သင်္ကြန်ပိတ်ရက် ခရီးထွက်အပန်းဖြေသူများအနေဖြင့် ကမ်းခြေမှ ‌ပင်လယ်သတ္တဝါများအား အလွယ်တကူကိုင်ခြင်းကို ရှောင်းရှားသင့်ပြီး ဂျပ်မြွေကိုလည်း သတိထားရန်လိုဟုဆို

 13225

စော (NP News) - ဧပြီ ၇

သင်္ကြန်ပိတ်ရက် ခရီးထွက်အပန်းဖြေသူများအနေဖြင့် ကမ်းခြေမှ ‌ပင်လယ်သတ္တဝါများအား အလွယ်တကူကိုင်ခြင်းကို ရှောင်းရှားသင့်ပြီး ဂျပ်မြွေကိုလည်း သတိထားရန်လိုကြောင်း ပင်လယ်သတ္တဝါနှင့် သားရဲတိရစ္ဆာန် သုတေသန ပညာရှင်တစ်ဦးက NP News မှတဆင့်အကြုံပြုပြောကြားထားသည်။

ယခုအခါ မြန်မာနှစ်ကူးသင်္ကြန်ပိတ်ရက်တွင် ခရီးသွားပြည်သူများအနေဖြင့် ကမ်းခြေများသို့ အများဆုံးအပန်းဖြေခရီးထွက်ရန် စီစဉ်နေကြရာ ကမ်းခြေသို့ ရောက်လျှင် ပင်လယ်သတ္တဝါများကို အလွယ်တကူထိတွေ့ရာတွင် အန္တရာယ်ရှိနိုင်သည့်အတွက် ၎င်းက အထက်ပါအတိုင်းအကြံပြုပြောကြားခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့က ဘာတွေအများဆုံးတွေ့ရလဲဆိုတော့ ပင်လယ်ကမ်းခြေကကောင်တွေကို ဘာမျိုးစိတ်လဲဆိုတာမသိဘဲ ကိုင်ကြတာကတော့ တွေ့ရများတယ်။ ကမ်းခြေမှာ တစ်ချို့အဆိပ်ပြင်းအကောင်လေးတွေ၊ ရေဒန်းလို့ခေါ်တဲ့အကောင်လေးတွေရှိတယ်။ အဲဒီအကောင်လေးတွေဆိုရင် အပြာရောင်ဝိုင်းဝိုင်းလေးတွေ၊ အဲဒါကြောင့် လူတွေက ချစ်ဖို့ကောင်းလို့ ကိုင်တတ်ကြတယ်။ သောင်ပြင်မှာ သူတို့က တင်နေတယ်။ လူတွေက ကောက်ကိုင်ကြတယ်။ အဆိပ်ရှိတဲ့အကောင်တွေမျိုးဖြစ်နေမယ်ဆိုရင် ဒီအဆိပ်တွေက လူကိုထိခိုက်စေမယ်ပေါ့။ အဲဒီခါမှာ မလိုလားအပ်တဲ့ပြဿနာတွေ ဖြစ်သွားနိုင်တယ်။ ကျွန်တော်တို့အနေနေဲ့ အကြံပြုချင်တာက ပင်လယ်ကမ်းခြေရောက်တယ်ဆိုရင် လျှောက်ပြီးတော့ မကိုင်ကြဖို့ ၊ ကိုယ်သိတဲ့ အန္တရာယ်ကင်းတယ်လို့ သိတဲ့အ‌ကောင်တွေ ခရုတို့၊ ဂဏန်းတို့ အဲဒီလိုအကောင်တွေက လွဲရင် ကျန်တဲ့ဟာလေးတွေကို မကိုင်ကြဖို့ပေါ့။ ကိုင်ပြီဆိုရင် မြွေတင်မကဘူး တခြား ပင်လယ်ရေခူတွေမှာလည်း အဆိပ်ပြင်းတဲ့ ရေခူမျိုးတွေရှိတယ်။ အဲဒီအခါမှာ လူကိုထိခိုက်စေနိုင်တယ်”ဟု ၎င်းက ပြောသည်။

ပင်လယ်သတ္တဝါများထဲတွင် ပင်လယ်မြွေ၊ ဂျပ်မြွေ၊ ဂျပ်ပြားမြွေ နှင့် ဂျပ်လုံးမြွေတို့သည် ရေထဲတွင်သာ နေသော်လည်း အစာချက်ရန် ၊ ဥဥရန် နှင့် နေရောင်ခြည်ဓာတ်ကို စုပ်ယူရန် စသည်တို့အတွက် ကမ်းခြေသို့ တက်လာကြကြောင်း သိရသည်။

“ဂျပ်မြွေက လူတွေထင်သလိုမျိုး စွာတဲ့ပုံစံမျိုးတော့မရှိဘူး။ ကိုက်ခဲတယ်။ တော်ယုံတန်ယုံဆို ကိုင်လို့ရတဲ့ထိ ဖြစ်တယ်။ ကိုင်လို့ရတယ်ဆိုပြီး ကိုင်ကြတယ်။ တစ်ချို့ဒေသမှာဆို ဘုရားမြွေပဲ အဆိပ်မရှိဘူးဆိုပြီးတော့‌တွေးကြတယ်။ အဲဒီလိုတော့မဟုတ်ဘူး သူ့ရဲ့အဆိပ်ကပြင်းတယ်။ အဲဒီအဆိပ်က လူတွေရဲ့ အာရုံကြောစနစ်ကိုပျက်စီးစေနိုင်တယ်။ ဂျပ်မြွေအကိုက်ခံရပြီဆိုရင် လူကအိပ်ချင်လာတယ်။ ပြီးရင် အိပ်ချင်လာပြီးတော့ အာရုံကြောကိုတိုက်ခိုက်ခံရတော့ မလှုပ်မရှားနိုင်တွေဖြစ်တယ်။ အဲဒါကြောင့်မို့ နောက်ဆက်တွဲလက္ခဏာတွေဖြစ်တတ်တယ်ပေါ့။ အသက်ရှူစက်ရှိတဲ့ ဆေးရုံကိုသွားပြီးတော့ အမြန်ဆုံးကုသမှုခံယူစေဖို့ လိုအပ်တယ်”ဟု ၎င်းကဆက်လက်ပြောသည်။

ဂျပ်မြွေအကိုက်ခံရပါက နာကျင်ပူလောင်မှုမရှိသော်လည်း ပါးစပ်တွင် ချွဲပျစ်‌‌စေးကပ်လျက် မျက်စိမှုန်ဝေကာ စကားလည်း မပြောနိုင်ဘဲ အိပ်ချင်လာပြီး အိပ်ပျော်သွားရာမှ တဖြည်း ဖြည်း အသက်ရှူရပ်သွားတတ်ကြောင်း သိရသည်။

zawgyi version
သၾကၤန္ပိတ္ရက္ ခရီးထြက္အပန္းေျဖသူမ်ားအေနျဖင့္ ကမ္းေျခမွ ‌ပင္လယ္သတၱဝါမ်ားအား အလြယ္တကူကိုင္ျခင္းကို ေရွာင္းရွားသင့္ၿပီး ဂ်ပ္ေႁမြကိုလည္း သတိထားရန္လိုဟုဆို
ေစာ (NP News) - ဧၿပီ ၇

သၾကၤန္ပိတ္ရက္ ခရီးထြက္အပန္းေျဖသူမ်ားအေနျဖင့္ ကမ္းေျခမွ ‌ပင္လယ္သတၱဝါမ်ားအား အလြယ္တကူကိုင္ျခင္းကို ေရွာင္းရွားသင့္ၿပီး ဂ်ပ္ေႁမြကိုလည္း သတိထားရန္လိုေၾကာင္း ပင္လယ္သတၱဝါႏွင့္ သားရဲတိရစာၦန္ သုေတသန ပညာရွင္တစ္ဦးက NP News မွတဆင့္အႀကဳံျပဳေျပာၾကားထားသည္။

ယခုအခါ ျမန္မာႏွစ္ကူးသၾကၤန္ပိတ္ရက္တြင္ ခရီးသြားျပည္သူမ်ားအေနျဖင့္ ကမ္းေျခမ်ားသို႔ အမ်ားဆုံးအပန္းေျဖခရီးထြက္ရန္ စီစဥ္ေနၾကရာ ကမ္းေျခသို႔ ေရာက္လွ်င္ ပင္လယ္သတၱဝါမ်ားကို အလြယ္တကူထိေတြ႕ရာတြင္ အႏၲရာယ္ရွိႏိုင္သည့္အတြက္ ၎က အထက္ပါအတိုင္းအႀကံျပဳေျပာၾကားခဲ့ျခင္းျဖစ္သည္။

“ကြၽန္ေတာ္တို႔က ဘာေတြအမ်ားဆုံးေတြ႕ရလဲဆိုေတာ့ ပင္လယ္ကမ္းေျခကေကာင္ေတြကို ဘာမ်ိဳးစိတ္လဲဆိုတာမသိဘဲ ကိုင္ၾကတာကေတာ့ ေတြ႕ရမ်ားတယ္။ ကမ္းေျခမွာ တစ္ခ်ိဳ႕အဆိပ္ျပင္းအေကာင္ေလးေတြ၊ ေရဒန္းလို႔ေခၚတဲ့အေကာင္ေလးေတြရွိတယ္။ အဲဒီအေကာင္ေလးေတြဆိုရင္ အျပာေရာင္ဝိုင္းဝိုင္းေလးေတြ၊ အဲဒါေၾကာင့္ လူေတြက ခ်စ္ဖို႔ေကာင္းလို႔ ကိုင္တတ္ၾကတယ္။ ေသာင္ျပင္မွာ သူတို႔က တင္ေနတယ္။ လူေတြက ေကာက္ကိုင္ၾကတယ္။ အဆိပ္ရွိတဲ့အေကာင္ေတြမ်ိဳးျဖစ္ေနမယ္ဆိုရင္ ဒီအဆိပ္ေတြက လူကိုထိခိုက္ေစမယ္ေပါ့။ အဲဒီခါမွာ မလိုလားအပ္တဲ့ျပႆနာေတြ ျဖစ္သြားႏိုင္တယ္။ ကြၽန္ေတာ္တို႔အေနေနဲ႔ အႀကံျပဳခ်င္တာက ပင္လယ္ကမ္းေျခေရာက္တယ္ဆိုရင္ ေလွ်ာက္ၿပီးေတာ့ မကိုင္ၾကဖို႔ ၊ ကိုယ္သိတဲ့ အႏၲရာယ္ကင္းတယ္လို႔ သိတဲ့အ‌ေကာင္ေတြ ခ႐ုတို႔၊ ဂဏန္းတို႔ အဲဒီလိုအေကာင္ေတြက လြဲရင္ က်န္တဲ့ဟာေလးေတြကို မကိုင္ၾကဖို႔ေပါ့။ ကိုင္ၿပီဆိုရင္ ေႁမြတင္မကဘူး တျခား ပင္လယ္ေရခူေတြမွာလည္း အဆိပ္ျပင္းတဲ့ ေရခူမ်ိဳးေတြရွိတယ္။ အဲဒီအခါမွာ လူကိုထိခိုက္ေစႏိုင္တယ္”ဟု ၎က ေျပာသည္။

ပင္လယ္သတၱဝါမ်ားထဲတြင္ ပင္လယ္ေႁမြ၊ ဂ်ပ္ေႁမြ၊ ဂ်ပ္ျပားေႁမြ ႏွင့္ ဂ်ပ္လုံးေႁမြတို႔သည္ ေရထဲတြင္သာ ေနေသာ္လည္း အစာခ်က္ရန္ ၊ ဥဥရန္ ႏွင့္ ေနေရာင္ျခည္ဓာတ္ကို စုပ္ယူရန္ စသည္တို႔အတြက္ ကမ္းေျခသို႔ တက္လာၾကေၾကာင္း သိရသည္။

“ဂ်ပ္ေႁမြက လူေတြထင္သလိုမ်ိဳး စြာတဲ့ပုံစံမ်ိဳးေတာ့မရွိဘူး။ ကိုက္ခဲတယ္။ ေတာ္ယုံတန္ယုံဆို ကိုင္လို႔ရတဲ့ထိ ျဖစ္တယ္။ ကိုင္လို႔ရတယ္ဆိုၿပီး ကိုင္ၾကတယ္။ တစ္ခ်ိဳ႕ေဒသမွာဆို ဘုရားေႁမြပဲ အဆိပ္မရွိဘူးဆိုၿပီးေတာ့‌ေတြးၾကတယ္။ အဲဒီလိုေတာ့မဟုတ္ဘူး သူ႔ရဲ႕အဆိပ္ကျပင္းတယ္။ အဲဒီအဆိပ္က လူေတြရဲ႕ အာ႐ုံေၾကာစနစ္ကိုပ်က္စီးေစႏိုင္တယ္။ ဂ်ပ္ေႁမြအကိုက္ခံရၿပီဆိုရင္ လူကအိပ္ခ်င္လာတယ္။ ၿပီးရင္ အိပ္ခ်င္လာၿပီးေတာ့ အာ႐ုံေၾကာကိုတိုက္ခိုက္ခံရေတာ့ မလႈပ္မရွားႏိုင္ေတြျဖစ္တယ္။ အဲဒါေၾကာင့္မို႔ ေနာက္ဆက္တြဲလကၡဏာေတြျဖစ္တတ္တယ္ေပါ့။ အသက္ရႉစက္ရွိတဲ့ ေဆး႐ုံကိုသြားၿပီးေတာ့ အျမန္ဆုံးကုသမႈခံယူေစဖို႔ လိုအပ္တယ္”ဟု ၎ကဆက္လက္ေျပာသည္။

ဂ်ပ္ေႁမြအကိုက္ခံရပါက နာက်င္ပူေလာင္မႈမရွိေသာ္လည္း ပါးစပ္တြင္ ခြၽဲပ်စ္‌‌ေစးကပ္လ်က္ မ်က္စိမႈန္ေဝကာ စကားလည္း မေျပာႏိုင္ဘဲ အိပ္ခ်င္လာၿပီး အိပ္ေပ်ာ္သြားရာမွ တျဖည္း ျဖည္း အသက္ရႉရပ္သြားတတ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.