံမ်ားမွလည္းေရွာင္ရွားႏိုင္မည္ျဖစ္သည္။ ထို႔ျပင္ မလိုအပ္ေသာ အေျခခံအေဆာက္အအုံမ်ား၊ ကားမ်ားႏွင့္ လမ္းမ်ားမရွိျခင္းေၾကာင့္ စမတ္ၿမိဳ႕သည္ ကာဗြန္ သုညျဖစ္ေနမည္လည္း ျဖစ္သည္။ စမတ္ၿမိဳ႕သည္ ၎၏မႈလုပ္ငန္းမ်ားအပါအဝင္ (၁၀ဝ)ရာခိုင္ႏႈန္း ျပန္လည္ ျပည့္ၿဖိဳးၿမဲစြမ္းအင္ျဖင့္ လည္ပတ္မည္ျဖစ္သည္။ ထို႔ျပင္ စမတ္ၿမိဳ႕တြင္ေနေရာင္ျခည္၊ အရိပ္ႏွင့္ သဘာဝ ေလ ဝင္ေလထြက္ကို ခ်ိန္ညႇိေစႏိုင္ရန္အတြက္အေကာင္းဆုံးပုံစံျဖင့္ဒီဇိုင္းဆြဲထားေၾကာင္းလည္းသိရသည္။ ၿမိဳ႕အႏွံ႔ တစ္ဝိုက္ရွိ စိမ္းလန္းစိုျပည္ေသာေနရာမ်ားသည္ ေနထိုင္သူမ်ား၊ အလုပ္လုပ္ကိုင္မည့္သူမ်ားႏွင့္ လာေရာက္ လည္ပတ္ သူမ်ားကို သက္ေသာင့္သက္သာျဖစ္ေစမည္လည္းျဖစ္သည္။ Neom ကုမၸဏီက “ The Line
ပေရာဂ်က္ဟာ ဒီေန႔ၿမိဳ႕ျပလူေနမႈဘဝမွာ လူသားမ်ိဳးႏြယ္ရင္ဆိုင္ေနရတဲ့ စိန္ေခၚမႈေတြကို ကိုင္တြယ္ေျဖရွင္း ေပးမွာျဖစ္ၿပီး တျခားနည္းလမ္းေတြနဲ႔ ေနထိုင္ႏိုင္မယ့္ ပုံစံတစ္ခုကို ျပသေပးသြားမွာပဲျဖစ္ပါတယ္။ ကြၽန္ ေတာ္တို႔ ကမာၻႀကီးရဲ႕ၿမိဳ႕ေတြ ရင္ဆိုင္ေနရတဲ့ ေနထိုင္မႈနဲ႔ သဘာဝပတ္ဝန္းက်င္ဆိုင္ရာ အက်ပ္အတည္း ေတြကို လ်စ္လ်ဴရႈမထားႏိုင္ပါဘူး။ ဒီအက်ပ္အတည္းေတြကို ေျဖရွင္းဖို႔အတြက္ ဆန္းသစ္တဲ့စိတ္ကူးအႀကံ ညဏ္ ေျဖရွင္းခ်က္ေတြကို ကြၽန္ေတာ္တို႔ ဆက္လက္လုပ္ေဆာင္သြားမွာပါ။ Neom ကုမၸဏီဟာ စမတ္ၿမိဳ႕ တည္ေဆာက္မယ့္စိတ္ကူးကို အမွန္တကယ္ ျဖစ္လာေစဖို႔အတြက္ ဗိသုကာပညာ၊ အင္ဂ်င္နီယာနဲ႔ ေဆာက္ လုပ္ေရးတို႔မွာ ထူးခြၽန္တဲ့လူေတြကို ဦးေဆာင္ၿပီးဆက္လက္လုပ္ကိုင္ေနပါတယ္ ” ဟု ထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.