ကလေး(၄)မွှာပူးမွေးဖွားသည့်မိခင် ကလေး(၂)ဦးနှင့်အတူ မီးတွင်း၌ပင်သေဆုံး၍ ကျန်ကလေး(၂)ဦးသည်လည်း စိုးရိမ်ရ

 1551

သန့်ဇင်(NP News) - ဧပြီ ၁

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုလ်မြို့တွင် ကလေး(၄)မွှာပူးမွေးဖွားသည့်မိခင်သည် ကလေး(၂)ဦးနှင့်အတူ မီးတွင်း၌ပင်သေဆုံး၍ ကျန်ကလေး (၂)ဦးသည်လည်း စိုးရိမ်ရကြောင်း Save The Trees Rescue Team ထံမှ သိရသည်။

ကလေးငယ်(၄)ဦးကို ပြီးခဲ့သည့် မတ်လ ၂၉ ရက်၊ ညနေပိုင်းအချိန်က လိပ်သိုလ်မြို့၊ လမ်းကူးကျေးရွာတွင် မွေးဖွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “အဲဒီရွာက နယ်မြေအခြေ အနေကြောင့် ခဏခဏပြေးနေရတဲ့ရွာပါ။ ကလေးမွေးဖို့အခက်အခဲရှိတာနဲ့ ရွာမှာပဲ လက်သည်နဲ့ မွေးတာမှာ ကလေးက(၄)မွှာပူးဖြစ်တယ်။ မွေးတော့လည်း နောက်ဆုံးကျန်တဲ့ကလေးတစ်ယောက်က ဗိုက်ထဲမှာပဲ မိခင်နဲ့အတူဆုံးသွားတယ်။ မွေးပြီး ကျန်တဲ့ကလေး (၃)ယောက်ထဲက ကလေးတစ်ယောက်လည်း ထပ်ဆုံးသွားတယ်”ဟု Save The Trees Rescue Team မှ တာဝန်ရှိသူ တစ်ဦးက NP News ကိုပြောသည်။

ကလေး(၄)မွှာပူးမွေးဖွားသည့်မိခင်မှာ အသက်(၃၀)နှစ်အရွယ်ခန့်ဖြစ်ပြီး မိခင်ဖြစ်သူနှင့် သေဆုံးခဲ့သည့် ကလေးငယ်(၂)ဦးကို ပြီးခဲ့သည့် ရက်ပိုင်းကပင် လမ်းကူးကျေးရွာသုသန်၌ သင်္ဂြိုလ်ခဲ့ရကြောင်း သိရသည်။

“လက်ရှိအသက်ရှင်နေသေးတဲ့ ကလေးငယ်(၂)ဦးကလည်း စိုးရိမ်ရတဲ့အခြေအနေပါ။ ကျွန်တော်တို့လည်း နယ်မြေခံပရဟိတအသင်းနဲ့ချိတ်ဆက်ပြီး တောင်ငူဆေးရုံကြီးကို ပို့ပေးခဲ့ပါတယ်။ အခုတော့ ကလေးငယ်(၂)ဦးက ဆေးရုံကြီးကအရေးပေါ်ခန်းထဲမှာပါ”ဟု ၎င်းက ဆက်ပြောသည်။

လက်ရှိတွင် အသက်ရှင်လျက်ရှိသည့် ကလေးငယ်(၂)ဦးကို တောင်ငူမြို့နယ်ပြည်သူ့ဆေးရုံကြီးရှိ အရေးပေါ်ခန်းအတွင်း၌ထားရှိပြီး ကျန်းမာရေးအခြေအနေအား ဆက်လက်စောင့်ကြည့်နေဆဲဖြစ်ကြောင်း သိရသည်။

zawgyi version
ကေလး(၄)မႊာပူးေမြးဖြားသည့္မိခင္ ကေလး(၂)ဦးႏွင့္အတူ မီးတြင္း၌ပင္ေသဆုံး၍ က်န္ကေလး(၂)ဦးသည္လည္း စိုးရိမ္ရ
သန႔္ဇင္(NP News) - ဧၿပီ ၁

ကရင္ျပည္နယ္၊ သံေတာင္ႀကီးၿမိဳ႕နယ္၊ လိပ္သိုလ္ၿမိဳ႕တြင္ ကေလး(၄)မႊာပူးေမြးဖြားသည့္မိခင္သည္ ကေလး(၂)ဦးႏွင့္အတူ မီးတြင္း၌ပင္ေသဆုံး၍ က်န္ကေလး (၂)ဦးသည္လည္း စိုးရိမ္ရေၾကာင္း Save The Trees Rescue Team ထံမွ သိရသည္။

ကေလးငယ္(၄)ဦးကို ၿပီးခဲ့သည့္ မတ္လ ၂၉ ရက္၊ ညေနပိုင္းအခ်ိန္က လိပ္သိုလ္ၿမိဳ႕၊ လမ္းကူးေက်း႐ြာတြင္ ေမြးဖြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ “အဲဒီ႐ြာက နယ္ေျမအေျခ အေနေၾကာင့္ ခဏခဏေျပးေနရတဲ့႐ြာပါ။ ကေလးေမြးဖို႔အခက္အခဲရွိတာနဲ႔ ႐ြာမွာပဲ လက္သည္နဲ႔ ေမြးတာမွာ ကေလးက(၄)မႊာပူးျဖစ္တယ္။ ေမြးေတာ့လည္း ေနာက္ဆုံးက်န္တဲ့ကေလးတစ္ေယာက္က ဗိုက္ထဲမွာပဲ မိခင္နဲ႔အတူဆုံးသြားတယ္။ ေမြးၿပီး က်န္တဲ့ကေလး (၃)ေယာက္ထဲက ကေလးတစ္ေယာက္လည္း ထပ္ဆုံးသြားတယ္”ဟု Save The Trees Rescue Team မွ တာဝန္ရွိသူ တစ္ဦးက NP News ကိုေျပာသည္။

ကေလး(၄)မႊာပူးေမြးဖြားသည့္မိခင္မွာ အသက္(၃၀)ႏွစ္အ႐ြယ္ခန႔္ျဖစ္ၿပီး မိခင္ျဖစ္သူႏွင့္ ေသဆုံးခဲ့သည့္ ကေလးငယ္(၂)ဦးကို ၿပီးခဲ့သည့္ ရက္ပိုင္းကပင္ လမ္းကူးေက်း႐ြာသုသန္၌ သၿဂႋဳလ္ခဲ့ရေၾကာင္း သိရသည္။

“လက္ရွိအသက္ရွင္ေနေသးတဲ့ ကေလးငယ္(၂)ဦးကလည္း စိုးရိမ္ရတဲ့အေျခအေနပါ။ ကြၽန္ေတာ္တို႔လည္း နယ္ေျမခံပရဟိတအသင္းနဲ႔ခ်ိတ္ဆက္ၿပီး ေတာင္ငူေဆး႐ုံႀကီးကို ပို႔ေပးခဲ့ပါတယ္။ အခုေတာ့ ကေလးငယ္(၂)ဦးက ေဆး႐ုံႀကီးကအေရးေပၚခန္းထဲမွာပါ”ဟု ၎က ဆက္ေျပာသည္။

လက္ရွိတြင္ အသက္ရွင္လ်က္ရွိသည့္ ကေလးငယ္(၂)ဦးကို ေတာင္ငူၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံႀကီးရွိ အေရးေပၚခန္းအတြင္း၌ထားရွိၿပီး က်န္းမာေရးအေျခအေနအား ဆက္လက္ေစာင့္ၾကည့္ေနဆဲျဖစ္ေၾကာင္း သိရသည္။

Picture

L Mone

02/04/2024 15:31

အခြားနိုင်ငံသာ သွားလူဖြစ်ကြပါကွာ ..မြန်မာပြည်ကတော့ ငြိမ်းချမ်းရေးမရမချင်း..လူကခွေးဖြစ် ခွေးကလူဖြစ်...ဖြစ်ချင်သလို ဖြစ်နေကြတာပါ။အတ္တတွေမာနတွေမိုးပေါ်ရောက်နေတဲ့ နိုင်ငံဟာ..ပျော်စရာမကောင်းပါဘူး

Related news

© 2021. All rights reserved.