ကုန်ကြမ်းရရှိမှုနှင့် လျှပ်စစ်မီးမလုံလောက်မှုကြောင့် ဆီစက်ရုံ (၃၀) ရာခိုင်နှုန်းခန့် လုပ်ငန်းလည်ပတ်နိုင်ခြင်းမရှိ

 843

ယွန်း (NP News) - ဧပြီ ၈

ပြည်တွင်းရှိ ဆီထုတ်လုပ်သည့်စက်ရုံများအနက် ၃၀ ရာခိုင်နှုန်းမှာ ကုန်ကြမ်းရရှိမှုနှင့် လျှပ်စစ်မီး အခက်အခဲများကြောင့် ပြန်လည်လည်ပတ်နိုင်ခြင်း မရှိသေးကြောင်း ဆီလုပ်ငန်းရှင်များအသိုင်းအဝိုင်းထံမှ သိရသည်။

မြန်မာနိုင်ငံ၌ နှစ်စဉ်စားသုံးဆီသုံးစွဲမှု တန်ချိန် ၁၂ သိန်းခန့်ရှိပြီး ပြည်တွင်းထုတ်လုပ်မှုမှာ တန်ချိန် သုံးသိန်းခန့်သာရှိ သဖြင့် နှစ်စဉ်ပြည်ပမှ တန်ချိန်ကိုးသိန်းခန့် တင်သွင်းနေရကြောင်းသိရသည်။ လက်ရှိတွင်ပြည်တွင်း၌ ဆီစက်အလုံးရေ (၃၀ဝဝ)ကျော်ရှိပြီး ၄င်းတို့အနက်(၇၀)ရာခိုင်နှုန်းမှာ ပုံမှန်အတိုင်း ပြန်လည်လည်ပတ်နေသော်လည်း (၃၀) ရာခိုင်နှုန်းမှာ လုပ်ငန်းများ ရပ်နားလျက်ရှိကြောင်း သိရသည်။

'တစ်နိုင်ငံလုံးမှာ ဆီစက်အလုံးရေ ၃၀ဝ၀ လောက်တော့ရှိပါတယ်။ မနှစ်ကတော့ အကုန်မဟုတ် ရင်တောင်မှ (၆၀) ရာခိုင်နှုန်း၊ (၇၀)ရာခိုင်နှုန်းလောက်တော့ ပြန်ပြီးတော့လည်ပတ်လာပါတယ်။ ရပ်နားထား ရတာတွေလည်း ရှိပါသေးတယ်။ တချို့ကျ တော့လည်း စက်တွေရပ်ထားပြီးတော့ ပြန်ပြီးတော့ မလည်ပတ်တော့ဘူး။ ဒါပေမဲ့ (၇၀)ရာခိုင်နှုန်းလောက်ကတော့ ပြန်လုပ်ကြပါ တယ်။ အရင်တုန်းကတော့ ဆီစက်အလုံး(၃၀ဝဝ)လောက်မှာ (၃၀ဝ) (၄၀ဝ)လောက်ပဲလည်ပတ်တာ။ ကျွန်တော်ပြောတဲ့ ဆီစက် ထဲမှာတော့ ဆိုဒ်အစုံပါတာပေါ့။ အများစုကတော့ နယ်မှာတစ်နိုင်တစ်ပိုင်ကြိတ်ပြီး‌ ရောင်းတဲ့သူတွေများ ပါတယ်’ဟု မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။

ပြည်တွင်းရှိ ဆီထုတ်လုပ်သည့်စက်ရုံများအနေဖြင့် ကုန်ကြမ်းရရှိမှုနှင့် လျှပ်စစ်မီးအခက်အခဲများကြောင့် လုပ်ငန်းရပ် နားနေရခြင်းဖြစ်ပြီး အချို့မှာ ကုန်ကြမ်းအတိုင်းသာ ပြန်လည်ရောင်းချမှုများ လည်းရှိနေကြောင်း ဆီလုပ်ငန်းရှင်တစ်ဦးက ပြောကြားထားသည်။

“တချို့ကျတော့လည်း စက်တွေရပ်ထားပြီးတော့ ပြန်ပြီးတော့မလည်ပတ်တော့ဘူး။ တချို့ နေရာဒေသတွေမှာကျ တော့လည်း ကုန်ကြမ်းရရှိမှုနဲ့ လျှပ်စစ်မီးအခက်အခဲတွေရှိတော့ ရပ်ထားရတာ လည်းရှိပါတယ်။ ကျွန်တော်တို့ဆီမှာက မြေပဲဆန် ကိုဝယ်ပြီးတော့ ကုန်ကြမ်းအတိုင်း ပြန်ရောင်းတဲ့ လူတွေလည်းရှိတယ်လေ။ စက်ကိုလည်ပတ်တယ်။ ပြီးရင်ဖြုတ်လိုက်တဲ့အခါ ကျတော့ ပြန်ပြင်ဖို့အဆင် မပြေတော့ဘူးလေ။ ပြီးရင် စက်ရုံဆိုတာကလည်း ထုတ်လုပ်မှုဆိုတာအမြဲလုပ်နေမှ အဆင်ပြေတာလေ။ ပြီးရင် ဆီရောင်းရတာလည်းခက်တယ်။ ဒါတွေ ကြောင့် ဆက်မလုပ်ဖြစ်ကြတာပေါ့'ဟု အထက်ပါ ဆီလုပ်ငန်းရှင်က ပြောသည်။

ပြည်တွင်းစားသုံးဆီထုတ်လုပ်မှု စာရင်းများအရ ၂၀၂၁ ခုနှစ် နှစ်ဆန်းပိုင်းအထိ တစ်နိုင်ငံလုံး၌ ဆီစက်ပေါင်း ၄၂၅၀ ကျော်ရှိပြီး ဆီစက်အကြီးစား (၂၃၀)ကျော်၊ ဆီစက် အလတ်စား (၉၂၀)ကျော်၊ ဆီစက်ငယ် (၃၁၀ဝ)ကျော် ရှိကြောင်းသိရသည်။ ၂၀၂၁ ခုနှစ် နှစ်ဆန်းပိုင်းတွင် ကောက်ယူခဲ့သည့် စာရင်းများအရ နိုင်ငံတစ်ဝန်း၌ ဆီစက်အလုံးရေ ၄၀ဝ၀ ကျော် ရှိခဲ့သော်လည်း သုံးနှစ်နီးပါးကာလအတွင်း နှစ်စဉ်လည်ပတ်မှုမရှိဘဲ ရပ်ဆိုင်းခဲ့ရသည့်ဆီ စက်များ ရှိခဲ့သည်။ ထို့ပြင် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းအနေဖြင့် ပြည်တွင်း၌ စားသုံးဆီဖူလုံရေးအတွက် ပြည်တွင်းရှိမြေလွတ် မြေရိုင်းများ၌ ပြည်ပမှ စိုက်ပျိုးရေး ကုမ္ပဏီကြီးများ လာရောက်ရင်းနှီးမြှုပ်နှံနိုင်ရေး ညှိနှိုင်းမှုများရှိနေကြောင်းသိရသည်။ လက်ရှိတွင် စားသုံးဆီကို မလေးရှား၊ အင်ဒိုနီးရှားတို့မှ အများဆုံးတင်သွင်းလျက်ရှိပြီး အဆိုပါ တင်သွင်းမှု ပမာဏမှ ၉၀ ရာခိုင် နှုန်းကျော်ကို အင်ဒိုနီးရှားမှတင်သွင်းလျက်ရှိ ကြောင်းသိရသည်။

zawgyi version
ကုန္ၾကမ္းရရွိမႈႏွင့္ လွ်ပ္စစ္မီးမလုံေလာက္မႈေၾကာင့္ ဆီစက္႐ုံ (၃၀) ရာခိုင္ႏႈန္းခန႔္ လုပ္ငန္း လည္ပတ္ႏိုင္ျခင္း မရွိ
ယြန္း (NP News) - ဧၿပီ ၈

ျပည္တြင္းရွိ ဆီထုတ္လုပ္သည့္စက္႐ုံမ်ားအနက္ ၃၀ ရာခိုင္ႏႈန္းမွာ ကုန္ၾကမ္းရရွိမႈႏွင့္ လွ်ပ္စစ္မီး အခက္အခဲမ်ားေၾကာင့္ ျပန္လည္လည္ပတ္ႏိုင္ျခင္း မရွိေသးေၾကာင္း ဆီလုပ္ငန္းရွင္မ်ားအသိုင္းအဝိုင္းထံမွ သိရသည္။

ျမန္မာႏိုင္ငံ၌ ႏွစ္စဥ္စားသုံးဆီသုံးစြဲမႈ တန္ခ်ိန္ ၁၂ သိန္းခန႔္ရွိၿပီး ျပည္တြင္းထုတ္လုပ္မႈမွာ တန္ခ်ိန္ သုံးသိန္းခန႔္သာရွိ သျဖင့္ ႏွစ္စဥ္ျပည္ပမွ တန္ခ်ိန္ကိုးသိန္းခန႔္ တင္သြင္းေနရေၾကာင္းသိရသည္။ လက္ရွိတြင္ျပည္တြင္း၌ ဆီစက္အလုံးေရ (၃၀ဝဝ)ေက်ာ္ရွိၿပီး ၄င္းတို႔အနက္(၇၀)ရာခိုင္ႏႈန္းမွာ ပုံမွန္အတိုင္း ျပန္လည္လည္ပတ္ေနေသာ္လည္း (၃၀) ရာခိုင္ႏႈန္းမွာ လုပ္ငန္း မ်ား ရပ္နားလ်က္ရွိေၾကာင္း သိရသည္။

]တစ္ႏိုင္ငံလုံးမွာ ဆီစက္အလုံးေရ ၃၀ဝ၀ ေလာက္ေတာ့ရွိပါတယ္။ မႏွစ္ကေတာ့ အကုန္မဟုတ္ ရင္ေတာင္မွ (၆၀) ရာခိုင္ႏႈန္း၊ (၇၀)ရာခိုင္ႏႈန္းေလာက္ေတာ့ ျပန္ၿပီးေတာ့လည္ပတ္လာပါတယ္။ ရပ္နားထား ရတာေတြလည္း ရွိပါေသးတယ္။ တခ်ိဳ႕က် ေတာ့လည္း စက္ေတြရပ္ထားၿပီးေတာ့ ျပန္ၿပီးေတာ့ မလည္ပတ္ေတာ့ဘူး။ ဒါေပမဲ့ (၇၀)ရာခိုင္ႏႈန္းေလာက္ကေတာ့ ျပန္လုပ္ၾကပါ တယ္။ အရင္တုန္းကေတာ့ ဆီစက္အလုံး(၃၀ဝဝ)ေလာက္မွာ (၃၀ဝ) (၄၀ဝ)ေလာက္ပဲလည္ပတ္တာ။ ကြၽန္ေတာ္ေျပာတဲ့ ဆီစက္ ထဲမွာေတာ့ ဆိုဒ္အစုံပါတာေပါ့။ အမ်ားစုကေတာ့ နယ္မွာတစ္ႏိုင္တစ္ပိုင္ႀကိတ္ၿပီး‌ ေရာင္းတဲ့သူေတြမ်ား ပါတယ္’ဟု ျမန္မာႏိုင္ငံ ဆီကုန္သည္ႏွင့္ ဆီလုပ္ငန္းရွင္မ်ားအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ဂကို ေျပာသည္။

ျပည္တြင္းရွိ ဆီထုတ္လုပ္သည့္စက္႐ုံမ်ားအေနျဖင့္ ကုန္ၾကမ္းရရွိမႈႏွင့္ လွ်ပ္စစ္မီးအခက္အခဲမ်ားေၾကာင့္ လုပ္ငန္းရပ္ နားေနရျခင္းျဖစ္ၿပီး အခ်ိဳ႕မွာ ကုန္ၾကမ္းအတိုင္းသာ ျပန္လည္ေရာင္းခ်မႈမ်ား လည္းရွိေနေၾကာင္း ဆီလုပ္ငန္းရွင္တစ္ဦးက ေျပာၾကားထားသည္။

“တခ်ိဳ႕က်ေတာ့လည္း စက္ေတြရပ္ထားၿပီးေတာ့ ျပန္ၿပီးေတာ့မလည္ပတ္ေတာ့ဘူး။ တခ်ိဳ႕ ေနရာေဒသေတြမွာက် ေတာ့လည္း ကုန္ၾကမ္းရရွိမႈနဲ႔ လွ်ပ္စစ္မီးအခက္အခဲေတြရွိေတာ့ ရပ္ထားရတာ လည္းရွိပါတယ္။ ကြၽန္ေတာ္တို႔ဆီမွာက ေျမပဲဆန္ ကိုဝယ္ၿပီးေတာ့ ကုန္ၾကမ္းအတိုင္း ျပန္ေရာင္းတဲ့ လူေတြလည္းရွိတယ္ေလ။ စက္ကိုလည္ပတ္တယ္။ ၿပီးရင္ျဖဳတ္လိုက္တဲ့အခါ က်ေတာ့ ျပန္ျပင္ဖို႔အဆင္ မေျပေတာ့ဘူးေလ။ ၿပီးရင္ စက္႐ုံဆိုတာကလည္း ထုတ္လုပ္မႈဆိုတာအၿမဲလုပ္ေနမွ အဆင္ေျပတာေလ။ ၿပီးရင္ ဆီေရာင္းရတာလည္းခက္တယ္။ ဒါေတြ ေၾကာင့္ ဆက္မလုပ္ျဖစ္ၾကတာေပါ့'ဟု အထက္ပါ ဆီလုပ္ငန္းရွင္က ေျပာသည္။

ျပည္တြင္းစားသုံးဆီထုတ္လုပ္မႈ စာရင္းမ်ားအရ ၂၀၂၁ ခုႏွစ္ ႏွစ္ဆန္းပိုင္းအထိ တစ္ႏိုင္ငံလုံး၌ ဆီစက္ေပါင္း ၄၂၅၀ ေက်ာ္ရွိၿပီး ဆီစက္အႀကီးစား (၂၃၀)ေက်ာ္၊ ဆီစက္ အလတ္စား (၉၂၀)ေက်ာ္၊ ဆီစက္ငယ္ (၃၁၀ဝ)ေက်ာ္ ရွိေၾကာင္းသိရသည္။ ၂၀၂၁ ခုႏွစ္ ႏွစ္ဆန္းပိုင္းတြင္ ေကာက္ယူခဲ့သည့္ စာရင္းမ်ားအရ ႏိုင္ငံတစ္ဝန္း၌ ဆီစက္အလုံးေရ ၄၀ဝ၀ ေက်ာ္ ရွိခဲ့ေသာ္လည္း သုံးႏွစ္နီးပါးကာလအတြင္း ႏွစ္စဥ္လည္ပတ္မႈမရွိဘဲ ရပ္ဆိုင္းခဲ့ရသည့္ဆီ စက္မ်ား ရွိခဲ့သည္။ ထို႔ျပင္ ျမန္မာႏိုင္ငံဆီကုန္သည္ႏွင့္ ဆီလုပ္ငန္းရွင္မ်ားအသင္းအေနျဖင့္ ျပည္တြင္း၌ စားသုံးဆီဖူလုံေရးအတြက္ ျပည္တြင္းရွိေျမလြတ္ ေျမ႐ိုင္းမ်ား၌ ျပည္ပမွ စိုက္ပ်ိဳးေရး ကုမၸဏီႀကီးမ်ား လာေရာက္ရင္းႏွီးျမႇဳပ္ႏွံႏိုင္ေရး ညႇိႏႈိင္းမႈမ်ားရွိေနေၾကာင္းသိရသည္။ လက္ရွိတြင္ စားသုံးဆီကို မေလးရွား၊ အင္ဒိုနီးရွားတို႔မွ အမ်ားဆုံးတင္သြင္းလ်က္ရွိၿပီး အဆိုပါ တင္သြင္းမႈ ပမာဏမွ ၉၀ ရာခိုင္ ႏႈန္းေက်ာ္ကို အင္ဒိုနီးရွားမွတင္သြင္းလ်က္ရွိ ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.