ပိတ်ဆို့အရေးယူမှုတွေရှိနေပေမယ့်လည်း စစ်အင်အားကို ပိုမိုတောင့်တင်းအောင် လုပ်ဆောင်သွားမယ်လို့ မြောက်ကိုရီးယားအစိုးရ ကတိပြု

 262

Pika (NP News) - ဧပြီ ၂၅

အမေရိကန်ရဲ့ ဖိအားပေးပိတ်ဆို့အရေးယူမှုတွေရှိနေတဲ့ကြားက မြောက်ကိုရီးယားဟာ နိုင်ငံရဲ့စစ်အင်အားကို ပိုမို တောင့်တင်းအောင် ဆက်လက်လုပ်ဆောင်သွားမယ်လို့ မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ တာဝန်ရှိသူ တစ်ဦးက ဧပြီလ(၂၄)ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာန အကြီးတန်းအရာရှိတစ်ဦးက “အမေရိကန်ရဲ့ပြင်းထန်တဲ့ ပိတ်ဆို့ အရေးယူမှုတွေဟာ ကျွန်တော်တို့ရဲ့စစ်အင်အားကို တဖြည်းဖြည်းတိုးမြှင့်လာစေဖို့ တွန်းအားတစ်ခုဖြစ်ခဲ့ပါတယ်” လို့ ပြောခဲ့ပါတယ်။

ဒါ့အပြင် မြောက်ကိုရီးယားနိုင်ငံဟာ ၎င်းရဲ့အချုပ်အခြာအာဏာပိုင်အခွင့်အရေးနဲ့ လုံခြုံရေးအကျိုးစီးပွားတွေကို အမေရိကန်ရဲ့ပိတ်ဆို့အရေးယူမှုတွေ၊ ခြိမ်းခြောက်မှုတွေထံကနေ ကာကွယ်သွားမှာဖြစ်တယ်လို့လည်း အဲဒီအရာရှိက ပြောခဲ့ပါတယ်။
ပြီးတော့ မြောက်ကိုရီးယားနိုင်ငံရဲ့ စစ်ရေးနဲ့ နည်းပညာအင်အားတွေ မလျော့ကျစေဖို့အတွက် စစ်မှန်တဲ့လုပ်ရပ် တွေကို လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ၎င်းက ထပ်မံပြောဆိုခဲ့ပါတယ်။ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ စစ်ရေးလေ့ကျင့်မှုတွေကို လက်တုံ့ပြန်တဲ့အနေနဲ့ ကြီးမားတဲ့စစ်ရေးတည်ဆောက်မှုတွေကို ဆက်လက် လုပ်ဆောင်သွားမှာဖြစ်တယ်လို့ မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်းရဲ့ညီမဖြစ်သူ ကင်ယိုဂျုံက ဧပြီလ(၂၄) ရက်မှာ ထုတ်ဖော်ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့ လတွေအတွင်း အမေရိကန်နဲ့တောင်ကိုရီးယားတို့ဟာ ကြီးမားတဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကို မကြာခဏ လုပ်ဆောင်ခဲ့ပြီး ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုတွေ ပိုမိုမြင့်တက်လာခဲ့ပါတယ်။ အမေရိကန် နဲ့ တောင်ကိုရီးယားတို့ရဲ့ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေဟာ မြောက်ကိုရီးယားကို ကျူးကျော်တိုက်ခိုက်ဖို့အတွက် အစမ်းလေ့ကျင့်မှုတွေ လုပ်ဆောင်နေတာမျိုးဖြစ်တယ်လို့ မြောက်ကိုရီးယားဘက်က အကြိမ်ကြိမ် ပြောဆိုခဲ့ပါ တယ်။

မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာန အကြီးတန်းအရာရှိတစ်ဦးက “အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှု ဒဏ်တွေကို ခံနိုင်တဲ့ စွမ်းရည်နဲ့အင်အားတွေ ကျွန်တော်တို့မှာရှိပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။

Zawgyi Version;
ပိတ္ဆို႔အေရးယူမႈေတြရွိေနေပမယ့္လည္း စစ္အင္အားကို ပိုမိုေတာင့္တင္းေအာင္ လုပ္ေဆာင္သြားမယ္လို႔ ေျမာက္ကိုရီးယားအစိုးရ ကတိျပဳ
Pika (NP News) - ဧၿပီ ၂၅

အေမရိကန္ရဲ႕ ဖိအားေပးပိတ္ဆို႔အေရးယူမႈေတြရွိေနတဲ့ၾကားက ေျမာက္ကိုရီးယားဟာ ႏိုင္ငံရဲ႕စစ္အင္အားကို ပိုမို ေတာင့္တင္းေအာင္ ဆက္လက္လုပ္ေဆာင္သြားမယ္လို႔ ေျမာက္ကိုရီးယားႏိုင္ငံျခားေရးဝန္ႀကီးဌာနရဲ႕ တာဝန္ရွိသူ တစ္ဦးက ဧၿပီလ(၂၄)ရက္မွာ ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။

ေျမာက္ကိုရီးယားႏိုင္ငံျခားေရးဝန္ႀကီးဌာန အႀကီးတန္းအရာရွိတစ္ဦးက “အေမရိကန္ရဲ႕ျပင္းထန္တဲ့ ပိတ္ဆို႔ အေရးယူမႈေတြဟာ ကြၽန္ေတာ္တို႔ရဲ႕စစ္အင္အားကို တျဖည္းျဖည္းတိုးျမႇင့္လာေစဖို႔ တြန္းအားတစ္ခုျဖစ္ခဲ့ပါတယ္” လို႔ ေျပာခဲ့ပါတယ္။

ဒါ့အျပင္ ေျမာက္ကိုရီးယားႏိုင္ငံဟာ ၎ရဲ႕အခ်ဳပ္အျခာအာဏာပိုင္အခြင့္အေရးနဲ႔ လုံၿခဳံေရးအက်ိဳးစီးပြားေတြကို အေမရိကန္ရဲ႕ပိတ္ဆို႔အေရးယူမႈေတြ၊ ၿခိမ္းေျခာက္မႈေတြထံကေန ကာကြယ္သြားမွာျဖစ္တယ္လို႔လည္း အဲဒီအရာရွိက ေျပာခဲ့ပါတယ္။
ၿပီးေတာ့ ေျမာက္ကိုရီးယားႏိုင္ငံရဲ႕ စစ္ေရးနဲ႔ နည္းပညာအင္အားေတြ မေလ်ာ့က်ေစဖို႔အတြက္ စစ္မွန္တဲ့လုပ္ရပ္ ေတြကို လုပ္ေဆာင္သြားမွာျဖစ္တယ္လို႔ ၎က ထပ္မံေျပာဆိုခဲ့ပါတယ္။ အေမရိကန္နဲ႔ ေတာင္ကိုရီးယားတို႔ရဲ႕ စစ္ေရးေလ့က်င့္မႈေတြကို လက္တုံ႔ျပန္တဲ့အေနနဲ႔ ႀကီးမားတဲ့စစ္ေရးတည္ေဆာက္မႈေတြကို ဆက္လက္ လုပ္ေဆာင္သြားမွာျဖစ္တယ္လို႔ ေျမာက္ကိုရီးယားေခါင္းေဆာင္ကင္ဂ်ဳံအန္းရဲ႕ညီမျဖစ္သူ ကင္ယိုဂ်ဳံက ဧၿပီလ(၂၄) ရက္မွာ ထုတ္ေဖာ္ေျပာခဲ့ပါတယ္။

ၿပီးခဲ့တဲ့ လေတြအတြင္း အေမရိကန္နဲ႔ေတာင္ကိုရီးယားတို႔ဟာ ႀကီးမားတဲ့ ပူးတြဲစစ္ေရးေလ့က်င့္မႈေတြကို မၾကာခဏ လုပ္ေဆာင္ခဲ့ၿပီး ကိုရီးယားကြၽန္းဆြယ္မွာ တင္းမာမႈေတြ ပိုမိုျမင့္တက္လာခဲ့ပါတယ္။ အေမရိကန္ နဲ႔ ေတာင္ကိုရီးယားတို႔ရဲ႕ပူးတြဲစစ္ေရးေလ့က်င့္မႈေတြဟာ ေျမာက္ကိုရီးယားကို က်ဴးေက်ာ္တိုက္ခိုက္ဖို႔အတြက္ အစမ္းေလ့က်င့္မႈေတြ လုပ္ေဆာင္ေနတာမ်ိဳးျဖစ္တယ္လို႔ ေျမာက္ကိုရီးယားဘက္က အႀကိမ္ႀကိမ္ ေျပာဆိုခဲ့ပါ တယ္။

ေျမာက္ကိုရီးယားႏိုင္ငံျခားေရးဝန္ႀကီးဌာန အႀကီးတန္းအရာရွိတစ္ဦးက “အေမရိကန္ရဲ႕ ပိတ္ဆို႔အေရးယူမႈ ဒဏ္ေတြကို ခံႏိုင္တဲ့ စြမ္းရည္နဲ႔အင္အားေတြ ကြၽန္ေတာ္တို႔မွာရွိပါတယ္” လို႔ ေျပာဆိုခဲ့ပါတယ္။

Related news

© 2021. All rights reserved.