မဟာမိတ်များနှင့် ထိပ်သီးတွေ့ဆုံမှုများမတိုင်မီ တောင်တရုတ်ပင်လယ်အတွင်း ကင်းလှည့်လှုပ်ရှားမှုများ ပိုမိုဆောင်ရွက်ကြရန်မျှော်လင့်ကြောင်း အမေရိကန်ပြော

 192

ALynn (NP News) - ဧပြီ ၁ဝ

ဧပြီလ ၉ ရက် (အင်္ဂါနေ့) တွင် အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေး Jake Sullivan က ပြီးခဲ့သည့်သီတင်းပတ် အတွင်း အမေရိကန်၊ ဩစတေးလျ၊ ဖိလစ်ပိုင်နှင့် ဂျပန်တို့အကြား စစ်ရေးလေ့ကျင့်မှုများပြုလုပ်ပြီးနောက် တောင်တရုတ်ပင်လယ်ပြင်တွင် ပူးပေါင်းကင်းလှည့်လှုပ်ရှားမှုများ ပိုမိုများပြားလာနိုင်ကြောင်း မျှော်လင့်လျက်ရှိ သည်။

အဆိုပါ (၄) နိုင်ငံ၏ စစ်ရေးလေ့ကျင့်မှုသည် အငြင်းပွားရေပိုင်နက်အတွင်း တရုတ်၏ ဖိလစ်ပိုင်အပေါ် ဖိအားပေးမှု များကို တုံ့ပြန်ရန်လည်းဖြစ်သည်။ အမေရိကန်၊ ဂျပန်နှင့် ဖိလစ်ပိုင်တို့၏ သမ္မတများသည် တရုတ်အား တုံ့ပြန် နိုင်ရေးနည်းလမ်းများကို ဆွေးနွေးရန်အတွက် ဧပြီလ ၁၁ ရက် (ကြာသပတေးနေ့) တွင် တွေ့ဆုံကြမည်ဖြစ်သည်။

Sullivan က “အမေရိကန်၊ ယူကေ နှင့် ဩစတြေးလျတို့အကြား ချုပ်ဆိုထားသော AUKUS လုံခြုံရေးစာချုပ်တွင် ဂျပန် ပါဝင်လာနိုင်ဖို့ သမ္မတဘိုင်ဒင်နှင့် ကီရှိဒါတို့၏ ထိပ်သီးအစည်းအဝေးတွင် ဆွေးနွေးသွားမည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။ ဘိုင်ဒင် နှင့် ကီရှီဒါတို့သည် ကာကွယ်ရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုနှင့်ပတ်သက်သည့် စီမံချက်များကို ကြေညာသွားဖွယ်လည်း ရှိနေသည်။

ဧပြီလ ၈ ရက် (တနင်္လာနေ့)က ပြုလုပ်သည့် ဂျပန်၏ NHK World အင်တာဗျူးအရ အခြားနိုင်ငံများ၏ စစ်ရေး လှုပ်ရှားမှုများကို စောင့်ကြည့်ရန်အတွက် သမ္မတ ကီရှီဒါက ၂၀၂၅ ခုနှစ် မတ်လကုန်တွင် ဂျပန် ၏ ကိုယ်ပိုင် ကာကွယ်ရေးတပ် (SDF) ကို တည်ထောင်သွားမည့်အစီအစဉ်ရှိကြောင်း သိရသည်။

အင်္ဂါနေ့တွင် ဩစတြေးလျက ဂျပန်က AUKUS အဖွဲ့ထဲသို့ မကြာမီပါဝင်လာနိုင်မည်ဖြစ်ပြီး ပူးပေါင်းဆောင်ရွက် မှုများကိုမူ ပရောဂျက်အလိုက် တစ်ဆင့်ချင်းဆောင်ရွက်သွားမည်ဖြစ်ကာ အဖွဲ့ဝင်သစ်များ ထပ်တိုးလာခြင်းနှင့် အတူ စာချုပ်အတွင်း ကွဲပြားခြားနားချက်များလည်း ရှိလာကြောင်း ဖော်ပြခဲ့သည်။

သို့သော် ဂျပန်အစိုးရ၏ ဖော်ပြချက်အရ ဩစတြေးလျနှင့် ယူကေတို့သည် စာချုပ်မှ အကျိုးအမြတ်များကို ခံစားနေရသောကြောင့် ဂျပန်အား အဖွဲ့အတွင်း တရားဝင် ဝင်ရောက်ဖို့ ကြိုဆိုလိုခြင်းမရှိကြောင်းသိရသည်။ အမေရိကန်ကမူ ဂျပန်အဖွဲ့ဝင်ဖြစ်ရေးကို လိုလားသော်လည်း ဂျပန်အနေဖြင့် ပိုမိုကောင်းမွန်သော ဆိုက်ဘာ လုံခြုံရေး နှင့် လျှို့ဝှက်ချက်များကို ထိန်းသိမ်းဖို့အတွက် တင်းကြပ်သောစည်းမျဉ်းများကို လိုက်နာရန် လိုအပ်ဦးမည် ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

Zawgyi Version;
မဟာမိတ္မ်ားႏွင့္ ထိပ္သီးေတြ႕ဆုံမႈမ်ားမတိုင္မီ ေတာင္တ႐ုတ္ပင္လယ္အတြင္း ကင္းလွည့္လႈပ္ရွားမႈမ်ား ပိုမိုေဆာင္႐ြက္ၾကရန္ေမွ်ာ္လင့္ေၾကာင္း အေမရိကန္ေျပာ
ALynn (NP News) - ဧၿပီ ၁ဝ

ဧၿပီလ ၉ ရက္ (အဂၤါေန႔) တြင္ အေမရိကန္အမ်ိဳးသားလုံၿခဳံေရးအႀကံေပး Jake Sullivan က ၿပီးခဲ့သည့္သီတင္းပတ္ အတြင္း အေမရိကန္၊ ဩစေတးလ်၊ ဖိလစ္ပိုင္ႏွင့္ ဂ်ပန္တို႔အၾကား စစ္ေရးေလ့က်င့္မႈမ်ားျပဳလုပ္ၿပီးေနာက္ ေတာင္တ႐ုတ္ပင္လယ္ျပင္တြင္ ပူးေပါင္းကင္းလွည့္လႈပ္ရွားမႈမ်ား ပိုမိုမ်ားျပားလာႏိုင္ေၾကာင္း ေမွ်ာ္လင့္လ်က္ရွိ သည္။

အဆိုပါ (၄) ႏိုင္ငံ၏ စစ္ေရးေလ့က်င့္မႈသည္ အျငင္းပြားေရပိုင္နက္အတြင္း တ႐ုတ္၏ ဖိလစ္ပိုင္အေပၚ ဖိအားေပးမႈ မ်ားကို တုံ႔ျပန္ရန္လည္းျဖစ္သည္။ အေမရိကန္၊ ဂ်ပန္ႏွင့္ ဖိလစ္ပိုင္တို႔၏ သမၼတမ်ားသည္ တ႐ုတ္အား တုံ႔ျပန္ ႏိုင္ေရးနည္းလမ္းမ်ားကို ေဆြးေႏြးရန္အတြက္ ဧၿပီလ ၁၁ ရက္ (ၾကာသပေတးေန႔) တြင္ ေတြ႕ဆုံၾကမည္ျဖစ္သည္။

Sullivan က “အေမရိကန္၊ ယူေက ႏွင့္ ဩစေၾတးလ်တို႔အၾကား ခ်ဳပ္ဆိုထားေသာ AUKUS လုံၿခဳံေရးစာခ်ဳပ္တြင္ ဂ်ပန္ ပါဝင္လာႏိုင္ဖို႔ သမၼတဘိုင္ဒင္ႏွင့္ ကီရွိဒါတို႔၏ ထိပ္သီးအစည္းအေဝးတြင္ ေဆြးေႏြးသြားမည္ျဖစ္ေၾကာင္း” ေျပာၾကားခဲ့သည္။ ဘိုင္ဒင္ ႏွင့္ ကီရွီဒါတို႔သည္ ကာကြယ္ေရးႏွင့္ လုံၿခဳံေရးပူးေပါင္းေဆာင္႐ြက္မႈႏွင့္ပတ္သက္သည့္ စီမံခ်က္မ်ားကို ေၾကညာသြားဖြယ္လည္း ရွိေနသည္။

ဧၿပီလ ၈ ရက္ (တနလၤာေန႔)က ျပဳလုပ္သည့္ ဂ်ပန္၏ NHK World အင္တာဗ်ဴးအရ အျခားႏိုင္ငံမ်ား၏ စစ္ေရး လႈပ္ရွားမႈမ်ားကို ေစာင့္ၾကည့္ရန္အတြက္ သမၼတ ကီရွီဒါက ၂၀၂၅ ခုႏွစ္ မတ္လကုန္တြင္ ဂ်ပန္ ၏ ကိုယ္ပိုင္ ကာကြယ္ေရးတပ္ (SDF) ကို တည္ေထာင္သြားမည့္အစီအစဥ္ရွိေၾကာင္း သိရသည္။

အဂၤါေန႔တြင္ ဩစေၾတးလ်က ဂ်ပန္က AUKUS အဖြဲ႕ထဲသို႔ မၾကာမီပါဝင္လာႏိုင္မည္ျဖစ္ၿပီး ပူးေပါင္းေဆာင္႐ြက္ မႈမ်ားကိုမူ ပေရာဂ်က္အလိုက္ တစ္ဆင့္ခ်င္းေဆာင္႐ြက္သြားမည္ျဖစ္ကာ အဖြဲ႕ဝင္သစ္မ်ား ထပ္တိုးလာျခင္းႏွင့္ အတူ စာခ်ဳပ္အတြင္း ကြဲျပားျခားနားခ်က္မ်ားလည္း ရွိလာေၾကာင္း ေဖာ္ျပခဲ့သည္။

သို႔ေသာ္ ဂ်ပန္အစိုးရ၏ ေဖာ္ျပခ်က္အရ ဩစေၾတးလ်ႏွင့္ ယူေကတို႔သည္ စာခ်ဳပ္မွ အက်ိဳးအျမတ္မ်ားကို ခံစားေနရေသာေၾကာင့္ ဂ်ပန္အား အဖြဲ႕အတြင္း တရားဝင္ ဝင္ေရာက္ဖို႔ ႀကိဳဆိုလိုျခင္းမရွိေၾကာင္းသိရသည္။ အေမရိကန္ကမူ ဂ်ပန္အဖြဲ႕ဝင္ျဖစ္ေရးကို လိုလားေသာ္လည္း ဂ်ပန္အေနျဖင့္ ပိုမိုေကာင္းမြန္ေသာ ဆိုက္ဘာ လုံၿခဳံေရး ႏွင့္ လွ်ိဳ႕ဝွက္ခ်က္မ်ားကို ထိန္းသိမ္းဖို႔အတြက္ တင္းၾကပ္ေသာစည္းမ်ဥ္းမ်ားကို လိုက္နာရန္ လိုအပ္ဦးမည္ ျဖစ္ေၾကာင္း ေဖာ္ျပခဲ့သည္။

Picture

09425296423

11/04/2024 04:23

ဂျပန်က (ကီရှီဒါ)ဝန်ကြီးချုပ်ပါ သမ္မတ မဟုတ်ပါ။ ဂျပန်နိုင်ငံသည် သမ္မတစနစ် မဟုတ်ဘူး ဘုရင်စနစ်လေ။ လက်ရှိ ထိုင်း လိုပါပဲ ဝန်ကြီးချုပ်က ဦးဆောင်တာပါ။

Related news

© 2021. All rights reserved.