ထိုင်ဝမ်ရွေးကောက်ခံသမ္မတက အာဏာရပါတီဥက္ကဋ္ဌဟောင်းကို ဝန်ကြီးချုပ်အသစ်အဖြစ် ခန့်အပ်

 215

Pika (NP News) - ဧပြီ ၁ဝ

ထိုင်ဝမ်ရွေးကောက်ခံသမ္မတ လိုင်ချန်တေးသည် အာဏာရဒီမိုကရက်တစ်ဖွံ့ဖြိုးတိုးတက်ရေးပါတီ (DPP) ၏ ဥက္ကဋ္ဌ ဟောင်းဖြစ်သူ Cho Jung-tai ကို ဝန်ကြီးချုပ်အသစ်အဖြစ် ဧပြီလ(၁၀)ရက်တွင် ခန့်အပ်လိုက်ကြောင်း သိရသည်။

ထို့အပြင် နိုင်ငံခြားရေးဝန်ကြီးကဲ့သို့သော အခြားရာထူးများအတွက် ခန့်အပ်မှုကို မကြာမီအချိန်အတွင်း ထုတ်ပြန် ကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။ သို့သော်လည်း ဝန်ကြီးချုပ်အသစ် နှင့် ၎င်း၏ အစိုးရအဖွဲ့သည် လာမည့်မေလ(၂၀)ရက်တွင် ပြုလုပ်မည့် လိုင်ချန်တေး၏ ကျမ်းသစ္စာကျိန်ဆိုပွဲမတိုင်မီ ၎င်းတို့၏ အခန်းကဏ္ဍကို တာဝန်ယူမှုများ လုပ်ဆောင်မည်မဟုတ်သေးကြောင်း သိရသည်။

ထိုင်ဝမ်၏ အုပ်ချုပ်မှုစနစ်တွင် သမ္မတက ဝန်ကြီးချုပ်ကိုခန့်အပ်ပြီး အဆိုပါဝန်ကြီးချုပ်က သမ္မတထံမှ နောက်ဆုံး ခွင့်ပြုချက်ဖြင့် အစိုးရအဖွဲ့ဝင်များကို ခန့်အပ်ကြောင်း သိရသည်။ ထို့အပြင် ၎င်း၏ အခြားအစိုးရအဖွဲ့ဝင်များကို မကြာမီအချိန်အတွင်း ထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်း Cho Jung-tai က သတင်းထောက်များကို ပြောကြားခဲ့သည်။

Cho Jung-tai က ”ဒီတက်ကြွတဲ့အစိုးရအဖွဲ့ဟာ ပါတီဆက်နွယ်မှုတွေကို ခွဲခြားခြင်းမျိုးမရှိဘဲ သူတို့ရဲ့ အရည် အချင်းတွေအပေါ်အခြေခံပြီး လူတွေကို အသုံးပြုသွားမှာပါ။ပြီးတော့ အရင်ကလိုပဲ မျိုးဆက်သစ်လူငယ်တွေကို လေ့ကျင့်သင်ကြားပေးမှုတွေလုပ်ဆောင်ပေးတဲ့ ကောင်းမွန်တဲ့ ဒီမိုကရေစီစိတ်ဓါတ်တွေကို ဆက်လက်ကိုင်ဆောင် သွားမှာပါ” ဟု ပြောခဲ့သည်။

အမျိုးသားလုံခြုံရေးကောင်စီအထွေထွေအတွင်းရေးမှူးချုပ် Wellington Koo သည် စစ်တပ်တပ်မှူးဟောင်း Chiu Kuo-cheng ထံမှ ကာကွယ်ရေးဝန်ကြီးရာထူးကို လွှဲပြောင်းရယူသွားနိုင်ဖွယ်ရှိကြောင်း ထိုင်ဝမ်မီဒီယာများ က ဖော်ပြခဲ့သည်။

လက်ရှိထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီး ဂျိုးဆက်ဝူသည် အမျိုးသားလုံခြုံရေးကောင်စီ၏ အကြီးအကဲအဖြစ် Wellington Koo ၏ ရာထူးကို လက်ခံရယူသွားနိုင်ဖွယ်ရှိနေကြောင်း မီဒီယာများက ဖော်ပြခဲ့သည်။ ယခင်က ဥရောပသမဂ္ဂဆိုင်ရာထိုင်ဝမ်သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသော အမျိုးသားလုံခြုံရေးဗျူရို၏ ညွှန်ကြားရေးမှူးချုပ် Tsai Ming-yen သည် ထောက်လှမ်းရေးအေဂျင်စီ၏ အကြီးအကဲအဖြစ် ဆက်ရှိနေလိမ့်မည် ဖြစ်ကြောင်းလည်း သိရသည်။

Zawgyi Version;
ထိုင္ဝမ္ေ႐ြးေကာက္ခံသမၼတက အာဏာရပါတီဥကၠ႒ေဟာင္းကို ဝန္ႀကီးခ်ဳပ္အသစ္အျဖစ္ ခန႔္အပ္
Pika (NP News) - ဧၿပီ ၁ဝ

ထိုင္ဝမ္ေ႐ြးေကာက္ခံသမၼတ လိုင္ခ်န္ေတးသည္ အာဏာရဒီမိုကရက္တစ္ဖြံ႕ၿဖိဳးတိုးတက္ေရးပါတီ (DPP) ၏ ဥကၠ႒ ေဟာင္းျဖစ္သူ Cho Jung-tai ကို ဝန္ႀကီးခ်ဳပ္အသစ္အျဖစ္ ဧၿပီလ(၁၀)ရက္တြင္ ခန႔္အပ္လိုက္ေၾကာင္း သိရသည္။

ထို႔အျပင္ ႏိုင္ငံျခားေရးဝန္ႀကီးကဲ့သို႔ေသာ အျခားရာထူးမ်ားအတြက္ ခန႔္အပ္မႈကို မၾကာမီအခ်ိန္အတြင္း ထုတ္ျပန္ ေၾကညာသြားမည္ျဖစ္ေၾကာင္း သိရသည္။ သို႔ေသာ္လည္း ဝန္ႀကီးခ်ဳပ္အသစ္ ႏွင့္ ၎၏ အစိုးရအဖြဲ႕သည္ လာမည့္ေမလ(၂၀)ရက္တြင္ ျပဳလုပ္မည့္ လိုင္ခ်န္ေတး၏ က်မ္းသစၥာက်ိန္ဆိုပြဲမတိုင္မီ ၎တို႔၏ အခန္းက႑ကို တာဝန္ယူမႈမ်ား လုပ္ေဆာင္မည္မဟုတ္ေသးေၾကာင္း သိရသည္။

ထိုင္ဝမ္၏ အုပ္ခ်ဳပ္မႈစနစ္တြင္ သမၼတက ဝန္ႀကီးခ်ဳပ္ကိုခန႔္အပ္ၿပီး အဆိုပါဝန္ႀကီးခ်ဳပ္က သမၼတထံမွ ေနာက္ဆုံး ခြင့္ျပဳခ်က္ျဖင့္ အစိုးရအဖြဲ႕ဝင္မ်ားကို ခန႔္အပ္ေၾကာင္း သိရသည္။ ထို႔အျပင္ ၎၏ အျခားအစိုးရအဖြဲ႕ဝင္မ်ားကို မၾကာမီအခ်ိန္အတြင္း ထုတ္ျပန္ေၾကညာသြားမည္ျဖစ္ေၾကာင္း Cho Jung-tai က သတင္းေထာက္မ်ားကို ေျပာၾကားခဲ့သည္။

Cho Jung-tai က ”ဒီတက္ႂကြတဲ့အစိုးရအဖြဲ႕ဟာ ပါတီဆက္ႏြယ္မႈေတြကို ခြဲျခားျခင္းမ်ိဳးမရွိဘဲ သူတို႔ရဲ႕ အရည္ အခ်င္းေတြအေပၚအေျခခံၿပီး လူေတြကို အသုံးျပဳသြားမွာပါ။ၿပီးေတာ့ အရင္ကလိုပဲ မ်ိဳးဆက္သစ္လူငယ္ေတြကို ေလ့က်င့္သင္ၾကားေပးမႈေတြလုပ္ေဆာင္ေပးတဲ့ ေကာင္းမြန္တဲ့ ဒီမိုကေရစီစိတ္ဓါတ္ေတြကို ဆက္လက္ကိုင္ေဆာင္ သြားမွာပါ” ဟု ေျပာခဲ့သည္။

အမ်ိဳးသားလုံၿခဳံေရးေကာင္စီအေထြေထြအတြင္းေရးမႉးခ်ဳပ္ Wellington Koo သည္ စစ္တပ္တပ္မႉးေဟာင္း Chiu Kuo-cheng ထံမွ ကာကြယ္ေရးဝန္ႀကီးရာထူးကို လႊဲေျပာင္းရယူသြားႏိုင္ဖြယ္ရွိေၾကာင္း ထိုင္ဝမ္မီဒီယာမ်ား က ေဖာ္ျပခဲ့သည္။

လက္ရွိထိုင္ဝမ္ႏိုင္ငံျခားေရးဝန္ႀကီး ဂ်ိဳးဆက္ဝူသည္ အမ်ိဳးသားလုံၿခဳံေရးေကာင္စီ၏ အႀကီးအကဲအျဖစ္ Wellington Koo ၏ ရာထူးကို လက္ခံရယူသြားႏိုင္ဖြယ္ရွိေနေၾကာင္း မီဒီယာမ်ားက ေဖာ္ျပခဲ့သည္။ ယခင္က ဥေရာပသမဂၢဆိုင္ရာထိုင္ဝမ္သံအမတ္ႀကီးအျဖစ္ တာဝန္ထမ္းေဆာင္ခဲ့ဖူးေသာ အမ်ိဳးသားလုံၿခဳံေရးဗ်ဴ႐ို၏ ၫႊန္ၾကားေရးမႉးခ်ဳပ္ Tsai Ming-yen သည္ ေထာက္လွမ္းေရးေအဂ်င္စီ၏ အႀကီးအကဲအျဖစ္ ဆက္ရွိေနလိမ့္မည္ ျဖစ္ေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.