နေပြည်တော်ရှိ ခရီးစဥ်(၃၈)နေရာအနက်မှ ဆွဲဆောင်မှုပိုကောင်းသည့် ဦးစားပေးနေရာများရွေးချယ်၍ ခရီးစဥ်လမ်းကြောင်းများရေးဆွဲရန် စီစဥ်နေ

 2542

ယွန်း (NP News) - မတ် ၂၈

နေပြည်တော်ရှိ ခရီးစဥ်(၃၈)နေရာအနက်မှ ဆွဲဆောင်မှုပိုကောင်းသည့် ဦးစားပေးနေရာများရွေးချယ်၍ ခရီးစဥ်လမ်းကြောင်းများရေးဆွဲရန် စီစဥ်နေကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနထံမှ သိရသည်။

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က ပြီးခဲ့သည့်ရက်ပိုင်းတွင် ဝန်ကြီးဌာနရှိ ကျောက်စိမ်းခန်းမ၌ ကျင်းပသည့် အစည်းအဝေးတွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

နေပြည်တော်တွင် မကြာမီကတည်ဆောက်ပြီးစီးခဲ့သည့် မာရဝိဇယဗုဒ္ဓရုပ်ပွား‌တော်မြတ်ကြီး အပါအဝင် ဘုရားပုထိုးစေတီများ၊ သဘာဝရှုမျှော်ခင်းများ၊ အပန်းဖြေဥယျာဥ်များနှင့် ပြတိုက်များ အစရှိသည့် ခရီးသွားဆွဲဆောင်ရာနေရာ(၃၈)နေရာရှိကြောင်း သိရသည်။ ထို့ ကြောင့် ပြည်တွင်း/ပြည်ပခရီးသွားဧည့်သည်များ ပိုမိုလာရောက်လည်ပတ်နိုင်ရေးအတွက် ဈေးကွက်ရှာဖွေရေးကိုလည်း ထိထိရောက်ရောက်ဆောင်ရွက် ရန်လိုအပ်ပြီး အဆိုပါခရီး သွားဆွဲဆောင်ရာနေရာ(၃၈)နေရာရှိသည့်အနက်မှ ဆွဲဆောင်မှုပိုမိုကောင်းမွန်သည့် ဦးစားပေးနေရာများကို ရွေးချယ်၍ ခရီးစဥ်လမ်းကြောင်းများရေးဆွဲရန် ပြည်ထောင်စုဝန်ကြီးက ပြောကြားထားသည်။

နေပြည်တော်ရှိ ခရီးသွားဆွဲဆောင်ရာနေရာများကို ခရီးသွားဧည့်သည်များ ပိုမိုလာရောက်လည်ပတ်စေရေးမြှင့်တင်ဆောင်ရွက်ရာတွင် Promotion Campaign ကဲ့သို့ အစီအစဥ်များကို အကောင်အထည်ဖော်ရန် ပြည်ထောင်စုဝန်ကြီးက တိုက်တွန်းပြောကြားခဲ့သည်။ ထို့ပြင် နိုင်ငံတကာအစည်းအဝေးများ၊ ညီလာခံများနှင့် ကုန်စည်ပြပွဲများ ကျင်းပရန်အတွက် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာများ၊ နိုင်ငံတကာအဆင့်မီ ဟိုတယ်ကြီးများနှင့် တည်းခိုရိပ်သာများရှိသော နေပြည်တော်ကို MICE(Meetings, Incentives, Conferences, Exhibitions) ခရီးစဉ်ဒေသတစ်ခုအဖြစ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

zawgyi version
ေနျပည္ေတာ္ရွိ ခရီးစဥ္(၃၈)ေနရာအနက္မွ ဆြဲေဆာင္မႈပိုေကာင္းသည့္ ဦးစားေပးေနရာမ်ားေ႐ြးခ်ယ္၍ ခရီးစဥ္လမ္းေၾကာင္းမ်ားေရးဆြဲရန္ စီစဥ္ေန
ယြန္း (NP News) - မတ္ ၂၈

ေနျပည္ေတာ္ရွိ ခရီးစဥ္(၃၈)ေနရာအနက္မွ ဆြဲေဆာင္မႈပိုေကာင္းသည့္ ဦးစားေပးေနရာမ်ားေ႐ြးခ်ယ္၍ ခရီးစဥ္လမ္းေၾကာင္းမ်ားေရးဆြဲရန္ စီစဥ္ေနေၾကာင္း ဟိုတယ္ႏွင့္ခရီးသြားလာေရးဝန္ႀကီးဌာနထံမွ သိရသည္။

ဟိုတယ္ႏွင့္ခရီးသြားလာေရးဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာသက္သက္ခိုင္က ၿပီးခဲ့သည့္ရက္ပိုင္းတြင္ ဝန္ႀကီးဌာနရွိ ေက်ာက္စိမ္းခန္းမ၌ က်င္းပသည့္ အစည္းအေဝးတြင္ အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္သည္။

ေနျပည္ေတာ္တြင္ မၾကာမီကတည္ေဆာက္ၿပီးစီးခဲ့သည့္ မာရဝိဇယဗုဒၶ႐ုပ္ပြား‌ေတာ္ျမတ္ႀကီး အပါအဝင္ ဘုရားပုထိုးေစတီမ်ား၊ သဘာဝရႈေမွ်ာ္ခင္းမ်ား၊ အပန္းေျဖဥယ်ာဥ္မ်ားႏွင့္ ျပတိုက္မ်ား အစရွိသည့္ ခရီးသြားဆြဲေဆာင္ရာေနရာ(၃၈)ေနရာရွိေၾကာင္း သိရသည္။ ထို႔ ေၾကာင့္ ျပည္တြင္း/ျပည္ပခရီးသြားဧည့္သည္မ်ား ပိုမိုလာေရာက္လည္ပတ္ႏိုင္ေရးအတြက္ ေဈးကြက္ရွာေဖြေရးကိုလည္း ထိထိေရာက္ေရာက္ေဆာင္႐ြက္ ရန္လိုအပ္ၿပီး အဆိုပါခရီး သြားဆြဲေဆာင္ရာေနရာ(၃၈)ေနရာရွိသည့္အနက္မွ ဆြဲေဆာင္မႈပိုမိုေကာင္းမြန္သည့္ ဦးစားေပးေနရာမ်ားကို ေ႐ြးခ်ယ္၍ ခရီးစဥ္လမ္းေၾကာင္းမ်ားေရးဆြဲရန္ ျပည္ေထာင္စုဝန္ႀကီးက ေျပာၾကားထားသည္။

ေနျပည္ေတာ္ရွိ ခရီးသြားဆြဲေဆာင္ရာေနရာမ်ားကို ခရီးသြားဧည့္သည္မ်ား ပိုမိုလာေရာက္လည္ပတ္ေစေရးျမႇင့္တင္ေဆာင္႐ြက္ရာတြင္ Promotion Campaign ကဲ့သို႔ အစီအစဥ္မ်ားကို အေကာင္အထည္ေဖာ္ရန္ ျပည္ေထာင္စုဝန္ႀကီးက တိုက္တြန္းေျပာၾကားခဲ့သည္။ ထို႔ျပင္ ႏိုင္ငံတကာအစည္းအေဝးမ်ား၊ ညီလာခံမ်ားႏွင့္ ကုန္စည္ျပပြဲမ်ား က်င္းပရန္အတြက္ ျမန္မာအျပည္ျပည္ဆိုင္ရာ ကြန္ဗင္းရွင္းစင္တာမ်ား၊ ႏိုင္ငံတကာအဆင့္မီ ဟိုတယ္ႀကီးမ်ားႏွင့္ တည္းခိုရိပ္သာမ်ားရွိေသာ ေနျပည္ေတာ္ကို MICE(Meetings, Incentives, Conferences, Exhibitions) ခရီးစဥ္ေဒသတစ္ခုအျဖစ္ ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.