စည်းကမ်းဖောက်ဖျက်မှုဖြင့် ဆက်သွယ်ရေးကုမ္ပဏီ (၄)ခု၏ လိုင်စင်များကို အပြီးရုပ်သိမ်းကာ ရှယ်ယာရှင်အဖွဲ့ဝင်များကို အမည်ပျက်စာရင်းသွင်းရန် စီစဉ်

 2744

မြူနစ် (NP News) - မတ် ၂၃

လိုင်စင်ပါစည်းကမ်းဖောက်ဖျက်မှုဖြင့် ဆက်သွယ်ရေးကုမ္ပဏီ (၄)ခု၏ လိုင်စင်များကို အပြီးရုပ်သိမ်းကာ ရှယ်ယာရှင်အဖွဲ့ဝင်များကို အမည်ပျက်စာရင်းသွင်းရန် စီစဉ်နေကြောင်း သတင်းရရှိသည်။

ဆက်သွယ်ရေးကုမ္ပဏီများဖြစ်သော Fiber Link Myanmar၊ Kiss Telecom Group၊ FPT Myanmar နှင့် Myanmar Cyber ကုမ္ပဏီတို့ကို အရေးယူလိုက်ပြီဖြစ်ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက ကြေညာထားသည်။

အဆိုပါကုမ္ပဏီများသည် ဆက်သွယ်ရေးဥပဒေ၊ နည်းဥပဒေများ၊ ထုတ်ပေးထားသော လိုင်စင်ပါစည်းကမ်းချက်များနှင့် ထုတ်ပြန်သော ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ခြင်းမရှိသည့်အတွက် ယင်းကုမ္ပဏီများ၏ လုပ်ငန်းလိုင်စင်များကို အပြီးအပိုင် ရုပ်သိမ်းပယ်ဖျက်လိုက်ကြောင်း ဝန်ကြီး ဌာနက ဆိုသည်။

ထို့ပြင် တရားဝင်ကုမ္ပဏီမှတ်ပုံတင်ဖွဲ့စည်းထားသော ကုမ္ပဏီအမည်နှင့် အစုရှယ်ယာရှင်အဖွဲ့ဝင်လူပုဂ္ဂိုလ်အားလုံးကို အမည်ပျက်စာရင်းသွင်းနိုင်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနသို့ ညှိနှိုင်းဆောင် ရွက်သွားမည်ဟုလည်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက ကြေညာထားသည်။ ၎င်းကုမ္ပဏီများသည် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၁၅ အရ လိုင်စင်ရရှိသူ၏ တာဝန်များအား လိုက်နာမှုမရှိခြင်းနှင့် လိုင်စင် ထုတ် ပေးခြင်းဆိုင်ရာနည်းဥပဒေ အပိုဒ် ၂၄ (က)(၃)အရ အခကြေးငွေပေးဆောင်ရန် ပျက်ကွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

zawgyi version
စည္းကမ္းေဖာက္ဖ်က္မႈျဖင့္ ဆက္သြယ္ေရးကုမၸဏီ (၄)ခု၏ လိုင္စင္မ်ားကို အၿပီး႐ုပ္သိမ္းကာ ရွယ္ယာရွင္အဖြဲ႕ဝင္မ်ားကို အမည္ပ်က္စာရင္းသြင္းရန္ စီစဥ္
ျမဴနစ္ (NP News) - မတ္ ၂၃

လိုင္စင္ပါစည္းကမ္းေဖာက္ဖ်က္မႈျဖင့္ ဆက္သြယ္ေရးကုမၸဏီ (၄)ခု၏ လိုင္စင္မ်ားကို အၿပီး႐ုပ္သိမ္းကာ ရွယ္ယာရွင္အဖြဲ႕ဝင္မ်ားကို အမည္ပ်က္စာရင္းသြင္းရန္ စီစဥ္ေနေၾကာင္း သတင္းရရွိသည္။

ဆက္သြယ္ေရးကုမၸဏီမ်ားျဖစ္ေသာ Fiber Link Myanmar၊ Kiss Telecom Group၊ FPT Myanmar ႏွင့္ Myanmar Cyber ကုမၸဏီတို႔ကို အေရးယူလိုက္ၿပီျဖစ္ေၾကာင္း ပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရးဝန္ႀကီးဌာနက ေၾကညာထားသည္။

အဆိုပါကုမၸဏီမ်ားသည္ ဆက္သြယ္ေရးဥပေဒ၊ နည္းဥပေဒမ်ား၊ ထုတ္ေပးထားေသာ လိုင္စင္ပါစည္းကမ္းခ်က္မ်ားႏွင့္ ထုတ္ျပန္ေသာ ၫႊန္ၾကားခ်က္မ်ားကို လိုက္နာေဆာင္႐ြက္ျခင္းမရွိသည့္အတြက္ ယင္းကုမၸဏီမ်ား၏ လုပ္ငန္းလိုင္စင္မ်ားကို အၿပီးအပိုင္ ႐ုပ္သိမ္းပယ္ဖ်က္လိုက္ေၾကာင္း ဝန္ႀကီး ဌာနက ဆိုသည္။

ထို႔ျပင္ တရားဝင္ကုမၸဏီမွတ္ပုံတင္ဖြဲ႕စည္းထားေသာ ကုမၸဏီအမည္ႏွင့္ အစုရွယ္ယာရွင္အဖြဲ႕ဝင္လူပုဂၢိဳလ္အားလုံးကို အမည္ပ်က္စာရင္းသြင္းႏိုင္ေရးအတြက္ ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ကုမၸဏီမ်ားၫႊန္ၾကားမႈဦးစီးဌာနသို႔ ညႇိႏႈိင္းေဆာင္ ႐ြက္သြားမည္ဟုလည္း ပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရးဝန္ႀကီးဌာနက ေၾကညာထားသည္။ ၎ကုမၸဏီမ်ားသည္ ဆက္သြယ္ေရးဥပေဒ ပုဒ္မ ၁၅ အရ လိုင္စင္ရရွိသူ၏ တာဝန္မ်ားအား လိုက္နာမႈမရွိျခင္းႏွင့္ လိုင္စင္ ထုတ္ ေပးျခင္းဆိုင္ရာနည္းဥပေဒ အပိုဒ္ ၂၄ (က)(၃)အရ အခေၾကးေငြေပးေဆာင္ရန္ ပ်က္ကြက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.