ဘူးသီးတောင်မြို့တွင် လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့ရာ (၄)ဦး သေဆုံးခဲ့ပြီး (၉)ဦးထိခိုက်ဒဏ်ရာရ

 688

စော (NP News) - ဧပြီ ၁၉

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့တွင် လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့ရာ (၄)ဦး သေဆုံးခဲ့ပြီး (၉)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နစက၏ ထုတ်ပြန်ချက်များအရ သိရသည်။

AA အကြမ်းဖက်သောင်းကျန်းသူများသည် ပြီးခဲ့သည့် (ဧပြီလ ၁၇ ရက်)၊ ညနေ (၅)နာရီခွဲဝန်း ကျင်အချိန်တွင် ဘူးသီးတောင်မြို့အတွင်းသို့ မြို့၏အ‌ရှေ့မြောက်ဘက်မှ လက်နက်ကြီးများ ဖြင့် ပစ်ခတ်ခဲ့ရာ အမှတ်(၂)ရပ်ကွက်ရပ်ကွက်အတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

ထိုသို့ ကျရောက်ပေါက်ကွဲခဲ့ရာ အမျိုးသားတစ်ဦးနှင့် အမျိုးသမီး (၃)ဦး စုစုပေါင်း (၄)ဦး သေဆုံးခဲ့ပြီး အသက် (၁၂)နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် (၈)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ အဆိုပါ ထိခိုက်ဒဏ်ရာရရှိသူများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေခံတပ်မတော်ဆေးရုံသို့ ပို့ဆောင်ကာ လိုအပ်သော ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အကြမ်းဖက်သမားများအား အမြန်ဆုံးဖော်ထုတ်ဖမ်းဆီးနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက်ရှိပြီး အကြမ်းဖက်သမားများအား အမြန်ဆုံးဖမ်းဆီးရမိရေး ၎င်းတို့ ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာနေထိုင်မှုသတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ သတင်းပေးတိုင်ကြားနိုင်ကြောင်း နစကမှ အသိပေးထုတ်ပြန်ထားသည်။

zawgyi version
ဘူးသီးေတာင္ၿမိဳ႕တြင္ လက္နက္ႀကီးက်ည္မ်ား က်ေရာက္ေပါက္ကြဲခဲ့ရာ (၄)ဦး ေသဆုံးခဲ့ၿပီး (၉)ဦးထိခိုက္ဒဏ္ရာရ
ေစာ (NP News) - ဧၿပီ ၁၉

ရခိုင္ျပည္နယ္၊ ဘူးသီးေတာင္ၿမိဳ႕တြင္ လက္နက္ႀကီးက်ည္မ်ား က်ေရာက္ေပါက္ကြဲခဲ့ရာ (၄)ဦး ေသဆုံးခဲ့ၿပီး (၉)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း နစက၏ ထုတ္ျပန္ခ်က္မ်ားအရ သိရသည္။

AA အၾကမ္းဖက္ေသာင္းက်န္းသူမ်ားသည္ ၿပီးခဲ့သည့္ (ဧၿပီလ ၁၇ ရက္)၊ ညေန (၅)နာရီခြဲဝန္း က်င္အခ်ိန္တြင္ ဘူးသီးေတာင္ၿမိဳ႕အတြင္းသို႔ ၿမိဳ႕၏အ‌ေရွ႕ေျမာက္ဘက္မွ လက္နက္ႀကီးမ်ား ျဖင့္ ပစ္ခတ္ခဲ့ရာ အမွတ္(၂)ရပ္ကြက္ရပ္ကြက္အတြင္းသို႔ က်ေရာက္ေပါက္ကြဲခဲ့ေၾကာင္း သိရသည္။

ထိုသို႔ က်ေရာက္ေပါက္ကြဲခဲ့ရာ အမ်ိဳးသားတစ္ဦးႏွင့္ အမ်ိဳးသမီး (၃)ဦး စုစုေပါင္း (၄)ဦး ေသဆုံးခဲ့ၿပီး အသက္ (၁၂)ႏွစ္အ႐ြယ္ ကေလးငယ္တစ္ဦး အပါအဝင္ (၈)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။ အဆိုပါ ထိခိုက္ဒဏ္ရာရရွိသူမ်ားကို လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက နယ္ေျမခံတပ္မေတာ္ေဆး႐ုံသို႔ ပို႔ေဆာင္ကာ လိုအပ္ေသာ ေဆးဝါးကုသမႈမ်ား ေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း သိရသည္။

အၾကမ္းဖက္သမားမ်ားအား အျမန္ဆုံးေဖာ္ထုတ္ဖမ္းဆီးႏိုင္ေရး လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက လုံၿခဳံေရးလုပ္ငန္းမ်ား တိုးျမႇင့္ေဆာင္႐ြက္လ်က္ရွိၿပီး အၾကမ္းဖက္သမားမ်ားအား အျမန္ဆုံးဖမ္းဆီးရမိေရး ၎တို႔ ပုန္းခိုရာေနရာမ်ား၊ လႈပ္ရွားသြားလာေနထိုင္မႈသတင္းမ်ားရရွိပါက သက္ဆိုင္ရာသို႔ လွ်ိဳ႕ဝွက္စြာ သတင္းေပးတိုင္ၾကားႏိုင္ေၾကာင္း နစကမွ အသိေပးထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.