အရှေ့တောင်အာရှတွင် အမေရိကန်ထက် တရုတ်က ဩဇာပိုမိုကြီးမားလာ

 810

Alynn (NP News) - ဧပြီ ၁ဝ

တရုတ်သည် အာဆီယံအဖွဲ့အစည်းကြီးနှင့် ဖြစ်စေ၊ အဖွဲ့ဝင်နိုင်ငံများနှင့်ဖြစ်စေ ဒေသတွင်း သံတမန် ဆက်ဆံရေးတိုးမြှင့်ရန် ကြိုးပမ်းမှုများကြောင့် သိသိသာသာအကျိုးအမြတ်များ ရရှိလာသည်။

၂၀၂၄ အရှေ့တောင် အာရှနိုင်ငံများ၏ စစ်တမ်းအရ ဒေသတွင်း၌ တရုတ်၏လွှမ်းမိုးမှု သိသိသာသာတိုးတက်လာကြောင်း တွေ့ရသည်။ တရုတ်နှင့် အမေရိကန်တို့ကြား ပြင်းထန်သော ပြိုင်ဆိုင်မှုများနှင့်အတူ အရှေ့တောင်အာရှ၏ သဘောထား များလည်း သိသိသာသာ ပြောင်းလဲလာခဲ့သည်။ ယခုနှစ် ၂၀၂၄ တွင် တရုတ်နိုင်ငံသည် အရှေ့တောင်အာရှ၏ ဦးစားပေးရွေးချယ်မှု အဖြစ် ပထမဆုံးအကြိမ် ပေါ်ထွက်လာခဲ့သည်။

၂၀၂၄ ခုနှစ် ဇန်နဝါရီနှင့် ဖေဖော်ဝါရီတွင် ကောက်ယူခဲ့သော စစ်တမ်းများအရ ဖြေဆိုသူများတွင် ၅၀ ဒသမ ၅ ရာခိုင်နှုန်းက အမေရိကန်ထက် တရုတ်နိုင်ငံကို ရွေးချယ်ခဲ့ကြပြီး ယခင်နှစ်ကမူ ၃၈ ဒသမ ၉ ရာခိုင်နှုန်းသာရှိခဲ့သည်။ ဖိလစ်ပိုင်၊ စင်ကာပူ နှင့် ဗီယက်နမ်တို့ကလွဲ၍ အရှေ့တောင်အာရှရှိ နိုင်ငံအားလုံး အထူးသဖြင့် တရုတ်၏ BRI စီမံကိန်းမှ အကျိုးအ မြတ်များရရှိနေသော မလေးရှား၊ အင်ဒိုနီးရှား၊ လာအို၊ ဘရူနိုင်းနှင့် ထိုင်းနိုင်ငံတို့သည် တရုတ်ဘက်သို့ ပိုမိုယိမ်းနေကြောင်း တွေ့ရသည်။ တရုတ်နိုင်ငံ၏ စီးပွားရေး ကျဆင်းနိုင်ခြေအလား အလာအပေါ် စိုးရိမ်မှုများရှိနေသော်လည်း အရှေ့တောင်အာရှသည် တရုတ်နိုင်ငံ၏ စီးပွားရေးကတိကဝတ်အပေါ် အကောင်းမြင်နေဆဲဖြစ်သည်။

၂၀၂၂ ခုနှစ်တွင် အာဆီယံ နှင့် တရုတ်နိုင်ငံအကြား ကုန်သွယ်မှုပမာဏသည် အမေရိကန် ဒေါ်လာ ၇၂၂ ဘီလျံအထိ စံချိန်တင်မြင့်မားခဲ့ပြီး တရုတ်၏ အာဆီယံသို့ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုသည် အမေရိကန်၊ ဂျပန်နှင့် ဥရောပ သမဂ္ဂတို့ထက် နောက်ကျနေသော်လည်း ၁၄ နှစ် ဆက်တိုက် အာဆီယံ၏ အကြီးဆုံးကုန်သွယ်ဖက် ဖြစ်လာခဲ့သည်။ အရှေ့တောင်အာရှနှင့် ဆက်ဆံရေးကို တိုးမြှင့်ရန် တရုတ်နိုင်ငံ၏ လက်တွေ့ကျသော ချဉ်းကပ်မှုသည် ဒေသတွင်း ပေါင်းစည်းညီညွတ်ရေးကြိုးပမ်းမှုတွင် ၎င်း၏တက်ကြွစွာ ပါဝင်ဆောင်ရွက်မှုများကို ထင်ရှားစွာ ပြသနေ သည်။

အာဆီယံ-တရုတ် လွတ်လပ်သော ကုန်သွယ်မှု နယ်မြေ အဆင့်မြှင့်တင်ခြင်းမှ အာဆီယံ ဦးဆောင်သော ဒေသတွင်းဘက်စုံစီးပွားရေး မိတ်ဖက်ဆက်ဆံရေးတွင် အဖွဲ့ဝင်အဖြစ်သို့လည်းကောင်း၊ တရုတ်သည် အကျိုးစီးပွား အတွက် ပစိဖိတ်ဖြတ်ကျော် မိတ်ဖက် ဆက်ဆံရေးအတွက် ဘက်စုံတိုးတက်ရေး သဘောတူညီချက်တွင်ပါဝင်ရန် ဒေသတွင်းကုန်သွယ်မှု လမ်းကြောင်းများကို ပုံဖော်ရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။

zawgyi version
အေရွ႕ေတာင္အာရွတြင္ အေမရိကန္ထက္ တ႐ုတ္က ဩဇာပိုမိုႀကီးမားလာ
Alynn (NP News) - ဧၿပီ ၁ဝ

တ႐ုတ္သည္ အာဆီယံအဖြဲ႕အစည္းႀကီးႏွင့္ ျဖစ္ေစ၊ အဖြဲ႕ဝင္ႏိုင္ငံမ်ားႏွင့္ျဖစ္ေစ ေဒသတြင္း သံတမန္ ဆက္ဆံေရးတိုးျမႇင့္ရန္ ႀကိဳးပမ္းမႈမ်ားေၾကာင့္ သိသိသာသာအက်ိဳးအျမတ္မ်ား ရရွိလာသည္။

၂၀၂၄ အေရွ႕ေတာင္ အာရွႏိုင္ငံမ်ား၏ စစ္တမ္းအရ ေဒသတြင္း၌ တ႐ုတ္၏လႊမ္းမိုးမႈ သိသိသာသာတိုးတက္လာေၾကာင္း ေတြ႕ရသည္။ တ႐ုတ္ႏွင့္ အေမရိကန္တို႔ၾကား ျပင္းထန္ေသာ ၿပိဳင္ဆိုင္မႈမ်ားႏွင့္အတူ အေရွ႕ေတာင္အာရွ၏ သေဘာထား မ်ားလည္း သိသိသာသာ ေျပာင္းလဲလာခဲ့သည္။ ယခုႏွစ္ ၂၀၂၄ တြင္ တ႐ုတ္ႏိုင္ငံသည္ အေရွ႕ေတာင္အာရွ၏ ဦးစားေပးေ႐ြးခ်ယ္မႈ အျဖစ္ ပထမဆုံးအႀကိမ္ ေပၚထြက္လာခဲ့သည္။

၂၀၂၄ ခုႏွစ္ ဇန္နဝါရီႏွင့္ ေဖေဖာ္ဝါရီတြင္ ေကာက္ယူခဲ့ေသာ စစ္တမ္းမ်ားအရ ေျဖဆိုသူမ်ားတြင္ ၅၀ ဒသမ ၅ ရာခိုင္ႏႈန္းက အေမရိကန္ထက္ တ႐ုတ္ႏိုင္ငံကို ေ႐ြးခ်ယ္ခဲ့ၾကၿပီး ယခင္ႏွစ္ကမူ ၃၈ ဒသမ ၉ ရာခိုင္ႏႈန္းသာရွိခဲ့သည္။ ဖိလစ္ပိုင္၊ စင္ကာပူ ႏွင့္ ဗီယက္နမ္တို႔ကလြဲ၍ အေရွ႕ေတာင္အာရွရွိ ႏိုင္ငံအားလုံး အထူးသျဖင့္ တ႐ုတ္၏ BRI စီမံကိန္းမွ အက်ိဳးအ ျမတ္မ်ားရရွိေနေသာ မေလးရွား၊ အင္ဒိုနီးရွား၊ လာအို၊ ဘ႐ူႏိုင္းႏွင့္ ထိုင္းႏိုင္ငံတို႔သည္ တ႐ုတ္ဘက္သို႔ ပိုမိုယိမ္းေနေၾကာင္း ေတြ႕ရသည္။ တ႐ုတ္ႏိုင္ငံ၏ စီးပြားေရး က်ဆင္းႏိုင္ေျခအလား အလာအေပၚ စိုးရိမ္မႈမ်ားရွိေနေသာ္လည္း အေရွ႕ေတာင္အာရွသည္ တ႐ုတ္ႏိုင္ငံ၏ စီးပြားေရးကတိကဝတ္အေပၚ အေကာင္းျမင္ေနဆဲျဖစ္သည္။

၂၀၂၂ ခုႏွစ္တြင္ အာဆီယံ ႏွင့္ တ႐ုတ္ႏိုင္ငံအၾကား ကုန္သြယ္မႈပမာဏသည္ အေမရိကန္ ေဒၚလာ ၇၂၂ ဘီလ်ံအထိ စံခ်ိန္တင္ျမင့္မားခဲ့ၿပီး တ႐ုတ္၏ အာဆီယံသို႔ ႏိုင္ငံျခားတိုက္႐ိုက္ရင္းႏွီးျမႇဳပ္ႏွံမႈသည္ အေမရိကန္၊ ဂ်ပန္ႏွင့္ ဥေရာပ သမဂၢတို႔ထက္ ေနာက္က်ေနေသာ္လည္း ၁၄ ႏွစ္ ဆက္တိုက္ အာဆီယံ၏ အႀကီးဆုံးကုန္သြယ္ဖက္ ျဖစ္လာခဲ့သည္။ အေရွ႕ေတာင္အာရွႏွင့္ ဆက္ဆံေရးကို တိုးျမႇင့္ရန္ တ႐ုတ္ႏိုင္ငံ၏ လက္ေတြ႕က်ေသာ ခ်ဥ္းကပ္မႈသည္ ေဒသတြင္း ေပါင္းစည္းညီၫြတ္ေရးႀကိဳးပမ္းမႈတြင္ ၎၏တက္ႂကြစြာ ပါဝင္ေဆာင္႐ြက္မႈမ်ားကို ထင္ရွားစြာ ျပသေန သည္။

အာဆီယံ-တ႐ုတ္ လြတ္လပ္ေသာ ကုန္သြယ္မႈ နယ္ေျမ အဆင့္ျမႇင့္တင္ျခင္းမွ အာဆီယံ ဦးေဆာင္ေသာ ေဒသတြင္းဘက္စုံစီးပြားေရး မိတ္ဖက္ဆက္ဆံေရးတြင္ အဖြဲ႕ဝင္အျဖစ္သို႔လည္းေကာင္း၊ တ႐ုတ္သည္ အက်ိဳးစီးပြား အတြက္ ပစိဖိတ္ျဖတ္ေက်ာ္ မိတ္ဖက္ ဆက္ဆံေရးအတြက္ ဘက္စုံတိုးတက္ေရး သေဘာတူညီခ်က္တြင္ပါဝင္ရန္ ေဒသတြင္းကုန္သြယ္မႈ လမ္းေၾကာင္းမ်ားကို ပုံေဖာ္ရာတြင္ အဓိကအခန္းက႑မွ ပါဝင္လ်က္ရွိသည္။

Related news

© 2021. All rights reserved.