စင်ကာပူမှ တက္ကသိုလ်ကျောင်းသားများအတွက် assignments ရေးသားရာမှာ အထောက်အကူဖြစ်စေဖို့ စည်းကမ်းတကျ AI အသုံးပြုခွင့်ပေးထား

 117

ရောင်နီ(NP News) - မတ် ၂၄

၂၀၂၃ ခုနှစ်ကတည်းက စင်ကာပူတက္ကသိုလ်တွေမှာ ကျောင်းသားတွေ assignment ရေးသားရာမှာ လွယ်ကူ အဆင်ပြေစေဖို့ ဉာဏ်ရည်တု (AI)၊ အထူးသဖြင့် ChatGPT နဲ့ Sora ကိရိယာတွေကို အသုံးပြုခွင့်ပေးခဲ့ပေမယ့် ပညာရေးဆိုင်ရာ မရိုးသားမှုနဲ့ ခိုးကူးမှုများ ရှိခဲ့ပါတယ်။

ဒါပေမဲ့လည်း ဘွဲ့ကြိုကျောင်းသားတွေအတွက် လွတ်လွတ်လပ်လပ် တွေးခေါ်တတ်ဖို့နဲ့ သင်တန်းအကြောင်း အရာကို သေချာနားလည်စေဖို့ စည်းမျဉ်းတွေနဲ့ ကန့်သတ်ချက်တွေကို လိုက်နာဖို့ လိုအပ်တယ်လို့ တက္ကသိုလ် ကထိကများနဲ့ စီမံခန့်ခွဲသူတွေက ပြောကြားခဲ့ပါတယ်။ AI ကို ပေါင်းစပ်အသုံးပြုခြင်းဟာ သင်ကြားရေးနဲ့ သင်ယူမှု အရည်အသွေး မြှင့်တင်ဖို့နဲ့ နည်းပညာဆိုင်ရာ တိုးတက်မှုတွေကို လက်ခံဖို့ ရည်ရွယ်ထားပေမယ့် AI အသုံးပြုမယ်ဆိုရင် စည်းမျည်းစည်းကမ်းတွေကိုတော့ သေချာလိုက်နာဖို့ လိုအပ်မယ်လို့ ၎င်းတို့က ဆိုပါတယ်။ စည်းကမ်းတွေကတော့ ဥပမာ Singapore Institute of Technology (SIT) က ကျောင်းသားတွေဆိုရင် generative AI ကို သတင်းအချက်အလက်အတွက် အဓိကအရင်းအမြစ်အဖြစ် အသုံးမပြုသင့်ခြင်း စသဖြင့် သတ်မှတ်သွားမှာ ဖြစ်ပါတယ်။ စည်းကမ်းချက်တွေဟာ တက္ကသိုလ်တစ်ခုနဲ့တစ်ခုမတူ ကွဲပြားနိုင်ပါတယ်။

အခြား ပုဂ္ဂလိကတက္ကသိုလ် (၅)ခုဖြစ်တဲ့ စင်ကာပူ အမျိုးသားတက္ကသိုလ်(NUS)၊ နန်ယန်း နည်းပညာ တက္က သိုလ် (NTU)၊ စင်ကာပူ စီမံခန့်ခွဲမှုတက္ကသိုလ် (SMU)၊ စင်ကာပူ လူမှုရေးသိပ္ပံ တက္ကသိုလ် (SUSS) နဲ့ စင်ကာပူ နည်းပညာ နှင့် ဒီဇိုင်းတက္ကသိုလ် (SUTD) ကလည်း အဆိုပါ AI နဲ့ပတ်သက်တဲ့ အလားတူ ကန့်သတ်ချက် စည်းမျည်းစည်းကမ်းတွေကို ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

zawgyi version
စင္ကာပူမွ တကၠသိုလ္ေက်ာင္းသားမ်ားအတြက္ assignments ေရးသားရာမွာ အေထာက္အကူျဖစ္ေစဖို႔ စည္းကမ္းတက် AI အသုံးျပဳခြင့္ေပးထား
ေရာင္နီ(NP News) - မတ္ ၂၄

၂၀၂၃ ခုႏွစ္ကတည္းက စင္ကာပူတကၠသိုလ္ေတြမွာ ေက်ာင္းသားေတြ assignment ေရးသားရာမွာ လြယ္ကူ အဆင္ေျပေစဖို႔ ဉာဏ္ရည္တု (AI)၊ အထူးသျဖင့္ ChatGPT နဲ႔ Sora ကိရိယာေတြကို အသုံးျပဳခြင့္ေပးခဲ့ေပမယ့္ ပညာေရးဆိုင္ရာ မ႐ိုးသားမႈနဲ႔ ခိုးကူးမႈမ်ား ရွိခဲ့ပါတယ္။

ဒါေပမဲ့လည္း ဘြဲ႕ႀကိဳေက်ာင္းသားေတြအတြက္ လြတ္လြတ္လပ္လပ္ ေတြးေခၚတတ္ဖို႔နဲ႔ သင္တန္းအေၾကာင္း အရာကို ေသခ်ာနားလည္ေစဖို႔ စည္းမ်ဥ္းေတြနဲ႔ ကန႔္သတ္ခ်က္ေတြကို လိုက္နာဖို႔ လိုအပ္တယ္လို႔ တကၠသိုလ္ ကထိကမ်ားနဲ႔ စီမံခန႔္ခြဲသူေတြက ေျပာၾကားခဲ့ပါတယ္။ AI ကို ေပါင္းစပ္အသုံးျပဳျခင္းဟာ သင္ၾကားေရးနဲ႔ သင္ယူမႈ အရည္အေသြး ျမႇင့္တင္ဖို႔နဲ႔ နည္းပညာဆိုင္ရာ တိုးတက္မႈေတြကို လက္ခံဖို႔ ရည္႐ြယ္ထားေပမယ့္ AI အသုံးျပဳမယ္ဆိုရင္ စည္းမ်ည္းစည္းကမ္းေတြကိုေတာ့ ေသခ်ာလိုက္နာဖို႔ လိုအပ္မယ္လို႔ ၎တို႔က ဆိုပါတယ္။ စည္းကမ္းေတြကေတာ့ ဥပမာ Singapore Institute of Technology (SIT) က ေက်ာင္းသားေတြဆိုရင္ generative AI ကို သတင္းအခ်က္အလက္အတြက္ အဓိကအရင္းအျမစ္အျဖစ္ အသုံးမျပဳသင့္ျခင္း စသျဖင့္ သတ္မွတ္သြားမွာ ျဖစ္ပါတယ္။ စည္းကမ္းခ်က္ေတြဟာ တကၠသိုလ္တစ္ခုနဲ႔တစ္ခုမတူ ကြဲျပားႏိုင္ပါတယ္။

အျခား ပုဂၢလိကတကၠသိုလ္ (၅)ခုျဖစ္တဲ့ စင္ကာပူ အမ်ိဳးသားတကၠသိုလ္(NUS)၊ နန္ယန္း နည္းပညာ တကၠ သိုလ္ (NTU)၊ စင္ကာပူ စီမံခန႔္ခြဲမႈတကၠသိုလ္ (SMU)၊ စင္ကာပူ လူမႈေရးသိပၸံ တကၠသိုလ္ (SUSS) နဲ႔ စင္ကာပူ နည္းပညာ ႏွင့္ ဒီဇိုင္းတကၠသိုလ္ (SUTD) ကလည္း အဆိုပါ AI နဲ႔ပတ္သက္တဲ့ အလားတူ ကန႔္သတ္ခ်က္ စည္းမ်ည္းစည္းကမ္းေတြကို ခ်မွတ္ခဲ့တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.