ပေါင်းတည်မြို့တွင် မီးလောင်မှုဖြစ်ပွားရာ လူနေအိမ်(၈)လုံး မီးလောင်ဆုံးရှုံး

 174

သန့်ဇင် (NP News) - ဧပြီ ၂၈

ပဲခူးတိုင်း(အနောက်ပိုင်း)၊ ပေါင်းတည်မြို့တွင် မီးလောင်မှုဖြစ်ပွားရာ လူနေအိမ်(၈)လုံး မီးလောင်ဆုံးရှုံးသွားခဲ့ကြောင်း စေတနာ နာရေးကူညီမှုအသင်းထံမှ သိရသည်။

မီးလောင်မှုသည် ယန့(ဧပြီလ ၂၈ ရက်)၊ မွန်းလွဲ ၂ နာရီဝန်းကျင်အချိန်ခန့်က ပေါင်းတည်မြို့၊ အုတ်ဖို(၂)ရပ်ကွက်၊ မှတ်တိုင်လမ်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အရက်ဆိုင်ကနေ စလောင်တာပါ။ အဲဒီဆိုင်က မီးစက်ကနေ လောင်တာလို့လည်း ပြောကြတယ်။ မီးကခဏလေးနဲ့အရမ်းပူနေတော့ အိမ်တွေဆက်ပြီးလောင်သွားတာပါ။ လူထိခိုက်တာတော့ မရှိပါဘူး” ဟု စေတနာနာရေးကူညီမှုအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။

အဆိုပါမီးလောင်မှုဖြစ်စဉ်တွင် လူနေအိမ်(၈)လုံး မီးလောင်ဆုံးရှုံးသွားခဲ့သော်လည်း လူထိခိုက်မှုမရှိခဲ့ကြောင်း သိရသည်။

“အဲဒီတစ်နာရီအတွင်းမှာကို စလောင်တဲ့အရက်ဆိုင်နဲ့နောက်က(၄)လုံးနဲ့ ဘေးက(၃)လုံးအိမ်(၈)လုံးလောင်သွားတာပေါ့။ အရမ်းပူလတဲ့ ရာသီဆိုတော့ မီးလောင်တာတွေတော့ဖြစ်တယ်။ အရင်လပိုင်းကပဲ ဆေးရုံနားမှာ မီးလောင်သေးတယ်။ အဲဒီမှာလည်း လူနေအိမ် (၄)လုံးလောက် လောင်သွားတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

ထို့ကြောင့် ၎င်းမီးလောင်မှုကို ပေါင်းတည်မြို့နယ် မီးသတ်၊ နတ်တလင်းမြို့နယ်မီးသတ်နှင့် သဲကုန်းမြို့နယ်မီးသတ်တပ်ဖွဲ့တို့မှ (၁)နာရီခန့်အကြာ မီးငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

Zawgyi Version;
ေပါင္းတည္ၿမိဳ႕တြင္ မီးေလာင္မႈျဖစ္ပြားရာ လူေနအိမ္(၈)လုံး မီးေလာင္ဆုံးရႈံး
သန႔္ဇင္ (NP News) - ဧၿပီ ၂၈

ပဲခူးတိုင္း(အေနာက္ပိုင္း)၊ ေပါင္းတည္ၿမိဳ႕တြင္ မီးေလာင္မႈျဖစ္ပြားရာ လူေနအိမ္(၈)လုံး မီးေလာင္ဆုံးရႈံးသြားခဲ့ေၾကာင္း ေစတနာ နာေရးကူညီမႈအသင္းထံမွ သိရသည္။

မီးေလာင္မႈသည္ ယန႔(ဧၿပီလ ၂၈ ရက္)၊ မြန္းလြဲ ၂ နာရီဝန္းက်င္အခ်ိန္ခန႔္က ေပါင္းတည္ၿမိဳ႕၊ အုတ္ဖို(၂)ရပ္ကြက္၊ မွတ္တိုင္လမ္းတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“အရက္ဆိုင္ကေန စေလာင္တာပါ။ အဲဒီဆိုင္က မီးစက္ကေန ေလာင္တာလို႔လည္း ေျပာၾကတယ္။ မီးကခဏေလးနဲ႔အရမ္းပူေနေတာ့ အိမ္ေတြဆက္ၿပီးေလာင္သြားတာပါ။ လူထိခိုက္တာေတာ့ မရွိပါဘူး” ဟု ေစတနာနာေရးကူညီမႈအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။

အဆိုပါမီးေလာင္မႈျဖစ္စဥ္တြင္ လူေနအိမ္(၈)လုံး မီးေလာင္ဆုံးရႈံးသြားခဲ့ေသာ္လည္း လူထိခိုက္မႈမရွိခဲ့ေၾကာင္း သိရသည္။

“အဲဒီတစ္နာရီအတြင္းမွာကို စေလာင္တဲ့အရက္ဆိုင္နဲ႔ေနာက္က(၄)လုံးနဲ႔ ေဘးက(၃)လုံးအိမ္(၈)လုံးေလာင္သြားတာေပါ့။ အရမ္းပူလတဲ့ ရာသီဆိုေတာ့ မီးေလာင္တာေတြေတာ့ျဖစ္တယ္။ အရင္လပိုင္းကပဲ ေဆး႐ုံနားမွာ မီးေလာင္ေသးတယ္။ အဲဒီမွာလည္း လူေနအိမ္ (၄)လုံးေလာက္ ေလာင္သြားတယ္” ဟု ၎က ဆက္လက္ေျပာသည္။

ထို႔ေၾကာင့္ ၎မီးေလာင္မႈကို ေပါင္းတည္ၿမိဳ႕နယ္ မီးသတ္၊ နတ္တလင္းၿမိဳ႕နယ္မီးသတ္ႏွင့္ သဲကုန္းၿမိဳ႕နယ္မီးသတ္တပ္ဖြဲ႕တို႔မွ (၁)နာရီခန႔္အၾကာ မီးျငႇိမ္းသတ္ခဲ့ရေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.