UID နံပါတ်ပြုလုပ်ရန် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးသည့်မြို့ကို ပြန်ရန်မလိုဟုဆို

 13477

ယွန်း (NP News) - မတ် ၂၇

UID နံပါတ်ပြုလုပ်ရန် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးသည့်မြို့ကို ပြန်ရန်မလိုပဲ လက်ရှိနေထိုင်ရာမြို့ရှိ မြို့နယ်လဝကရုံးများတွင် လုပ်ဆောင်နိုင်ကြောင်း နစက၏ သတင်းအချက်အလက်များအရ သိရသည်။

မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးက UID နံပါတ်ထုတ်ပေးထားကြောင်း အထောက် အထားလက်မှတ်မပါသူများကို နိုင်ငံကူးလက်မှတ်စာအုပ်ထုတ်ပေးမည်မဟုတ်ကြောင်း ပြီးခဲ့သည့် မတ်လ(၁၉)ရက်က အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။

အဆိုပါထုတ်ပြန်ချက်ထွက်ရှိပြီးသည့်အချိန်မှစ၍ ပတ်စပို့သက်တမ်းတိုးသူများနှင့် အသစ်လုပ်သူများအနေဖြင့် UID နံပါတ်ရရှိရေးကို ဆောင်ရွက်လျှက်ရှိ ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးသည့်မြို့တွင်သာ UID နံပါတ်ထုတ်ယူနိုင်မည်ဆိုသည့် ပြောဆိုမှုများလည်းရှိနေကြောင်း သိရသည်။ လက်ရှိတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် UID နံပါတ်များကို ပိတ်ရက်မရှိထုတ်ပေးနေပြီး လက်ရှိနေထိုင်သည့် မြို့နယ်ရှိ မြို့နယ်လဝကရုံးများတွင် UID နံပါတ်များရယူနိုင်ကြောင်း သိရသည်။

“ရောက်တဲ့နေရာမှာပဲ လုပ်လို့ရပါတယ်။ သက်ဆိုင်ရာမြို့နယ်မှာလုပ်လို့ရတယ်။ ဒါပေမဲ့ တစ်ရက်ကို စက်တစ်လုံးရဲ့လုပ်နိုင်တဲ့ပမာဏက ၇၀ ပဲလုပ်နိုင်တာလေ။ အဲဒီအချိန်မှာတော့ တန်းစီပြုံတိုးတာတွေတော့ များတာပေါ့။ အဓိကကိုယ့်မြို့နယ်က အိမ်ထောင်စုရှိတဲ့လူတွေကိုပဲ ဦးစားပေးနေတာလည်းရှိတာပေါ့။ နံပါတ်ကတော့ ဘယ်နေရာမှာပဲဖြစ်ဖြစ်ကောက်လို့ရတယ်။ စက်အလုံးရေများများရှိတဲ့ နေရာချောင်တဲ့နေရာကိုသွားရင်တော့ ပိုအဆင်ပြေတာပေါ့။ လက်ရှိ မှာတော့ လုပ်တဲ့သူတွေကတော့များတယ်။ မြို့ကြီးတွေမှာဆိုပိုများတယ်။ တစ်ချို့လည်းလူများတော့တစ်ရက်ထဲနဲ့အဆင်မပြေတာလေးတွေတော့ရှိတာ‌ပေါ့။ နောက်ပိုင်းကျရင်တော့ပိုများလာမှာပေါ့”ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

မြို့နယ်လဝကရုံးများအပြင် ရပ်ကွက်များ၌ ဆင်းပြီးပြုလုပ်ပေးနေသည့် Mobile Team များတွင်လည်း UID နံပါတ်များကို အခမဲ့ပြုလုပ်နိုင်ကြောင်း နစက၏ အချက်အလက်များတွင် ဖော်ပြထားသည်။ လက်ရှိတွင် နိုင်ငံကူးလက်မှတ်လျှောက်ထားမှုများ၌ အချက်အလက်ကွဲလွဲမှုများနှင့် အထောက်အထားအတုများဖြင့် လျှောက်ထားမှုများရှိနေကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနထံမှ သိရသည်။

ထို့ကြောင့် ယခင်ဆောင်ရွက်နေသည့် e-ID စနစ်အစား UID စနစ်ကိုပြောင်းလဲခဲ့ပြီး လက်ရှိတွင် မြန်မာနိုင်ငံအတွင်းရှိ မြို့နယ်အများအပြား၌ UID စက်များထားရှိကာ စက်တစ်လုံးလျှင် လူဦးရေ(၇၀)နှုန်းဖြင့် နေ့စဉ်ဆောင်ရွက်ပေးနေကြောင်း သိရသည်။

zawgyi version
UID နံပါတ္ျပဳလုပ္ရန္ ႏိုင္ငံသားစိစစ္ေရးကတ္ျပားထုတ္ေပးသည့္ၿမိဳ႕ကို ျပန္ရန္မလိုဟုဆို
ယြန္း (NP News) - မတ္ ၂၇

UID နံပါတ္ျပဳလုပ္ရန္ ႏိုင္ငံသားစိစစ္ေရးကတ္ျပားထုတ္ေပးသည့္ၿမိဳ႕ကို ျပန္ရန္မလိုပဲ လက္ရွိေနထိုင္ရာၿမိဳ႕ရွိ ၿမိဳ႕နယ္လဝက႐ုံးမ်ားတြင္ လုပ္ေဆာင္ႏိုင္ေၾကာင္း နစက၏ သတင္းအခ်က္အလက္မ်ားအရ သိရသည္။

ျမန္မာႏိုင္ငံကူးလက္မွတ္ထုတ္ေပးေရး႐ုံးက UID နံပါတ္ထုတ္ေပးထားေၾကာင္း အေထာက္ အထားလက္မွတ္မပါသူမ်ားကို ႏိုင္ငံကူးလက္မွတ္စာအုပ္ထုတ္ေပးမည္မဟုတ္ေၾကာင္း ၿပီးခဲ့သည့္ မတ္လ(၁၉)ရက္က အသိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။

အဆိုပါထုတ္ျပန္ခ်က္ထြက္ရွိၿပီးသည့္အခ်ိန္မွစ၍ ပတ္စပို႔သက္တမ္းတိုးသူမ်ားႏွင့္ အသစ္လုပ္သူမ်ားအေနျဖင့္ UID နံပါတ္ရရွိေရးကို ေဆာင္႐ြက္လွ်က္ရွိ ၿပီး ႏိုင္ငံသားစိစစ္ေရးကတ္ျပားထုတ္ေပးသည့္ၿမိဳ႕တြင္သာ UID နံပါတ္ထုတ္ယူႏိုင္မည္ဆိုသည့္ ေျပာဆိုမႈမ်ားလည္းရွိေနေၾကာင္း သိရသည္။ လက္ရွိတြင္ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဝန္ႀကီးဌာနအေနျဖင့္ UID နံပါတ္မ်ားကို ပိတ္ရက္မရွိထုတ္ေပးေနၿပီး လက္ရွိေနထိုင္သည့္ ၿမိဳ႕နယ္ရွိ ၿမိဳ႕နယ္လဝက႐ုံးမ်ားတြင္ UID နံပါတ္မ်ားရယူႏိုင္ေၾကာင္း သိရသည္။

“ေရာက္တဲ့ေနရာမွာပဲ လုပ္လို႔ရပါတယ္။ သက္ဆိုင္ရာၿမိဳ႕နယ္မွာလုပ္လို႔ရတယ္။ ဒါေပမဲ့ တစ္ရက္ကို စက္တစ္လုံးရဲ႕လုပ္ႏိုင္တဲ့ပမာဏက ၇၀ ပဲလုပ္ႏိုင္တာေလ။ အဲဒီအခ်ိန္မွာေတာ့ တန္းစီၿပဳံတိုးတာေတြေတာ့ မ်ားတာေပါ့။ အဓိကကိုယ့္ၿမိဳ႕နယ္က အိမ္ေထာင္စုရွိတဲ့လူေတြကိုပဲ ဦးစားေပးေနတာလည္းရွိတာေပါ့။ နံပါတ္ကေတာ့ ဘယ္ေနရာမွာပဲျဖစ္ျဖစ္ေကာက္လို႔ရတယ္။ စက္အလုံးေရမ်ားမ်ားရွိတဲ့ ေနရာေခ်ာင္တဲ့ေနရာကိုသြားရင္ေတာ့ ပိုအဆင္ေျပတာေပါ့။ လက္ရွိ မွာေတာ့ လုပ္တဲ့သူေတြကေတာ့မ်ားတယ္။ ၿမိဳ႕ႀကီးေတြမွာဆိုပိုမ်ားတယ္။ တစ္ခ်ိဳ႕လည္းလူမ်ားေတာ့တစ္ရက္ထဲနဲ႔အဆင္မေျပတာေလးေတြေတာ့ရွိတာ‌ေပါ့။ ေနာက္ပိုင္းက်ရင္ေတာ့ပိုမ်ားလာမွာေပါ့”ဟု လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဝန္ႀကီးဌာနမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

ၿမိဳ႕နယ္လဝက႐ုံးမ်ားအျပင္ ရပ္ကြက္မ်ား၌ ဆင္းၿပီးျပဳလုပ္ေပးေနသည့္ Mobile Team မ်ားတြင္လည္း UID နံပါတ္မ်ားကို အခမဲ့ျပဳလုပ္ႏိုင္ေၾကာင္း နစက၏ အခ်က္အလက္မ်ားတြင္ ေဖာ္ျပထားသည္။ လက္ရွိတြင္ ႏိုင္ငံကူးလက္မွတ္ေလွ်ာက္ထားမႈမ်ား၌ အခ်က္အလက္ကြဲလြဲမႈမ်ားႏွင့္ အေထာက္အထားအတုမ်ားျဖင့္ ေလွ်ာက္ထားမႈမ်ားရွိေနေၾကာင္း လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဝန္ႀကီးဌာနထံမွ သိရသည္။

ထို႔ေၾကာင့္ ယခင္ေဆာင္႐ြက္ေနသည့္ e-ID စနစ္အစား UID စနစ္ကိုေျပာင္းလဲခဲ့ၿပီး လက္ရွိတြင္ ျမန္မာႏိုင္ငံအတြင္းရွိ ၿမိဳ႕နယ္အမ်ားအျပား၌ UID စက္မ်ားထားရွိကာ စက္တစ္လုံးလွ်င္ လူဦးေရ(၇၀)ႏႈန္းျဖင့္ ေန႔စဥ္ေဆာင္႐ြက္ေပးေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.