အကူအညီတွေမရတော့ရင် ယူကရိန်းနိုင်ငံ ဒီနှစ်အတွင်း စစ်ရှုံးမယ်လို့ စီအိုင်အေအကြီးအကဲ သုံးသပ်

 1002

ဂျန်ဇက် (NP News) - ဧပြီ ၂ဝ

ယူကရိန်းဟာ အမေရိကန်အစိုးရထံကနေ အကူအညီအသစ်တွေထပ်မံမရတော့ဘူးဆိုရင် ဒီနှစ်အတွင်းမှာပဲ စစ်ရှုံးသွားဖွယ်ရှိနေကြောင်း အမေရိကန် ထောက်လှမ်းရေးအဖွဲ့အကြီးအကဲက ထုတ်ဖော်သတိပေးလိုက်ပါတယ်။

အမေရိကန် စီအိုင်အေ ထောက်လှမ်းရေးအဖွဲ့အကြီးအကဲ ဝီလျံဘရမ်းစ်က အမေရိကန်အစိုး ရဟာ ယူကရိန်းအတွက် အကူအညီအသစ်များထပ်မံမပေးတော့ဘူးဆိုရင် ဒီနှစ်အတွင်းမှာပဲ ယူကရိန်းရဲ့ကာကွယ်ရေးလုပ်ငန်းတွေ ပြိုလဲသွားဖွယ်ရှိနေပြီး ရုရှားကို ဖိအားပေးနိုင်မှာမဟုတ်ကြောင်း ပြောပါတယ်။

အမေရိကန်အစိုးရဟာ ယူကရိန်းကိုအမေရိကန်ဒေါ်လာ ၆၁ ဘီလျံကျော်ကို အကူအညီပေးဖို့ စီစဉ်နေပေမယ့် အမေရိကန်အောက်လွှတ်တော်က ကန့်ကွက်ဆန့်ကျင်မှုများရှိနေကြောင်းသိရပါတယ်။ အမေရိကန်အောက်လွှတ်တော် အကြီးအကဲဟာ ကာလအတန်ကြာနှောင့်နှေးတဲ့ ယူကရိန်းကို အကူအညီပေးမယ့် အမေရိကန်အစိုးရရဲ့အစီအစဉ်တွေကို မဲခွဲဆုံးဖြတ်ဖို့ စီစဉ်နေတယ်လို့လည်း သတင်းများထွက်ပေါ်နေပါတယ်။ စီအိုင်အေထောက်လှမ်းရေးအဖွဲ့အကြီး အကဲက အမေရိကန်လွှတ်တော်ကို ယူကရိန်းအပေါ် ကူညီပေးမယ့် ငွေကြေးများကို ချက်ချင်းခွင့်ပြုပေးဖို့ ထပ်မံတောင်းဆိုခဲ့ခြင်းမျိုးဖြစ်ပါတယ်။ စီအိုင်အေ ညွှန်ကြားရေးမှူး ဝီလျံဘရမ်းစ့်က "အမေရိကန်အပါအဝင် အနောက်အုပ်စုနိုင်ငံတွေဟာ ယူကရိန်းကို ကူညီပေးဖို့ အေးစက်ခဲ့မယ်ဆိုရင် ယူကရိန်းဟာ ကြီးမားတဲ့အခက်အခဲတွေနဲ့ရင်ဆိုင်ရမယ်။ ကျွန်တော်ရဲ့အမြင်အရတော့ ယူကရိန်းဟာ အမေရိကန်အစိုးရရဲ့အကူအညီတွေထပ်မံမရတော့ဘူးဆိုရင် ၂၀၂၄ ခုနှစ်အကုန်မှာ ရင်ဆိုင်နေရတဲ့တိုက်ပွဲတွေက အရှုံးနဲ့ရင်ဆိုင်ရဖွယ်ရှိနေပါတယ်။" လို့ပြောပါတယ်။

ယူကရိန်းကို ကူညီထောက်ပံ့ပေးဖို့ ပျက်ကွက်မယ်ဆိုရင် အခက်အခဲပြဿနာတွဟာ ဥရောပ တိုက်ကိုကျော်လွန်လာဖွယ်ရှိနေကြောင်း စီအိုင်အေထောက်လှမ်းရေးအဖွဲ့အကြီးအကဲကပြောပါတယ်။ ယူကရိန်း နဲ့ ရုရှားနိုင်ငံကြားဖြစ်ပွားနေတဲ့စစ်ပွဲဟာ သုံးနှစ်ထဲကိုရောက်ရှိလာချိန်မှာ လက်ရှိအချိန်အထိ အပစ်ခတ်ရပ်စဲရေး လုပ်ဆောင်နိုင်ခြင်းမရှိဘဲ တိုက်ပွဲများ ဆက် လက်ဖြစ်ပွားနေဆဲဖြစ်ပါတယ်။ ယူကရိန်းဟာ သိမ်းပိုက်ခံထားရတဲ့နယ်မြေတွေကို ရုရှားနိုင်ငံထံကနေ ပြန်လည်ရယူဖို့ ကြိုးပမ်းနေပေမယ့် မျှော်လင့်သလောက် ရလဒ်မကောင်းဘဲဖြစ်နေကြောင်းသိရပါတယ်။

zawgyi version
အကူအညီေတြမရေတာ့ရင္ ယူကရိန္းႏိုင္ငံ ဒီႏွစ္အတြင္း စစ္ရႈံးမယ္လို႔ စီအိုင္ေအအႀကီးအကဲ သုံးသပ္
ဂ်န္ဇက္ (NP News) - ဧၿပီ ၂ဝ

ယူကရိန္းဟာ အေမရိကန္အစိုးရထံကေန အကူအညီအသစ္ေတြထပ္မံမရေတာ့ဘူးဆိုရင္ ဒီႏွစ္အတြင္းမွာပဲ စစ္ရႈံးသြားဖြယ္ရွိေနေၾကာင္း အေမရိကန္ ေထာက္လွမ္းေရးအဖြဲ႕အႀကီးအကဲက ထုတ္ေဖာ္သတိေပးလိုက္ပါတယ္။

အေမရိကန္ စီအိုင္ေအ ေထာက္လွမ္းေရးအဖြဲ႕အႀကီးအကဲ ဝီလ်ံဘရမ္းစ္က အေမရိကန္အစိုး ရဟာ ယူကရိန္းအတြက္ အကူအညီအသစ္မ်ားထပ္မံမေပးေတာ့ဘူးဆိုရင္ ဒီႏွစ္အတြင္းမွာပဲ ယူကရိန္းရဲ႕ကာကြယ္ေရးလုပ္ငန္းေတြ ၿပိဳလဲသြားဖြယ္ရွိေနၿပီး ႐ုရွားကို ဖိအားေပးႏိုင္မွာမဟုတ္ေၾကာင္း ေျပာပါတယ္။

အေမရိကန္အစိုးရဟာ ယူကရိန္းကိုအေမရိကန္ေဒၚလာ ၆၁ ဘီလ်ံေက်ာ္ကို အကူအညီေပးဖို႔ စီစဥ္ေနေပမယ့္ အေမရိကန္ေအာက္လႊတ္ေတာ္က ကန႔္ကြက္ဆန႔္က်င္မႈမ်ားရွိေနေၾကာင္းသိရပါတယ္။ အေမရိကန္ေအာက္လႊတ္ေတာ္ အႀကီးအကဲဟာ ကာလအတန္ၾကာေႏွာင့္ေႏွးတဲ့ ယူကရိန္းကို အကူအညီေပးမယ့္ အေမရိကန္အစိုးရရဲ႕အစီအစဥ္ေတြကို မဲခြဲဆုံးျဖတ္ဖို႔ စီစဥ္ေနတယ္လို႔လည္း သတင္းမ်ားထြက္ေပၚေနပါတယ္။ စီအိုင္ေအေထာက္လွမ္းေရးအဖြဲ႕အႀကီး အကဲက အေမရိကန္လႊတ္ေတာ္ကို ယူကရိန္းအေပၚ ကူညီေပးမယ့္ ေငြေၾကးမ်ားကို ခ်က္ခ်င္းခြင့္ျပဳေပးဖို႔ ထပ္မံေတာင္းဆိုခဲ့ျခင္းမ်ိဳးျဖစ္ပါတယ္။ စီအိုင္ေအ ၫႊန္ၾကားေရးမႉး ဝီလ်ံဘရမ္းစ့္က "အေမရိကန္အပါအဝင္ အေနာက္အုပ္စုႏိုင္ငံေတြဟာ ယူကရိန္းကို ကူညီေပးဖို႔ ေအးစက္ခဲ့မယ္ဆိုရင္ ယူကရိန္းဟာ ႀကီးမားတဲ့အခက္အခဲေတြနဲ႔ရင္ဆိုင္ရမယ္။ ကြၽန္ေတာ္ရဲ႕အျမင္အရေတာ့ ယူကရိန္းဟာ အေမရိကန္အစိုးရရဲ႕အကူအညီေတြထပ္မံမရေတာ့ဘူးဆိုရင္ ၂၀၂၄ ခုႏွစ္အကုန္မွာ ရင္ဆိုင္ေနရတဲ့တိုက္ပြဲေတြက အရႈံးနဲ႔ရင္ဆိုင္ရဖြယ္ရွိေနပါတယ္။" လို႔ေျပာပါတယ္။

ယူကရိန္းကို ကူညီေထာက္ပံ့ေပးဖို႔ ပ်က္ကြက္မယ္ဆိုရင္ အခက္အခဲျပႆနာတြဟာ ဥေရာပ တိုက္ကိုေက်ာ္လြန္လာဖြယ္ရွိေနေၾကာင္း စီအိုင္ေအေထာက္လွမ္းေရးအဖြဲ႕အႀကီးအကဲကေျပာပါတယ္။ ယူကရိန္း နဲ႔ ႐ုရွားႏိုင္ငံၾကားျဖစ္ပြားေနတဲ့စစ္ပြဲဟာ သုံးႏွစ္ထဲကိုေရာက္ရွိလာခ်ိန္မွာ လက္ရွိအခ်ိန္အထိ အပစ္ခတ္ရပ္စဲေရး လုပ္ေဆာင္ႏိုင္ျခင္းမရွိဘဲ တိုက္ပြဲမ်ား ဆက္ လက္ျဖစ္ပြားေနဆဲျဖစ္ပါတယ္။ ယူကရိန္းဟာ သိမ္းပိုက္ခံထားရတဲ့နယ္ေျမေတြကို ႐ုရွားႏိုင္ငံထံကေန ျပန္လည္ရယူဖို႔ ႀကိဳးပမ္းေနေပမယ့္ ေမွ်ာ္လင့္သေလာက္ ရလဒ္မေကာင္းဘဲျဖစ္ေနေၾကာင္းသိရပါတယ္။

Related news

© 2021. All rights reserved.