နိုင်ငံပေါင်း(၂၁၀)ကျော်ရှိ ဆိုင်များနှင့် အွန်လိုင်းဈေးဝယ်ပလက်ဖောင်းများတွင် ငွေကြေးလုပ်ဆောင်မှုများ ပြုလုပ်နိုင်မည့် “MPU-Mastercard” Debit ကတ်ကို ရိုးမဘဏ်မိတ်ဆက်

 507

ယွန်း (NP News) - ဧပြီ ၈

နိုင်ငံပေါင်း(၂၁၀)ကျော်ရှိ သန်းပေါင်းများစွာသော ဆိုင်များနှင့် အွန်လိုင်းဈေးဝယ်ပလက် ဖောင်းများတွင် ငွေကြေးလုပ်ဆောင်မှုများ ပြုလုပ်နိုင်မည့် MPU-Mastercard” Debit ကတ်ကို ရိုးမဘဏ်က စတင်မိတ်ဆက်လိုက်ကြောင်း သိရသည်။

Myanmar Payment Union နှင့် Mastercard တို့ ပူးပေါင်းပါဝင်သည့် အဆိုပါ MPU-Mastercard Debit ကတ်ကို ပြီးခဲ့သည့် ဧပြီလ(၄)ရက်တွင် ရိုးမဘဏ်က တရားဝင်မိတ်ဆက်ခဲ့ခြင်းဖြစ်သည်။

MPU-Mastercard Debit ကတ်ကို ဧပြီ(၉)ရက်နေ့မှစ၍ Flexi Everyday အကောင့်ရှိရုံဖြင့် ရန်ကုန်မြို့ နှင့် မန္တလေးမြို့ရှိ ရိုးမဘဏ် ဘဏ်ခွဲများတွင် (နှစ်စဥ်ကြေးအခမဲ့) လျှောက်ထားနိုင်ပြီး တစ်နိုင်ငံလုံးရှိ ရိုးမဘဏ် ဘဏ်ခွဲများ၌ လာမည့် မေလ(၂)ရက်တွင် စတင်လျှောက် ထားနိုင်ကြောင်း ရိုးမဘဏ်က ဆိုထားသည်။

Mastercard ၏ နိုင်ငံတကာချိတ်ဆက်မှုမှတစ်ဆင့် ကတ်အသုံးပြုသူများသည် နိုင်ငံပေါင်း(၂၁၀)ကျော်ရှိ သန်းပေါင်းများစွာသော ဆိုင်များနှင့် အွန်လိုင်း ဈေးဝယ်ပလက်ဖောင်းများတွင် ငွေကြေးလုပ်ဆောင်မှုများကို ပြုလုပ်နိုင်ကြောင်း သိရသည်။

ထို့ပြင် MPU ၏ လွှမ်းခြုံမှုဖြင့် ပြည်တွင်းရှိစီးပွားရေးလုပ်ငန်းပေါင်း ၅၀၀ ကျော်နှင့် Point of Sale (POS) ငွေပေးချေမှုပေါင်း ၃၄၀၀၀ ကျော်ကိုလည်း လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း သိရသည်။ ရိုးမဘဏ်၏ MPU-Mastercard Debit ကတ်အသုံးပြုသူများသည် ပြည်တွင်း၌သာမက နိုင်ငံတကာရှိ အွန်လိုင်းပလက်ဖောင်းများ၊ Point of Sale (POS) ငွေပေးချေမှုများနှင့် ATM ငွေထုတ်ခြင်းစသည့် ငွေကြေးလုပ်ဆောင်ချက်များကို MPU နှင့် Mastercard ကွန်ရက်များ လွှမ်းခြုံမှုရှိသော မည်သည့်နေရာတွင် မဆို အသုံးပြုနိုင်ကြောင်း သိရသည်။

zawgyi version
ႏိုင္ငံေပါင္း(၂၁၀)ေက်ာ္ရွိ ဆိုင္မ်ားႏွင့္ အြန္လိုင္းေဈးဝယ္ပလက္ေဖာင္းမ်ားတြင္ ေငြေၾကးလုပ္ေဆာင္မႈမ်ား ျပဳလုပ္ႏိုင္မည့္ “MPU-Mastercard” Debit ကတ္ကို ႐ိုးမဘဏ္မိတ္ဆက္
ယြန္း (NP News) - ဧၿပီ ၈

ႏိုင္ငံေပါင္း(၂၁၀)ေက်ာ္ရွိ သန္းေပါင္းမ်ားစြာေသာ ဆိုင္မ်ားႏွင့္ အြန္လိုင္းေဈးဝယ္ပလက္ ေဖာင္းမ်ားတြင္ ေငြေၾကးလုပ္ေဆာင္မႈမ်ား ျပဳလုပ္ႏိုင္မည့္ MPU-Mastercard” Debit ကတ္ကို ႐ိုးမဘဏ္က စတင္မိတ္ဆက္လိုက္ေၾကာင္း သိရသည္။

Myanmar Payment Union ႏွင့္ Mastercard တို႔ ပူးေပါင္းပါဝင္သည့္ အဆိုပါ MPU-Mastercard Debit ကတ္ကို ၿပီးခဲ့သည့္ ဧၿပီလ(၄)ရက္တြင္ ႐ိုးမဘဏ္က တရားဝင္မိတ္ဆက္ခဲ့ျခင္းျဖစ္သည္။

MPU-Mastercard Debit ကတ္ကို ဧၿပီ(၉)ရက္ေန႔မွစ၍ Flexi Everyday အေကာင့္ရွိ႐ုံျဖင့္ ရန္ကုန္ၿမိဳ႕ ႏွင့္ မႏၲေလးၿမိဳ႕ရွိ ႐ိုးမဘဏ္ ဘဏ္ခြဲမ်ားတြင္ (ႏွစ္စဥ္ေၾကးအခမဲ့) ေလွ်ာက္ထားႏိုင္ၿပီး တစ္ႏိုင္ငံလုံးရွိ ႐ိုးမဘဏ္ ဘဏ္ခြဲမ်ား၌ လာမည့္ ေမလ(၂)ရက္တြင္ စတင္ေလွ်ာက္ ထားႏိုင္ေၾကာင္း ႐ိုးမဘဏ္က ဆိုထားသည္။

Mastercard ၏ ႏိုင္ငံတကာခ်ိတ္ဆက္မႈမွတစ္ဆင့္ ကတ္အသုံးျပဳသူမ်ားသည္ ႏိုင္ငံေပါင္း(၂၁၀)ေက်ာ္ရွိ သန္းေပါင္းမ်ားစြာေသာ ဆိုင္မ်ားႏွင့္ အြန္လိုင္း ေဈးဝယ္ပလက္ေဖာင္းမ်ားတြင္ ေငြေၾကးလုပ္ေဆာင္မႈမ်ားကို ျပဳလုပ္ႏိုင္ေၾကာင္း သိရသည္။

ထို႔ျပင္ MPU ၏ လႊမ္းၿခဳံမႈျဖင့္ ျပည္တြင္းရွိစီးပြားေရးလုပ္ငန္းေပါင္း ၅၀၀ ေက်ာ္ႏွင့္ Point of Sale (POS) ေငြေပးေခ်မႈေပါင္း ၃၄၀၀၀ ေက်ာ္ကိုလည္း လုပ္ေဆာင္ႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။ ႐ိုးမဘဏ္၏ MPU-Mastercard Debit ကတ္အသုံးျပဳသူမ်ားသည္ ျပည္တြင္း၌သာမက ႏိုင္ငံတကာရွိ အြန္လိုင္းပလက္ေဖာင္းမ်ား၊ Point of Sale (POS) ေငြေပးေခ်မႈမ်ားႏွင့္ ATM ေငြထုတ္ျခင္းစသည့္ ေငြေၾကးလုပ္ေဆာင္ခ်က္မ်ားကို MPU ႏွင့္ Mastercard ကြန္ရက္မ်ား လႊမ္းၿခဳံမႈရွိေသာ မည္သည့္ေနရာတြင္ မဆို အသုံးျပဳႏိုင္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.