ယူကရိန်းက နေတိုးစစ်ရေးမဟာမိတ်အုပ်စုဝင်နိုင်ငံဖြစ်လာဖွယ်ရှိနေဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပြောပြန်

802

ဂျန်ဇက် (NP News) - ဧပြီ ၈
ယူကရိန်းနိုင်ငံသည် နေတိုးအုပ်စု၏ မဟာမိတ်အုပ်စု၏ အဖွဲ့ဝင်နိုင်ငံ ဖြစ်လာဖွယ်ရှိနေကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ထုတ်ဖော်ပြောဆိုလိုက်သည်။
နေတိုးအဖွဲ့ဝင်နိုင်ငံများ၏ သံတမန်များနှင့်ပြုလုပ်သော အစည်းအဝေးအတွင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလီကန်က ယင်းကဲ့ သို့ပြောဆိုခဲ့ခြင်းဖြစ်သည်။
ယူကရိန်းနိုင်ငံသည် နေတိုးအဖွဲ့ဝင်နိုင်ငံ ဖြစ်ရန်လိုလားခဲ့သော်လည်း ရုရှားနိုင်ငံ၏ ဟန့်တားမှုများအပြင် ရုရှား နှင့် စစ်ပွဲဖြစ်လာခဲ့ခြင်းများကြောင့် နေတိုးအုပ်စုဝင်နိုင်ငံဖြစ်ရေး နှောင့်နှေးခဲ့ရသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ‘ယူကရိန်းဟာ နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်လာဖွယ်ရှိနေပါတယ်။ ဒီထိပ်သီးအစည်း အဝေးရဲ့ရည်ရွယ်ချက်က ယူကရိန်းနိုင်ငံ ရှေ့ဆက်လျှောက်မယ့်လမ်းကို ဖန်တီးပေးဖို့နဲ့ နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်လာ အောင် တံတားခင်းပေးဖို့ဖြစ်ပါတယ်’ ဟု ပြောသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ယူကရိန်းနိုင်ငံသည် နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်စေရန် ထိုက်တန်သော နိုင်ငံဖြစ် ကြောင်း၊ ယူကရိန်းကို နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်ခွင့်ပေးခြင်းကို စောစီးစွာလုပ်ဆောင်စေလိုကြောင်း ပြောသည်။ ရုရှားနိုင်ငံသည် ၎င်း၏အိမ်နီးချင်းဖြစ်သော ယူကရိန်းနိုင်ငံက နေတိုးအုပ်စုဝင်နိုင်ငံဖြစ်လာမည်ကို စိုးရိမ်နေပြီး နေတိုးအုပ်စုက စစ်လက်နက်ပစ္စည်းများလာရောက် ဖြန့်ကြက်ချထားမည်ကို စိုးရိမ်နေကြောင်း သိရသည်။
ရုရှားသမ္မတပူတင်က နေတိုးအုပ်စုသည် ယူကရိန်းကို နေတိုးအုပ်စုဝင်နိုင်ငံဖြစ်ခွင့် လက်ခံမည်ဆိုလျှင် နေတိုး အုပ်စု နှင့် ရုရှားနိုင်ငံကြား သဘောတူညီ မှုရရှိထားသော နေတိုးအဖွဲ့၏ ဥရောပတိုက်အရှေ့ဘက်သို့ တိုးချဲ့ခြင်း မလုပ်ဆောင်ဘူးဆိုသော အချက်ကိုထိခိုက်ဖွယ်ရှိနေကြောင်း သတိပေးခဲ့သည်။ ရုရှားအစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိ သူ ဒီမီထရီပက်ကောဗ့်က ယူကရိန်းစစ်ပွဲကြောင့် နေတိုးနှင့် ရုရှားနိုင်ငံကြားဆက်ဆံရေး ယိုယွင်းလာနေပြီး တဖြည်းဖြည်းထိပ်တိုက်တွေ့ဆုံရန် ပိုမိုနီးစပ်လာနေကြောင်း ပြောသည်။
‘ယူကရိန်းကိုနေတိုးအုပ်စုဝင်နိုင်ငံအဖြစ် ပါဝင်ခွင့်ရအောင် ကျွန်တော်တို့ အရာရာတိုင်းကို လုပ်ဆောင်သွားမယ်။ ရုရှားရဲ့တိုက်ခိုက်မှုတွေကို ရင်ဆိုင်နေရတဲ့ ယူကရိန်းနိုင်ငံအတွက်လိုအပ်တာတွေကို အရာရာ တိုင်းလုပ်ဆောင်ပေး မယ်’ ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။
ရုရှားဘက်က သတိပေးမှုများရှိနေသည့်ကြားမှ ယူကရိန်းသည်နေတိုးအုပ်စုဝင်နိုင်ငံဖြစ်လာစေရန် အရှိန်မြှင့် ကြိုးပမ်းလာခဲ့ပြီးနောက်ပိုင်း ရုရှားက ယူကရိန်းကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် စတင်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ယူကရိန်းနှင့် ရုရှားနိုင်ငံကြား ဖြစ်ပွားနေသည့် စစ်ပွဲက အချိန်(၂)နှစ်ကျော်ကြာနေပြီး လက်ရှိအချိန် အထိ အပစ်ခတ်ရပ်စဲနိုင်ခြင်းမရှိသေးသကဲ့သို့ ရုရှားနှင့်အမေရိကန်၊ ရုရှား နှင့် နေတိုးအုပ်စု၊ ရုရှား နှင့် ဥရောပသမဂ္ဂ ကြားဆက်ဆံရေး အေးစက်လာခဲ့ကြောင်းသိရသည်။

Zawgyi Version;
ယူကရိန္းက ေနတိုးစစ္ေရးမဟာမိတ္အုပ္စုဝင္ႏိုင္ငံ ျဖစ္လာဖြယ္ရွိေနဟု အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး ေျပာ ျပန္
ဂ်န္ဇက္ (NP News) - ဧၿပီ ၈
ယူကရိန္းႏိုင္ငံသည္ ေနတိုးအုပ္စု၏ မဟာမိတ္အုပ္စု၏ အဖြဲ႕ဝင္ႏိုင္ငံ ျဖစ္လာဖြယ္ရွိေနေၾကာင္း အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီးက ထုတ္ေဖာ္ေျပာဆိုလိုက္သည္။
ေနတိုးအဖြဲ႕ဝင္ႏိုင္ငံမ်ား၏ သံတမန္မ်ားႏွင့္ျပဳလုပ္ေသာ အစည္းအေဝးအတြင္း အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး အန္တိုနီဘလီကန္က ယင္းကဲ့ သို႔ေျပာဆိုခဲ့ျခင္းျဖစ္သည္။
ယူကရိန္းႏိုင္ငံသည္ ေနတိုးအဖြဲ႕ဝင္ႏိုင္ငံ ျဖစ္ရန္လိုလားခဲ့ေသာ္လည္း ႐ုရွားႏိုင္ငံ၏ ဟန႔္တားမႈမ်ားအျပင္ ႐ုရွား ႏွင့္ စစ္ပြဲျဖစ္လာခဲ့ျခင္းမ်ားေၾကာင့္ ေနတိုးအုပ္စုဝင္ႏိုင္ငံျဖစ္ေရး ေႏွာင့္ေႏွးခဲ့ရသည္။
အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးက ‘ယူကရိန္းဟာ ေနတိုးအဖြဲ႕ဝင္ႏိုင္ငံျဖစ္လာဖြယ္ရွိေနပါတယ္။ ဒီထိပ္သီးအစည္း အေဝးရဲ႕ရည္႐ြယ္ခ်က္က ယူကရိန္းႏိုင္ငံ ေရွ႕ဆက္ေလွ်ာက္မယ့္လမ္းကို ဖန္တီးေပးဖို႔နဲ႔ ေနတိုးအဖြဲ႕ဝင္ႏိုင္ငံျဖစ္လာ ေအာင္ တံတားခင္းေပးဖို႔ျဖစ္ပါတယ္’ ဟု ေျပာသည္။
အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးက ယူကရိန္းႏိုင္ငံသည္ ေနတိုးအဖြဲ႕ဝင္ႏိုင္ငံျဖစ္ေစရန္ ထိုက္တန္ေသာ ႏိုင္ငံျဖစ္ ေၾကာင္း၊ ယူကရိန္းကို ေနတိုးအဖြဲ႕ဝင္ႏိုင္ငံျဖစ္ခြင့္ေပးျခင္းကို ေစာစီးစြာလုပ္ေဆာင္ေစလိုေၾကာင္း ေျပာသည္။ ႐ုရွားႏိုင္ငံသည္ ၎၏အိမ္နီးခ်င္းျဖစ္ေသာ ယူကရိန္းႏိုင္ငံက ေနတိုးအုပ္စုဝင္ႏိုင္ငံျဖစ္လာမည္ကို စိုးရိမ္ေနၿပီး ေနတိုးအုပ္စုက စစ္လက္နက္ပစၥည္းမ်ားလာေရာက္ ျဖန႔္ၾကက္ခ်ထားမည္ကို စိုးရိမ္ေနေၾကာင္း သိရသည္။
႐ုရွားသမၼတပူတင္က ေနတိုးအုပ္စုသည္ ယူကရိန္းကို ေနတိုးအုပ္စုဝင္ႏိုင္ငံျဖစ္ခြင့္ လက္ခံမည္ဆိုလွ်င္ ေနတိုး အုပ္စု ႏွင့္ ႐ုရွားႏိုင္ငံၾကား သေဘာတူညီ မႈရရွိထားေသာ ေနတိုးအဖြဲ႕၏ ဥေရာပတိုက္အေရွ႕ဘက္သို႔ တိုးခ်ဲ႕ျခင္း မလုပ္ေဆာင္ဘူးဆိုေသာ အခ်က္ကိုထိခိုက္ဖြယ္ရွိေနေၾကာင္း သတိေပးခဲ့သည္။ ႐ုရွားအစိုးရအဖြဲ႕ေျပာေရးဆိုခြင့္ရွိ သူ ဒီမီထရီပက္ေကာဗ့္က ယူကရိန္းစစ္ပြဲေၾကာင့္ ေနတိုးႏွင့္ ႐ုရွားႏိုင္ငံၾကားဆက္ဆံေရး ယိုယြင္းလာေနၿပီး တျဖည္းျဖည္းထိပ္တိုက္ေတြ႕ဆုံရန္ ပိုမိုနီးစပ္လာေနေၾကာင္း ေျပာသည္။
‘ယူကရိန္းကိုေနတိုးအုပ္စုဝင္ႏိုင္ငံအျဖစ္ ပါဝင္ခြင့္ရေအာင္ ကြၽန္ေတာ္တို႔ အရာရာတိုင္းကို လုပ္ေဆာင္သြားမယ္။ ႐ုရွားရဲ႕တိုက္ခိုက္မႈေတြကို ရင္ဆိုင္ေနရတဲ့ ယူကရိန္းႏိုင္ငံအတြက္လိုအပ္တာေတြကို အရာရာ တိုင္းလုပ္ေဆာင္ေပး မယ္’ ဟု အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးက ေျပာသည္။
႐ုရွားဘက္က သတိေပးမႈမ်ားရွိေနသည့္ၾကားမွ ယူကရိန္းသည္ေနတိုးအုပ္စုဝင္ႏိုင္ငံျဖစ္လာေစရန္ အရွိန္ျမႇင့္ ႀကိဳးပမ္းလာခဲ့ၿပီးေနာက္ပိုင္း ႐ုရွားက ယူကရိန္းကို ၂၀၂၂ ခုႏွစ္ ေဖေဖာ္ဝါရီလတြင္ စတင္တိုက္ခိုက္ခဲ့ေၾကာင္း သိရသည္။ ယူကရိန္းႏွင့္ ႐ုရွားႏိုင္ငံၾကား ျဖစ္ပြားေနသည့္ စစ္ပြဲက အခ်ိန္(၂)ႏွစ္ေက်ာ္ၾကာေနၿပီး လက္ရွိအခ်ိန္ အထိ အပစ္ခတ္ရပ္စဲႏိုင္ျခင္းမရွိေသးသကဲ့သို႔ ႐ုရွားႏွင့္အေမရိကန္၊ ႐ုရွား ႏွင့္ ေနတိုးအုပ္စု၊ ႐ုရွား ႏွင့္ ဥေရာပသမဂၢ ၾကားဆက္ဆံေရး ေအးစက္လာခဲ့ေၾကာင္းသိရသည္။