ဘီယာဗိုက်သီချင်းသီဆိုခဲ့သည့် အဆိုတော် မေသူနှင့် သရုပ်ဆောင်အိုကေအပါအဝင် သက်ဆိုင်သူများကို ဗဟန်းရဲစခန်းတွင် အမှုဖွင့်ထား

3420

သန့်ဇင် (NP News) - ဧပြီ ၅
မြန်မာ့ယဉ်ကျေးမှုနှင့် ဆန့်ကျင်နေသည့် ဘီယာဗိုက်အမည်ရသီချင်းကိုသီဆိုခဲ့သော အဆိုတော် မေသူနှင့် သရုပ်ဆောင်အိုကေအပါအဝင် သက်ဆိုင်သူများကို ဗဟန်းရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
အဆိုပါဘီယာဗိုက်သီချင်းနှင့်ပတ်သက်၍ သက်ဆိုင်သူများကို ရန်ကုန်မြို့ရှိ ဗဟန်းမြို့မရဲစခန်းတွင် အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပုဒ်မ-၃၃(က)ဖြင့် အမူဖွင့်အရေးယူထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ဧပြီလ ၄ ရက်တွင် အသိပေး ထုတ်ပြန် ထားသည်။
ထိုကဲ့သို့ ရေးယူခြင်းခံရသည့် ဘီယာဗိုက်သီချင်းကို တေးရေး-ဧရာဝတီကိုဂျွန်ကရေးစပ်ထားပြီး အဆိုတော်မေသူက သီဆိုခြင်းဖြစ်ကာ သရုပ်ဆောင်အိုကေအပါအဝင် အခြားသော သရုပ်ဆောင်များက ပါဝင်သရုပ်ဆောင်ထားသည်ကိုတွေ့ရှိရသည်။
ပြန်ကြားရေးဝန်ကြီးဌာနသည် ၁၉၉၆ ခုနှစ် ရုပ်ရှင်ဥပဒေနှင့် ၁၉၉၆ ခုနှစ် ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေများနှင့်အညီ ရုပ်ရှင်နှင့် ဗီဒီယိုဇာတ်ကားများ ရိုက်ကူးထုတ်လွှင့်ပြသမှုများကို ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အချို့သော တေးသီချင်းဗီဒီယိုရိုက်ကူးထုတ်လွှင့်သူများသည် ထင်ပေါ်ကျော်ကြားမှု ရရှိစေရေးအတွက် မြန်မာ့ယဉ်ကျေးမှုနှင့် ဖီလာ ဆန့်ကျင်ပြီး မောင်နှမသားချင်း၊ မိသားစုဝင်ချင်း အတူတကွ ကြည့်ရှုရန်ပင် မသင့်လျော်သောတေးသီချင်းဗီဒီယိုများကို အရှက်သိက္ခာမဲ့စွာ ရိုက်ကူးထုတ်လွှင့်နေကြသည့်အတွက် သက်ဆိုင်ရာအစည်းအရုံးများက ထိန်းကျောင်းကြပ်မတ်ပေးပါရန် ပြန်ကြား ရေးဝန်ကြီးဌာနက သတိပေးတားမြစ်ထားကြောင်း သိရသည်။
ထို့ပြင် ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြု၍ ဖြန့်ချိ၊ မျှဝေ၊ ပြသ၊ ရောင်းချလျက်ရှိသည့် ဇာတ်လမ်းကား၊ မှတ်တမ်းကား၊ မော်ကွန်းတင်ကား၊ သတင်းကား၊ ဖျော်ဖြေရေးကား သို့မ ဟုတ် ပညာပေးကားများကိုလည်း ယခုနှစ်မတ်လ ၁၃ ရက်နေ့တွင် အရေးကြီးဝန်ဆောင်မှုအဖြစ် သတ်မှတ်ထားကြောင်း သိရသည်။
ထို့ကြောင့် တေးသီချင်းဗီဒီယိုများ ရိုက်ကူးထုတ်လွှင့်ရာတွင် မြန်မာ့ယဉ်ကျေးမှုနှင့်ဆန့်ကျင်ပြောဆိုမှုများ၊ ရိုက်ကူးထုတ်လွှင့်မှုများ မပြုကြပါရန် ပြန်ကြားရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားသည်။
အလားတူ ကာမရာဂလှုံ့ဆော်မှုအပါအဝင် ဆင်ဆာမူဝါဒများကို လိုက်နာခြင်းမရှိဘဲ တေးသီချင်းဗီဒီယို ရိုက်ပါက ဒါရိုက်တာ နှင့် သရုပ်ဆောင်များကို အရေးယူသွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားသည်။
zawgyi version
ဘီယာဗိုက္သီခ်င္းသီဆိုခဲ့သည့္ အဆိုေတာ္ ေမသူႏွင့္ သ႐ုပ္ေဆာင္အိုေကအပါအဝင္ သက္ဆိုင္သူမ်ားကို ဗဟန္းရဲစခန္းတြင္ အမႈဖြင့္ထား
သန႔္ဇင္ (NP News) - ဧၿပီ ၅
ျမန္မာ့ယဥ္ေက်းမႈႏွင့္ ဆန႔္က်င္ေနသည့္ ဘီယာဗိုက္အမည္ရသီခ်င္းကိုသီဆိုခဲ့ေသာ အဆိုေတာ္ ေမသူႏွင့္ သ႐ုပ္ေဆာင္အိုေကအပါအဝင္ သက္ဆိုင္သူမ်ားကို ဗဟန္းရဲစခန္းတြင္ အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။
အဆိုပါဘီယာဗိုက္သီခ်င္းႏွင့္ပတ္သက္၍ သက္ဆိုင္သူမ်ားကို ရန္ကုန္ၿမိဳ႕ရွိ ဗဟန္းၿမိဳ႕မရဲစခန္းတြင္ အီလက္ထေရာနစ္ဆက္သြယ္ေဆာင္႐ြက္ေရး ဥပေဒပုဒ္မ-၃၃(က)ျဖင့္ အမူဖြင့္အေရးယူထားေၾကာင္း ျပန္ၾကားေရးဝန္ႀကီးဌာနက ဧၿပီလ ၄ ရက္တြင္ အသိေပး ထုတ္ျပန္ ထားသည္။
ထိုကဲ့သို႔ ေရးယူျခင္းခံရသည့္ ဘီယာဗိုက္သီခ်င္းကို ေတးေရး-ဧရာဝတီကိုဂြၽန္ကေရးစပ္ထားၿပီး အဆိုေတာ္ေမသူက သီဆိုျခင္းျဖစ္ကာ သ႐ုပ္ေဆာင္အိုေကအပါအဝင္ အျခားေသာ သ႐ုပ္ေဆာင္မ်ားက ပါဝင္သ႐ုပ္ေဆာင္ထားသည္ကိုေတြ႕ရွိရသည္။
ျပန္ၾကားေရးဝန္ႀကီးဌာနသည္ ၁၉၉၆ ခုႏွစ္ ႐ုပ္ရွင္ဥပေဒႏွင့္ ၁၉၉၆ ခုႏွစ္ ႐ုပ္ျမင္သံၾကားႏွင့္ ဗီဒီယိုဥပေဒမ်ားႏွင့္အညီ ႐ုပ္ရွင္ႏွင့္ ဗီဒီယိုဇာတ္ကားမ်ား ႐ိုက္ကူးထုတ္လႊင့္ျပသမႈမ်ားကို ႀကီးၾကပ္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။ အခ်ိဳ႕ေသာ ေတးသီခ်င္းဗီဒီယို႐ိုက္ကူးထုတ္လႊင့္သူမ်ားသည္ ထင္ေပၚေက်ာ္ၾကားမႈ ရရွိေစေရးအတြက္ ျမန္မာ့ယဥ္ေက်းမႈႏွင့္ ဖီလာ ဆန႔္က်င္ၿပီး ေမာင္ႏွမသားခ်င္း၊ မိသားစုဝင္ခ်င္း အတူတကြ ၾကည့္ရႈရန္ပင္ မသင့္ေလ်ာ္ေသာေတးသီခ်င္းဗီဒီယိုမ်ားကို အရွက္သိကၡာမဲ့စြာ ႐ိုက္ကူးထုတ္လႊင့္ေနၾကသည့္အတြက္ သက္ဆိုင္ရာအစည္းအ႐ုံးမ်ားက ထိန္းေက်ာင္းၾကပ္မတ္ေပးပါရန္ ျပန္ၾကား ေရးဝန္ႀကီးဌာနက သတိေပးတားျမစ္ထားေၾကာင္း သိရသည္။
ထို႔ျပင္ ဆက္သြယ္ေရးကြန္ရက္ကို အသုံးျပဳ၍ ျဖန႔္ခ်ိ၊ မွ်ေဝ၊ ျပသ၊ ေရာင္းခ်လ်က္ရွိသည့္ ဇာတ္လမ္းကား၊ မွတ္တမ္းကား၊ ေမာ္ကြန္းတင္ကား၊ သတင္းကား၊ ေဖ်ာ္ေျဖေရးကား သို႔မ ဟုတ္ ပညာေပးကားမ်ားကိုလည္း ယခုႏွစ္မတ္လ ၁၃ ရက္ေန႔တြင္ အေရးႀကီးဝန္ေဆာင္မႈအျဖစ္ သတ္မွတ္ထားေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ေတးသီခ်င္းဗီဒီယိုမ်ား ႐ိုက္ကူးထုတ္လႊင့္ရာတြင္ ျမန္မာ့ယဥ္ေက်းမႈႏွင့္ဆန႔္က်င္ေျပာဆိုမႈမ်ား၊ ႐ိုက္ကူးထုတ္လႊင့္မႈမ်ား မျပဳၾကပါရန္ ျပန္ၾကားေရးဝန္ႀကီးဌာနက အသိေပးထုတ္ျပန္ထားသည္။
အလားတူ ကာမရာဂလႈံ႕ေဆာ္မႈအပါအဝင္ ဆင္ဆာမူဝါဒမ်ားကို လိုက္နာျခင္းမရွိဘဲ ေတးသီခ်င္းဗီဒီယို ႐ိုက္ပါက ဒါ႐ိုက္တာ ႏွင့္ သ႐ုပ္ေဆာင္မ်ားကို အေရးယူသြားမည္ျဖစ္ေၾကာင္း ျပန္ၾကားေရးဝန္ႀကီးဌာနက အသိေပးထုတ္ျပန္ထားသည္။