ပြည်တွင်းရေးကိစ္စကို အာရုံစိုက်ဖြေရှင်းရမည့် အင်ဒိုနီးရှားအစိုးရသစ် (ဘာသာပြန်ဆောင်းပါး)

 123

ဂျန်ဇက် (NP News) - မတ် ၂၅

အင်ဒိုနီးရှားနိုင်ငံသည် ကမ္ဘာပေါ်တွင် တတိယအကြီးဆုံး ဒီမိုကရေစီနိုင်ငံကြီးတစ်နိုင်ငံဖြစ်သည်။ မဲဆန္ဒရှင်များ သည် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်က ကျင်းပခဲ့သည့် အင်ဒိုနီးရှားသမ္မတရွေးကောက်ပွဲတွင် အမျိုးသား လွှတ်တော်၊ ဒေသဆိုင်ရာအုပ်ချုပ်ရေးများနှင့် ဥပဒေပြုအဖွဲ့အစည်းများကို ရွေးချယ်ခဲ့ကြသည်။

အင်ဒိုနီးရှားရွေးကောက်ပွဲသည် တစ်ရက်တည်းကျင်းပသည့် ကမ္ဘာတွင် အကြီးဆုံးရွေးကောက်ပွဲဖြစ်သည်။ အဆိုပါ ရွေးကောက်ပွဲတွင် ပါတီ ၁၈ ပါတီမှ ကိုယ်စားလှယ်ပေါင်း နှစ်သိန်းငါးသောင်းကိုးထောင်တို့သည် ကိုယ်စားလှယ် နေရာ နှစ်သောင်းခြောက်ရာအတွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ်သည်။
အင်ဒိုနီးရှားနိုင်ငံတွင် ကျွန်းပေါင်းတစ်သောင်း ခုနစ်ထောင်ကျော်ရှိသည်။ အင်ဒိုနီးရှားသမ္မတရွေးကောက်ပွဲသည် အင်ဒိုနီးရှားပြည်သူများ၏ ဒီမိုကရေစီဖြစ်စဉ်အပေါ်ထားရှိသည့် ကတိကဝတ်ခိုင်မာမှုနှင့် ခံနိုင်ရည်ရှိမှုအပေါ် စမ်းသပ်မှုတစ်ခုဖြစ်သည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန် ပြောဆိုခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံ၏ ဒီမိုကရေစီသက်တမ်းမှာ ဒီမိုကရေစီဘိုးအေနိုင်ငံကြီးများနှင့် နှိုင်းယှဉ်ပါက နုနယ်သေးသည် ဟု ဆိုနိုင်သော်လည်း ဒီမိုကရေစီယန္တရားကား ယနေ့အထိ မှန်မှန်ကန်ကန် လည်ပတ်နေဆဲဖြစ်သည်။

အင်ဒိုနီးရှားနိုင်ငံကို တစ်ဆင့်မြှင့်ပေးနိုင်ခဲ့သည့် ဂျိုကိုဝီဒိုဒို
သမ္မတဂျိုကိုဝီဒိုဒိုသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေကန့်သတ်ချက်အရ သမ္မတရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် နိုင်ခဲ့ခြင်းမရှိပါ။ သမ္မတဂျိုကိုဝီဒိုဒိုအနေဖြင့် ဒီမိုကရေစီနည်းလမ်းမှ သွေဖယ်မှုတချို့ရှိသော်လည်း အင်ဒိုနီးရှား နိုင်ငံ၏ စီးပွားရေးတိုးတက်အောင် ဆောင်ကြဉ်းပေးနိုင်ခဲ့သူတစ်ဦးဖြစ်သည်။
ဆယ်နှစ်တာကာလအတွင်း ဂျိုကိုဝီဒိုဒို၏ စွမ်းဆောင်မှုများနှင့်ပတ်သက်၍မူ ငြင်းချက်မထုတ်နိုင်ကြပါ။ ၎င်းသည် အင်ဒိုနီးရှားနိုင်ငံ၏ ဖွံ့ဖြိုးမှုနိမ့်ကျနေသောဒေသများကို ဖွံ့ဖြိုးလာအောင်စွမ်းဆောင် ပေးနိုင်ခဲ့သူဖြစ်သည်။ ထို့ပြင် အင်ဒိုနီးရှားနိုင်ငံတွင် အထူးစီးပွားရေးဇုန်များပေါ်လာစေရန်နှင့် အင်ဒိုနီးရှားနိုင်ငံတစ်ဝန်း ဆက်သွယ်သွားလာနိုင် သည့် အခြေခံအဆောက်အအုံများ ပေါ်ထွက်လာရေးကိုလည်း ကြိုးပမ်းခဲ့သူဖြစ်သည်။ အကျိုးကျေးဇူးအဖြစ် ကုန်စည်စီးဆင်းမှုနှင့် ဝန်ဆောင်မှုများမှာ ပိုမိုမြန်ဆန် သွက် လာခဲ့သည်။

ဆူဘီယန်တို ဘယ်လိုလူလဲ....?
တရားဝင် ထုတ်ပြန်ကြေညာခြင်း မရှိသေးသော်လည်း ရွေးကောက်ပွဲရလဒ်များအရ ဆူဘီယန်တိုမှာ အင်ဒိုနီးရှား သမ္မတဖြစ်ရန် သေချာသလောက် ရှိနေပြီဖြစ်သည်။ ရွေးကောက်ပွဲရလဒ်ကို မတ်လ ၂၀ ရက်တွင် တရားဝင် ထုတ်ပြန်ကြေညာမည်ဖြစ်သည်။ ဆူဘီယန်တိုသည် သမ္မတဂျိုကိုဝီဒိုဒို သမ္မတလက်ထက်တွင် ကာကွယ်ရေး ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ ၎င်းသည် အင်ဒိုနီးရှားနိုင်ငံကို နှစ်ပေါင်း ၃၀ ကြာအုပ်ချုပ်ခဲ့သည့် ကွယ်လွန်သူ သမ္မတဟောင်းဆူဟာတို၏သားမက်လည်း ဖြစ်သည်။ ၁၉၉၀ ပြည့်နှစ် အတွင်းက ဆူဟာတို၏ အနီး ကပဗိုလ်မှူးကြီးတစ်ဦးအဖြစ် တာဝန်ယူခဲ့သူလည်း ဖြစ်သည်။
ကာကွယ်ရေးဝန်ကြီးတာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်နှင့်အညီ သမ္မတဖြစ်လာချိန်တွင်လည်း ကာကွယ်ရေး အပေါ် အထူးအာရုံစိုက်မည်မှာသေချာသည်။ ရွေးကောက်ပွဲကာလ ၎င်း၏ကာကွယ်ရေးမူဝါဒနှင့်ပတ်သက်၍ ထုတ်ဖော်ပြောဆိုရာတွင် အပြောကိုလျှော့၊ အလုပ်ကိုပိုလုပ် (less talk, more action) ဟူ၍ ဖြစ်သည်။ ဆူဘီယန်တိုအနေဖြင့်မကြာခဏအလေးအနက်ထားပြောဆိုလေ့ရှိသည်မှာ စစ်အင်အား ကောင်းအောင် တည်ဆောက်ပြီး အခြားနိုင်ငံများ၏ လေးစားမှုရယူရန် လိုအပ်သည်ဟု ခံယူထားသူဖြစ်သည်။ တောင်တရုတ် ပင်လယ်ကိစ္စနှင့်ပတ်သက်၍ စစ်အင်အားတိုးတက်အောင် တည်ဆောက် ရမည့်ကိစ္စတစ်ခုဖြစ်သည်ဟု ယူဆ ထားသူဖြစ်သည်။
ဆူဘီယန်တို၏ သံတမန်ရေးပုံစံမှာ ပါဝါ အပျော့အပေါ်တွင် အခြေခံခြင်းမဟုတ်ဘဲ ပါဝါအမာအပေါ်တွင် အခြေခံ ထားခြင်းဖြစ်သည်။ အင်ဒိုနီးရှားနိုင်ငံတွင် မဲပေးပိုင်ခွင့်ရှိသူဦးရေ ၂၀၅ သန်းနီးပါးရှိရာ အဆိုပါ ဦးရေ၏ တစ်ဝက် ခန့်မှာ အသက်(၄၀)အောက်ဖြစ်ကြရာ ဆူဘီယန်တိုက လူမှုမီဒီယာကိုအသုံးချပြီး ဆွဲဆောင်နိုင်ခဲ့သည်။ ဆူဘီယန် တိုသည် ၂၀၁၄ ခု နှစ်နှင့် ၂၀၁၉ ခုနှစ်တို့တွင်ကျင်းပသည့် အင်ဒိုနီးရှားသမ္မတရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ ဂျိုကိုဝီဒိုဒိုကို ရှုံးနိမ့်ခဲ့သော်လည်း ယခုတတိယအကြိမ် မြောက်ယှဉ်ပြိုင်ရာ၌ အနီးကပ်ဆုံးပြိုင်ဘက် နှစ်ဦးအပေါ် လွတ်လွတ်ကျွတ်ကျွတ် ဦးဆောင်နိုင်ခဲ့ခြင်း ဖြစ်သည်။ ဆူဘီယန်တိုအနေဖြင့် ထိုကဲ့သို့ဦး ဆောင်နိုင်ခဲ့ခြင်းမှာလည်း သမ္မတ ဂျိုကိုဝီဒိုဒိုနှင့်နီးစပ်မှုရှိခြင်းကြောင့်ဖြစ်သည်ဟု လေ့လာသူတချို့က သုံးသပ် သည်။ သူ့တွင် အငြင်းပွားစရာကိစ္စရပ်တချို့လည်း ရှိသည် ဟုဆိုသည်။ ယင်းမှာ ၁၉၈၃ ခုနှစ် ပဋိပက္ခအတွင်း အရှေ့တီမော၌ လူ့အခွင့်အရေး အလွဲသုံးစား ပြုလုပ်မှုတချို့ရှိခဲ့သည်ဆိုသော အတိဖြစ်ရပ်တချို့၏ အရိပ်မည်းလည်း ရှိနေသည်။ အမှားတစ်စုံတစ်ရာ ပြုလုပ်ထားခြင်းမရှိဟု ငြင်းဆိုထားသည်။ ဆူဘီယန်တို အနေဖြင့် ၎င်းသမ္မတဖြစ်လာချိန်တွင် သမ္မတဂျိုကိုဝီဒိုဒို၏သားဖြစ်သူ Gibran Rakabu­ming Raka ကို ဒုတိယ သမ္မတနေရာပေးရန်လည်း ရွေးချယ်ထား သည်။ အင်ဒိုနီးရှားနိုင်ငံတွင် သမ္မတရွေးကောက်ပွဲ၊ အထက်လွှတ်တော် ရွေးကောက်ပွဲအောက်လွှတ်တော်ရွေးကောက်ပွဲ၊ ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့ရွေးကောက်ပွဲ၊ ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့ ရွေးကောက်ပွဲ၊ ဒေသန္တရ/ မြူနီစီပယ်ရွေးကောက် ပွဲဟူ၍ ရွေးကောက်ပွဲများ ကျင်းပလေ့ရှိသည်။

သမ္မတသစ်အတွက်လက်ကမ်းကြိုနေသည့် မြို့တော်သစ်စီမံကိန်း
သမ္မတဂျိုကိုဝီဒိုဒိုသည် အင်ဒိုနီးရှားနိုင်ငံ၏ အုပ်ချုပ်ရေးမြို့တော်ကို ဂျက်ကာတာမှ နူဆန်တာရာသို့ ပြောင်းရွှေ့ရန် စီစဉ်ခဲ့သည်။ အဆိုပါစီမံကိန်းကို ၂၀၂၄ ခုနှစ်တွင် တည်ဆောက်မည်ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၃၃ ဘီလျံ ကုန်ကျမည်ဟု ခန့်မှန်းထားသည်။ မြို့တော်သစ်ပြောင်းရွှေ့ခြင်းနှင့်ပတ်သက်ပြီး အမေရိကန်နှင့်တင်စားကာ ဂျက်ကာတာကို ဝါရှင်တန်ဟုလည်းကောင်း၊ နူဆန်တာရာကို နယူးယောက်ဟု လည်းကောင်း ပြောဆိုတတ်ကြ သည်။
အုပ်ချုပ်ရေး မြို့တော်သစ် ပြောင်းရွှေ့ရေး စီမံချက်အရ အစိုးရအဖွဲ့အစည်းများ ၊ တပ်မတော်နှင့် ရဲတပ်ဖွဲ့များနှင့် သံရုံများအားလုံး လိုက်ပါပြောင်းရွှေ့ ကြရမည်ဖြစ်သည်။ ဗဟိုဘဏ်၊ ဘဏ္ဍာရေးဆိုင်ရာ ထိန်းကျောင်းသည့်အဖွဲ့အစည်း သို့မဟုတ် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အာဏာပိုင်အဖွဲ့များ စသည့် ပုဂ္ဂလိက ကဏ္ဍနှင့် အနီးကပ်ဆောင်ရွက်နေသည့် အင်စတီကျူးရှင်းများမှာမူ ဂျက်ကာတာမြို့တွင် ဆက်လက် ကျန်ရှိနေကြမည်ဖြစ်သည်။ ဂျက်ကာတာမြို့တော်ဝန်ကလည်း အုပ်ချုပ်ရေးမြို့တော်သစ်အတွက် လို အပ်သည့် အခြေခံအဆောက်အအုံများ တည်ဆောက်ရေးစီမံကိန်းကို ၂၀၃၀ ပြည့်နှစ်တွင် အပြီးတည် ဆောက်ရန် ရည်ရွယ်ထားသည်။ အစိုးရရုံးများ ပြောင်းရွှေ့ရသည့် အဓိကအကြောင်းရင်းမှာ ဂျကာတာတွင် လူနေထူထပ်ခြင်းကြောင့်ဖြစ်သည်။ ဂျကာတာတွင် လူဦးရေ ၁၀ သန်းရှိပြီး တဖြည်းဖြည်းနှင့် ပတ်ဝန်းကျင်ရှိ အခြားမြို့များနှင့်ပင် နီးကပ်လာပြီ ဖြစ်သည်။ နေ့စဉ်ခန့်မှန်း လူဦးရေ ၁.၃ သန်းသည် မြို့ထဲတွင် သွားလာ နေကြရာ လမ်းများ၊ ရထားလမ်းများ၊ ရေပိုက်များနှင့် မိလ္လာများမှာ လုံလောက်ခြင်းမရှိတော့ပါ။ မြေအောက် ရေအား တရားမဝင်သုံးစွဲမှုမှာလည်း များပြားလာပြီး မြို့မှာလည်း တဖြည်းဖြည်း နစ်မြုပ်လာသကဲ့သို့ ဖြစ်လာနေသည်။ ထို့ပြင် ရေကြီး ရေလျှံမှု အန္တရာယ်မှာလည်း မြင့်မားလာသည်။

ဆူဘီယန်တို၏ ကတိကဝတ်များ
ဆူဘီယန်တိုအနေဖြင့် သမ္မတဂျိုကိုဝီဒိုဒို ၏ ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းသည့်ပုံစံနှင့် အခြေခံအဆောက်အအုံအစီအမံ များကို ဆက်လက်အကောင် အထည်ဖော်မည်ဟု ကတိပြုထားသည်။ ထို့ပြင် ကာကွယ်ရေးနှင့်လူမှုရေး အထောက် အပံ့ပေးသည့် အသုံးစရိတ်များတိုးမြှင့်ပေးမည်ဟုလည်း ကတိပြုခဲ့သည်။ ညွန့်ပေါင်းအစိုးရဖွဲ့စည်းရာတွင် ဝန်ကြီး ရာထူးနေရာအချို့ကို တာဝန်ပေးအပ်ခြင်းဖြစ်ပြီး အပြန်အလှန်အားဖြင့် ပါတီအပေါ် သစ္စာစောင့်သိရမည်ဟု ဆိုလိုခြင်းဖြစ်သည်။
သို့သော် ဆူဘီယန်တို၏ အခွန်ကောက်ခံမည့် မဟာဗျူဟာမှာ ရှင်းလင်းမှုမရှိကြောင်း၊ စီမံ ကိန်းများအတွက် အသုံးပြုမည့်ငွေကြေးများကြောင့် အစိုးရကြွေးမြီတင်ရှိမှုမှာ ပိုမိုမြင့်မားလာနိုင်သည်ဆို သည့်ယူဆချက်များလည်း ရှိနေသည်။ ဆူဘီယန်တို သည် ဈေးကြီးလှသည့်ကတိကဝတ်များကိုလည်း ပေးထားသည်။ အဆိုပါကတိကဝတ်များမှာ ကျောင်းများတွင် အခမဲ့ကျွေးမွေးခြင်း၊ ကျေးရွာရန်ပုံငွေများ တိုးမြှင့်ထောက်ပံ့ခြင်း၊ ဆင်းရဲနွမ်းပါးသူများအတွက် ငွေကြေးတိုက်ရိုက်ထောက်ပံ့မည်ဆိုသည့် အချက် များလည်း ပါဝင်သည်။
ကျောင်းများတွင် အခမဲ့ကျေးမွေးမည်ဆိုပါက ဘဏ္ဍာနှစ်တစ်နှစ်တွင် အင်ဒိုနီးရှားရူပီယာ ၄၀ဝ ထရီလီယံမှ ၄၅၀ ထရီလီယံအထိ (အမေရိကန် ဒေါ်လာ ၂၅.၆ ဘီလျံမှ ၂၈.၉ ဘီလျံအထိ) ကုန်ကျနိုင်ကြောင်း ပြည်တွင်းမီဒီယာ တစ်ခုတွင် ဖော်ပြထားသည်။ ယင်းအတွက် ကုန်ကျစရိတ်ကာမိစေရန် အခွန်တိုးကောက်မည်ဖြစ်ကြောင်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ထိန်းချုပ်မှုမရှိသည့် လွတ်လပ်သော အထူးအခွန် အေဂျင်စီတစ်ခု တည်ထောင်ရန်လည်း မဲဆွယ်စည်းရုံရေးကာလအတွင်း အဆိုပြုခဲ့သည်။

အစိုးရသစ် ဘာတွေလုပ်မလဲ
အင်ဒိုနီးရှားအစိုးရသစ်အနေဖြင့် နိုင်ငံခြားရေးမူဝါဒများထက် ပြည်တွင်းရေးကိစ္စများကို ဦးစားပေး ဆောင်ရွက်ရ မည်သာဖြစ်သည်၊ ၂၀၂၂ ခုနှစ် G-20 ထိပ်သီးအစည်းအဝေး၊ ၂၀၂၃ ခုနှစ်တွင် အာဆီယံထိပ်သီး အစည်းအဝေးပွဲများ ကို လက်ခံကျင်းပခဲ့သည်။ အင်ဒိုနီးရှားနိုင်ငံအတွက် အာဆီယံဥက္ကဋ္ဌတာဝန်မှာ ၂၀၃၃ ခုနှစ်အထိ ပြန်ရောက် လာရန်မရှိရာအစိုးရသစ်အတွက် ပြည်တွင်းရေးမူဝါဒများကိုသာ ဦးစားပေးကိုင်တွယ် ရမည်ဖြစ်သည်။
အရှေ့တောင်အာရှတွင် အင်ဒိုနီးရှားနိုင်ငံကို အကြီးမားဆုံးစီးပွားရေးလုပ်ငန်းရှိသည့်နိုင်ငံအဖြစ် ရင်းနှီးမြှုပ်နှံသူများကရှုမြင်ထားရာ ဆူဘီယန်တိုအနေဖြင့် အဓိကပြည်တွင်းပြဿနာရပ်များဖြစ်သည့် အလုပ်အကိုင်များ ပိုမို ဖန်တီးရေးနှင့် ငွေကြေးဖောင်းပွမှုကြောင့် ဖြစ်ပေါ်လာသည့်လူနေမှုစရိတ် မြင့်မား နေခြင်းတို့ကို ကိုင်တွယ်ဖြေရှင်းရမည်ဖြစ်သည်။ ထို့ပြင် ကောင်းမွန်သောအုပ်ချုပ်မှု ဖော်ဆောင်ခြင်း၊ အကျင့် ပျက်ခြစားမှုတိုက်ဖျက်ရေး၊ အခြေခံအဆောက်အအုံတိုးတက်ရေးနှင့် ပြည်သူများ၏ လူနေမှုဘဝ ပိုမို တိုးတက် ကောင်းမွန်ရေးတို့ကိုလည်း ကြိုးပမ်းရမည်ဖြစ်သည်။
အင်ဒိုနီးရှားအစိုးရ၏ ထုတ်ပြန်ချက်များအရ ၂၀၂၃ ခုနှစ် တတိယသုံးလပတ် ကာလအတွင်း ပြည်တွင်း အသားတင်ထုတ်လုပ်မှု (GDP) တိုးတက်မှုရှိသော်လည်း အင်ဒိုနီးရှားနိုင်ငံသား ၁.၅ ရာခိုင်နှုန်းမှာ တစ်နေ့ ဝင်ငွေ အမေရိကန်ဒေါ်လာ ၁.၉၀ မျှသာ ရရှိပြီး အလွန်အမင်း ဆင်းရဲနေဆဲဖြစ်သည်။ အင်ဒိုနီးရှား နိုင်ငံသားများသည် လူနေမှုစရိတ်မြင့်မားခြင်း၊ လုပ်ငန်းအသီးသီးတွင် အလုပ်အကိုင်များ လျှော့ချဖြတ်တောက်ခြင်း စသည့် ၎င်းတို့၏ လူမှုဘဝအပေါ် အကျိုးသက်ရောက်စေသည့် စီးပွားရေးနှင့်ပတ်သက်၍ စိုးရိမ်နေကြဆဲဖြစ်သည်။

မဲဆန္ဒရှင်ပြည်သူများ၏ မျှော်လင့်ချက်
Indikator Politik Indonesia အဖွဲ့က စက်တင်ဘာလအတွင်းကောက်ယူခဲ့သည့် စစ်တမ်းတစ်ခုအရ လာမည့်သမ္မတအပေါ် ဖြေဆိုသူ ၃၁ ရာခိုင်နှုန်း၏ မျှော်လင့်ချက်မှာ အလုပ်အကိုင်ဖန်တီးရေး နှင့် အလုပ် လက်မဲ့နှုန်းလျှော့ချရေးမှာ ဒုတိယဦးစားပေးနေရာတွင်ရှိသည်။ အထူးသဖြင့် လူငယ်မဲဆန္ဒရှင် အများစုသည် အလုပ်အကိုင်တည် မြဲရေးနှင့်ပတ်သက်၍ စိုးရိမ်နေကြသည်။ မွတ်စလင်ဦးရေ အများဆုံးနိုင်ငံဖြစ်ပြီး လူဦးရေ သန်း ၂၈၀ ရှိသည့် အင်ဒိုနီးရှားနိုင်ငံ၏ သမ္မတရွေးကောက်ပွဲမှာ အာရှနိုင်ငံများအတွက် စိတ်ဝင်တစား စောင့် ကြည့်ရသည့် ရွေးကောက်ပွဲတစ်ခုဖြစ်သည်။ ယခုကျင်းပခဲ့သည့်ရွေးကောက်ပွဲသည် ကမ္ဘာစင့်မြင့်တွင် အင်ဒို နီးရှားနိုင်ငံ၏ ဦးဆောင်မှုကိုဆုံးဖြတ်ပေးမည့် ပွဲတစ်ပွဲလည်းဖြစ်သည်။ အစ္စရေးနှင့် ဟားမတ်စ်ကြား ဖြစ်ပွားနေသောစစ်ပွဲသည် အရေးကြီးသော နိုင်ငံတကာပြဿနာရပ်များအနက် တစ်ခုအပါအဝင်ဖြစ်သည်။ အင်ဒိုနီးရှားနိုင်ငံသားအများစုကမူ အစ္စရေးကိုကျူးကျော်သူအဖြစ်သတ်မှတ်ပြီး ဆန့်ကျင်ကြသည်။ သမ္မတအဖြစ် ဝင်ရောက်ယှဉ်ပြိုင်သူ သုံးယောက်လုံးသည်လည်း ပါလစ္စတိုင်းကိုထောက်ခံကြောင်း ထုတ်ဖော်ပြောဆိုခဲ့ ကြသည်။ ဆူဘီယန်တိုကလည်း သမ္မတအဖြစ်ရွေးချယ်ခံရပါက ပါလက်စတိုင်းနယ်မြေအတွင်း သံရုံးဖွင့်လှစ် ပြီး ပါလက်စတိုင်းလွတ်မြောက်ရေး တိုးမြှင့်ကြိုးပမ်းသွားမည်ဟု ထုတ်ဖော်ပြောဆိုထားသည်။
ဆူဘီယန်တိုသည် မကြာမီရက်ပိုင်းအတွင်း အင်ဒိုနီးရှားနိုင်ငံ၏ ၈ ယောက်မြောက် သမ္မတ ဖြစ်လာမည်ဖြစ်သည်။ သမ္မတဖြစ်လာချိန်တွင် နိုင်ငံတကာရေးရာကိစ္စရပ်များထက် ပြည်တွင်းရေးရာကိစ္စရပ်များကို အလေးထား ဖြေရှင်းရမည်ဖြစ်သည်။ ရွေးကောက်ပွဲကာလ ကတိကဝတ်များဖြစ်သည့် လူငယ်မဲဆန္ဒရှင်များ၏ မျှော်လင့်ချက် ဖြစ်သည့် အလုပ်လက်မဲ့များလျှော့ချရေး၊ အလုပ်အကိုင်များဖန်တီးရေးနှင့် တည်မြဲရေးတို့ကို ဦးစားပေးဆောင် ရွက်ရမည်ဖြစ်သည်။
သမ္မတ ဂျိုကိုဝီဒိုဒိုလက်ထက်ကလည်း ကာကွယ်ရေးဝန်ကြီးယူခဲ့သူဖြစ်ရာ အုပ်ချုပ်ရေးယန္တရားမှာ သူ့အတွက် အစိမ်းသက်သက်တော့ မဟုတ်ပါ။ သို့သော် သမ္မတဂျိုကိုဝီဒိုဒိုက အင်ဒိုနီးရှားနိုင်ငံကို တစ်ဆင့် မြင့်အောင် မြှင့်တင်ပေးနိုင်ခဲ့သကဲ့သို့ ဆူဘီယန်တိုက အင်ဒိုနီးနိုင်ငံကို နောက်ထပ် တစ်ဆင့်ထပ်မြှင့်ပေးနိုင် မည်လားဆိုသည် ကိုမူ စောင့်ကြည့်ရဦးမည်သာဖြစ်သည်။

Zawgyi Version;
ျပည္တြင္းေရးကိစၥကို အာ႐ုံစိုက္ေျဖရွင္းရမည့္ အင္ဒိုနီးရွားအစိုးရသစ္ (ဘာသာျပန္ေဆာင္းပါး)
ဂ်န္ဇက္ (NP News) - မတ္ ၂၅

အင္ဒိုနီးရွားႏိုင္ငံသည္ ကမာၻေပၚတြင္ တတိယအႀကီးဆုံး ဒီမိုကေရစီႏိုင္ငံႀကီးတစ္ႏိုင္ငံျဖစ္သည္။ မဲဆႏၵရွင္မ်ား သည္ ၂၀၂၄ ခုႏွစ္ ေဖေဖာ္ဝါရီလ ၁၄ ရက္က က်င္းပခဲ့သည့္ အင္ဒိုနီးရွားသမၼတေ႐ြးေကာက္ပြဲတြင္ အမ်ိဳးသား လႊတ္ေတာ္၊ ေဒသဆိုင္ရာအုပ္ခ်ဳပ္ေရးမ်ားႏွင့္ ဥပေဒျပဳအဖြဲ႕အစည္းမ်ားကို ေ႐ြးခ်ယ္ခဲ့ၾကသည္။

အင္ဒိုနီးရွားေ႐ြးေကာက္ပြဲသည္ တစ္ရက္တည္းက်င္းပသည့္ ကမာၻတြင္ အႀကီးဆုံးေ႐ြးေကာက္ပြဲျဖစ္သည္။ အဆိုပါ ေ႐ြးေကာက္ပြဲတြင္ ပါတီ ၁၈ ပါတီမွ ကိုယ္စားလွယ္ေပါင္း ႏွစ္သိန္းငါးေသာင္းကိုးေထာင္တို႔သည္ ကိုယ္စားလွယ္ ေနရာ ႏွစ္ေသာင္းေျခာက္ရာအတြက္ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ၾကျခင္းျဖစ္သည္။
အင္ဒိုနီးရွားႏိုင္ငံတြင္ ကြၽန္းေပါင္းတစ္ေသာင္း ခုနစ္ေထာင္ေက်ာ္ရွိသည္။ အင္ဒိုနီးရွားသမၼတေ႐ြးေကာက္ပြဲသည္ အင္ဒိုနီးရွားျပည္သူမ်ား၏ ဒီမိုကေရစီျဖစ္စဥ္အေပၚထားရွိသည့္ ကတိကဝတ္ခိုင္မာမႈႏွင့္ ခံႏိုင္ရည္ရွိမႈအေပၚ စမ္းသပ္မႈတစ္ခုျဖစ္သည္ဟု အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ထုတ္ျပန္ ေျပာဆိုခဲ့သည္။

အင္ဒိုနီးရွားႏိုင္ငံ၏ ဒီမိုကေရစီသက္တမ္းမွာ ဒီမိုကေရစီဘိုးေအႏိုင္ငံႀကီးမ်ားႏွင့္ ႏႈိင္းယွဥ္ပါက ႏုနယ္ေသးသည္ ဟု ဆိုႏိုင္ေသာ္လည္း ဒီမိုကေရစီယႏၲရားကား ယေန႔အထိ မွန္မွန္ကန္ကန္ လည္ပတ္ေနဆဲျဖစ္သည္။

အင္ဒိုနီးရွားႏိုင္ငံကို တစ္ဆင့္ျမႇင့္ေပးႏိုင္ခဲ့သည့္ ဂ်ိဳကိုဝီဒိုဒို
သမၼတဂ်ိဳကိုဝီဒိုဒိုသည္ ဖြဲ႕စည္းပုံအေျခခံ ဥပေဒကန႔္သတ္ခ်က္အရ သမၼတေ႐ြးေကာက္ပြဲတြင္ ဝင္ေရာက္ယွဥ္ၿပိဳင္ ႏိုင္ခဲ့ျခင္းမရွိပါ။ သမၼတဂ်ိဳကိုဝီဒိုဒိုအေနျဖင့္ ဒီမိုကေရစီနည္းလမ္းမွ ေသြဖယ္မႈတခ်ိဳ႕ရွိေသာ္လည္း အင္ဒိုနီးရွား ႏိုင္ငံ၏ စီးပြားေရးတိုးတက္ေအာင္ ေဆာင္ၾကဥ္းေပးႏိုင္ခဲ့သူတစ္ဦးျဖစ္သည္။
ဆယ္ႏွစ္တာကာလအတြင္း ဂ်ိဳကိုဝီဒိုဒို၏ စြမ္းေဆာင္မႈမ်ားႏွင့္ပတ္သက္၍မူ ျငင္းခ်က္မထုတ္ႏိုင္ၾကပါ။ ၎သည္ အင္ဒိုနီးရွားႏိုင္ငံ၏ ဖြံ႕ၿဖိဳးမႈနိမ့္က်ေနေသာေဒသမ်ားကို ဖြံ႕ၿဖိဳးလာေအာင္စြမ္းေဆာင္ ေပးႏိုင္ခဲ့သူျဖစ္သည္။ ထို႔ျပင္ အင္ဒိုနီးရွားႏိုင္ငံတြင္ အထူးစီးပြားေရးဇုန္မ်ားေပၚလာေစရန္ႏွင့္ အင္ဒိုနီးရွားႏိုင္ငံတစ္ဝန္း ဆက္သြယ္သြားလာႏိုင္ သည့္ အေျခခံအေဆာက္အအုံမ်ား ေပၚထြက္လာေရးကိုလည္း ႀကိဳးပမ္းခဲ့သူျဖစ္သည္။ အက်ိဳးေက်းဇူးအျဖစ္ ကုန္စည္စီးဆင္းမႈႏွင့္ ဝန္ေဆာင္မႈမ်ားမွာ ပိုမိုျမန္ဆန္ သြက္ လာခဲ့သည္။

ဆူဘီယန္တို ဘယ္လိုလူလဲ....?
တရားဝင္ ထုတ္ျပန္ေၾကညာျခင္း မရွိေသးေသာ္လည္း ေ႐ြးေကာက္ပြဲရလဒ္မ်ားအရ ဆူဘီယန္တိုမွာ အင္ဒိုနီးရွား သမၼတျဖစ္ရန္ ေသခ်ာသေလာက္ ရွိေနၿပီျဖစ္သည္။ ေ႐ြးေကာက္ပြဲရလဒ္ကို မတ္လ ၂၀ ရက္တြင္ တရားဝင္ ထုတ္ျပန္ေၾကညာမည္ျဖစ္သည္။ ဆူဘီယန္တိုသည္ သမၼတဂ်ိဳကိုဝီဒိုဒို သမၼတလက္ထက္တြင္ ကာကြယ္ေရး ဝန္ႀကီးအျဖစ္ တာဝန္ထမ္းေဆာင္ခဲ့သူျဖစ္သည္။ ၎သည္ အင္ဒိုနီးရွားႏိုင္ငံကို ႏွစ္ေပါင္း ၃၀ ၾကာအုပ္ခ်ဳပ္ခဲ့သည့္ ကြယ္လြန္သူ သမၼတေဟာင္းဆူဟာတို၏သားမက္လည္း ျဖစ္သည္။ ၁၉၉၀ ျပည့္ႏွစ္ အတြင္းက ဆူဟာတို၏ အနီး ကပဗိုလ္မႉးႀကီးတစ္ဦးအျဖစ္ တာဝန္ယူခဲ့သူလည္း ျဖစ္သည္။
ကာကြယ္ေရးဝန္ႀကီးတာဝန္ထမ္းေဆာင္ခဲ့သူျဖစ္သည္ႏွင့္အညီ သမၼတျဖစ္လာခ်ိန္တြင္လည္း ကာကြယ္ေရး အေပၚ အထူးအာ႐ုံစိုက္မည္မွာေသခ်ာသည္။ ေ႐ြးေကာက္ပြဲကာလ ၎၏ကာကြယ္ေရးမူဝါဒႏွင့္ပတ္သက္၍ ထုတ္ေဖာ္ေျပာဆိုရာတြင္ အေျပာကိုေလွ်ာ့၊ အလုပ္ကိုပိုလုပ္ (less talk, more action) ဟူ၍ ျဖစ္သည္။ ဆူဘီယန္တိုအေနျဖင့္မၾကာခဏအေလးအနက္ထားေျပာဆိုေလ့ရွိသည္မွာ စစ္အင္အား ေကာင္းေအာင္ တည္ေဆာက္ၿပီး အျခားႏိုင္ငံမ်ား၏ ေလးစားမႈရယူရန္ လိုအပ္သည္ဟု ခံယူထားသူျဖစ္သည္။ ေတာင္တ႐ုတ္ ပင္လယ္ကိစၥႏွင့္ပတ္သက္၍ စစ္အင္အားတိုးတက္ေအာင္ တည္ေဆာက္ ရမည့္ကိစၥတစ္ခုျဖစ္သည္ဟု ယူဆ ထားသူျဖစ္သည္။
ဆူဘီယန္တို၏ သံတမန္ေရးပုံစံမွာ ပါဝါ အေပ်ာ့အေပၚတြင္ အေျခခံျခင္းမဟုတ္ဘဲ ပါဝါအမာအေပၚတြင္ အေျခခံ ထားျခင္းျဖစ္သည္။ အင္ဒိုနီးရွားႏိုင္ငံတြင္ မဲေပးပိုင္ခြင့္ရွိသူဦးေရ ၂၀၅ သန္းနီးပါးရွိရာ အဆိုပါ ဦးေရ၏ တစ္ဝက္ ခန႔္မွာ အသက္(၄၀)ေအာက္ျဖစ္ၾကရာ ဆူဘီယန္တိုက လူမႈမီဒီယာကိုအသုံးခ်ၿပီး ဆြဲေဆာင္ႏိုင္ခဲ့သည္။ ဆူဘီယန္ တိုသည္ ၂၀၁၄ ခု ႏွစ္ႏွင့္ ၂၀၁၉ ခုႏွစ္တို႔တြင္က်င္းပသည့္ အင္ဒိုနီးရွားသမၼတေ႐ြးေကာက္ပြဲတြင္ ဝင္ေရာက္ ယွဥ္ၿပိဳင္ခဲ့ရာ ဂ်ိဳကိုဝီဒိုဒိုကို ရႈံးနိမ့္ခဲ့ေသာ္လည္း ယခုတတိယအႀကိမ္ ေျမာက္ယွဥ္ၿပိဳင္ရာ၌ အနီးကပ္ဆုံးၿပိဳင္ဘက္ ႏွစ္ဦးအေပၚ လြတ္လြတ္ကြၽတ္ကြၽတ္ ဦးေဆာင္ႏိုင္ခဲ့ျခင္း ျဖစ္သည္။ ဆူဘီယန္တိုအေနျဖင့္ ထိုကဲ့သို႔ဦး ေဆာင္ႏိုင္ခဲ့ျခင္းမွာလည္း သမၼတ ဂ်ိဳကိုဝီဒိုဒိုႏွင့္နီးစပ္မႈရွိျခင္းေၾကာင့္ျဖစ္သည္ဟု ေလ့လာသူတခ်ိဳ႕က သုံးသပ္ သည္။ သူ႔တြင္ အျငင္းပြားစရာကိစၥရပ္တခ်ိဳ႕လည္း ရွိသည္ ဟုဆိုသည္။ ယင္းမွာ ၁၉၈၃ ခုႏွစ္ ပဋိပကၡအတြင္း အေရွ႕တီေမာ၌ လူ႔အခြင့္အေရး အလြဲသုံးစား ျပဳလုပ္မႈတခ်ိဳ႕ရွိခဲ့သည္ဆိုေသာ အတိျဖစ္ရပ္တခ်ိဳ႕၏ အရိပ္မည္းလည္း ရွိေနသည္။ အမွားတစ္စုံတစ္ရာ ျပဳလုပ္ထားျခင္းမရွိဟု ျငင္းဆိုထားသည္။ ဆူဘီယန္တို အေနျဖင့္ ၎သမၼတျဖစ္လာခ်ိန္တြင္ သမၼတဂ်ိဳကိုဝီဒိုဒို၏သားျဖစ္သူ Gibran Rakabu­ming Raka ကို ဒုတိယ သမၼတေနရာေပးရန္လည္း ေ႐ြးခ်ယ္ထား သည္။ အင္ဒိုနီးရွားႏိုင္ငံတြင္ သမၼတေ႐ြးေကာက္ပြဲ၊ အထက္လႊတ္ေတာ္ ေ႐ြးေကာက္ပြဲေအာက္လႊတ္ေတာ္ေ႐ြးေကာက္ပြဲ၊ ျပည္နယ္အုပ္ခ်ဳပ္ေရးအဖြဲ႕ေ႐ြးေကာက္ပြဲ၊ ေဒသႏၲရ အုပ္ခ်ဳပ္ေရးအဖြဲ႕ ေ႐ြးေကာက္ပြဲ၊ ေဒသႏၲရ/ ျမဴနီစီပယ္ေ႐ြးေကာက္ ပြဲဟူ၍ ေ႐ြးေကာက္ပြဲမ်ား က်င္းပေလ့ရွိသည္။

သမၼတသစ္အတြက္လက္ကမ္းႀကိဳေနသည့္ ၿမိဳ႕ေတာ္သစ္စီမံကိန္း
သမၼတဂ်ိဳကိုဝီဒိုဒိုသည္ အင္ဒိုနီးရွားႏိုင္ငံ၏ အုပ္ခ်ဳပ္ေရးၿမိဳ႕ေတာ္ကို ဂ်က္ကာတာမွ ႏူဆန္တာရာသို႔ ေျပာင္းေ႐ႊ႕ရန္ စီစဥ္ခဲ့သည္။ အဆိုပါစီမံကိန္းကို ၂၀၂၄ ခုႏွစ္တြင္ တည္ေဆာက္မည္ျဖစ္ၿပီး အေမရိကန္ေဒၚလာ ၃၃ ဘီလ်ံ ကုန္က်မည္ဟု ခန႔္မွန္းထားသည္။ ၿမိဳ႕ေတာ္သစ္ေျပာင္းေ႐ႊ႕ျခင္းႏွင့္ပတ္သက္ၿပီး အေမရိကန္ႏွင့္တင္စားကာ ဂ်က္ကာတာကို ဝါရွင္တန္ဟုလည္းေကာင္း၊ ႏူဆန္တာရာကို နယူးေယာက္ဟု လည္းေကာင္း ေျပာဆိုတတ္ၾက သည္။
အုပ္ခ်ဳပ္ေရး ၿမိဳ႕ေတာ္သစ္ ေျပာင္းေ႐ႊ႕ေရး စီမံခ်က္အရ အစိုးရအဖြဲ႕အစည္းမ်ား ၊ တပ္မေတာ္ႏွင့္ ရဲတပ္ဖြဲ႕မ်ားႏွင့္ သံ႐ုံမ်ားအားလုံး လိုက္ပါေျပာင္းေ႐ႊ႕ ၾကရမည္ျဖစ္သည္။ ဗဟိုဘဏ္၊ ဘ႑ာေရးဆိုင္ရာ ထိန္းေက်ာင္းသည့္အဖြဲ႕အစည္း သို႔မဟုတ္ ရင္းႏွီးျမႇဳပ္ႏွံမႈဆိုင္ရာ အာဏာပိုင္အဖြဲ႕မ်ား စသည့္ ပုဂၢလိက က႑ႏွင့္ အနီးကပ္ေဆာင္႐ြက္ေနသည့္ အင္စတီက်ဴးရွင္းမ်ားမွာမူ ဂ်က္ကာတာၿမိဳ႕တြင္ ဆက္လက္ က်န္ရွိေနၾကမည္ျဖစ္သည္။ ဂ်က္ကာတာၿမိဳ႕ေတာ္ဝန္ကလည္း အုပ္ခ်ဳပ္ေရးၿမိဳ႕ေတာ္သစ္အတြက္ လို အပ္သည့္ အေျခခံအေဆာက္အအုံမ်ား တည္ေဆာက္ေရးစီမံကိန္းကို ၂၀၃၀ ျပည့္ႏွစ္တြင္ အၿပီးတည္ ေဆာက္ရန္ ရည္႐ြယ္ထားသည္။ အစိုးရ႐ုံးမ်ား ေျပာင္းေ႐ႊ႕ရသည့္ အဓိကအေၾကာင္းရင္းမွာ ဂ်ကာတာတြင္ လူေနထူထပ္ျခင္းေၾကာင့္ျဖစ္သည္။ ဂ်ကာတာတြင္ လူဦးေရ ၁၀ သန္းရွိၿပီး တျဖည္းျဖည္းႏွင့္ ပတ္ဝန္းက်င္ရွိ အျခားၿမိဳ႕မ်ားႏွင့္ပင္ နီးကပ္လာၿပီ ျဖစ္သည္။ ေန႔စဥ္ခန႔္မွန္း လူဦးေရ ၁.၃ သန္းသည္ ၿမိဳ႕ထဲတြင္ သြားလာ ေနၾကရာ လမ္းမ်ား၊ ရထားလမ္းမ်ား၊ ေရပိုက္မ်ားႏွင့္ မိလႅာမ်ားမွာ လုံေလာက္ျခင္းမရွိေတာ့ပါ။ ေျမေအာက္ ေရအား တရားမဝင္သုံးစြဲမႈမွာလည္း မ်ားျပားလာၿပီး ၿမိဳ႕မွာလည္း တျဖည္းျဖည္း နစ္ျမဳပ္လာသကဲ့သို႔ ျဖစ္လာေနသည္။ ထို႔ျပင္ ေရႀကီး ေရလွ်ံမႈ အႏၲရာယ္မွာလည္း ျမင့္မားလာသည္။

ဆူဘီယန္တို၏ ကတိကဝတ္မ်ား
ဆူဘီယန္တိုအေနျဖင့္ သမၼတဂ်ိဳကိုဝီဒိုဒို ၏ ၫြန႔္ေပါင္းအစိုးရ ဖြဲ႕စည္းသည့္ပုံစံႏွင့္ အေျခခံအေဆာက္အအုံအစီအမံ မ်ားကို ဆက္လက္အေကာင္ အထည္ေဖာ္မည္ဟု ကတိျပဳထားသည္။ ထို႔ျပင္ ကာကြယ္ေရးႏွင့္လူမႈေရး အေထာက္ အပံ့ေပးသည့္ အသုံးစရိတ္မ်ားတိုးျမႇင့္ေပးမည္ဟုလည္း ကတိျပဳခဲ့သည္။ ၫြန႔္ေပါင္းအစိုးရဖြဲ႕စည္းရာတြင္ ဝန္ႀကီး ရာထူးေနရာအခ်ိဳ႕ကို တာဝန္ေပးအပ္ျခင္းျဖစ္ၿပီး အျပန္အလွန္အားျဖင့္ ပါတီအေပၚ သစၥာေစာင့္သိရမည္ဟု ဆိုလိုျခင္းျဖစ္သည္။
သို႔ေသာ္ ဆူဘီယန္တို၏ အခြန္ေကာက္ခံမည့္ မဟာဗ်ဴဟာမွာ ရွင္းလင္းမႈမရွိေၾကာင္း၊ စီမံ ကိန္းမ်ားအတြက္ အသုံးျပဳမည့္ေငြေၾကးမ်ားေၾကာင့္ အစိုးရေႂကြးၿမီတင္ရွိမႈမွာ ပိုမိုျမင့္မားလာႏိုင္သည္ဆို သည့္ယူဆခ်က္မ်ားလည္း ရွိေနသည္။ ဆူဘီယန္တို သည္ ေဈးႀကီးလွသည့္ကတိကဝတ္မ်ားကိုလည္း ေပးထားသည္။ အဆိုပါကတိကဝတ္မ်ားမွာ ေက်ာင္းမ်ားတြင္ အခမဲ့ေကြၽးေမြးျခင္း၊ ေက်း႐ြာရန္ပုံေငြမ်ား တိုးျမႇင့္ေထာက္ပံ့ျခင္း၊ ဆင္းရဲႏြမ္းပါးသူမ်ားအတြက္ ေငြေၾကးတိုက္႐ိုက္ေထာက္ပံ့မည္ဆိုသည့္ အခ်က္ မ်ားလည္း ပါဝင္သည္။
ေက်ာင္းမ်ားတြင္ အခမဲ့ေက်းေမြးမည္ဆိုပါက ဘ႑ာႏွစ္တစ္ႏွစ္တြင္ အင္ဒိုနီးရွား႐ူပီယာ ၄၀ဝ ထရီလီယံမွ ၄၅၀ ထရီလီယံအထိ (အေမရိကန္ ေဒၚလာ ၂၅.၆ ဘီလ်ံမွ ၂၈.၉ ဘီလ်ံအထိ) ကုန္က်ႏိုင္ေၾကာင္း ျပည္တြင္းမီဒီယာ တစ္ခုတြင္ ေဖာ္ျပထားသည္။ ယင္းအတြက္ ကုန္က်စရိတ္ကာမိေစရန္ အခြန္တိုးေကာက္မည္ျဖစ္ေၾကာင္းႏွင့္ ဘ႑ာေရးဝန္ႀကီးဌာန၏ ထိန္းခ်ဳပ္မႈမရွိသည့္ လြတ္လပ္ေသာ အထူးအခြန္ ေအဂ်င္စီတစ္ခု တည္ေထာင္ရန္လည္း မဲဆြယ္စည္း႐ုံေရးကာလအတြင္း အဆိုျပဳခဲ့သည္။

အစိုးရသစ္ ဘာေတြလုပ္မလဲ
အင္ဒိုနီးရွားအစိုးရသစ္အေနျဖင့္ ႏိုင္ငံျခားေရးမူဝါဒမ်ားထက္ ျပည္တြင္းေရးကိစၥမ်ားကို ဦးစားေပး ေဆာင္႐ြက္ရ မည္သာျဖစ္သည္၊ ၂၀၂၂ ခုႏွစ္ G-20 ထိပ္သီးအစည္းအေဝး၊ ၂၀၂၃ ခုႏွစ္တြင္ အာဆီယံထိပ္သီး အစည္းအေဝးပြဲမ်ား ကို လက္ခံက်င္းပခဲ့သည္။ အင္ဒိုနီးရွားႏိုင္ငံအတြက္ အာဆီယံဥကၠ႒တာဝန္မွာ ၂၀၃၃ ခုႏွစ္အထိ ျပန္ေရာက္ လာရန္မရွိရာအစိုးရသစ္အတြက္ ျပည္တြင္းေရးမူဝါဒမ်ားကိုသာ ဦးစားေပးကိုင္တြယ္ ရမည္ျဖစ္သည္။
အေရွ႕ေတာင္အာရွတြင္ အင္ဒိုနီးရွားႏိုင္ငံကို အႀကီးမားဆုံးစီးပြားေရးလုပ္ငန္းရွိသည့္ႏိုင္ငံအျဖစ္ ရင္းႏွီးျမႇဳပ္ႏွံသူမ်ားကရႈျမင္ထားရာ ဆူဘီယန္တိုအေနျဖင့္ အဓိကျပည္တြင္းျပႆနာရပ္မ်ားျဖစ္သည့္ အလုပ္အကိုင္မ်ား ပိုမို ဖန္တီးေရးႏွင့္ ေငြေၾကးေဖာင္းပြမႈေၾကာင့္ ျဖစ္ေပၚလာသည့္လူေနမႈစရိတ္ ျမင့္မား ေနျခင္းတို႔ကို ကိုင္တြယ္ေျဖရွင္းရမည္ျဖစ္သည္။ ထို႔ျပင္ ေကာင္းမြန္ေသာအုပ္ခ်ဳပ္မႈ ေဖာ္ေဆာင္ျခင္း၊ အက်င့္ ပ်က္ျခစားမႈတိုက္ဖ်က္ေရး၊ အေျခခံအေဆာက္အအုံတိုးတက္ေရးႏွင့္ ျပည္သူမ်ား၏ လူေနမႈဘဝ ပိုမို တိုးတက္ ေကာင္းမြန္ေရးတို႔ကိုလည္း ႀကိဳးပမ္းရမည္ျဖစ္သည္။
အင္ဒိုနီးရွားအစိုးရ၏ ထုတ္ျပန္ခ်က္မ်ားအရ ၂၀၂၃ ခုႏွစ္ တတိယသုံးလပတ္ ကာလအတြင္း ျပည္တြင္း အသားတင္ထုတ္လုပ္မႈ (GDP) တိုးတက္မႈရွိေသာ္လည္း အင္ဒိုနီးရွားႏိုင္ငံသား ၁.၅ ရာခိုင္ႏႈန္းမွာ တစ္ေန႔ ဝင္ေငြ အေမရိကန္ေဒၚလာ ၁.၉၀ မွ်သာ ရရွိၿပီး အလြန္အမင္း ဆင္းရဲေနဆဲျဖစ္သည္။ အင္ဒိုနီးရွား ႏိုင္ငံသားမ်ားသည္ လူေနမႈစရိတ္ျမင့္မားျခင္း၊ လုပ္ငန္းအသီးသီးတြင္ အလုပ္အကိုင္မ်ား ေလွ်ာ့ခ်ျဖတ္ေတာက္ျခင္း စသည့္ ၎တို႔၏ လူမႈဘဝအေပၚ အက်ိဳးသက္ေရာက္ေစသည့္ စီးပြားေရးႏွင့္ပတ္သက္၍ စိုးရိမ္ေနၾကဆဲျဖစ္သည္။

မဲဆႏၵရွင္ျပည္သူမ်ား၏ ေမွ်ာ္လင့္ခ်က္
Indikator Politik Indonesia အဖြဲ႕က စက္တင္ဘာလအတြင္းေကာက္ယူခဲ့သည့္ စစ္တမ္းတစ္ခုအရ လာမည့္သမၼတအေပၚ ေျဖဆိုသူ ၃၁ ရာခိုင္ႏႈန္း၏ ေမွ်ာ္လင့္ခ်က္မွာ အလုပ္အကိုင္ဖန္တီးေရး ႏွင့္ အလုပ္ လက္မဲ့ႏႈန္းေလွ်ာ့ခ်ေရးမွာ ဒုတိယဦးစားေပးေနရာတြင္ရွိသည္။ အထူးသျဖင့္ လူငယ္မဲဆႏၵရွင္ အမ်ားစုသည္ အလုပ္အကိုင္တည္ ၿမဲေရးႏွင့္ပတ္သက္၍ စိုးရိမ္ေနၾကသည္။ မြတ္စလင္ဦးေရ အမ်ားဆုံးႏိုင္ငံျဖစ္ၿပီး လူဦးေရ သန္း ၂၈၀ ရွိသည့္ အင္ဒိုနီးရွားႏိုင္ငံ၏ သမၼတေ႐ြးေကာက္ပြဲမွာ အာရွႏိုင္ငံမ်ားအတြက္ စိတ္ဝင္တစား ေစာင့္ ၾကည့္ရသည့္ ေ႐ြးေကာက္ပြဲတစ္ခုျဖစ္သည္။ ယခုက်င္းပခဲ့သည့္ေ႐ြးေကာက္ပြဲသည္ ကမာၻစင့္ျမင့္တြင္ အင္ဒို နီးရွားႏိုင္ငံ၏ ဦးေဆာင္မႈကိုဆုံးျဖတ္ေပးမည့္ ပြဲတစ္ပြဲလည္းျဖစ္သည္။ အစၥေရးႏွင့္ ဟားမတ္စ္ၾကား ျဖစ္ပြားေနေသာစစ္ပြဲသည္ အေရးႀကီးေသာ ႏိုင္ငံတကာျပႆနာရပ္မ်ားအနက္ တစ္ခုအပါအဝင္ျဖစ္သည္။ အင္ဒိုနီးရွားႏိုင္ငံသားအမ်ားစုကမူ အစၥေရးကိုက်ဴးေက်ာ္သူအျဖစ္သတ္မွတ္ၿပီး ဆန႔္က်င္ၾကသည္။ သမၼတအျဖစ္ ဝင္ေရာက္ယွဥ္ၿပိဳင္သူ သုံးေယာက္လုံးသည္လည္း ပါလစၥတိုင္းကိုေထာက္ခံေၾကာင္း ထုတ္ေဖာ္ေျပာဆိုခဲ့ ၾကသည္။ ဆူဘီယန္တိုကလည္း သမၼတအျဖစ္ေ႐ြးခ်ယ္ခံရပါက ပါလက္စတိုင္းနယ္ေျမအတြင္း သံ႐ုံးဖြင့္လွစ္ ၿပီး ပါလက္စတိုင္းလြတ္ေျမာက္ေရး တိုးျမႇင့္ႀကိဳးပမ္းသြားမည္ဟု ထုတ္ေဖာ္ေျပာဆိုထားသည္။
ဆူဘီယန္တိုသည္ မၾကာမီရက္ပိုင္းအတြင္း အင္ဒိုနီးရွားႏိုင္ငံ၏ ၈ ေယာက္ေျမာက္ သမၼတ ျဖစ္လာမည္ျဖစ္သည္။ သမၼတျဖစ္လာခ်ိန္တြင္ ႏိုင္ငံတကာေရးရာကိစၥရပ္မ်ားထက္ ျပည္တြင္းေရးရာကိစၥရပ္မ်ားကို အေလးထား ေျဖရွင္းရမည္ျဖစ္သည္။ ေ႐ြးေကာက္ပြဲကာလ ကတိကဝတ္မ်ားျဖစ္သည့္ လူငယ္မဲဆႏၵရွင္မ်ား၏ ေမွ်ာ္လင့္ခ်က္ ျဖစ္သည့္ အလုပ္လက္မဲ့မ်ားေလွ်ာ့ခ်ေရး၊ အလုပ္အကိုင္မ်ားဖန္တီးေရးႏွင့္ တည္ၿမဲေရးတို႔ကို ဦးစားေပးေဆာင္ ႐ြက္ရမည္ျဖစ္သည္။
သမၼတ ဂ်ိဳကိုဝီဒိုဒိုလက္ထက္ကလည္း ကာကြယ္ေရးဝန္ႀကီးယူခဲ့သူျဖစ္ရာ အုပ္ခ်ဳပ္ေရးယႏၲရားမွာ သူ႔အတြက္ အစိမ္းသက္သက္ေတာ့ မဟုတ္ပါ။ သို႔ေသာ္ သမၼတဂ်ိဳကိုဝီဒိုဒိုက အင္ဒိုနီးရွားႏိုင္ငံကို တစ္ဆင့္ ျမင့္ေအာင္ ျမႇင့္တင္ေပးႏိုင္ခဲ့သကဲ့သို႔ ဆူဘီယန္တိုက အင္ဒိုနီးႏိုင္ငံကို ေနာက္ထပ္ တစ္ဆင့္ထပ္ျမႇင့္ေပးႏိုင္ မည္လားဆိုသည္ ကိုမူ ေစာင့္ၾကည့္ရဦးမည္သာျဖစ္သည္။

Related news

© 2021. All rights reserved.