အမေရိကန်က လူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်တွေကို နိုင်ငံရေးအရ အသုံးချနေကြောင်း မြောက်ကိုရီးယားအစိုးရ စွပ်စွဲပြောဆို

 355

Pika (NP News) – ဧပြီ ၂၇

အမေရိကန်နိုင်ငံဟာ မြောက်ကိုရီးယားနိုင်ငံမှာ ဖြစ်ပွားနေတဲ့ လူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်တွေကို နိုင်ငံရေးအရ အသုံးချနေတယ်လို့ မြောက်ကိုရီးယားအစိုးရက ဧပြီလ(၂၇)ရက်မှာ စွပ်စွဲပြောဆိုလိုက်ပါတယ်။

အမေရိကန်ရဲ့လုပ်ရပ်တွေဟာ နိုင်ငံရေးအရ ရန်စနေတာမျိုးနဲ့ ပူးပေါင်းကြံစည်နေတာမျိုးဖြစ်တယ်လို့ မြောက်ကိုရီးယားက ပြောခဲ့ပါတယ်။ မြောက်ကိုရီးယားနိုင်ငံကို ကျူးကျော်တိုက်ခိုက်ဖို့နဲ့ ရန်စမှုတွေကို လုပ်ဆောင် ဖို့အတွက် လူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်တွေကို ပစ္စည်းကိရိယာတစ်ခုအဖြစ် အသုံးချနေတဲ့ အမေရိကန်ရဲ့လုပ်ရပ် တွေကို လက်တုံ့ပြန်သွားမှာဖြစ်တယ်လို့လည်း မြောက်ကိုရီးယားအစိုးရက ပြောပါတယ်။

ဒါ့အပြင် နိုင်ငံအချုပ်အခြာအာဏာနဲ့ လုံခြုံရေးကို ကာကွယ်ဖို့အတွက် ပြတ်သားတဲ့ဆုံးဖြတ်ချက်တွေကို ချသွားမှာ ဖြစ်တယ်လို့ မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးရဲ့ ပြောကြားချက်ကို ကိုးကား ပြီး KCNA က ရေးသားဖော်ပြခဲ့ပါတယ်။

အမေရိကန်အစိုးရရဲ့လူ့အခွင့်အရေးဆိုင်ရာ အထူးသံတမန်ရဲ့ပြောဆိုချက်တွေကို ကိုးကားပြီး မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက အခုလိုပြောဆိုလိုက်တာဖြစ်ပါတယ်။ မြောက်ကိုရီးယားနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အမေရိကန်အထူးသံတမန် ဂျူလီတာနာဟာ မြောက်ကိုရီးယားရဲ့ လူ့အခွင့်အရေးကိစ္စတွေ ကို ဆွေးနွေးဖို့အတွက် ပြီးခဲ့တဲ့ဖေဖော်ဝါရီလမှာ တောင်ကိုရီးယားနဲ့ ဂျပန်တို့ကို သွားရောက်လည်ပတ်ခဲ့ပါတယ်။

ယခုသီတင်းပတ်အတွင်းထုတ်ပြန်တဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့နှစ်ပတ်လည်အစီရင်ခံစာမှာ မြောက်ကိုရီးယားမှာဖြစ်ပွားနေတဲ့ ထင်ရှားတဲ့လူ့အခွင့်အရေးဆိုင်ရာပြဿနာတွေကို ဖော်ပြခဲ့ပါတယ်။

အဲဒီအစီရင်ခံစာမှာ မြောက်ကိုရီးယားအာဏာပိုင်တွေရဲ့တရားစီရင်ခြင်းမျိုးမရှိဘဲ သတ်ဖြတ်မှု၊ လျှို့ဝှက် အကျဉ်းချထားမှု၊ ညှင်းပန်းနှိပ်စက်မှု၊ လူမဆန်စွာ ပြစ်ဒဏ်ပေးမှုတွေ အပါအဝင် ဥပဒေမဲ့သတ်ဖြတ်မှုတွေကို ရေးသားဖော်ပြထားတယ်လို့လည်း သိရပါတယ်။

Zawgyi Version;
အေမရိကန္က လူ႔အခြင့္အေရးဆိုင္ရာကိစၥရပ္ေတြကို ႏိုင္ငံေရးအရ အသုံးခ်ေနေၾကာင္း ေျမာက္ကိုရီးယားအစိုးရ စြပ္စြဲေျပာဆို
Pika (NP News) – ဧၿပီ ၂၇

အေမရိကန္ႏိုင္ငံဟာ ေျမာက္ကိုရီးယားႏိုင္ငံမွာ ျဖစ္ပြားေနတဲ့ လူ႔အခြင့္အေရးဆိုင္ရာကိစၥရပ္ေတြကို ႏိုင္ငံေရးအရ အသုံးခ်ေနတယ္လို႔ ေျမာက္ကိုရီးယားအစိုးရက ဧၿပီလ(၂၇)ရက္မွာ စြပ္စြဲေျပာဆိုလိုက္ပါတယ္။

အေမရိကန္ရဲ႕လုပ္ရပ္ေတြဟာ ႏိုင္ငံေရးအရ ရန္စေနတာမ်ိဳးနဲ႔ ပူးေပါင္းႀကံစည္ေနတာမ်ိဳးျဖစ္တယ္လို႔ ေျမာက္ကိုရီးယားက ေျပာခဲ့ပါတယ္။ ေျမာက္ကိုရီးယားႏိုင္ငံကို က်ဴးေက်ာ္တိုက္ခိုက္ဖို႔နဲ႔ ရန္စမႈေတြကို လုပ္ေဆာင္ ဖို႔အတြက္ လူ႔အခြင့္အေရးဆိုင္ရာကိစၥရပ္ေတြကို ပစၥည္းကိရိယာတစ္ခုအျဖစ္ အသုံးခ်ေနတဲ့ အေမရိကန္ရဲ႕လုပ္ရပ္ ေတြကို လက္တုံ႔ျပန္သြားမွာျဖစ္တယ္လို႔လည္း ေျမာက္ကိုရီးယားအစိုးရက ေျပာပါတယ္။

ဒါ့အျပင္ ႏိုင္ငံအခ်ဳပ္အျခာအာဏာနဲ႔ လုံၿခဳံေရးကို ကာကြယ္ဖို႔အတြက္ ျပတ္သားတဲ့ဆုံးျဖတ္ခ်က္ေတြကို ခ်သြားမွာ ျဖစ္တယ္လို႔ ေျမာက္ကိုရီးယားႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူတစ္ဦးရဲ႕ ေျပာၾကားခ်က္ကို ကိုးကား ၿပီး KCNA က ေရးသားေဖာ္ျပခဲ့ပါတယ္။

အေမရိကန္အစိုးရရဲ႕လူ႔အခြင့္အေရးဆိုင္ရာ အထူးသံတမန္ရဲ႕ေျပာဆိုခ်က္ေတြကို ကိုးကားၿပီး ေျမာက္ကိုရီးယား ႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူက အခုလိုေျပာဆိုလိုက္တာျဖစ္ပါတယ္။ ေျမာက္ကိုရီးယားႏိုင္ငံ လူ႔အခြင့္အေရးဆိုင္ရာ အေမရိကန္အထူးသံတမန္ ဂ်ဴလီတာနာဟာ ေျမာက္ကိုရီးယားရဲ႕ လူ႔အခြင့္အေရးကိစၥေတြ ကို ေဆြးေႏြးဖို႔အတြက္ ၿပီးခဲ့တဲ့ေဖေဖာ္ဝါရီလမွာ ေတာင္ကိုရီးယားနဲ႔ ဂ်ပန္တို႔ကို သြားေရာက္လည္ပတ္ခဲ့ပါတယ္။

ယခုသီတင္းပတ္အတြင္းထုတ္ျပန္တဲ့ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနရဲ႕ႏွစ္ပတ္လည္အစီရင္ခံစာမွာ ေျမာက္ကိုရီးယားမွာျဖစ္ပြားေနတဲ့ ထင္ရွားတဲ့လူ႔အခြင့္အေရးဆိုင္ရာျပႆနာေတြကို ေဖာ္ျပခဲ့ပါတယ္။

အဲဒီအစီရင္ခံစာမွာ ေျမာက္ကိုရီးယားအာဏာပိုင္ေတြရဲ႕တရားစီရင္ျခင္းမ်ိဳးမရွိဘဲ သတ္ျဖတ္မႈ၊ လွ်ိဳ႕ဝွက္ အက်ဥ္းခ်ထားမႈ၊ ညႇင္းပန္းႏွိပ္စက္မႈ၊ လူမဆန္စြာ ျပစ္ဒဏ္ေပးမႈေတြ အပါအဝင္ ဥပေဒမဲ့သတ္ျဖတ္မႈေတြကို ေရးသားေဖာ္ျပထားတယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.