ဗင်းနစ်က ဧပြီလ ၂၅ ရက်မှစ ဝင်ကြေး ၅ ယူရို ကောက်ခံမည်

 627

ရောင်နီ (NP News) - ဧပြီ ၆

စိတ်ဝင်စားစရာ တူးမြောင်းများ၊ ရင်သပ်ရှုမောစရာ အနုပညာလက်ရာတွေကြောင့် ကမ္ဘာလှည့်ခရီးသွားတွေကြား နာမည်ကျော်တဲ့ အီတလီနိုင်ငံရဲ့ဗင်းနစ်မြို့ဟာ လာမယ့် ဧပြီလ ၂၅ ရက်မှစ ဝင်ကြေး ၅ ယူရို စကောက်ခံသွားမယ် လို့ သိရပါတယ်။

ဧပြီလ ၂၅ ရက်မှစ ဗင်းနစ်ကို နေ့ချင်းပြန်လာရောက်မယ့် ခရီးသည်တွေဟာ ၅ ယူရို ပေးဆောင်ရမှာဖြစ်ပြီး ဗင်းနစ် ကို လာရောက်လည်ပတ်သူအားလုံး သတ်မှတ်ထားတဲ့ရက်တွေမှာ မြို့တွင်းရောက်ရှိနေမှု စာရင်းသွင်းရမှာ ဖြစ်တယ်လို့ သိရပါတယ်။

မြို့တော်ဘတ်ဂျက်နဲ့ စီးပွားရေးဆိုင်ရာတာဝန်ခံမစ္စတာမစ်ရှဲလ်ဇွန်က “ဒီလိုလုပ်ရခြင်း ရည်ရွယ်ချက်ကတော့ ခရီးသွားအရေအတွက် ပိုမိုကောင်းမွန်အောင် စီမံခန့်ခွဲပြီး အစုလိုက်အပြုံလိုက်ခရီးသွားခြင်းကို ဖြေရှင်းနိုင်ဖို့ပါပဲ၊ ဒါက ဒီမြို့ရဲ့နေထိုင်မှုအခက်အခဲကို ဖန်တီးပေးတာပါ” လို့ ပြောကြားခဲ့ပါတယ်။ ဗင်းနစ်မှာ ညအိပ်တဲ့ ဧည့်သည် တွေဟာ အခကြေးငွေပေးဆောင်ရမှာ မဟုတ်သလို အလုပ်သွားဖို့၊ ဆွေမျိုးတွေဆီ သွားလည်တာ ဒါမှမဟုတ် လေ့လာဖို့ ခရီးသွားသူတွေအတွက်လည်း ကောက်ခံမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် မြို့မှာ မွေးဖွားခဲ့သူ မည်သူမဆို နဲ့ အသက် ၁၄ နှစ်အောက် အရွယ်မရောက်သေးသူတွေလည်း ကင်းလွတ် ခွင့်ရှိမယ်လို့ သိရပါတယ်။

ဗင်းနစ်ဟာ ရာသီဥတုဖောက်ပြန်မှုနဲ့ ပင်လယ်ရေမြင့်တက်မှုတို့အပြင် အစုလိုက်အပြုံလိုက် ခရီးသွားလုပ်ငန်း ကြောင့် မြို့ရဲ့အနုပညာလက်ရာတွေနဲ့ အလှအပတွေမှာ ပျက်စီးစ ပြုလာနေပြီး ၎င်းကို ကာကွယ်ဖို့ ရုန်းကန်နေရ ပါတယ်။ Venetian ရေကန်ရဲ့အတွင်းတူးမြောင်းတွေမှာ အပျော်စီးသင်္ဘောလှေများ ဝင်ရောက်ခွင့်ကိုလည်း တားမြစ်ထားပါတယ်။

ဗင်းနစ်ကို မလာခင် ဝင်ဆိုဒ်မှာ စာရင်းသွင်းရမှာပြီး QR code ရယူရမှာဖြစ်ပြီး မြို့မဝင်ခင် အဆိုပါ QR code ကို ပြသနိုင်ဖို့ လိုအပ်ပါမယ်။ QR code မပါဘဲ လာရောက်မယ် ဆိုရင်တော့ ဒဏ်ငွေ ယူရို ၅ဝ မှ ယူရို ၃ဝဝ ကြားနဲ့ ပေးဆောင်ရမယ်လို့ သိရပါတယ်။

Zawgyi Version;
ဗင္းနစ္က ဧၿပီလ ၂၅ ရက္မွစ ဝင္ေၾကး ၅ ယူ႐ို ေကာက္ခံမည္
ေရာင္နီ (NP News) - ဧၿပီ ၆

စိတ္ဝင္စားစရာ တူးေျမာင္းမ်ား၊ ရင္သပ္ရႈေမာစရာ အႏုပညာလက္ရာေတြေၾကာင့္ ကမာၻလွည့္ခရီးသြားေတြၾကား နာမည္ေက်ာ္တဲ့ အီတလီႏိုင္ငံရဲ႕ဗင္းနစ္ၿမိဳ႕ဟာ လာမယ့္ ဧၿပီလ ၂၅ ရက္မွစ ဝင္ေၾကး ၅ ယူ႐ို စေကာက္ခံသြားမယ္ လို႔ သိရပါတယ္။

ဧၿပီလ ၂၅ ရက္မွစ ဗင္းနစ္ကို ေန႔ခ်င္းျပန္လာေရာက္မယ့္ ခရီးသည္ေတြဟာ ၅ ယူ႐ို ေပးေဆာင္ရမွာျဖစ္ၿပီး ဗင္းနစ္ ကို လာေရာက္လည္ပတ္သူအားလုံး သတ္မွတ္ထားတဲ့ရက္ေတြမွာ ၿမိဳ႕တြင္းေရာက္ရွိေနမႈ စာရင္းသြင္းရမွာ ျဖစ္တယ္လို႔ သိရပါတယ္။

ၿမိဳ႕ေတာ္ဘတ္ဂ်က္နဲ႔ စီးပြားေရးဆိုင္ရာတာဝန္ခံမစၥတာမစ္ရွဲလ္ဇြန္က “ဒီလိုလုပ္ရျခင္း ရည္႐ြယ္ခ်က္ကေတာ့ ခရီးသြားအေရအတြက္ ပိုမိုေကာင္းမြန္ေအာင္ စီမံခန႔္ခြဲၿပီး အစုလိုက္အၿပဳံလိုက္ခရီးသြားျခင္းကို ေျဖရွင္းႏိုင္ဖို႔ပါပဲ၊ ဒါက ဒီၿမိဳ႕ရဲ႕ေနထိုင္မႈအခက္အခဲကို ဖန္တီးေပးတာပါ” လို႔ ေျပာၾကားခဲ့ပါတယ္။ ဗင္းနစ္မွာ ညအိပ္တဲ့ ဧည့္သည္ ေတြဟာ အခေၾကးေငြေပးေဆာင္ရမွာ မဟုတ္သလို အလုပ္သြားဖို႔၊ ေဆြမ်ိဳးေတြဆီ သြားလည္တာ ဒါမွမဟုတ္ ေလ့လာဖို႔ ခရီးသြားသူေတြအတြက္လည္း ေကာက္ခံမွာ မဟုတ္ဘူးလို႔ ဆိုပါတယ္။

ဒါ့အျပင္ ၿမိဳ႕မွာ ေမြးဖြားခဲ့သူ မည္သူမဆို နဲ႔ အသက္ ၁၄ ႏွစ္ေအာက္ အ႐ြယ္မေရာက္ေသးသူေတြလည္း ကင္းလြတ္ ခြင့္ရွိမယ္လို႔ သိရပါတယ္။

ဗင္းနစ္ဟာ ရာသီဥတုေဖာက္ျပန္မႈနဲ႔ ပင္လယ္ေရျမင့္တက္မႈတို႔အျပင္ အစုလိုက္အၿပဳံလိုက္ ခရီးသြားလုပ္ငန္း ေၾကာင့္ ၿမိဳ႕ရဲ႕အႏုပညာလက္ရာေတြနဲ႔ အလွအပေတြမွာ ပ်က္စီးစ ျပဳလာေနၿပီး ၎ကို ကာကြယ္ဖို႔ ႐ုန္းကန္ေနရ ပါတယ္။ Venetian ေရကန္ရဲ႕အတြင္းတူးေျမာင္းေတြမွာ အေပ်ာ္စီးသေဘၤာေလွမ်ား ဝင္ေရာက္ခြင့္ကိုလည္း တားျမစ္ထားပါတယ္။

ဗင္းနစ္ကို မလာခင္ ဝင္ဆိုဒ္မွာ စာရင္းသြင္းရမွာၿပီး QR code ရယူရမွာျဖစ္ၿပီး ၿမိဳ႕မဝင္ခင္ အဆိုပါ QR code ကို ျပသႏိုင္ဖို႔ လိုအပ္ပါမယ္။ QR code မပါဘဲ လာေရာက္မယ္ ဆိုရင္ေတာ့ ဒဏ္ေငြ ယူ႐ို ၅ဝ မွ ယူ႐ို ၃ဝဝ ၾကားနဲ႔ ေပးေဆာင္ရမယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.