မြန်မာနိုင်ငံသားများကို မိခင်နိုင်ငံသို့ ပြန်ပို့ရန် နှောင့်နှေးနေဟု အိန္ဒိယအစိုးရပြော

 3215

ဂျန်ဇက် (NP News) - ဧပြီ ၂၁

မြန်မာနိုင်ငံတွင်ဖြစ်ပွားလျက်ရှိနေသည့်တိုက်ပွဲများကြောင့် မြန်မာနိုင်ငံသားများကို မိခင်နိုင်ငံသို့ ပြန်ပို့ရန် နှောင့်နှေးလျက်ရှိနေကြောင်း အိန္ဒိယအစိုးရတာဝန်ရှိသူများက ပြောသည်။

တိုက်ပွဲများကြောင့် မြန်မာနိုင်ငံသားများသည် တရားဝင်အထောက်အထားမပါရှိဘဲ အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်း ကို ဝင်ရောက်လာခြင်းများရှိခဲ့ကြောင်း၊ အိန္ဒိယနိုင်ငံဘက်ခြမ်းသို့ တရားမဝင် ဝင်ရောက်လာသူများကို မိခင်နိုင်ငံသို့ ပြန်ပိုရန် စီစဉ်နေမှုများ နှောင့်နှေးနေခြင်းဖြစ်ကြောင်း အိန္ဒိယအစိုးရက ပြောသည်။

မြန်မာနိုင်ငံတွင် ၂ဝ၂၁ ခုနှစ်က အာဏာအငြင်းပွားမှုများဖြစ်လာခဲ့ပြီးနောက်ပိုင်း ထောင်နှင့်ချီသော မြန်မာ နိုင်ငံသားများနှင့် ရာနှင့်ချီသော မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်များသည် အိန္ဒိယနိုင်ငံဘက်ခြမ်းသို နယ်စပ်ဖြတ်ကျော် ဝင်ရောက်နေထိုင်ခြင်းများ ရှိလာခဲ့ကြောင်း သိရသည်။

မဏိပူရပြည်နယ်အစိုးရသည် ပြီးခဲ့သောလတွင် တရားမဝင် စာရွက်စာတမ်းမပါရှိဘဲ အိန္ဒိယနိုင်ငံဘက်ခြမ်းသို ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၇၇ ဦးကို မိခင်နိုင်ငံသို့ ပြန်ပို့ခဲ့ကြောင်း သိရသည်။

အိန္ဒိယအကြီးတန်း ရဲအရာရှိတစ်ဦးက "မဏိပူရပြည်နယ် အင်ဖာမြို့မှာ တရားဝင်အထောက်ထားမရှိတဲ့ မြန်မာ နိုင်ငံသား ၃၈ ဦး ရှိနေတယ်။ အဲဒီသူတွေကို မြန်မာနိုင်ငံဘက်ခြမ်းကို ပြန်ပို့သွားမှာဖြစ်တယ်။ ဒါပေမယ့် မြန်မာ အာဏာပိုင်တွေက အဲဒီသူတွေကို ပြန်လည်ခေါ်ယူဖို့ အဆက်သွယ်လုပ်လာမယ့်အချိန်ကို စောင့်ဆိုင်းနေရတယ်" ဟု ပြောသည်။

မြန်မာနိုင်ငံသားများကို ပြန်ပို့မည့်အစီအစဉ်များနှင့်ပတ်သက်ပြီး အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန နှင့် မဏိပူရ ပြည်နယ်အာဏာပိုင်များက တစ်စုံတစ်ရာမှတ်ချက်ပြုပြောဆိုခြင်းမျိုး မရှိသေးကြောင်း သိရသည်။ သို့သော်လည်း အိန္ဒိယရဲတပ်ဖွဲ့အကြီးတန်းရဲအရာရှိတစ်ဦးက "လက်ရှိအချိန်မှာ မြန်မာနိုင်ငံက တည်ငြိမ်မှုမရှိသေးဘူး။ အထူးသဖြင့် အိန္ဒိယနဲ့နယ်စပ်ချင်းထိစပ်နေတဲ့ တမူးမြို့ဟာ တည်ငြိမ်မှုအားနည်းနေတယ်။ မြန်မာအာဏာပိုင်တွေ ဟာ တရားမဝင် အထောက်ထားမရှိဘဲ အိန္ဒိယနိုင်ငံ ပိုင်နက်တွေထဲရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေကို ပြန်လည်ခေါ်ယူမှာ မဟုတ်ဘူးဆိုရင် အတင်းကြပ်ပြန်ပို့ရဖွယ် ရှိနေပါတယ်" ဟု ပြောသည်။

Zawgyi Version;
ျမန္မာႏိုင္ငံသားမ်ားကို မိခင္ႏိုင္ငံသို႔ ျပန္ပို႔ရန္ ေႏွာင့္ေႏွးေနဟု အိႏၵိယအစိုးရေျပာ
ဂ်န္ဇက္ (NP News) - ဧၿပီ ၂၁

ျမန္မာႏိုင္ငံတြင္ျဖစ္ပြားလ်က္ရွိေနသည့္တိုက္ပြဲမ်ားေၾကာင့္ ျမန္မာႏိုင္ငံသားမ်ားကို မိခင္ႏိုင္ငံသို႔ ျပန္ပို႔ရန္ ေႏွာင့္ေႏွးလ်က္ရွိေနေၾကာင္း အိႏၵိယအစိုးရတာဝန္ရွိသူမ်ားက ေျပာသည္။

တိုက္ပြဲမ်ားေၾကာင့္ ျမန္မာႏိုင္ငံသားမ်ားသည္ တရားဝင္အေထာက္အထားမပါရွိဘဲ အိႏၵိယႏိုင္ငံအေရွ႕ေျမာက္ပိုင္း ကို ဝင္ေရာက္လာျခင္းမ်ားရွိခဲ့ေၾကာင္း၊ အိႏၵိယႏိုင္ငံဘက္ျခမ္းသို႔ တရားမဝင္ ဝင္ေရာက္လာသူမ်ားကို မိခင္ႏိုင္ငံသို႔ ျပန္ပိုရန္ စီစဥ္ေနမႈမ်ား ေႏွာင့္ေႏွးေနျခင္းျဖစ္ေၾကာင္း အိႏၵိယအစိုးရက ေျပာသည္။

ျမန္မာႏိုင္ငံတြင္ ၂ဝ၂၁ ခုႏွစ္က အာဏာအျငင္းပြားမႈမ်ားျဖစ္လာခဲ့ၿပီးေနာက္ပိုင္း ေထာင္ႏွင့္ခ်ီေသာ ျမန္မာ ႏိုင္ငံသားမ်ားႏွင့္ ရာႏွင့္ခ်ီေသာ ျမန္မာလုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားသည္ အိႏၵိယႏိုင္ငံဘက္ျခမ္းသို နယ္စပ္ျဖတ္ေက်ာ္ ဝင္ေရာက္ေနထိုင္ျခင္းမ်ား ရွိလာခဲ့ေၾကာင္း သိရသည္။

မဏိပူရျပည္နယ္အစိုးရသည္ ၿပီးခဲ့ေသာလတြင္ တရားမဝင္ စာ႐ြက္စာတမ္းမပါရွိဘဲ အိႏၵိယႏိုင္ငံဘက္ျခမ္းသို ဝင္ေရာက္လာေသာ ျမန္မာႏိုင္ငံသား ၇၇ ဦးကို မိခင္ႏိုင္ငံသို႔ ျပန္ပို႔ခဲ့ေၾကာင္း သိရသည္။

အိႏၵိယအႀကီးတန္း ရဲအရာရွိတစ္ဦးက "မဏိပူရျပည္နယ္ အင္ဖာၿမိဳ႕မွာ တရားဝင္အေထာက္ထားမရွိတဲ့ ျမန္မာ ႏိုင္ငံသား ၃၈ ဦး ရွိေနတယ္။ အဲဒီသူေတြကို ျမန္မာႏိုင္ငံဘက္ျခမ္းကို ျပန္ပို႔သြားမွာျဖစ္တယ္။ ဒါေပမယ့္ ျမန္မာ အာဏာပိုင္ေတြက အဲဒီသူေတြကို ျပန္လည္ေခၚယူဖို႔ အဆက္သြယ္လုပ္လာမယ့္အခ်ိန္ကို ေစာင့္ဆိုင္းေနရတယ္" ဟု ေျပာသည္။

ျမန္မာႏိုင္ငံသားမ်ားကို ျပန္ပို႔မည့္အစီအစဥ္မ်ားႏွင့္ပတ္သက္ၿပီး အိႏၵိယႏိုင္ငံျခားေရးဝန္ႀကီးဌာန ႏွင့္ မဏိပူရ ျပည္နယ္အာဏာပိုင္မ်ားက တစ္စုံတစ္ရာမွတ္ခ်က္ျပဳေျပာဆိုျခင္းမ်ိဳး မရွိေသးေၾကာင္း သိရသည္။ သို႔ေသာ္လည္း အိႏၵိယရဲတပ္ဖြဲ႕အႀကီးတန္းရဲအရာရွိတစ္ဦးက "လက္ရွိအခ်ိန္မွာ ျမန္မာႏိုင္ငံက တည္ၿငိမ္မႈမရွိေသးဘူး။ အထူးသျဖင့္ အိႏၵိယနဲ႔နယ္စပ္ခ်င္းထိစပ္ေနတဲ့ တမူးၿမိဳ႕ဟာ တည္ၿငိမ္မႈအားနည္းေနတယ္။ ျမန္မာအာဏာပိုင္ေတြ ဟာ တရားမဝင္ အေထာက္ထားမရွိဘဲ အိႏၵိယႏိုင္ငံ ပိုင္နက္ေတြထဲေရာက္ရွိေနတဲ့ ျမန္မာႏိုင္ငံသားေတြကို ျပန္လည္ေခၚယူမွာ မဟုတ္ဘူးဆိုရင္ အတင္းၾကပ္ျပန္ပို႔ရဖြယ္ ရွိေနပါတယ္" ဟု ေျပာသည္။

Related news

© 2021. All rights reserved.