လူဝီစီယားနားကမ်းခြေမှာ သေနတ်ပစ်ခတ်ခံထားခဲ့ရတဲ့လင်းပိုင်နဲ့ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူရဲ့ အချက် အလက်တွေကို ဆုငွေ ဒေါ်လာ ၂၀,၀၀၀ ထိ ကမ်းလှမ်းရှာဖွေနေ

 189

ရောင်နီ (NP News) - ဧပြီ ၂၅

ပြီးခဲ့တဲ့လက အမေရိကန်နိုင်ငံ ၊ လူဝီစီယားနား ပြည်နယ် ကမ်းခြေမှာ အကြိမ်များစွာ သေနတ်နဲ့ အပစ်ခံခဲ့ရတဲ့ အရွယ်မရောက်သေးတဲ့ လင်းပိုင်ကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အဆိုပါလုပ်ရပ်ကို ကျူးလွန်သူနဲ့ပတ်သက်တဲ့အချက် အလက်တွေကို ရှာဖွေဖို့ အမျိုးသား သမုဒ္ဒရာနဲ့ လေထုဆိုင်ရာ စီမံခန့်ခွဲရေးအဖွဲ့က ဆုငွေ ဒေါ်လာ ၂၀,၀၀၀ နဲ့ ကမ်းလှမ်းခဲ့ပါတယ်။

နယူးအော်လန် အနောက်ဘက် Cameron Parish ရှိ West Mae's Beach မှာ မတ် ၁၃ ရက်က သေနတ်ဒဏ်ရာ တွေနဲ့ လင်းပိုင်တစ်ကောင် တွေ့ရှိခဲ့ပါတယ်။ နယူးအော်လန်ရှိ Audubon Nature Institute မှ ပြောကြားချက်အရ အဆိုပါလင်းပိုင်ဟာ ဦးနှောက်၊ ကျောရိုးနဲ့ နှလုံးမှာ ကျည်ဆံအများအပြား ရရှိခဲ့ပြီး၊ သေဆုံးနေတာဖြစ်တယ်လို့ ဆိုပါတယ်။

သံသယရှိသူကို ဖော်ထုတ်နိုင်ခြင်း၊ ဖမ်းဆီးခြင်း (သို့မဟုတ်) တရားစွဲဆိုခြင်းတို့ပြုလုပ်ဖို့ အချက်အလက်တွေကို ဒေါ်လာ ၂၀,၀၀၀ ထိ ကမ်းလှမ်းကာ ရှာဖွေနေတယ်လို့ တာဝန်ရှိသူတွေက ပြောကြားပါတယ်။
တောရိုင်းလင်းပိုင်တွေကို နှောင့်ယှက်ခြင်း၊ အန္တရာယ်ပြုခြင်း၊ သတ်ဖြတ်ခြင်း (သို့မဟုတ်) အစာကျွေးခြင်းကို NOAA က တားမြစ်ထားသည်။

ဖောက်ဖျက်ကျူးလွန်သူတွေကို အရပ်ဘက် (သို့မဟုတ်) ရာဇ၀တ်မှုနဲ့ တရားစွဲနိုင်ပြီး ဒဏ်ငွေ ဒေါ်လာ ၁၀၀,၀၀၀ အထိ နဲ့ ချိုးဖောက်မှုတစ်ခုကို ထောင်ဒဏ် တစ်နှစ်အထိ ကျခံရနိုင်တယ်လို့ သိရပါတယ်။

Zawgyi Version;
လူဝီစီယားနားကမ္းေျခမွာ ေသနတ္ပစ္ခတ္ခံထားခဲ့ရတဲ့လင္းပိုင္နဲ႔ပတ္သက္ၿပီး ျပစ္မႈက်ဴးလြန္သူရဲ႕ အခ်က္ အလက္ေတြကို ဆုေငြ ေဒၚလာ ၂၀,၀၀၀ ထိ ကမ္းလွမ္းရွာေဖြေန
ေရာင္နီ (NP News) - ဧၿပီ ၂၅

ၿပီးခဲ့တဲ့လက အေမရိကန္ႏိုင္ငံ ၊ လူဝီစီယားနား ျပည္နယ္ ကမ္းေျခမွာ အႀကိမ္မ်ားစြာ ေသနတ္နဲ႔ အပစ္ခံခဲ့ရတဲ့ အ႐ြယ္မေရာက္ေသးတဲ့ လင္းပိုင္ကို ရွာေဖြေတြ႕ရွိခဲ့ပါတယ္။ အဆိုပါလုပ္ရပ္ကို က်ဴးလြန္သူနဲ႔ပတ္သက္တဲ့အခ်က္ အလက္ေတြကို ရွာေဖြဖို႔ အမ်ိဳးသား သမုဒၵရာနဲ႔ ေလထုဆိုင္ရာ စီမံခန႔္ခြဲေရးအဖြဲ႕က ဆုေငြ ေဒၚလာ ၂၀,၀၀၀ နဲ႔ ကမ္းလွမ္းခဲ့ပါတယ္။

နယူးေအာ္လန္ အေနာက္ဘက္ Cameron Parish ရွိ West Mae's Beach မွာ မတ္ ၁၃ ရက္က ေသနတ္ဒဏ္ရာ ေတြနဲ႔ လင္းပိုင္တစ္ေကာင္ ေတြ႕ရွိခဲ့ပါတယ္။ နယူးေအာ္လန္ရွိ Audubon Nature Institute မွ ေျပာၾကားခ်က္အရ အဆိုပါလင္းပိုင္ဟာ ဦးေႏွာက္၊ ေက်ာ႐ိုးနဲ႔ ႏွလုံးမွာ က်ည္ဆံအမ်ားအျပား ရရွိခဲ့ၿပီး၊ ေသဆုံးေနတာျဖစ္တယ္လို႔ ဆိုပါတယ္။

သံသယရွိသူကို ေဖာ္ထုတ္ႏိုင္ျခင္း၊ ဖမ္းဆီးျခင္း (သို႔မဟုတ္) တရားစြဲဆိုျခင္းတို႔ျပဳလုပ္ဖို႔ အခ်က္အလက္ေတြကို ေဒၚလာ ၂၀,၀၀၀ ထိ ကမ္းလွမ္းကာ ရွာေဖြေနတယ္လို႔ တာဝန္ရွိသူေတြက ေျပာၾကားပါတယ္။
ေတာ႐ိုင္းလင္းပိုင္ေတြကို ေႏွာင့္ယွက္ျခင္း၊ အႏၲရာယ္ျပဳျခင္း၊ သတ္ျဖတ္ျခင္း (သို႔မဟုတ္) အစာေကြၽးျခင္းကို NOAA က တားျမစ္ထားသည္။

ေဖာက္ဖ်က္က်ဴးလြန္သူေတြကို အရပ္ဘက္ (သို႔မဟုတ္) ရာဇ၀တ္မႈနဲ႔ တရားစြဲႏိုင္ၿပီး ဒဏ္ေငြ ေဒၚလာ ၁၀၀,၀၀၀ အထိ နဲ႔ ခ်ိဳးေဖာက္မႈတစ္ခုကို ေထာင္ဒဏ္ တစ္ႏွစ္အထိ က်ခံရႏိုင္တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.