မြန်မာနိုင်ငံ၏ တစ်နှစ်တာ EV ကား ရည်မှန်းချက်ပြည့်မီခဲ့သလား (အင်တာဗျူး)

 344

အေဝိုင်အီ၊ ယွန်း (NP News) - မတ် ၂၁

EV ကား တစ်နှစ်လျှင် အစီးရေ (၃၀ဝဝဝ) တင်သွင်းရန် လျာထား‌သော်လည်း မူလရည်မှန်း ချက်အတိုင်း ပြည့်မီစွာ‌ ဆောင်ရွက်နိုင်ခြင်းမရှိခဲ့ဘဲ Pilot Project အဖြစ်လုပ်ဆောင်ခဲ့သည့် တစ်နှစ်ကျော် ကာလအတွင်း EV တင်သွင်းခွင့် ရသည့်ကုမ္ပဏီ(၈၀)ကျော်အထိရှိလာခဲ့သည်။ ထို့ကြောင့် EV ကားလောက၏ အခြေအနေ၊ အပြောင်းအလဲများနှင့် ပတ်သက်၍ NP News သတင်းဌာနက မြန်မာနိုင်ငံမော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်း (MAMDA) ၏ ဒုဥက္ကဋ္ဌ ဦးမျိုးဇင်ဝင်းအား တွေ့ဆုံမေးမြန်းထားမှုများကို ဖော်ပြလိုက်ပါ သည်။

မေး - ပထမဆုံးသိချင်တဲ့မေးခွန်းကတော့ အစိုးရက ချမှတ်တဲ့ EV Policy က တစ်နှစ်ကျော်လာပြီပေါ့။ တစ်နှစ် လောက်အတွင်းမှာတော့ လုပ်ရင်းကိုင်ရင်းနဲ့ သိလာရတာတွေရှိတယ်။ အစိုးရရဲ့ EV Policy အပေါ်မှာ အစ်ကိုတို့ အသင်းအဖွဲ့ရဲ့သဘောထား ဘယ်လိုရှိလဲ။ မူဝါဒကောင်းသလား။ တစ်နှစ်အတွင်း ဘာတွေတွေ့ရလဲ။
ဖြေ - EV Policy ကကောင်းသလားဆိုရင် ကောင်းပါတယ်။ သေသေချာချာကို ချမှတ်ပြီးတော့ ဆွဲထားတဲ့ဟာမျိုး လို့တော့ ပြောလို့ရတာပေါ့။ အဲဒီမတိုင်ခင်တုန်းကလည်းပဲ သက်ဆိုင်ရာဌာနဆိုင်ရာ ဝန်ကြီးတွေနဲ့လည်း meeting လုပ်ခဲ့တာလေးတွေလည်းရှိတယ်။ Policy အရတော့ကောင်းပါတယ်။ ဒါပေမဲ့ Policy ကြားထဲမှာ နည်းနည်းလေး လုပ်နည်းလုပ်ဟန်လေးတွေက လိုအပ်ချက်လေးတွေရှိနေတာတော့ တွေ့ရပါတယ်။ ပုံမှန်လုပ်ငန်းစဉ်အရ ပြောရမယ်ဆိုလို့ရှိရင် တစ်ဖက်နိုင်ငံနဲ့ ကျွန်တော်တို့ contract ကို ခိုင်ခိုင်မာမာချုပ်ပြီးတော့မှ ဒီဘက်ကို တင်ရမှာပေါ့နော်။ အရှေ့အရှေ့မှာ တချို့တွေကတော့ ဘယ်လိုများ လုပ်သွားသလဲတော့ မသိဘူး။ နောက်တော့မှ Brand လိုက်ရှာကြတယ်။ တကယ့်တကယ် ကားအကြောင်းကို သေသေချာချာနားလည်တဲ့သူသည် လက်ရှိ ခိုင်မာတဲ့ Brand ကြီးကို ဆီကားတွေသွင်းနေတဲ့သူတွေတောင်မှ သူ့ကုမ္ပဏီကပဲထုတ်တဲ့ EV ကားကို မြန်မာနိုင်ငံနဲ့ ကိုက်ညီတဲ့ ဘယ် model ကိုပေးမယ်၊ မပေးဘူးဆိုတာ ညှိနှိုင်းဖို့အဆင့်တွေက အမှန် တကယ် အများကြီးရှိနေတာ ပေါ့။ ညှိနှိုင်းစဉ်းစားစရာတွေ အများကြီးရှိတာပေါ့။ တကယ့်တကယ်ဆိုရင်တော့ ကား Brand တစ်ခုနဲ့ စာချုပ်ချုပ် ဖို့၊ စကားပြောဖို့ အရင်လုပ်ပြီးမှ ဒီဘက်မှာ ပါမစ်တင်တဲ့အပိုင်းတွေက လုပ်ရ တာပေါ့နော်။ ဒါပေမဲ့ တချို့ဟာတွေ မှာ ကြည့်လိုက်လို့ရှိရင် ပါမစ်ကတော့ အရင်ကျလာပြီးတော့မှ Brand ရတာတွေလည်း တွေ့ကြတာပေါ့နော်။ ဘယ်လိုများ လွဲချော်မှုတွေရှိလဲတော့ မသိဘူးပေါ့။

မေး - EV နဲ့ပတ်သက်ပြီးတော့ ပြည်သူလူထုရှုထောင့်က စပြီးပြောကြည့်တာပေါ့။ လူထုဘက်က တချို့ အသံထွက်လာတာရှိတယ်။ လျှပ်စစ်မီးတောင်မမှန်ဘဲနဲ့ EV ကားက လိုလို့လားပေါ့။ ဒီ Policy ကဘာလဲပေါ့။ လူထုကသံသယရှိတာတွေ့ရတယ်။ အသင်းအဖွဲ့အနေနဲ့ EV ကားက တကယ်ကော လူထုအတွက် လိုအပ် တယ်လို့ ယူဆလား။
ဖြေ - လိုအပ်တယ်လို့ယူဆပါတယ်။ အပြောင်းအလဲ တစ်ခုကိုတော့ အရွေ့တစ်ခုမှာ လိုက်ရွေ့ရမှာပဲလေ။ အရင်တုန်းက ICE ကားကို ညာမောင်းတွေ ဂျပန်ကားတွေကိုပဲ တောက်လျှောက်သွင်းလာရာကနေ ဘယ်‌ မောင်းကိုပြောင်းတဲ့အချိန်မှာလည်း အကြောက်အကန် ငြင်းခဲ့ကြတာပေါ့နော်။ အခုကလည်း ခေတ်စနစ်အရ အရွေ့တစ်ခုကိုရွေ့ရတာပေါ့။ လောင်စာဆီ ပြဿနာကိစ္စတွေလည်းရှိနေတော့။ အဲဒီလိုလောင် စာဆီဈေးကြီး မြင့်တဲ့ဟာတွေရှိတဲ့အတွက်ကို EV ကားဆိုတာကတော့ ပြောင်းလဲဖို့လိုအပ်လာတာပေါ့နော်။ ခုနပြောသလို မြန်မာနိုင်ငံမှာ မီးလည်းမမှန်ဘဲနဲ့ EV ကားလားဆိုတဲ့ဟာတစ်ခုကတော့ ချို့ယွင်းချက်အနေနဲ့ရှိနေတာပေါ့။ မြို့ကြီးအနေနဲ့ကတော့ သင့်တော်တယ်လို့တော့ပြောလို့ရတယ်။ ထားပါတော့ ရန်ကုန်၊ မန္တလေး၊ နေပြည် တော် လောက်ကတော့ သုံးဖို့အတွက်သင့်တော်တယ်။ နယ်မြို့တွေဆိုရင်တော့ EV ကားစီးဖို့ အခက်အခဲ ရှိနိုင် တယ်။ EV ကား က တစ်ချိန်လုံးအားသွင်းဖို့လည်း မလိုဘူးလေ။ Range နိမ့်တဲ့ ကားတောင်မှအနည်းဆုံးက ကီလို (၃၀ဝ)လောက်ရကြတာလေ၊ မြင့်တဲ့ကားတွေဆို (၆၀ဝ)(၇၀ဝ)လောက်အထိ ရကြတာတွေ ပါလာ တယ်လေတယ်။ တကယ့်တကယ်ဆိုလို့ရှိရင် ကျွန်တော်တို့က အိမ်စီးကားအနေနဲ့ဆိုရင် (၄)ရက်(၅)ရက် လောက်နေမှ မီးအားတစ်ကြိမ်သွင်းရုံနဲ့အသုံးပြုလို့ရတာပေါ့။ ဖုန်းတစ်လုံးလိုပဲပေါ့။ ဖုန်းဆိုရင်လည်း မြန်မာ နိုင်ငံမှာ မီးလည်းမမှန်ဘဲနဲ့ ဘယ်လိုသုံးနေကြလဲပေါ့။ ဖုန်းလည်းတကယ်ဆိုရင်တော့ တစ်ရက်မှာ တစ်ခါ လောက်ပဲသွင်းတာလေ။ ကားဆို ရင်တော့ (၃)ရက်လောက်မှာ တစ်ခါ (၅)ရက် လောက်မှာတစ်ခါ သွင်းဖို့လိုအပ်တယ်ပေါ့နော်။ အဲဒီတော့ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်သည် သင့်တော်ပါတယ်။ သုံးလို့ ရပါတယ်။

မေး - EV ကားတွေကို policy စချတဲ့အချိန်မှာ အစိုးရက အသင်းအဖွဲ့တွေ ကားနဲ့ပတ်သက်တဲ့ ဆပ်စပ်တဲ့သူ အကုန်လုံး မလုပ်ခင်ကတည်းက ကြို တင်ညှိနှိုင်းတိုင်ပင်ခဲ့တာတွေရှိလား။ ဘာတွေ ညှိနှိုင်း တိုင်ပင်ခဲ့ကြလဲ။
ဖြေ - အဲဒီလိုမျိုးတော့မရှိပါဘူး။ policy ထွက်လာ ပြီးတော့မှ policy အတွက်ကို လုပ်ငန်းရှင်တွေ သိအောင်ရယ် အများပြည်သူသိအောင်ရယ် sharing လုပ်ပေးပါဆိုပြီး request လုပ်လို့ UMFCCI မှာ စက်မှုဝန်ကြီးဌာနရယ်၊ သိပ္ပံ နဲ့နည်းပညာဝန်ကြီးဌာနက တာဝန်ရှိသူတွေကလာပြီးတော့ policy နဲ့ ပတ်သက်ပြီးတော့ sharing လုပ်သွားတာ ရှိပါတယ်။

မေး - ဒီတစ်နှစ်အတွင်းမှာဆိုရင်ကော အစ်ကိုတို့ အသင်းအဖွဲ့တွေဘက်က လုပ်ရင်းကိုင်ရင်းနဲ့ တွေ့လာရတဲ့ အခက်အခဲတွေ အကျပ်အတည်းတွေ ဘာတွေရှိလဲ။
ဖြေ - အခက်အခဲကတော့ အခု EV Distributor Agreement ဆိုတဲ့ဟာကို လိုအပ်တဲ့အခါကျတော့ ယူကြတယ်။ ရ ကြတယ်။ ရအောင်လည်း လုပ်ခဲ့ကြတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတင်ထားတဲ့အဖွဲ့တွေထဲမှာ ဒီဟာရပြီးတော့ ဦးဆောင်ကော်မတီကနေ နည်းနည်းစောင့်ဆိုင်းနေရတဲ့အပိုင်းလေးတွေတော့ရှိတာပေါ့နော်။ တချို့ဦးဆောင် ကော်မတီတွေကနေပြီးတော့ ခွင့်ပြုချက်ရပြီးတဲ့နောက်ပိုင်းမှာ သွင်းဖို့အတွက်ကိုလုံလောက်တဲ့ တစ်ဖက် နိုင်ငံက contract ချုပ်ဆိုထားတဲ့အတိုင်းကို ကျွန်တော်တို့ကတင်သွင်းလို့မရတဲ့အခြေအနေလေးတွေ ရှိတာ ပေါ့။ အကန့်အသတ်နဲ့ တင်သွင်းနေရတာပေါ့။ အဲဒီအခက် အခဲကတော့ ရှိပါတယ်။

မေး - ပထမဆုံးအသုတ်လျှောက်ထားကြတဲ့အခါ မှာ EV ကားတင်သွင်းချင်လို့ လျှောက်ထားတဲ့ကုမ္ပဏီ (၉)ခု ရှိတယ်လို့သိရတယ်။ ပြီးတော့ နောက်ထပ် (၂၂)ခုနဲ့ဆိုတော့ စုစုပေါင်း(၃၁)ခုနဲ့ တစ်နှစ်အတွင်းမှာ လည်ပတ် ခဲ့ကြတယ်။ ဒါပေမဲ့ ရောက်လာတဲ့ ကားအစီးရေနဲ့ ကုမ္ပဏီ(၃၁)ခုနဲ့က အချိုးအစားချ ကြည့်လိုက်တဲ့အခါမှာ တော်တော်လေး limit ဖြစ်နေတာတွေ့ရတယ်။ သူတို့ဘာအဆင်မပြေဖြစ်ခဲ့ကြလဲဆိုတဲ့ မေးခွန်းကိုတွေ့ရ တယ်။ အစပိုင်းတစ်နှစ်အတွင်းမှာ လုပ်ထုံးလုပ်နည်း လုပ်ငန်းစဉ်တွေမှာ အားနည်းချက်တွေရှိခဲ့တယ်လို့ ယူဆရတာပေါ့။ ပွက်လောရိုက်ပြီး အသံတွေလည်းထွက်ခဲ့တယ်။ ဆိုတော့ ကား လောကထဲမှာ ဘာတွေဖြစ် ခဲ့ကြတာလဲ။
ဖြေ - တစ်နှစ်အတွင်းမှာ အမှန်ကတော့ ဝယ်လိုအားလည်းရှိပါတယ်။ စိတ်ဝင်စားတဲ့ပြည်သူတွေလည်း များပါ တယ်။ ဒါပေမဲ့ အဓိကက တင်သွင်းခွင့်လိုင်စင်လျှောက်ထားတဲ့နေရာမှာ အရေအတွက်တွေ ကျွန်တော်တို့ က တော့ အကန့်အသတ်နဲ့ပဲ ခွင့်ပြုတဲ့ အတွက်ကြောင့် အကန့်အသတ်နဲ့ပဲ ရောက်လာတဲ့ သဘောရှိတာပေါ့။

မေး - အပြင်မှာလေ့လာကြည့်ရသလောက်တော့ ကားတွေနဲ့ပတ်သက်ပြီး တင်သွင်းမယ်ဆိုရင် showroom ရှိရမယ်။ charging station ဆောက်ပေးရမယ်ဆိုတဲ့ သတ်မှတ်ချက်တွေရှိတယ်။ တကယ်တမ်း မြေပြင်မှာ လေ့ လာကြည့်တဲ့အခါမှာကျတော့ တချို့သူတွေက charging station လည်း ဆောက်မပေးဘူး။ showroom လည်း သေသေချာချာ ခိုင်ခိုင်မာမာနဲ့ ဘယ်နားမှာဖွင့်ထားမှန်းတောင်မသိဘူး။ Sale contract လိုဟာမျိုးတွေနဲ့လုပ်ပြီး ခိုင်ခိုင်မာမာလည်း မတွေ့ရဘူး။ ဒါပေမဲ့ အဲဒီကုမ္ပဏီကတော့ လုပ်ငန်းလည်ပတ်နေ တာတွေ့ရတယ်။ ဒါတွေကို ကြည့်ခြင်းအားဖြင့် အစိုးရဘက်က စိစစ်ကြပ်မတ်မှု အားနည်းတာလား။ ဒါမှမဟုတ် ကုမ္ပဏီတွေက လွယ်လို့ လုပ်သွားတာလား။ အသင်းအဖွဲ့အနေနဲ့ကြည့်မယ်ဆိုရင် ဒါဟာလောကတစ်ခုလုံးကို ထိခိုက်စေတယ်လို့ ကျွန်တော် မြင်တယ်။ အစ်ကို့အနေနဲ့ကော ဘယ်လိုပြောချင်လဲ။
ဖြေ - အဲဒါကတော့ EV နဲ့ပတ်သက်လို့ ကျွန်တော်တို့နိုင်ငံက first experience ဖြစ်တဲ့အချိန်ကာလလည်း ဖြစ်တယ်။ Pilot Project ဆိုတဲ့ခေါင်းစဉ်အောက်မှာလည်း သွားနေတယ်။ Pilot Project ဆိုတဲ့ခေါင်းစဉ်အောက်မှာ သွားနေတဲ့ အခါကျတော့ ဦးဆောင်ကော်မတီက ချထားတဲ့မူဝါဒတွေကတော့ ရှိတယ်။ ဒါပေမဲ့ ကျွန်တော်တို့က Pilot Project မှာ experimentation လုပ်မယ်ဆိုတဲ့အချိန်ကျတော့ တချို့အချက်တွေကျတော့လည်း နောက်မှ ဖြည့်စွက်မယ်ဆိုပြီး ကုမ္ပဏီက တင်ပြလာတော့ ဦးဆောင်ကော်မတီက Pilot Project ကို experimentation လုပ်တဲ့အချိန်မှာ ပေါ်လွင်အောင်လို့ သူတို့ခွင့်ပြုလိုက်တာလည်းရှိတယ်။ နောက်မှ substitute လုပ်တာကတော့ ကုမ္ပဏီရဲ့ လိုအပ် ချက်ရှိတာပေါ့နော်။ ဒီလို first experience မြန်မာပြည်ရဲ့ ပထမဆုံး EV လောကရဲ့စတင် သက်ဝင်လှုပ်ရှားတဲ့ အ ချိန်မှာ လိုအပ်ချက်ရှိနေတဲ့ အခါမျိုးမှာတော့ impact ကတော့ နှစ်ဖက်လုံးမှာ ရှိနိုင်တာပဲ။ ဦးဆောင်ကော်မတီ ဘက်မှာလည်းရှိနိုင်သလို ကျွန်တော်တို့ကားလောကထဲမှာလည်း ရှိနိုင်ပါတယ်။ ဒါပေမဲ့ အသင်းအဖွဲ့အနေနဲ့ကတော့ အစိုးရနဲ့ ကုမ္ပဏီနဲ့ သုံးစွဲသူရဲ့ကြားထဲမှာပဲ အသင်းအဖွဲ့က အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင် ညှိနှိုင်းဖို့ပဲလိုတယ်လို့ ထင်ပါတယ်။

မေး - ကားသွင်းတဲ့ တစ်နှစ်အတွင်းမှာ အစိုးရက တကယ် policy ချတုန်းက charging station တွေ ဘယ်လောက် ဆောက်မယ်ဆိုပြီး အကြီးကြီးတွေပြောခဲ့ကြပေမယ့် တကယ်ဖြစ်လာတဲ့အခါမှာ သူတို့ပြောတာရဲ့ (၁၀)ရာခိုင်နှုန်း (၂၀) ရာခိုင်နှုန်းလောက်ပဲ ‌ဆောက်တာကိုတွေ့ရတယ်။ လူတွေကြားထဲမှာ charging station လည်းမရှိဘူး။ ကားသွင်းရခက်တယ်။ ဝယ်စီးရခက်တယ်ဆိုတဲ့ သဘောထားတွေ ထွက်လာတာတွေ့ရတယ်။ ဒီ process အစိုးရဘက်က ကုမ္ပဏီတွေကို မကြပ်မတ်ခဲ့တာလား။ အစိုးရဘက်က အားနည်းတာလားလို့ ကျွန်တော်တော့ မြင်တယ်။ ဘယ်လိုမြင်မိလဲ။
ဖြေ - အဲဒါနဲ့ပတ်သက်ပြီးတော့ အရေးယူထားတဲ့ ကုမ္ပဏီတစ်ခုရှိတယ်။ ကုမ္ပဏီတစ်ခုက လုံးဝပိတ်သိမ်း လိုက်ရတဲ့အထိ အရေးယူလိုက်တယ်ဆိုပြီး ကျွန်‌တော်တို့ ကြားသိရတယ်။ charging station လုပ်မယ်ဆိုပြီး လည်း မလုပ်နိုင်ဘူး။ ကားသွင်းမယ်ဆိုပြီးတော့လည်း ကားမသွင်းနိုင်တဲ့ ကုမ္ပဏီတစ်ခုပေါ့။ အမှန်တကယ် ကုမ္ပဏီစာရင်းကိုပြန်ကြည့်လိုက်ရင် ပထမက (၃၁)ခုရှိတယ်။ ဒုတိယက (၅၁) ခုချတာပေါ့နော်။ စုစုပေါင်း (၈၂)ခုဖြစ်ရမှာ။ ဒါပေမဲ့ အခုကျလိုက်တဲ့အထဲမှာပြန်ကြည့်လိုက်လို့ရှိရင် (၈၁)ခုပဲတွေ့တော့မယ်။ အရင်အ ဟောင်းနဲ့ပြန်တိုက်လိုက်ရင်တော့ ဘယ်ကုမ္ပဏီလဲဆိုတာ မြင်ပါလိမ့်မယ်။ သူတို့ အရေးတော့ယူပါတယ်။ နောက်ပိုင်းမှာဆိုလို့ရှိရင်လည်း ထိထိရောက်ရောက် တင်းတင်းကြပ်ကြပ် အရေးယူလာလိမ့်မယ်လို့ ထင်ပါတယ်။ ယူဆပါတယ်။

မေး - ကားလောကကနေမဟုတ်ဘဲ အပြင်လောက ကနေ ကြားနေရတာတွေလည်းရှိပါတယ်။ ကားတွေမှာ sale contract နဲ့သွင်းလာတဲ့ ကားကုမ္ပဏီအများအပြားရှေ့ပိုင်းမှာတော်တော်လေးလုပ်စားခဲ့ကြတာများတယ်။ လွတ်လွတ်ကျွတ်ကျွတ် အကုန်စုပြုံသွင်းလာတာတွေ့ရတယ်။ အစိုးရကိုယ်တိုင် ထိထိရောက်ရောက် ထိန်း ကျောင်းနိုင်စွမ်းမရှိဘူးလို့ ကြားခဲ့ရတယ်။ အစ်ကိုတို့အနေနဲ့ကော ဒီလိုဖြစ်ရပ်မျိုးတွေကို လိုလားမှုရှိလား။
ဖြေ - အဲဒါနဲ့ပတ်သက်ပြီး အသင်းအနေနဲ့ကတော့ စာတင်ပြီးတော့ တင်ပြခဲ့တာရှိပါတယ်။ အဲဒီတုန်းကလည်း ဝန်ကြီးကနေဦးဆောင်ပြီးတော့ ကျွန်တော်တို့ကို ခေါ်တွေ့တာလည်းရှိပါတယ်။ တကယ့် တကယ်ကျတော့ EV Policy အကောင်အထည်ဖော်ဖို့အတွက်ကို ကနဦးဖြေလျှော့ပြီးတော့ နောက်ပိုင်းမှာ လိုအပ်တဲ့ Document တွေ တင်ပြပါဆိုတဲ့ဟာမျိုး။ Distributor Agreement (DA) ကိုတော့ နောက်မှတင်ပြပါ၊ လောလောဆယ်မှာ sale contractနဲ့ အရင်သွင်းပါဆိုတဲ့ ဖြေလျှော့ပေးလိုက်တဲ့ အချက်လေးတွေရှိတယ်။ အဲဒါကနည်းနည်း အရှိန်လွန် သွားတယ်လို့ပြောလို့ရတာပေါ့။ ကားတွေကတော့ DA မဟုတ်တဲ့ brand တွေ အဲဒီလို sale contract နဲ့ပေါ့ ရောက်ချလာတာပေါ့နော်။ အခုနောက်ပိုင်းကတော့ တင်းကြပ်တယ်။ ဒီနောက်ပိုင်းကနေစပြီးတော့ sale contract နဲ့ဆိုရင်မပေးတော့ဘူး။ DA ရမှပေးမယ်ဆိုတာမျိုးကိုပြန်ပြီးတော့ သတ်မှတ်လိုက်တာတွေ့ရပါတယ်။ အခု နောက်ပိုင်းလည်း တင်းတင်းကြပ်ကြပ်လုပ်မယ့် သဘောမျိုးကို တွေ့ရပါတယ်။

မေး - နောက်တစ်ခုက အစိုးရဘက်ကသွားနေတဲ့ trend လေးတွေကို လေ့လာကြည့်တဲ့အခါကျတော့ အစိုးရက သူရဲ့နိုင်ငံခြားငွေသုံးစွဲတဲ့ကိစ္စမှာ limit ဖြစ်နေတာပေါ့နော်။ Market Float မဖြစ်ဘူးပေါ့။ ကားကုမ္ပဏီက တင် သွင်းပေမယ့် နိုင်ငံခြားငွေရရှိမှုမှာ အခက်အခဲတွေဖြစ်နေတယ်။ အဲဒီ process ကကော လုပ်ငန်းအခြေအနေ အတွက် အခက်အခဲဖြစ်နေလား။ ဘယ်လိုပုံစံနဲ့ဖြစ်နေလဲ။
ဖြေ - ဖြစ်တာပေါ့။ အဲဒီဟာကလည်းပဲ နိုင်ငံတော်ရဲ့ နိုင်ငံခြားငွေသုံးစွဲရေး ကြီးကြပ်ဆောင်ရွက်ရမယ့် တာဝန် တစ်ပိုင်းလည်းရှိပါတယ်။ အဲဒီအပေါ်မှာ ကျွန်တော်တို့ကလည်းပဲ ဒီဟာကို ဦးစားပေးဆိုတဲ့ အထဲမှာတော့ သွား တောင်းဆိုလို့ မသင့်တော်ဘူးလေ။ ဒါလည်း သူ့အပိုင်းနဲ့သူကတော့ ထိန်းညှိတဲ့ အပိုင်းတွေရှိမှာပေါ့။ အဲဒါကြောင့် မို့လို့လည်း ကျွန်တော်တို့က EV ကား ပါမစ်တွေက အကန့်အသတ်နဲ့ပဲ ရနိုင်တဲ့သဘောပဲ ရှိတာပေါ့နော်။ အဲဒါကို အောင်မြင်အောင်လုပ်မယ်ဆိုရင်တော့ Market Float ပေးလိုက်မှအောင်မြင်မယ်ပေါ့နော်။ အခုကတော့ market ထဲမှာ ဖြစ်သင့်တဲ့ဈေးထက်(၂၀)ရာခိုင် နှုန်း (၃၀)ရာခိုင်နှုန်းလောက် ပိုများနေတာပေါ့နော်။ market ကိုအဲဒီလိုမျိုး လွတ်လွတ်လပ်လပ်သာ ခွင့်ပြုပေးလိုက်မယ်၊ တင်သွင်းခွင့်ပါမစ်တွေကိုလည်း လွတ်လွတ်လပ် လပ်ပေးလိုက်မယ် ဆိုရင်တော့ ကားဈေးနှုန်းတည်ငြိမ်ရေးနဲ့ အများနဲ့ယှဉ်ပြိုင်ပြီး ရောင်းရတဲ့အခါကျရင် ဈေးတွေလည်း ထိုက်သင့် သလောက် တော်တော်လေးကို တည်ငြိမ်သွားနိုင်တယ်ပေါ့နော်။ တကယ့် တကယ်ပြော ရလို့ရှိရင်တော့ လုပ်ငန်းရှင်ကတော့ ဝယ်လိုအားရှိသလောက်ပဲသွင်းမှာ။ အရင်တုန်းက ICE ကားတွေလည်းပဲ ပါမစ်ခွင့်ပြုခဲ့တဲ့ အချိန်တုန်းကတော့ ကားအသစ်တွေရောက်လာတဲ့ နောက်ပိုင်းမှာ မြန်မာနိုင်ငံရဲ့လိုအပ်ချက်က တစ်နှစ်ကို ကားအစီးရေ(၃၀ဝဝဝ)ကနေ (၅၀ဝဝဝ) ကြားမှာရှိတယ်။ အဲဒီပမာဏထက်ကို ကျော်လွန်ပြီးတော့ သွင်းလာစရာအကြောင်းတော့မရှိဘူး။ EV ဆိုရင် ဒီ့ထက်ပမာဏ နည်းမှာပေါ့။ ကျွန်တော်ထင်တယ် တစ်နှစ်ကို (၁၀ဝဝဝ)၊ (၁၅၀ဝဝ)လောက် မြန်မာနိုင်ငံကိုရောက်လာလို့ရှိရင် တစ်နှစ်ကိုလုံလောက်တဲ့ပမာဏဖြစ်လိမ့်မယ်လို့ ယူဆတယ်။ အဲဒီလောက်ရောက်လာလို့ရှိရင် market ထဲမှာလည်း ကားဈေးနှုန်းနဲ့ပတ်သက်ပြီး တည်ငြိမ်မှု တစ်ခုလည်း ရသွားမယ်။ အများပြည်သူကြားထဲမှာလည်း EV ကားရဲ့သုံးစွဲမှုကျယ်ပြန့်မှုနှုန်းလည်း တိုးလာမယ်လို့ ကျွန်တော်ကတော့ ယူဆတယ်။

မေး - အဲဒါဆိုရင် ကားအစီးရေ (၁၀ဝဝဝ)(၁၅၀ဝဝ)လောက်ဝင်လာရင် နိုင်ငံ့လူဦးရေနဲ့ နိုင်ငံခြားငွေသုံးစွဲမှု ပြဿနာ ကြီးကြီးမားမား မဖြစ်လာနိုင်ဘူးလို့ ပြောရမှာပေါ့။
ဖြေ - ယူဆတာက EV ကားကြောင့်လို့ပြောပေမယ့် တကယ့်တကယ် တစ်လတစ်လကိုမှ ကျွန်တော်တို့ ကြား သိရသလောက် ဒေါ်လာအနေနဲ့ (၅)သန်းနဲ့ (၈)သန်းလောက်ပဲရှိတယ်။ တခြားသောကုန်စည်တွေနဲ့ ယှဉ်လိုက် လို့ရှိရင် အများကြီးမရှိဘူး။ အစီးရေ (၁၀ဝဝဝ) လောက်သွင်းလာရင်တောင်မှ ပျမ်းမျှကို ဒေါ်လာ(၂၀ဝဝဝ)နဲ့ တွက်ရင်တောင်မှ တစ်နှစ်ပတ်လုံးကို ဒေါ်လာသန်း(၂၀ဝ)ဝန်းကျင်လောက်ရှိနိုင်တယ်ပေါ့နော်။ စက်သုံးဆီ ဆိုလို့ရှိရင် သူ့ရဲ့အချိုးနဲ့ယှဉ်လိုက်လို့ရှိရင်အများကြီးနည်းပါတယ်။ သို့သော်ငြားလည်း မိကျောင်းမင်း ရေကင်း ပြဖြစ်သလို အရမ်းကြီး‌ရှေ့ထွက်ပြီးတော့ ပြောလို့မရဘူးလေ။ လူကြီးတွေလည်းသိမှာပါ။ သူတို့မှာလည်း ချိန်ဆမှုအပိုင်းတွေလည်းရှိမှာပေါ့။ တကယ့်တကယ်ကျတော့ ခုန ကတွက်ပြသလိုပဲ (၁၀ဝဝဝ)လောက် ခွင့်ပြုလိုက်ရင်တောင် တစ်နှစ်ကို ဒေါ်လာသန်း(၂၀ဝ)ဝန်းကျင်ထက် မပိုပါဘူး။ အဲဒီထက်လည်း ကျွန်တော် တို့ဝယ်လိုအားက ဝုန်းဒိုင်းကြဲ အနေအထားမျိုးလည်း မတွေ့ရပါဘူး။ ဈေးနှုန်းတည်ငြိမ်ရေးကိုတော့ တော် တော်တော့ အ‌ထောက်အကူပြုသွားမှာ အမှန်ပါ။

မေး - တစ်နှစ်ကျော်အတွင်းမှာပဲ ကုမ္ပဏီပေါင်း(၈၁)ခုဖြစ်သွားပြီပေါ့။ ကုမ္ပဏီပေါင်း(၈၁)ခုက တင်သွင်းမယ့် brand ကလည်း ကျွန်တော်ထင်တယ် limit ဖြစ်လိမ့်မယ်လို့ယူဆတယ်။ ဒီကုမ္ပဏီတွေ ဘယ်လိုသွင်းကြမလဲ ဆိုတဲ့ မေးခွန်း။ ကားအသင်းအနေနဲ့ကော ဒီလို‌မေးခွန်းမျိုးကို သေချာစဉ်းစားကြည့်ဖူးလား။
ဖြေ - ကျွန်တော်လေ့လာကြည့်သလောက်တော့ အရှေ့ကကျပြီးသားလူတွေက တင်သွင်းခွင့်ပါမစ် အခက်အခဲ ကြောင့် (၅၁)ခုထဲမှာ ထပ်ပြီးတော့ ပါမစ် အလှည့်မြန်အောင်လို့ အရင်ရပြီးသားလူတွေကပဲ နောက်ထပ်(၃) (၄)ခုလောက်ထပ်လျှောက်ထားတဲ့သူတစ်ဝက်လောက်က အဲဒီလိုထပ်လျှောက်ထားတဲ့အနေအထားမှာ တွေ့ ရတယ်။ အရင်လူကပဲ နောက်ထပ်ကုမ္ပဏီ(၂)ခု၊ (၃)ခု၊ (၄)ခုအထိ ထပ်လျှောက်ထားတာမျိုးတွေ တွေ့ရ တာပေါ့။ brand ကတော့ အများကြီး ပိုမလာပါဘူး။ အခုသွင်းနေကြတာသည် တရုတ် brand တွေပဲများတာပါ။ တရုတ်ပြည်မှာ brand ကောင်းကောင်းကလည်း လက်ဆယ်ချောင်းထက်ကို မပိုဘူးပေါ့နော်။ ဒီ brand ကိုပဲ ထပ်ခါထပ်ခါနဲ့ ဝင်လာဖို့ပဲရှိတယ်။

မေး - နိုင်ငံတော်ရဲ့ policy ဆိုတော့ နိုင်ငံတော်က‌ရော EV နဲ့ပတ်သက်ရင် သူတကယ်ဖြစ်စေချင်တာ ဘာလဲ ဆိုတာ ပွင့်ပွင့်လင်းလင်းရှင်းပြတာရှိလား။
ဖြေ - EV policy မှာဘာဖြစ်စေချင်လဲဆိုတော့ သူကတော့ ကားနဲ့ပတ်သက်ပြီး standard တွေဘယ်လို သတ်မှတ်တယ်၊ charging station ဆိုရင် ဘယ်လိုရှိမယ်၊ တင်သွင်းခွင့်နဲ့ပတ်သက်လို့မူဝါဒတွေ ဘယ်လိုရှိမယ် ဆိုတာကိုပဲ အဓိကပြောသွားတာပေါ့။ ရည်မှန်းချက်အနေနဲ့ဆိုရင် ၂၀၂၅ နောက်ပိုင်းဆိုရင် ကျွန်တော်တို့က SKD ဘက်ကိုပဲ ဦးစားပေးလာမယ်။ ‌နောက်ပိုင်း CBU အလုံးလိုက်တင်သွင်းတာတွေကို အခွန်တိုးမြှင့် ကောက် ခံလာမယ်။ အဲဒီလိုမျိုး အပိုင်းတွေကိုပဲ မြင်ရတာပေါ့နော်။ Roadmap နဲ့ Plan အရတော့ကောင်းတယ်။ လိုအပ် ချက်လေးက နိုင်ငံတော်ကချမှတ်ထားတဲ့မူဝါဒရော DA ရှိရမယ်ဆိုတဲ့ဟာရော လုပ်ငန်းရှင်တွေဘက်ကတော့ ရှိအောင်တော့ လိုက်လုပ်လိုက်တယ်။ ဒါပေမဲ့ ခုနလိုမျိုး အကန့်အသတ်နဲ့ပဲ တင်သွင်းခွင့်ရတဲ့အခါကျတော့ အဲဒီအကန့်အသတ်ကို ပြေလည်အောင်လို့ ထပ်ပွားပြီးတော့ ကုမ္ပဏီတွေထပ်လျှောက်ကြတာကလည်း မှား လားဆိုတော့ လုပ်ငန်းရှင်တွေဘက်ကလည်း မမှားဘူးလို့ ပြောလို့ရတာပေါ့။ သူတို့ကလည်း ဘောင်ဝင်အောင် တော့ အကုန်လုံးကလုပ်ထားတာ။ မူဝါဒနဲ့တော့ အကုန်လုံးကတော့ ကိုက်ညီပါတယ်။ ဒါပေမဲ့တစ်ဖက်က ပါမစ်အခက်အခဲကြောင့် အဲဒီလိုမျိုးတွေ လုပ်တဲ့သဘောမျိုးတွေတော့ဖြစ်နေတာပေါ့။ ကုမ္ပဏီတွေ ပွားသွား တာပေါ့။

မေး - နိုင်ငံတော်က သူတို့သွားချင်တဲ့လမ်းက ဒီနေရာလို့ပြောပေမယ့် သူတို့တကယ်သွားနေရတဲ့ နေရာနဲ့ တကယ်သူတို့ရောက်သွားတဲ့ဟာနဲ့က ရည်မှန်း ချက်ပြည့်တယ်လို့ ယူဆလား။
ဖြေ - အကောင်အထည်ကတော့ ပေါ်လာပြီ။ အစီးရေနဲ့တွက်ရင်တော့ ရည်မှန်းချက်ကတော့ အများကြီး လို မှာပေါ့။ ကျွန်တော်သိသလောက်ကတော့ ပထမက သူတို့ရည်မှန်းထားတာသည် တစ်နှစ်အတွင်းကို (၃၀ဝဝဝ) လောက်ဝင်မယ်လို့ သူတို့ခန့်မှန်းခဲ့တာပေါ့။ အရေအတွက်နဲ့ပြောရင် တကယ့်တကယ်ကတော့ (၁၀)ရာခိုင် နှုန်းလောက်ပဲ ရောက်လာတာပေါ့။ ဒါပေမဲ့ Facility ပိုင်းနဲ့ပြောမယ်ဆိုရင်တော့ (၅၀) ရာခိုင်နှုန်းလောက် မကဘူး အောင်မြင်တယ်လို့ ပြောလို့ရတာပေါ့။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့က charging station တွေ အ ထိုက်အလျောက်ရှိလာတယ်။ နောက်တစ်ခုက EV လည်း အထိုက်အလျောက် သူဟာနဲ့သူ market ထဲမှာ လူထု ရဲ့စိတ်ဝင်စားမှုလည်း ခံရတယ်ပေါ့နော်။ အသိပညာတွေလည်းရလာတဲ့ အပိုင်းတွေလည်း ရှိတဲ့အခါကျတော့ policy ပိုင်းအရဆိုရင်တော့ (၅၀)ရာခိုင်နှုန်းမကဘူးပေါ့။ (၇၀)ရာခိုင်နှုန်းလောက် အောင်မြင်တယ်လို့ ပြော လို့ရတယ်။ ဒါပေမဲ့ အရေအတွက်နဲ့ပြောရင်တော့ (၁၀) ရာခိုင်နှုန်းလောက်ပဲရှိတယ်လို့ ပြောလို့ရတာပေါ့။

မေး - နောက်ဆုံးချပေးလိုက်တဲ့ (၅၁) ခုမှာဆိုရင် ကြားရတာက ကုမ္ပဏီတစ်ခုကို အစီးရေ(၅၀ဝ)အထိ လုပ် ခွင့်ပေးမယ်လို့ပြောတော့ တွက်ကြည့်လိုက်မယ်ဆိုရင် ကုမ္ပဏီအခု(၅၀)ကို အစီး(၅၀ဝ)နဲ့ဆိုရင် အစီးရေ (၂၅၀ဝဝ)။ ဒီ(၆)လ၊ တစ်နှစ်အတွင်းမှာ အစီးရေ(၂၅၀ဝဝ)သွင်းရမယ်ဆိုတဲ့ ပုံစံမျိုးထဲကို ဝင်သွားတာပေါ့။ တကယ်ကော ဖြစ်နိုင်ပါ့မလား။
ဖြေ - အဲဒီလိုပြောလို့ရှိရင် အရှေ့က(၃၁)ခုက ပျမ်းမျှကုမ္ပဏီတစ်ခုကို အစီးရေ(၁၀ဝဝ)ခွင့်ပြုတာ။ ဒါပေမဲ့ အဲဒါကကျတော့ ဦးဆောင်ကော်မတီကနေပြီးတော့ ခွင့်ပြုထားတဲ့သူ့ရဲ့ဘောင်ပေါ့။ အကန့်အသတ်ဘောင် တစ်ခုသတ်မှတ်ပေးလိုက်တာပေါ့။ တကယ့်တကယ်ကျတော့ ကျွန်တော်တို့က ဒီဟာကိုကိုင်ပြီးတော့ ကား တန်းတင်သွင်းလို့မရဘူးလေ။ EV ကော်မတီက ခွင့်ပြုလိုက်တာသည်က တစ်ကန့်။ တကယ့်တကယ် မြေပြင် မှာ ကျွန်‌တော်တို့က ခုနပြောတဲ့ Facility ဖြစ်တဲ့ showroom ဆောက်ရမယ်။ showroom license လုပ်ရတဲ့ အ ပိုင်းတွေ ဒါတွေပြီးမြောက်ပြီးတော့မှ ကျွန်တော်တို့က တင်သွင်းခွင့် အပိုင်းသတ်သတ်ကတော့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကနေ ပါမစ် လျှောက်တဲ့အချိန်ကျတော့မှ ခုနလာတဲ့ FESC ဖြတ် တာတို့ ခွင့်ပြုချက်နဲ့ ပါမစ်လျှောက်ရတဲ့ အပိုင်းတွေနဲ့ အဲဒီကျမှ အကန့်အသတ်နဲ့ပြန်ဖြစ်သွားတာပေါ့။ အကန့်အသတ် ကြောင့်ဆိုလို့ရှိရင် ကျွန်တော်တို့ ယူဆချက်နဲ့ပြောမယ်ဆိုရင် တစ်နှစ်ကိုအစီး(၁၀ဝ)တောင်မှ နည်းနည်း ခက် ခဲမယ့်သဘောရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုကုန်တွေအရမ်းများသွားတဲ့အတွက်ကြောင့်မို့လို့ပေါ့။ အရင် လိုမျိုး FESC ကနေ ထိန်းညှိမှုအပိုင်းတွေ ရှိနေမယ်ဆိုရင်တော့ ကုမ္ပဏီတစ်ခု အစီး(၁၀ဝ)ရဖို့တောင်မှ အခက်အခဲ ရှိနိုင်တဲ့အပိုင်းမျိုး မြင်ရတယ်ပေါ့နော်။

မေး - နောက်တစ်ချက်က Showroom သတ်မှတ်ချက်ပေါ့နော်။ EV ကားတင်သွင်းခွင့်ရတဲ့ ကုမ္ပဏီတွေနဲ့ သတ်မှတ်တဲ့ Showroom အကျယ် Space ဆိုတာ သတ်သတ်ရှိတယ်။ Showroom တွေက လမ်းမတန်း (သို့မဟုတ်) လမ်းမဘေးမှာပဲရှိရမယ်လို့ ကျွန်တော်တို့နားလည်ထားတာပေါ့နော်။ ရပ်ကွက်ထဲမှာ Showroom ဖွင့်တဲ့သူတွေကောရှိလား။ စည်းမျဉ်းစည်းကမ်းဘောင်နဲ့ပြောမယ်ဆိုရင် ဘောင်မဝင်တာကို တွေ့ရတယ်။ တချို့ ဒါမျိုးတွေဘောင်မဝင်တာတွေ့ရပေမယ့် အစိုးရရဲ့ Policy က တားမြစ်ထိန်းချုပ်တာတွေ မတွေ့ရဘူး။
ဖြေ - အဲဒီပိုင်းကတော့ တချို့တွေက ပြောရမယ်ဆိုရင် Main Showroom ကြီးကတော့ တစ်နေရာမှာ ရှိကောင်း ရှိနေနိုင်တာပေါ့နော်။ အတိအကျတော့ ကျွန်တော်တို့လည်း မပြောနိုင်ဘူး။ မသိဘူးပေါ့။ ထားပါတော့ Main Showroom ကတော့သတ်မှတ်ချက်ညီအောင်ဆိုပြီးတော့ စရိတ်စကသက်သာဖို့အတွက်ကို သူ့ဟာသူရပ်ကွက် ထဲ ချောင်ထဲမှာ ဖွင့်ထားပြီးတော့မှ Showroom အသေးအနေနဲ့ အခွဲအနေနဲ့ထပ်လုပ်သလားတော့ မပြော တတ်ဘူးပေါ့နော်။ သိရသလောက် သည်သတ်မှတ်ချက်နဲ့ညီတဲ့ Showroom တစ်ခုက ရှိကိုရှိရမယ်။ ရှိရမယ့် အပြင် showroom license ရှိမှ ကညနမှာလည်း license ဝင်လို့ရတာ။ ကတ်ရှိမှသာလျှင် ကညနမှာ license ဝင်လို့ ရမှာပေါ့နော်။ ရှိသလား မရှိသလားဆိုတဲ့အပိုင်း၊ license ဝင်ခွင့်ပြုသလား၊ မပြုသလားဆိုတဲ့အပိုင်းကတော့ ကညနရယ် စီးပွားကူးသန်းရယ်မှာ သူတို့ကနေပြီးတော့ စိစစ်ပြီးတော့လုပ်ဆောင်ထားတယ်လို့ယူဆတာ။ တစ်နေရာမှာတော့ ရှိနေလိမ့်မယ်လို့ ထင်တာပေါ့နော်။

မေး - EV နဲ့ပတ်သက်လို့ရှိရင် ကားလောက က လူတစ်ယောက်အနေနဲ့ အစိုးရကို Policy ပိုင်းက ဖြစ်ဖြစ်၊ မူဝါဒ ပိုင်းကဖြစ်ဖြစ် ဖြေလျှော့ပေးစေချင်တဲ့ အပိုင်းရှိလား။ ဘာအပိုင်းတွေလဲ။
ဖြေ - တင်သွင်းခွင့်ပါမစ် license ပဲဖြစ်မယ်ထင်တယ်။ တစ်ခုတော့ရှိတာပေါ့နော် ရှိပြီးသား Showroom တွေ အ နေနဲ့ ရှိပြီးသား Brand ကြီးတစ်ခုအနေနဲ့ ICE ကားကို တင်သွင်းခဲ့တဲ့ တကယ့် Brand ကြီးတွေအနေနဲ့ ဒီ EV ကို ထပ်လျှောက်တဲ့အချိန်မှာ အတူတူပူးတွဲရောင်းချခွင့်ရတဲ့ဟာမျိုးကတော့ ဖြစ်သင့်တာပေါ့နော်။ ပြောရရင် တော့ ကျွန်တော်တို့ကလည်း တကယ့် Main Brand ပိုင်ရှင်ကြီးတွေမဟုတ်ပါဘူး။ ဒါပေမဲ့ မြင်နေရတဲ့ အနေ အထားအရ Main Brand တွေက တော့ EV Showroom သီးခြားထပ်ပြီးတော့ တည်ဆောက်ပါလို့ သူတို့အတွက် ကိုလည်း တင်သွင်းခွင့်ရတဲ့အရေအတွက်နဲ့စာလို့ရှိရင် ရင်းနှီးမြှုပ်နှံမှုကကြီးတယ်။ အဲဒီအပိုင်းလေးကို ဖြေ လျှော့ဖို့ရယ်။ နောက်တစ်ခုက တင်သွင်းခွင့်ပါမစ်ကို ပိုပြီးတော့ ချပေးနိုင်ဖို့အတွက်ကို စဉ်းစားစေချင်ပါတယ်။ အစိုးရကို ကျွန်တော်တို့ပြောတဲ့အထဲမှာ ICE Showroom တွေက Brand ကြီးမှလည်းမဟုတ်ဘူး။ လက်ရှိမှာ အစိုးရရဲ့ registration လုပ်ထားတဲ့ အမြတ်ခွန်တင်သွင်းထားမယ်၊ ငွေလွှဲထားမယ် လုပ်ငန်းလိုင်စင်က အစ သက်တမ်းရှိနေတဲ့ ICE Showroom အကုန်လုံး က EV တင်သွင်းမယ်ဆိုရင် ဒါကလွယ်လွယ်ကူကူ ဆက်လက် တင်သွင်းခွင့်ပြုဖို့လိုသလို EV ရဲ့ဖော်ဆောင်တဲ့အချိန်မှာ အဓိကက ကားတွေတင်သွင်းတယ်ဆိုရင် charging station ပြဿနာကလည်း သုံးစွဲတဲ့သူတွေအတွက် တော်တော်စဉ်းစားရ ခက်တယ်။ အသင်းအနေနဲ့ပဲဖြစ်ဖြစ်၊ ကျွန်တော်တို့ personal ပဲဖြစ်ဖြစ် အကြံဉာဏ်ပေးချင်တာတော့ ‌တော်တော်များများ မြို့ပေါ်မှာအများဆုံးသုံးတဲ့ EV ကို ဝန်ကြီးဌာနတော်တော်များများမှာ နှစ်ပေါင်းများစွာ အသုံးမပြုတော့တဲ့ ဂိုဒေါင်တွေရှိတယ်။ အဲဒီလို နေရာ မျိုးမှာ charging station ကို ကုမ္ပဏီကိုပါ လက်တွဲ ခေါ်ပြီးတော့ charging station တွေတည်‌ထောင် ပေး မယ်။ လျှပ်စစ်မီးဆိုတာ ကျွန်တော်တို့ဆီမှာ system breakdown ဖြစ်တာမဟုတ်ဘူး။ မလုံလောက်လို့ မျှထား တာ။ မလုံလောက်လို့မျှထားတဲ့အခါ မျိုးကျမှ EV station? main station အတွက် power supply udk charging station
ကမှ ထိုက်သင့်တာတွက်ပြီးတော့ အလှည့်ကျစနစ်တကျ အချိန်မှန်မှန်လေးပေးသွားမယ်ဆိုရင်လည်း ဒါက တင်သွင်းတဲ့လုပ်ငန်းရှင်အတွက်လည်းကောင်းသလို၊ သုံးစွဲသူအတွက်လည်း ကောင်းတယ်။ နိုင်ငံတော် အ တွက်လည်း အခွန်ဆောင်တာအမြန်ဆုံး အောင်မြင်နိုင်တာပေါ့။ ဒါမျိုးလေးတွေလည်း မြို့ပြနေရာတွေမှာ ထည့် စဉ်းစားမယ်ဆိုရင် EV အတွက် လုပ်ငန်းစဉ်အောင်မြင် ဖို့ဆိုတာလည်း အများကြီးအထောက်အကူပြု တယ် လို့လည်း ဖြည့်စွက်အကြံပေးချင်ပါတယ်။

မေး - ဆီကားတွေရဲ့ အနာဂတ်ကကော ဘာဆက် ဖြစ်မလဲ။ ဘယ်လိုဆက်ဖြစ်လာနိုင်တယ်လို့ ထင်လဲ။ Policy မှာ ဆီကားအကြောင်း မပါသလိုခံစားရတယ်။
ဖြေ - ဆီကားရဲ့အနာဂတ်ကဘယ်လိုဖြစ်မလဲဆိုတော့ အမှန်တကယ်ကတော့ လက်ရှိမှာတော့ CBU
တင်သွင်းခွင့်ကတော့ ရပ်ဆိုင်းနေတာပေါ့နော်။ ပိတ်ထားတယ်ဆိုတဲ့ အသုံးအနှုန်းကတော့ မသုံးပါဘူး။ အဲဒါ ကိုလည်းပဲ အကန့်အသတ်နဲ့တော့ ပြန်ပြီးတော့ခွင့်ပြုပေးသင့်တာပေါ့နော်။ ဘာလို့လဲဆိုတော့ နိုင်ငံတော် လည်း ထိုက်သင့်တဲ့အခွန်ကို ကောက်ပြီးတော့ ပေးသွင်းခွင့်ပြုသင့်တယ်ပေါ့နော်။ မဟုတ်လို့ရှိရင် ဒီမှာလည်း ကားတွေက ကြာလာလို့ရှိရင် အို၊ ဟောင်း၊ စုတ်ပြတ်လာပြီးတော့ ကားအဟောင်းတွေကို ဈေးကြီးပေးပြီး စီး နေရတာပေါ့နော်။ ဒါ့ပြင် တကယ့်ရင်းနှီးမြှုပ်နှံဖို့လုပ်ထားတဲ့ SKD ပေါ့ CBU ကားထက်ကို ပိုပြီးတော့ ကြား ထဲမှာလုပ်ထားတဲ့ ICE ကားပေါ့ ဆီကားတွေက SKD စက်ရုံရှိနေတဲ့ဟာတွေကို အရေအတွက် ပိုပြီးတော့ ခွင့်ပြုပေးသင့်တာပေါ့။ CBU သွင်းတာထက်စာလို့ရှိရင် SKD ဆိုရင်မဖြစ်မနေ သင့်တော်တဲ့အရေအတွက်ကို ပေးသင့်တယ်။ ဘာလို့လဲဆိုရင် ဒီမှာတကယ့် invest တွေလာလုပ်ထားတဲ့ဟာတွေရှိတယ်။ ဒါတွေပြန်ထွက် သွားလို့ရှိရင် နိုင်ငံအတွက်လည်း အများကြီးနစ်နာတယ်။

ဟုတ်ကဲ့ အခုလိုဖြေကြားပေးတာကျေးဇူးတင်ပါတယ်။

Zawgyi Version;
ျမန္မာႏိုင္ငံ၏ တစ္ႏွစ္တာ EV ကား ရည္မွန္းခ်က္ျပည့္မီခဲ့သလား (အင္တာဗ်ဴး)
ေအဝိုင္အီ၊ ယြန္း (NP News) - မတ္ ၂၁

EV ကား တစ္ႏွစ္လွ်င္ အစီးေရ (၃၀ဝဝဝ) တင္သြင္းရန္ လ်ာထား‌ေသာ္လည္း မူလရည္မွန္း ခ်က္အတိုင္း ျပည့္မီစြာ‌ ေဆာင္႐ြက္ႏိုင္ျခင္းမရွိခဲ့ဘဲ Pilot Project အျဖစ္လုပ္ေဆာင္ခဲ့သည့္ တစ္ႏွစ္ေက်ာ္ ကာလအတြင္း EV တင္သြင္းခြင့္ ရသည့္ကုမၸဏီ(၈၀)ေက်ာ္အထိရွိလာခဲ့သည္။ ထို႔ေၾကာင့္ EV ကားေလာက၏ အေျခအေန၊ အေျပာင္းအလဲမ်ားႏွင့္ ပတ္သက္၍ NP News သတင္းဌာနက ျမန္မာႏိုင္ငံေမာ္ေတာ္ယာဥ္ ထုတ္လုပ္ေရးႏွင့္ ျဖန႔္ျဖဴးေရာင္းခ်ေရး လုပ္ငန္းရွင္မ်ားအသင္း (MAMDA) ၏ ဒုဥကၠ႒ ဦးမ်ိဳးဇင္ဝင္းအား ေတြ႕ဆုံေမးျမန္းထားမႈမ်ားကို ေဖာ္ျပလိုက္ပါ သည္။

ေမး - ပထမဆုံးသိခ်င္တဲ့ေမးခြန္းကေတာ့ အစိုးရက ခ်မွတ္တဲ့ EV Policy က တစ္ႏွစ္ေက်ာ္လာၿပီေပါ့။ တစ္ႏွစ္ ေလာက္အတြင္းမွာေတာ့ လုပ္ရင္းကိုင္ရင္းနဲ႔ သိလာရတာေတြရွိတယ္။ အစိုးရရဲ႕ EV Policy အေပၚမွာ အစ္ကိုတို႔ အသင္းအဖြဲ႕ရဲ႕သေဘာထား ဘယ္လိုရွိလဲ။ မူဝါဒေကာင္းသလား။ တစ္ႏွစ္အတြင္း ဘာေတြေတြ႕ရလဲ။
ေျဖ - EV Policy ကေကာင္းသလားဆိုရင္ ေကာင္းပါတယ္။ ေသေသခ်ာခ်ာကို ခ်မွတ္ၿပီးေတာ့ ဆြဲထားတဲ့ဟာမ်ိဳး လို႔ေတာ့ ေျပာလို႔ရတာေပါ့။ အဲဒီမတိုင္ခင္တုန္းကလည္းပဲ သက္ဆိုင္ရာဌာနဆိုင္ရာ ဝန္ႀကီးေတြနဲ႔လည္း meeting လုပ္ခဲ့တာေလးေတြလည္းရွိတယ္။ Policy အရေတာ့ေကာင္းပါတယ္။ ဒါေပမဲ့ Policy ၾကားထဲမွာ နည္းနည္းေလး လုပ္နည္းလုပ္ဟန္ေလးေတြက လိုအပ္ခ်က္ေလးေတြရွိေနတာေတာ့ ေတြ႕ရပါတယ္။ ပုံမွန္လုပ္ငန္းစဥ္အရ ေျပာရမယ္ဆိုလို႔ရွိရင္ တစ္ဖက္ႏိုင္ငံနဲ႔ ကြၽန္ေတာ္တို႔ contract ကို ခိုင္ခိုင္မာမာခ်ဳပ္ၿပီးေတာ့မွ ဒီဘက္ကို တင္ရမွာေပါ့ေနာ္။ အေရွ႕အေရွ႕မွာ တခ်ိဳ႕ေတြကေတာ့ ဘယ္လိုမ်ား လုပ္သြားသလဲေတာ့ မသိဘူး။ ေနာက္ေတာ့မွ Brand လိုက္ရွာၾကတယ္။ တကယ့္တကယ္ ကားအေၾကာင္းကို ေသေသခ်ာခ်ာနားလည္တဲ့သူသည္ လက္ရွိ ခိုင္မာတဲ့ Brand ႀကီးကို ဆီကားေတြသြင္းေနတဲ့သူေတြေတာင္မွ သူ႔ကုမၸဏီကပဲထုတ္တဲ့ EV ကားကို ျမန္မာႏိုင္ငံနဲ႔ ကိုက္ညီတဲ့ ဘယ္ model ကိုေပးမယ္၊ မေပးဘူးဆိုတာ ညႇိႏႈိင္းဖို႔အဆင့္ေတြက အမွန္ တကယ္ အမ်ားႀကီးရွိေနတာ ေပါ့။ ညႇိႏႈိင္းစဥ္းစားစရာေတြ အမ်ားႀကီးရွိတာေပါ့။ တကယ့္တကယ္ဆိုရင္ေတာ့ ကား Brand တစ္ခုနဲ႔ စာခ်ဳပ္ခ်ဳပ္ ဖို႔၊ စကားေျပာဖို႔ အရင္လုပ္ၿပီးမွ ဒီဘက္မွာ ပါမစ္တင္တဲ့အပိုင္းေတြက လုပ္ရ တာေပါ့ေနာ္။ ဒါေပမဲ့ တခ်ိဳ႕ဟာေတြ မွာ ၾကည့္လိုက္လို႔ရွိရင္ ပါမစ္ကေတာ့ အရင္က်လာၿပီးေတာ့မွ Brand ရတာေတြလည္း ေတြ႕ၾကတာေပါ့ေနာ္။ ဘယ္လိုမ်ား လြဲေခ်ာ္မႈေတြရွိလဲေတာ့ မသိဘူးေပါ့။

ေမး - EV နဲ႔ပတ္သက္ၿပီးေတာ့ ျပည္သူလူထုရႈေထာင့္က စၿပီးေျပာၾကည့္တာေပါ့။ လူထုဘက္က တခ်ိဳ႕ အသံထြက္လာတာရွိတယ္။ လွ်ပ္စစ္မီးေတာင္မမွန္ဘဲနဲ႔ EV ကားက လိုလို႔လားေပါ့။ ဒီ Policy ကဘာလဲေပါ့။ လူထုကသံသယရွိတာေတြ႕ရတယ္။ အသင္းအဖြဲ႕အေနနဲ႔ EV ကားက တကယ္ေကာ လူထုအတြက္ လိုအပ္ တယ္လို႔ ယူဆလား။
ေျဖ - လိုအပ္တယ္လို႔ယူဆပါတယ္။ အေျပာင္းအလဲ တစ္ခုကိုေတာ့ အေ႐ြ႕တစ္ခုမွာ လိုက္ေ႐ြ႕ရမွာပဲေလ။ အရင္တုန္းက ICE ကားကို ညာေမာင္းေတြ ဂ်ပန္ကားေတြကိုပဲ ေတာက္ေလွ်ာက္သြင္းလာရာကေန ဘယ္‌ ေမာင္းကိုေျပာင္းတဲ့အခ်ိန္မွာလည္း အေၾကာက္အကန္ ျငင္းခဲ့ၾကတာေပါ့ေနာ္။ အခုကလည္း ေခတ္စနစ္အရ အေ႐ြ႕တစ္ခုကိုေ႐ြ႕ရတာေပါ့။ ေလာင္စာဆီ ျပႆနာကိစၥေတြလည္းရွိေနေတာ့။ အဲဒီလိုေလာင္ စာဆီေဈးႀကီး ျမင့္တဲ့ဟာေတြရွိတဲ့အတြက္ကို EV ကားဆိုတာကေတာ့ ေျပာင္းလဲဖို႔လိုအပ္လာတာေပါ့ေနာ္။ ခုနေျပာသလို ျမန္မာႏိုင္ငံမွာ မီးလည္းမမွန္ဘဲနဲ႔ EV ကားလားဆိုတဲ့ဟာတစ္ခုကေတာ့ ခ်ိဳ႕ယြင္းခ်က္အေနနဲ႔ရွိေနတာေပါ့။ ၿမိဳ႕ႀကီးအေနနဲ႔ကေတာ့ သင့္ေတာ္တယ္လို႔ေတာ့ေျပာလို႔ရတယ္။ ထားပါေတာ့ ရန္ကုန္၊ မႏၲေလး၊ ေနျပည္ ေတာ္ ေလာက္ကေတာ့ သုံးဖို႔အတြက္သင့္ေတာ္တယ္။ နယ္ၿမိဳ႕ေတြဆိုရင္ေတာ့ EV ကားစီးဖို႔ အခက္အခဲ ရွိႏိုင္ တယ္။ EV ကား က တစ္ခ်ိန္လုံးအားသြင္းဖို႔လည္း မလိုဘူးေလ။ Range နိမ့္တဲ့ ကားေတာင္မွအနည္းဆုံးက ကီလို (၃၀ဝ)ေလာက္ရၾကတာေလ၊ ျမင့္တဲ့ကားေတြဆို (၆၀ဝ)(၇၀ဝ)ေလာက္အထိ ရၾကတာေတြ ပါလာ တယ္ေလတယ္။ တကယ့္တကယ္ဆိုလို႔ရွိရင္ ကြၽန္ေတာ္တို႔က အိမ္စီးကားအေနနဲ႔ဆိုရင္ (၄)ရက္(၅)ရက္ ေလာက္ေနမွ မီးအားတစ္ႀကိမ္သြင္း႐ုံနဲ႔အသုံးျပဳလို႔ရတာေပါ့။ ဖုန္းတစ္လုံးလိုပဲေပါ့။ ဖုန္းဆိုရင္လည္း ျမန္မာ ႏိုင္ငံမွာ မီးလည္းမမွန္ဘဲနဲ႔ ဘယ္လိုသုံးေနၾကလဲေပါ့။ ဖုန္းလည္းတကယ္ဆိုရင္ေတာ့ တစ္ရက္မွာ တစ္ခါ ေလာက္ပဲသြင္းတာေလ။ ကားဆို ရင္ေတာ့ (၃)ရက္ေလာက္မွာ တစ္ခါ (၅)ရက္ ေလာက္မွာတစ္ခါ သြင္းဖို႔လိုအပ္တယ္ေပါ့ေနာ္။ အဲဒီေတာ့ ရန္ကုန္၊ မႏၲေလး၊ ေနျပည္ေတာ္သည္ သင့္ေတာ္ပါတယ္။ သုံးလို႔ ရပါတယ္။

ေမး - EV ကားေတြကို policy စခ်တဲ့အခ်ိန္မွာ အစိုးရက အသင္းအဖြဲ႕ေတြ ကားနဲ႔ပတ္သက္တဲ့ ဆပ္စပ္တဲ့သူ အကုန္လုံး မလုပ္ခင္ကတည္းက ႀကိဳ တင္ညႇိႏႈိင္းတိုင္ပင္ခဲ့တာေတြရွိလား။ ဘာေတြ ညႇိႏႈိင္း တိုင္ပင္ခဲ့ၾကလဲ။
ေျဖ - အဲဒီလိုမ်ိဳးေတာ့မရွိပါဘူး။ policy ထြက္လာ ၿပီးေတာ့မွ policy အတြက္ကို လုပ္ငန္းရွင္ေတြ သိေအာင္ရယ္ အမ်ားျပည္သူသိေအာင္ရယ္ sharing လုပ္ေပးပါဆိုၿပီး request လုပ္လို႔ UMFCCI မွာ စက္မႈဝန္ႀကီးဌာနရယ္၊ သိပၸံ နဲ႔နည္းပညာဝန္ႀကီးဌာနက တာဝန္ရွိသူေတြကလာၿပီးေတာ့ policy နဲ႔ ပတ္သက္ၿပီးေတာ့ sharing လုပ္သြားတာ ရွိပါတယ္။

ေမး - ဒီတစ္ႏွစ္အတြင္းမွာဆိုရင္ေကာ အစ္ကိုတို႔ အသင္းအဖြဲ႕ေတြဘက္က လုပ္ရင္းကိုင္ရင္းနဲ႔ ေတြ႕လာရတဲ့ အခက္အခဲေတြ အက်ပ္အတည္းေတြ ဘာေတြရွိလဲ။
ေျဖ - အခက္အခဲကေတာ့ အခု EV Distributor Agreement ဆိုတဲ့ဟာကို လိုအပ္တဲ့အခါက်ေတာ့ ယူၾကတယ္။ ရ ၾကတယ္။ ရေအာင္လည္း လုပ္ခဲ့ၾကတယ္။ ဒါေပမဲ့ ေနာက္ပိုင္းမွာတင္ထားတဲ့အဖြဲ႕ေတြထဲမွာ ဒီဟာရၿပီးေတာ့ ဦးေဆာင္ေကာ္မတီကေန နည္းနည္းေစာင့္ဆိုင္းေနရတဲ့အပိုင္းေလးေတြေတာ့ရွိတာေပါ့ေနာ္။ တခ်ိဳ႕ဦးေဆာင္ ေကာ္မတီေတြကေနၿပီးေတာ့ ခြင့္ျပဳခ်က္ရၿပီးတဲ့ေနာက္ပိုင္းမွာ သြင္းဖို႔အတြက္ကိုလုံေလာက္တဲ့ တစ္ဖက္ ႏိုင္ငံက contract ခ်ဳပ္ဆိုထားတဲ့အတိုင္းကို ကြၽန္ေတာ္တို႔ကတင္သြင္းလို႔မရတဲ့အေျခအေနေလးေတြ ရွိတာ ေပါ့။ အကန႔္အသတ္နဲ႔ တင္သြင္းေနရတာေပါ့။ အဲဒီအခက္ အခဲကေတာ့ ရွိပါတယ္။

ေမး - ပထမဆုံးအသုတ္ေလွ်ာက္ထားၾကတဲ့အခါ မွာ EV ကားတင္သြင္းခ်င္လို႔ ေလွ်ာက္ထားတဲ့ကုမၸဏီ (၉)ခု ရွိတယ္လို႔သိရတယ္။ ၿပီးေတာ့ ေနာက္ထပ္ (၂၂)ခုနဲ႔ဆိုေတာ့ စုစုေပါင္း(၃၁)ခုနဲ႔ တစ္ႏွစ္အတြင္းမွာ လည္ပတ္ ခဲ့ၾကတယ္။ ဒါေပမဲ့ ေရာက္လာတဲ့ ကားအစီးေရနဲ႔ ကုမၸဏီ(၃၁)ခုနဲ႔က အခ်ိဳးအစားခ် ၾကည့္လိုက္တဲ့အခါမွာ ေတာ္ေတာ္ေလး limit ျဖစ္ေနတာေတြ႕ရတယ္။ သူတို႔ဘာအဆင္မေျပျဖစ္ခဲ့ၾကလဲဆိုတဲ့ ေမးခြန္းကိုေတြ႕ရ တယ္။ အစပိုင္းတစ္ႏွစ္အတြင္းမွာ လုပ္ထုံးလုပ္နည္း လုပ္ငန္းစဥ္ေတြမွာ အားနည္းခ်က္ေတြရွိခဲ့တယ္လို႔ ယူဆရတာေပါ့။ ပြက္ေလာ႐ိုက္ၿပီး အသံေတြလည္းထြက္ခဲ့တယ္။ ဆိုေတာ့ ကား ေလာကထဲမွာ ဘာေတြျဖစ္ ခဲ့ၾကတာလဲ။
ေျဖ - တစ္ႏွစ္အတြင္းမွာ အမွန္ကေတာ့ ဝယ္လိုအားလည္းရွိပါတယ္။ စိတ္ဝင္စားတဲ့ျပည္သူေတြလည္း မ်ားပါ တယ္။ ဒါေပမဲ့ အဓိကက တင္သြင္းခြင့္လိုင္စင္ေလွ်ာက္ထားတဲ့ေနရာမွာ အေရအတြက္ေတြ ကြၽန္ေတာ္တို႔ က ေတာ့ အကန႔္အသတ္နဲ႔ပဲ ခြင့္ျပဳတဲ့ အတြက္ေၾကာင့္ အကန႔္အသတ္နဲ႔ပဲ ေရာက္လာတဲ့ သေဘာရွိတာေပါ့။

ေမး - အျပင္မွာေလ့လာၾကည့္ရသေလာက္ေတာ့ ကားေတြနဲ႔ပတ္သက္ၿပီး တင္သြင္းမယ္ဆိုရင္ showroom ရွိရမယ္။ charging station ေဆာက္ေပးရမယ္ဆိုတဲ့ သတ္မွတ္ခ်က္ေတြရွိတယ္။ တကယ္တမ္း ေျမျပင္မွာ ေလ့ လာၾကည့္တဲ့အခါမွာက်ေတာ့ တခ်ိဳ႕သူေတြက charging station လည္း ေဆာက္မေပးဘူး။ showroom လည္း ေသေသခ်ာခ်ာ ခိုင္ခိုင္မာမာနဲ႔ ဘယ္နားမွာဖြင့္ထားမွန္းေတာင္မသိဘူး။ Sale contract လိုဟာမ်ိဳးေတြနဲ႔လုပ္ၿပီး ခိုင္ခိုင္မာမာလည္း မေတြ႕ရဘူး။ ဒါေပမဲ့ အဲဒီကုမၸဏီကေတာ့ လုပ္ငန္းလည္ပတ္ေန တာေတြ႕ရတယ္။ ဒါေတြကို ၾကည့္ျခင္းအားျဖင့္ အစိုးရဘက္က စိစစ္ၾကပ္မတ္မႈ အားနည္းတာလား။ ဒါမွမဟုတ္ ကုမၸဏီေတြက လြယ္လို႔ လုပ္သြားတာလား။ အသင္းအဖြဲ႕အေနနဲ႔ၾကည့္မယ္ဆိုရင္ ဒါဟာေလာကတစ္ခုလုံးကို ထိခိုက္ေစတယ္လို႔ ကြၽန္ေတာ္ ျမင္တယ္။ အစ္ကို႔အေနနဲ႔ေကာ ဘယ္လိုေျပာခ်င္လဲ။
ေျဖ - အဲဒါကေတာ့ EV နဲ႔ပတ္သက္လို႔ ကြၽန္ေတာ္တို႔ႏိုင္ငံက first experience ျဖစ္တဲ့အခ်ိန္ကာလလည္း ျဖစ္တယ္။ Pilot Project ဆိုတဲ့ေခါင္းစဥ္ေအာက္မွာလည္း သြားေနတယ္။ Pilot Project ဆိုတဲ့ေခါင္းစဥ္ေအာက္မွာ သြားေနတဲ့ အခါက်ေတာ့ ဦးေဆာင္ေကာ္မတီက ခ်ထားတဲ့မူဝါဒေတြကေတာ့ ရွိတယ္။ ဒါေပမဲ့ ကြၽန္ေတာ္တို႔က Pilot Project မွာ experimentation လုပ္မယ္ဆိုတဲ့အခ်ိန္က်ေတာ့ တခ်ိဳ႕အခ်က္ေတြက်ေတာ့လည္း ေနာက္မွ ျဖည့္စြက္မယ္ဆိုၿပီး ကုမၸဏီက တင္ျပလာေတာ့ ဦးေဆာင္ေကာ္မတီက Pilot Project ကို experimentation လုပ္တဲ့အခ်ိန္မွာ ေပၚလြင္ေအာင္လို႔ သူတို႔ခြင့္ျပဳလိုက္တာလည္းရွိတယ္။ ေနာက္မွ substitute လုပ္တာကေတာ့ ကုမၸဏီရဲ႕ လိုအပ္ ခ်က္ရွိတာေပါ့ေနာ္။ ဒီလို first experience ျမန္မာျပည္ရဲ႕ ပထမဆုံး EV ေလာကရဲ႕စတင္ သက္ဝင္လႈပ္ရွားတဲ့ အ ခ်ိန္မွာ လိုအပ္ခ်က္ရွိေနတဲ့ အခါမ်ိဳးမွာေတာ့ impact ကေတာ့ ႏွစ္ဖက္လုံးမွာ ရွိႏိုင္တာပဲ။ ဦးေဆာင္ေကာ္မတီ ဘက္မွာလည္းရွိႏိုင္သလို ကြၽန္ေတာ္တို႔ကားေလာကထဲမွာလည္း ရွိႏိုင္ပါတယ္။ ဒါေပမဲ့ အသင္းအဖြဲ႕အေနနဲ႔ကေတာ့ အစိုးရနဲ႔ ကုမၸဏီနဲ႔ သုံးစြဲသူရဲ႕ၾကားထဲမွာပဲ အသင္းအဖြဲ႕က အတတ္ႏိုင္ဆုံး အေကာင္းဆုံးျဖစ္ေအာင္ ညႇိႏႈိင္းဖို႔ပဲလိုတယ္လို႔ ထင္ပါတယ္။

ေမး - ကားသြင္းတဲ့ တစ္ႏွစ္အတြင္းမွာ အစိုးရက တကယ္ policy ခ်တုန္းက charging station ေတြ ဘယ္ေလာက္ ေဆာက္မယ္ဆိုၿပီး အႀကီးႀကီးေတြေျပာခဲ့ၾကေပမယ့္ တကယ္ျဖစ္လာတဲ့အခါမွာ သူတို႔ေျပာတာရဲ႕ (၁၀)ရာခိုင္ႏႈန္း (၂၀) ရာခိုင္ႏႈန္းေလာက္ပဲ ‌ေဆာက္တာကိုေတြ႕ရတယ္။ လူေတြၾကားထဲမွာ charging station လည္းမရွိဘူး။ ကားသြင္းရခက္တယ္။ ဝယ္စီးရခက္တယ္ဆိုတဲ့ သေဘာထားေတြ ထြက္လာတာေတြ႕ရတယ္။ ဒီ process အစိုးရဘက္က ကုမၸဏီေတြကို မၾကပ္မတ္ခဲ့တာလား။ အစိုးရဘက္က အားနည္းတာလားလို႔ ကြၽန္ေတာ္ေတာ့ ျမင္တယ္။ ဘယ္လိုျမင္မိလဲ။
ေျဖ - အဲဒါနဲ႔ပတ္သက္ၿပီးေတာ့ အေရးယူထားတဲ့ ကုမၸဏီတစ္ခုရွိတယ္။ ကုမၸဏီတစ္ခုက လုံးဝပိတ္သိမ္း လိုက္ရတဲ့အထိ အေရးယူလိုက္တယ္ဆိုၿပီး ကြၽန္‌ေတာ္တို႔ ၾကားသိရတယ္။ charging station လုပ္မယ္ဆိုၿပီး လည္း မလုပ္ႏိုင္ဘူး။ ကားသြင္းမယ္ဆိုၿပီးေတာ့လည္း ကားမသြင္းႏိုင္တဲ့ ကုမၸဏီတစ္ခုေပါ့။ အမွန္တကယ္ ကုမၸဏီစာရင္းကိုျပန္ၾကည့္လိုက္ရင္ ပထမက (၃၁)ခုရွိတယ္။ ဒုတိယက (၅၁) ခုခ်တာေပါ့ေနာ္။ စုစုေပါင္း (၈၂)ခုျဖစ္ရမွာ။ ဒါေပမဲ့ အခုက်လိုက္တဲ့အထဲမွာျပန္ၾကည့္လိုက္လို႔ရွိရင္ (၈၁)ခုပဲေတြ႕ေတာ့မယ္။ အရင္အ ေဟာင္းနဲ႔ျပန္တိုက္လိုက္ရင္ေတာ့ ဘယ္ကုမၸဏီလဲဆိုတာ ျမင္ပါလိမ့္မယ္။ သူတို႔ အေရးေတာ့ယူပါတယ္။ ေနာက္ပိုင္းမွာဆိုလို႔ရွိရင္လည္း ထိထိေရာက္ေရာက္ တင္းတင္းၾကပ္ၾကပ္ အေရးယူလာလိမ့္မယ္လို႔ ထင္ပါတယ္။ ယူဆပါတယ္။

ေမး - ကားေလာကကေနမဟုတ္ဘဲ အျပင္ေလာက ကေန ၾကားေနရတာေတြလည္းရွိပါတယ္။ ကားေတြမွာ sale contract နဲ႔သြင္းလာတဲ့ ကားကုမၸဏီအမ်ားအျပားေရွ႕ပိုင္းမွာေတာ္ေတာ္ေလးလုပ္စားခဲ့ၾကတာမ်ားတယ္။ လြတ္လြတ္ကြၽတ္ကြၽတ္ အကုန္စုၿပဳံသြင္းလာတာေတြ႕ရတယ္။ အစိုးရကိုယ္တိုင္ ထိထိေရာက္ေရာက္ ထိန္း ေက်ာင္းႏိုင္စြမ္းမရွိဘူးလို႔ ၾကားခဲ့ရတယ္။ အစ္ကိုတို႔အေနနဲ႔ေကာ ဒီလိုျဖစ္ရပ္မ်ိဳးေတြကို လိုလားမႈရွိလား။
ေျဖ - အဲဒါနဲ႔ပတ္သက္ၿပီး အသင္းအေနနဲ႔ကေတာ့ စာတင္ၿပီးေတာ့ တင္ျပခဲ့တာရွိပါတယ္။ အဲဒီတုန္းကလည္း ဝန္ႀကီးကေနဦးေဆာင္ၿပီးေတာ့ ကြၽန္ေတာ္တို႔ကို ေခၚေတြ႕တာလည္းရွိပါတယ္။ တကယ့္ တကယ္က်ေတာ့ EV Policy အေကာင္အထည္ေဖာ္ဖို႔အတြက္ကို ကနဦးေျဖေလွ်ာ့ၿပီးေတာ့ ေနာက္ပိုင္းမွာ လိုအပ္တဲ့ Document ေတြ တင္ျပပါဆိုတဲ့ဟာမ်ိဳး။ Distributor Agreement (DA) ကိုေတာ့ ေနာက္မွတင္ျပပါ၊ ေလာေလာဆယ္မွာ sale contractနဲ႔ အရင္သြင္းပါဆိုတဲ့ ေျဖေလွ်ာ့ေပးလိုက္တဲ့ အခ်က္ေလးေတြရွိတယ္။ အဲဒါကနည္းနည္း အရွိန္လြန္ သြားတယ္လို႔ေျပာလို႔ရတာေပါ့။ ကားေတြကေတာ့ DA မဟုတ္တဲ့ brand ေတြ အဲဒီလို sale contract နဲ႔ေပါ့ ေရာက္ခ်လာတာေပါ့ေနာ္။ အခုေနာက္ပိုင္းကေတာ့ တင္းၾကပ္တယ္။ ဒီေနာက္ပိုင္းကေနစၿပီးေတာ့ sale contract နဲ႔ဆိုရင္မေပးေတာ့ဘူး။ DA ရမွေပးမယ္ဆိုတာမ်ိဳးကိုျပန္ၿပီးေတာ့ သတ္မွတ္လိုက္တာေတြ႕ရပါတယ္။ အခု ေနာက္ပိုင္းလည္း တင္းတင္းၾကပ္ၾကပ္လုပ္မယ့္ သေဘာမ်ိဳးကို ေတြ႕ရပါတယ္။

ေမး - ေနာက္တစ္ခုက အစိုးရဘက္ကသြားေနတဲ့ trend ေလးေတြကို ေလ့လာၾကည့္တဲ့အခါက်ေတာ့ အစိုးရက သူရဲ႕ႏိုင္ငံျခားေငြသုံးစြဲတဲ့ကိစၥမွာ limit ျဖစ္ေနတာေပါ့ေနာ္။ Market Float မျဖစ္ဘူးေပါ့။ ကားကုမၸဏီက တင္ သြင္းေပမယ့္ ႏိုင္ငံျခားေငြရရွိမႈမွာ အခက္အခဲေတြျဖစ္ေနတယ္။ အဲဒီ process ကေကာ လုပ္ငန္းအေျခအေန အတြက္ အခက္အခဲျဖစ္ေနလား။ ဘယ္လိုပုံစံနဲ႔ျဖစ္ေနလဲ။
ေျဖ - ျဖစ္တာေပါ့။ အဲဒီဟာကလည္းပဲ ႏိုင္ငံေတာ္ရဲ႕ ႏိုင္ငံျခားေငြသုံးစြဲေရး ႀကီးၾကပ္ေဆာင္႐ြက္ရမယ့္ တာဝန္ တစ္ပိုင္းလည္းရွိပါတယ္။ အဲဒီအေပၚမွာ ကြၽန္ေတာ္တို႔ကလည္းပဲ ဒီဟာကို ဦးစားေပးဆိုတဲ့ အထဲမွာေတာ့ သြား ေတာင္းဆိုလို႔ မသင့္ေတာ္ဘူးေလ။ ဒါလည္း သူ႔အပိုင္းနဲ႔သူကေတာ့ ထိန္းညႇိတဲ့ အပိုင္းေတြရွိမွာေပါ့။ အဲဒါေၾကာင့္ မို႔လို႔လည္း ကြၽန္ေတာ္တို႔က EV ကား ပါမစ္ေတြက အကန႔္အသတ္နဲ႔ပဲ ရႏိုင္တဲ့သေဘာပဲ ရွိတာေပါ့ေနာ္။ အဲဒါကို ေအာင္ျမင္ေအာင္လုပ္မယ္ဆိုရင္ေတာ့ Market Float ေပးလိုက္မွေအာင္ျမင္မယ္ေပါ့ေနာ္။ အခုကေတာ့ market ထဲမွာ ျဖစ္သင့္တဲ့ေဈးထက္(၂၀)ရာခိုင္ ႏႈန္း (၃၀)ရာခိုင္ႏႈန္းေလာက္ ပိုမ်ားေနတာေပါ့ေနာ္။ market ကိုအဲဒီလိုမ်ိဳး လြတ္လြတ္လပ္လပ္သာ ခြင့္ျပဳေပးလိုက္မယ္၊ တင္သြင္းခြင့္ပါမစ္ေတြကိုလည္း လြတ္လြတ္လပ္ လပ္ေပးလိုက္မယ္ ဆိုရင္ေတာ့ ကားေဈးႏႈန္းတည္ၿငိမ္ေရးနဲ႔ အမ်ားနဲ႔ယွဥ္ၿပိဳင္ၿပီး ေရာင္းရတဲ့အခါက်ရင္ ေဈးေတြလည္း ထိုက္သင့္ သေလာက္ ေတာ္ေတာ္ေလးကို တည္ၿငိမ္သြားႏိုင္တယ္ေပါ့ေနာ္။ တကယ့္ တကယ္ေျပာ ရလို႔ရွိရင္ေတာ့ လုပ္ငန္းရွင္ကေတာ့ ဝယ္လိုအားရွိသေလာက္ပဲသြင္းမွာ။ အရင္တုန္းက ICE ကားေတြလည္းပဲ ပါမစ္ခြင့္ျပဳခဲ့တဲ့ အခ်ိန္တုန္းကေတာ့ ကားအသစ္ေတြေရာက္လာတဲ့ ေနာက္ပိုင္းမွာ ျမန္မာႏိုင္ငံရဲ႕လိုအပ္ခ်က္က တစ္ႏွစ္ကို ကားအစီးေရ(၃၀ဝဝဝ)ကေန (၅၀ဝဝဝ) ၾကားမွာရွိတယ္။ အဲဒီပမာဏထက္ကို ေက်ာ္လြန္ၿပီးေတာ့ သြင္းလာစရာအေၾကာင္းေတာ့မရွိဘူး။ EV ဆိုရင္ ဒီ့ထက္ပမာဏ နည္းမွာေပါ့။ ကြၽန္ေတာ္ထင္တယ္ တစ္ႏွစ္ကို (၁၀ဝဝဝ)၊ (၁၅၀ဝဝ)ေလာက္ ျမန္မာႏိုင္ငံကိုေရာက္လာလို႔ရွိရင္ တစ္ႏွစ္ကိုလုံေလာက္တဲ့ပမာဏျဖစ္လိမ့္မယ္လို႔ ယူဆတယ္။ အဲဒီေလာက္ေရာက္လာလို႔ရွိရင္ market ထဲမွာလည္း ကားေဈးႏႈန္းနဲ႔ပတ္သက္ၿပီး တည္ၿငိမ္မႈ တစ္ခုလည္း ရသြားမယ္။ အမ်ားျပည္သူၾကားထဲမွာလည္း EV ကားရဲ႕သုံးစြဲမႈက်ယ္ျပန႔္မႈႏႈန္းလည္း တိုးလာမယ္လို႔ ကြၽန္ေတာ္ကေတာ့ ယူဆတယ္။

ေမး - အဲဒါဆိုရင္ ကားအစီးေရ (၁၀ဝဝဝ)(၁၅၀ဝဝ)ေလာက္ဝင္လာရင္ ႏိုင္ငံ့လူဦးေရနဲ႔ ႏိုင္ငံျခားေငြသုံးစြဲမႈ ျပႆနာ ႀကီးႀကီးမားမား မျဖစ္လာႏိုင္ဘူးလို႔ ေျပာရမွာေပါ့။
ေျဖ - ယူဆတာက EV ကားေၾကာင့္လို႔ေျပာေပမယ့္ တကယ့္တကယ္ တစ္လတစ္လကိုမွ ကြၽန္ေတာ္တို႔ ၾကား သိရသေလာက္ ေဒၚလာအေနနဲ႔ (၅)သန္းနဲ႔ (၈)သန္းေလာက္ပဲရွိတယ္။ တျခားေသာကုန္စည္ေတြနဲ႔ ယွဥ္လိုက္ လို႔ရွိရင္ အမ်ားႀကီးမရွိဘူး။ အစီးေရ (၁၀ဝဝဝ) ေလာက္သြင္းလာရင္ေတာင္မွ ပ်မ္းမွ်ကို ေဒၚလာ(၂၀ဝဝဝ)နဲ႔ တြက္ရင္ေတာင္မွ တစ္ႏွစ္ပတ္လုံးကို ေဒၚလာသန္း(၂၀ဝ)ဝန္းက်င္ေလာက္ရွိႏိုင္တယ္ေပါ့ေနာ္။ စက္သုံးဆီ ဆိုလို႔ရွိရင္ သူ႔ရဲ႕အခ်ိဳးနဲ႔ယွဥ္လိုက္လို႔ရွိရင္အမ်ားႀကီးနည္းပါတယ္။ သို႔ေသာ္ျငားလည္း မိေက်ာင္းမင္း ေရကင္း ျပျဖစ္သလို အရမ္းႀကီး‌ေရွ႕ထြက္ၿပီးေတာ့ ေျပာလို႔မရဘူးေလ။ လူႀကီးေတြလည္းသိမွာပါ။ သူတို႔မွာလည္း ခ်ိန္ဆမႈအပိုင္းေတြလည္းရွိမွာေပါ့။ တကယ့္တကယ္က်ေတာ့ ခုန ကတြက္ျပသလိုပဲ (၁၀ဝဝဝ)ေလာက္ ခြင့္ျပဳလိုက္ရင္ေတာင္ တစ္ႏွစ္ကို ေဒၚလာသန္း(၂၀ဝ)ဝန္းက်င္ထက္ မပိုပါဘူး။ အဲဒီထက္လည္း ကြၽန္ေတာ္ တို႔ဝယ္လိုအားက ဝုန္းဒိုင္းႀကဲ အေနအထားမ်ိဳးလည္း မေတြ႕ရပါဘူး။ ေဈးႏႈန္းတည္ၿငိမ္ေရးကိုေတာ့ ေတာ္ ေတာ္ေတာ့ အ‌ေထာက္အကူျပဳသြားမွာ အမွန္ပါ။

ေမး - တစ္ႏွစ္ေက်ာ္အတြင္းမွာပဲ ကုမၸဏီေပါင္း(၈၁)ခုျဖစ္သြားၿပီေပါ့။ ကုမၸဏီေပါင္း(၈၁)ခုက တင္သြင္းမယ့္ brand ကလည္း ကြၽန္ေတာ္ထင္တယ္ limit ျဖစ္လိမ့္မယ္လို႔ယူဆတယ္။ ဒီကုမၸဏီေတြ ဘယ္လိုသြင္းၾကမလဲ ဆိုတဲ့ ေမးခြန္း။ ကားအသင္းအေနနဲ႔ေကာ ဒီလို‌ေမးခြန္းမ်ိဳးကို ေသခ်ာစဥ္းစားၾကည့္ဖူးလား။
ေျဖ - ကြၽန္ေတာ္ေလ့လာၾကည့္သေလာက္ေတာ့ အေရွ႕ကက်ၿပီးသားလူေတြက တင္သြင္းခြင့္ပါမစ္ အခက္အခဲ ေၾကာင့္ (၅၁)ခုထဲမွာ ထပ္ၿပီးေတာ့ ပါမစ္ အလွည့္ျမန္ေအာင္လို႔ အရင္ရၿပီးသားလူေတြကပဲ ေနာက္ထပ္(၃) (၄)ခုေလာက္ထပ္ေလွ်ာက္ထားတဲ့သူတစ္ဝက္ေလာက္က အဲဒီလိုထပ္ေလွ်ာက္ထားတဲ့အေနအထားမွာ ေတြ႕ ရတယ္။ အရင္လူကပဲ ေနာက္ထပ္ကုမၸဏီ(၂)ခု၊ (၃)ခု၊ (၄)ခုအထိ ထပ္ေလွ်ာက္ထားတာမ်ိဳးေတြ ေတြ႕ရ တာေပါ့။ brand ကေတာ့ အမ်ားႀကီး ပိုမလာပါဘူး။ အခုသြင္းေနၾကတာသည္ တ႐ုတ္ brand ေတြပဲမ်ားတာပါ။ တ႐ုတ္ျပည္မွာ brand ေကာင္းေကာင္းကလည္း လက္ဆယ္ေခ်ာင္းထက္ကို မပိုဘူးေပါ့ေနာ္။ ဒီ brand ကိုပဲ ထပ္ခါထပ္ခါနဲ႔ ဝင္လာဖို႔ပဲရွိတယ္။

ေမး - ႏိုင္ငံေတာ္ရဲ႕ policy ဆိုေတာ့ ႏိုင္ငံေတာ္က‌ေရာ EV နဲ႔ပတ္သက္ရင္ သူတကယ္ျဖစ္ေစခ်င္တာ ဘာလဲ ဆိုတာ ပြင့္ပြင့္လင္းလင္းရွင္းျပတာရွိလား။
ေျဖ - EV policy မွာဘာျဖစ္ေစခ်င္လဲဆိုေတာ့ သူကေတာ့ ကားနဲ႔ပတ္သက္ၿပီး standard ေတြဘယ္လို သတ္မွတ္တယ္၊ charging station ဆိုရင္ ဘယ္လိုရွိမယ္၊ တင္သြင္းခြင့္နဲ႔ပတ္သက္လို႔မူဝါဒေတြ ဘယ္လိုရွိမယ္ ဆိုတာကိုပဲ အဓိကေျပာသြားတာေပါ့။ ရည္မွန္းခ်က္အေနနဲ႔ဆိုရင္ ၂၀၂၅ ေနာက္ပိုင္းဆိုရင္ ကြၽန္ေတာ္တို႔က SKD ဘက္ကိုပဲ ဦးစားေပးလာမယ္။ ‌ေနာက္ပိုင္း CBU အလုံးလိုက္တင္သြင္းတာေတြကို အခြန္တိုးျမႇင့္ ေကာက္ ခံလာမယ္။ အဲဒီလိုမ်ိဳး အပိုင္းေတြကိုပဲ ျမင္ရတာေပါ့ေနာ္။ Roadmap နဲ႔ Plan အရေတာ့ေကာင္းတယ္။ လိုအပ္ ခ်က္ေလးက ႏိုင္ငံေတာ္ကခ်မွတ္ထားတဲ့မူဝါဒေရာ DA ရွိရမယ္ဆိုတဲ့ဟာေရာ လုပ္ငန္းရွင္ေတြဘက္ကေတာ့ ရွိေအာင္ေတာ့ လိုက္လုပ္လိုက္တယ္။ ဒါေပမဲ့ ခုနလိုမ်ိဳး အကန႔္အသတ္နဲ႔ပဲ တင္သြင္းခြင့္ရတဲ့အခါက်ေတာ့ အဲဒီအကန႔္အသတ္ကို ေျပလည္ေအာင္လို႔ ထပ္ပြားၿပီးေတာ့ ကုမၸဏီေတြထပ္ေလွ်ာက္ၾကတာကလည္း မွား လားဆိုေတာ့ လုပ္ငန္းရွင္ေတြဘက္ကလည္း မမွားဘူးလို႔ ေျပာလို႔ရတာေပါ့။ သူတို႔ကလည္း ေဘာင္ဝင္ေအာင္ ေတာ့ အကုန္လုံးကလုပ္ထားတာ။ မူဝါဒနဲ႔ေတာ့ အကုန္လုံးကေတာ့ ကိုက္ညီပါတယ္။ ဒါေပမဲ့တစ္ဖက္က ပါမစ္အခက္အခဲေၾကာင့္ အဲဒီလိုမ်ိဳးေတြ လုပ္တဲ့သေဘာမ်ိဳးေတြေတာ့ျဖစ္ေနတာေပါ့။ ကုမၸဏီေတြ ပြားသြား တာေပါ့။

ေမး - ႏိုင္ငံေတာ္က သူတို႔သြားခ်င္တဲ့လမ္းက ဒီေနရာလို႔ေျပာေပမယ့္ သူတို႔တကယ္သြားေနရတဲ့ ေနရာနဲ႔ တကယ္သူတို႔ေရာက္သြားတဲ့ဟာနဲ႔က ရည္မွန္း ခ်က္ျပည့္တယ္လို႔ ယူဆလား။
ေျဖ - အေကာင္အထည္ကေတာ့ ေပၚလာၿပီ။ အစီးေရနဲ႔တြက္ရင္ေတာ့ ရည္မွန္းခ်က္ကေတာ့ အမ်ားႀကီး လို မွာေပါ့။ ကြၽန္ေတာ္သိသေလာက္ကေတာ့ ပထမက သူတို႔ရည္မွန္းထားတာသည္ တစ္ႏွစ္အတြင္းကို (၃၀ဝဝဝ) ေလာက္ဝင္မယ္လို႔ သူတို႔ခန႔္မွန္းခဲ့တာေပါ့။ အေရအတြက္နဲ႔ေျပာရင္ တကယ့္တကယ္ကေတာ့ (၁၀)ရာခိုင္ ႏႈန္းေလာက္ပဲ ေရာက္လာတာေပါ့။ ဒါေပမဲ့ Facility ပိုင္းနဲ႔ေျပာမယ္ဆိုရင္ေတာ့ (၅၀) ရာခိုင္ႏႈန္းေလာက္ မကဘူး ေအာင္ျမင္တယ္လို႔ ေျပာလို႔ရတာေပါ့။ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္တို႔က charging station ေတြ အ ထိုက္အေလ်ာက္ရွိလာတယ္။ ေနာက္တစ္ခုက EV လည္း အထိုက္အေလ်ာက္ သူဟာနဲ႔သူ market ထဲမွာ လူထု ရဲ႕စိတ္ဝင္စားမႈလည္း ခံရတယ္ေပါ့ေနာ္။ အသိပညာေတြလည္းရလာတဲ့ အပိုင္းေတြလည္း ရွိတဲ့အခါက်ေတာ့ policy ပိုင္းအရဆိုရင္ေတာ့ (၅၀)ရာခိုင္ႏႈန္းမကဘူးေပါ့။ (၇၀)ရာခိုင္ႏႈန္းေလာက္ ေအာင္ျမင္တယ္လို႔ ေျပာ လို႔ရတယ္။ ဒါေပမဲ့ အေရအတြက္နဲ႔ေျပာရင္ေတာ့ (၁၀) ရာခိုင္ႏႈန္းေလာက္ပဲရွိတယ္လို႔ ေျပာလို႔ရတာေပါ့။

ေမး - ေနာက္ဆုံးခ်ေပးလိုက္တဲ့ (၅၁) ခုမွာဆိုရင္ ၾကားရတာက ကုမၸဏီတစ္ခုကို အစီးေရ(၅၀ဝ)အထိ လုပ္ ခြင့္ေပးမယ္လို႔ေျပာေတာ့ တြက္ၾကည့္လိုက္မယ္ဆိုရင္ ကုမၸဏီအခု(၅၀)ကို အစီး(၅၀ဝ)နဲ႔ဆိုရင္ အစီးေရ (၂၅၀ဝဝ)။ ဒီ(၆)လ၊ တစ္ႏွစ္အတြင္းမွာ အစီးေရ(၂၅၀ဝဝ)သြင္းရမယ္ဆိုတဲ့ ပုံစံမ်ိဳးထဲကို ဝင္သြားတာေပါ့။ တကယ္ေကာ ျဖစ္ႏိုင္ပါ့မလား။
ေျဖ - အဲဒီလိုေျပာလို႔ရွိရင္ အေရွ႕က(၃၁)ခုက ပ်မ္းမွ်ကုမၸဏီတစ္ခုကို အစီးေရ(၁၀ဝဝ)ခြင့္ျပဳတာ။ ဒါေပမဲ့ အဲဒါကက်ေတာ့ ဦးေဆာင္ေကာ္မတီကေနၿပီးေတာ့ ခြင့္ျပဳထားတဲ့သူ႔ရဲ႕ေဘာင္ေပါ့။ အကန႔္အသတ္ေဘာင္ တစ္ခုသတ္မွတ္ေပးလိုက္တာေပါ့။ တကယ့္တကယ္က်ေတာ့ ကြၽန္ေတာ္တို႔က ဒီဟာကိုကိုင္ၿပီးေတာ့ ကား တန္းတင္သြင္းလို႔မရဘူးေလ။ EV ေကာ္မတီက ခြင့္ျပဳလိုက္တာသည္က တစ္ကန႔္။ တကယ့္တကယ္ ေျမျပင္ မွာ ကြၽန္‌ေတာ္တို႔က ခုနေျပာတဲ့ Facility ျဖစ္တဲ့ showroom ေဆာက္ရမယ္။ showroom license လုပ္ရတဲ့ အ ပိုင္းေတြ ဒါေတြၿပီးေျမာက္ၿပီးေတာ့မွ ကြၽန္ေတာ္တို႔က တင္သြင္းခြင့္ အပိုင္းသတ္သတ္ကေတာ့ စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနကေန ပါမစ္ ေလွ်ာက္တဲ့အခ်ိန္က်ေတာ့မွ ခုနလာတဲ့ FESC ျဖတ္ တာတို႔ ခြင့္ျပဳခ်က္နဲ႔ ပါမစ္ေလွ်ာက္ရတဲ့ အပိုင္းေတြနဲ႔ အဲဒီက်မွ အကန႔္အသတ္နဲ႔ျပန္ျဖစ္သြားတာေပါ့။ အကန႔္အသတ္ ေၾကာင့္ဆိုလို႔ရွိရင္ ကြၽန္ေတာ္တို႔ ယူဆခ်က္နဲ႔ေျပာမယ္ဆိုရင္ တစ္ႏွစ္ကိုအစီး(၁၀ဝ)ေတာင္မွ နည္းနည္း ခက္ ခဲမယ့္သေဘာရွိတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ အခုကုန္ေတြအရမ္းမ်ားသြားတဲ့အတြက္ေၾကာင့္မို႔လို႔ေပါ့။ အရင္ လိုမ်ိဳး FESC ကေန ထိန္းညႇိမႈအပိုင္းေတြ ရွိေနမယ္ဆိုရင္ေတာ့ ကုမၸဏီတစ္ခု အစီး(၁၀ဝ)ရဖို႔ေတာင္မွ အခက္အခဲ ရွိႏိုင္တဲ့အပိုင္းမ်ိဳး ျမင္ရတယ္ေပါ့ေနာ္။

ေမး - ေနာက္တစ္ခ်က္က Showroom သတ္မွတ္ခ်က္ေပါ့ေနာ္။ EV ကားတင္သြင္းခြင့္ရတဲ့ ကုမၸဏီေတြနဲ႔ သတ္မွတ္တဲ့ Showroom အက်ယ္ Space ဆိုတာ သတ္သတ္ရွိတယ္။ Showroom ေတြက လမ္းမတန္း (သို႔မဟုတ္) လမ္းမေဘးမွာပဲရွိရမယ္လို႔ ကြၽန္ေတာ္တို႔နားလည္ထားတာေပါ့ေနာ္။ ရပ္ကြက္ထဲမွာ Showroom ဖြင့္တဲ့သူေတြေကာရွိလား။ စည္းမ်ဥ္းစည္းကမ္းေဘာင္နဲ႔ေျပာမယ္ဆိုရင္ ေဘာင္မဝင္တာကို ေတြ႕ရတယ္။ တခ်ိဳ႕ ဒါမ်ိဳးေတြေဘာင္မဝင္တာေတြ႕ရေပမယ့္ အစိုးရရဲ႕ Policy က တားျမစ္ထိန္းခ်ဳပ္တာေတြ မေတြ႕ရဘူး။
ေျဖ - အဲဒီပိုင္းကေတာ့ တခ်ိဳ႕ေတြက ေျပာရမယ္ဆိုရင္ Main Showroom ႀကီးကေတာ့ တစ္ေနရာမွာ ရွိေကာင္း ရွိေနႏိုင္တာေပါ့ေနာ္။ အတိအက်ေတာ့ ကြၽန္ေတာ္တို႔လည္း မေျပာႏိုင္ဘူး။ မသိဘူးေပါ့။ ထားပါေတာ့ Main Showroom ကေတာ့သတ္မွတ္ခ်က္ညီေအာင္ဆိုၿပီးေတာ့ စရိတ္စကသက္သာဖို႔အတြက္ကို သူ႔ဟာသူရပ္ကြက္ ထဲ ေခ်ာင္ထဲမွာ ဖြင့္ထားၿပီးေတာ့မွ Showroom အေသးအေနနဲ႔ အခြဲအေနနဲ႔ထပ္လုပ္သလားေတာ့ မေျပာ တတ္ဘူးေပါ့ေနာ္။ သိရသေလာက္ သည္သတ္မွတ္ခ်က္နဲ႔ညီတဲ့ Showroom တစ္ခုက ရွိကိုရွိရမယ္။ ရွိရမယ့္ အျပင္ showroom license ရွိမွ ကညနမွာလည္း license ဝင္လို႔ရတာ။ ကတ္ရွိမွသာလွ်င္ ကညနမွာ license ဝင္လို႔ ရမွာေပါ့ေနာ္။ ရွိသလား မရွိသလားဆိုတဲ့အပိုင္း၊ license ဝင္ခြင့္ျပဳသလား၊ မျပဳသလားဆိုတဲ့အပိုင္းကေတာ့ ကညနရယ္ စီးပြားကူးသန္းရယ္မွာ သူတို႔ကေနၿပီးေတာ့ စိစစ္ၿပီးေတာ့လုပ္ေဆာင္ထားတယ္လို႔ယူဆတာ။ တစ္ေနရာမွာေတာ့ ရွိေနလိမ့္မယ္လို႔ ထင္တာေပါ့ေနာ္။

ေမး - EV နဲ႔ပတ္သက္လို႔ရွိရင္ ကားေလာက က လူတစ္ေယာက္အေနနဲ႔ အစိုးရကို Policy ပိုင္းက ျဖစ္ျဖစ္၊ မူဝါဒ ပိုင္းကျဖစ္ျဖစ္ ေျဖေလွ်ာ့ေပးေစခ်င္တဲ့ အပိုင္းရွိလား။ ဘာအပိုင္းေတြလဲ။
ေျဖ - တင္သြင္းခြင့္ပါမစ္ license ပဲျဖစ္မယ္ထင္တယ္။ တစ္ခုေတာ့ရွိတာေပါ့ေနာ္ ရွိၿပီးသား Showroom ေတြ အ ေနနဲ႔ ရွိၿပီးသား Brand ႀကီးတစ္ခုအေနနဲ႔ ICE ကားကို တင္သြင္းခဲ့တဲ့ တကယ့္ Brand ႀကီးေတြအေနနဲ႔ ဒီ EV ကို ထပ္ေလွ်ာက္တဲ့အခ်ိန္မွာ အတူတူပူးတြဲေရာင္းခ်ခြင့္ရတဲ့ဟာမ်ိဳးကေတာ့ ျဖစ္သင့္တာေပါ့ေနာ္။ ေျပာရရင္ ေတာ့ ကြၽန္ေတာ္တို႔ကလည္း တကယ့္ Main Brand ပိုင္ရွင္ႀကီးေတြမဟုတ္ပါဘူး။ ဒါေပမဲ့ ျမင္ေနရတဲ့ အေန အထားအရ Main Brand ေတြက ေတာ့ EV Showroom သီးျခားထပ္ၿပီးေတာ့ တည္ေဆာက္ပါလို႔ သူတို႔အတြက္ ကိုလည္း တင္သြင္းခြင့္ရတဲ့အေရအတြက္နဲ႔စာလို႔ရွိရင္ ရင္းႏွီးျမႇဳပ္ႏွံမႈကႀကီးတယ္။ အဲဒီအပိုင္းေလးကို ေျဖ ေလွ်ာ့ဖို႔ရယ္။ ေနာက္တစ္ခုက တင္သြင္းခြင့္ပါမစ္ကို ပိုၿပီးေတာ့ ခ်ေပးႏိုင္ဖို႔အတြက္ကို စဥ္းစားေစခ်င္ပါတယ္။ အစိုးရကို ကြၽန္ေတာ္တို႔ေျပာတဲ့အထဲမွာ ICE Showroom ေတြက Brand ႀကီးမွလည္းမဟုတ္ဘူး။ လက္ရွိမွာ အစိုးရရဲ႕ registration လုပ္ထားတဲ့ အျမတ္ခြန္တင္သြင္းထားမယ္၊ ေငြလႊဲထားမယ္ လုပ္ငန္းလိုင္စင္က အစ သက္တမ္းရွိေနတဲ့ ICE Showroom အကုန္လုံး က EV တင္သြင္းမယ္ဆိုရင္ ဒါကလြယ္လြယ္ကူကူ ဆက္လက္ တင္သြင္းခြင့္ျပဳဖို႔လိုသလို EV ရဲ႕ေဖာ္ေဆာင္တဲ့အခ်ိန္မွာ အဓိကက ကားေတြတင္သြင္းတယ္ဆိုရင္ charging station ျပႆနာကလည္း သုံးစြဲတဲ့သူေတြအတြက္ ေတာ္ေတာ္စဥ္းစားရ ခက္တယ္။ အသင္းအေနနဲ႔ပဲျဖစ္ျဖစ္၊ ကြၽန္ေတာ္တို႔ personal ပဲျဖစ္ျဖစ္ အႀကံဉာဏ္ေပးခ်င္တာေတာ့ ‌ေတာ္ေတာ္မ်ားမ်ား ၿမိဳ႕ေပၚမွာအမ်ားဆုံးသုံးတဲ့ EV ကို ဝန္ႀကီးဌာနေတာ္ေတာ္မ်ားမ်ားမွာ ႏွစ္ေပါင္းမ်ားစြာ အသုံးမျပဳေတာ့တဲ့ ဂိုေဒါင္ေတြရွိတယ္။ အဲဒီလို ေနရာ မ်ိဳးမွာ charging station ကို ကုမၸဏီကိုပါ လက္တြဲ ေခၚၿပီးေတာ့ charging station ေတြတည္‌ေထာင္ ေပး မယ္။ လွ်ပ္စစ္မီးဆိုတာ ကြၽန္ေတာ္တို႔ဆီမွာ system breakdown ျဖစ္တာမဟုတ္ဘူး။ မလုံေလာက္လို႔ မွ်ထား တာ။ မလုံေလာက္လို႔မွ်ထားတဲ့အခါ မ်ိဳးက်မွ EV station? main station အတြက္ power supply udk charging station
ကမွ ထိုက္သင့္တာတြက္ၿပီးေတာ့ အလွည့္က်စနစ္တက် အခ်ိန္မွန္မွန္ေလးေပးသြားမယ္ဆိုရင္လည္း ဒါက တင္သြင္းတဲ့လုပ္ငန္းရွင္အတြက္လည္းေကာင္းသလို၊ သုံးစြဲသူအတြက္လည္း ေကာင္းတယ္။ ႏိုင္ငံေတာ္ အ တြက္လည္း အခြန္ေဆာင္တာအျမန္ဆုံး ေအာင္ျမင္ႏိုင္တာေပါ့။ ဒါမ်ိဳးေလးေတြလည္း ၿမိဳ႕ျပေနရာေတြမွာ ထည့္ စဥ္းစားမယ္ဆိုရင္ EV အတြက္ လုပ္ငန္းစဥ္ေအာင္ျမင္ ဖို႔ဆိုတာလည္း အမ်ားႀကီးအေထာက္အကူျပဳ တယ္ လို႔လည္း ျဖည့္စြက္အႀကံေပးခ်င္ပါတယ္။

ေမး - ဆီကားေတြရဲ႕ အနာဂတ္ကေကာ ဘာဆက္ ျဖစ္မလဲ။ ဘယ္လိုဆက္ျဖစ္လာႏိုင္တယ္လို႔ ထင္လဲ။ Policy မွာ ဆီကားအေၾကာင္း မပါသလိုခံစားရတယ္။
ေျဖ - ဆီကားရဲ႕အနာဂတ္ကဘယ္လိုျဖစ္မလဲဆိုေတာ့ အမွန္တကယ္ကေတာ့ လက္ရွိမွာေတာ့ CBU
တင္သြင္းခြင့္ကေတာ့ ရပ္ဆိုင္းေနတာေပါ့ေနာ္။ ပိတ္ထားတယ္ဆိုတဲ့ အသုံးအႏႈန္းကေတာ့ မသုံးပါဘူး။ အဲဒါ ကိုလည္းပဲ အကန႔္အသတ္နဲ႔ေတာ့ ျပန္ၿပီးေတာ့ခြင့္ျပဳေပးသင့္တာေပါ့ေနာ္။ ဘာလို႔လဲဆိုေတာ့ ႏိုင္ငံေတာ္ လည္း ထိုက္သင့္တဲ့အခြန္ကို ေကာက္ၿပီးေတာ့ ေပးသြင္းခြင့္ျပဳသင့္တယ္ေပါ့ေနာ္။ မဟုတ္လို႔ရွိရင္ ဒီမွာလည္း ကားေတြက ၾကာလာလို႔ရွိရင္ အို၊ ေဟာင္း၊ စုတ္ျပတ္လာၿပီးေတာ့ ကားအေဟာင္းေတြကို ေဈးႀကီးေပးၿပီး စီး ေနရတာေပါ့ေနာ္။ ဒါ့ျပင္ တကယ့္ရင္းႏွီးျမႇဳပ္ႏွံဖို႔လုပ္ထားတဲ့ SKD ေပါ့ CBU ကားထက္ကို ပိုၿပီးေတာ့ ၾကား ထဲမွာလုပ္ထားတဲ့ ICE ကားေပါ့ ဆီကားေတြက SKD စက္႐ုံရွိေနတဲ့ဟာေတြကို အေရအတြက္ ပိုၿပီးေတာ့ ခြင့္ျပဳေပးသင့္တာေပါ့။ CBU သြင္းတာထက္စာလို႔ရွိရင္ SKD ဆိုရင္မျဖစ္မေန သင့္ေတာ္တဲ့အေရအတြက္ကို ေပးသင့္တယ္။ ဘာလို႔လဲဆိုရင္ ဒီမွာတကယ့္ invest ေတြလာလုပ္ထားတဲ့ဟာေတြရွိတယ္။ ဒါေတြျပန္ထြက္ သြားလို႔ရွိရင္ ႏိုင္ငံအတြက္လည္း အမ်ားႀကီးနစ္နာတယ္။

ဟုတ္ကဲ့ အခုလိုေျဖၾကားေပးတာေက်းဇူးတင္ပါတယ္။

Related news

© 2021. All rights reserved.