အလှအပအတွက် ဆေးထိုးကုသခြင်းတွေမှလည်း HIV ပိုးကူးစက်နိုင်

 140

ရောင်နီ (NP News) - မေ ၁

နယူးမက္ကဆီကိုနိုင်ငံ၊ အယ်လ်ဘူကွာကွာရှိ လိုင်စင်မဲ့ spa တစ်ခုမှာ အလှပြင် "vampire facial treatment ခံယူခဲ့သူ အနည်းဆုံး အမျိုးသမီး သုံးဦး HIV ပိုး ကူးစက်ခံခဲ့ရတယ်လို့ ဖက်ဒရယ်တာဝန်ရှိသူတွေက ဧပြီလ ၂၅ ရက်မှာ ပြောကြားခဲ့ပါတယ်။

Vampire facial treatmentကို နုပျိုတဲ့အသွင်ပိုင်ဆိုင်ဖို့ အသုံးပြုကြပြီး အဆိုပါ treatment လုပ်ငန်းစဉ်မှာ platelet-rich plasma microneedling ဆေးထိုးအပ်အရေပြားကို ထိုးသွင်းခြင်းတို့ ပြုလုပ်ရပါတယ်။

အဆိုပါ treatment မှ HIV ပိုး ကူးစက်မှုတွေ့ရှိလာရပြီး ဒါဟာ အလှအပ ဆေးထိုးဝန်ဆောင်မှုများမှတစ်ဆင့် HIV ကူးစက်မှု ပထမဆုံးအကြိမ် ဖြစ်တယ်လို့ ဆိုပါတယ်။ ပထမဆုံး လူနာအမျိုးသမီးကို ၂၀၁၈ ခုနှစ်မှာ တွေ့ရှိခဲ့တာဖြစ်ပြီး အမျိုးသမီးဟာ အလှအပ treatment ခံယူခဲ့ဖူးတဲ့နောက်ကြောင်းတွေ့ရှိတာကြောင့် ပြည်သူ့ကျန်းမာရေးဆိုင်ရာ စုံစမ်းစစ်ဆေးမှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။

သူမ treatment ခံယူခဲ့တဲ့အလှပြင်ဆိုင်ကို စုံစမ်းစစ်ဆေးတဲ့အခါ အလှပြင်ဆိုင်ဟာ လိုင်စင်မဲ့ဖြစ်နေပြီး ဆိုင်အတွင်း တံဆိပ်မပါတဲ့ သွေးပြွန်တွေ၊ အခြား ရေခဲသေတ္တာထဲအစားအသောက်တွေနဲ့ အတူ သိမ်းဆည်းထားတဲ့ ဆေးထိုးအပ်တွေ၊ အံဆွဲနဲ့ အမှိုက်ပုံးတွေထဲက မထုပ်ပိုးထားတဲ့ ဆေးထိုးအပ်တွေကို တွေ့ရှိခဲ့ပါတယ်။

အဆိုပါဆေးခန်းဟာ တစ်ခါသုံးပစ္စည်းတွေကို ပြန်လည်အသုံးပြုနေပုံရတယ်လို့ ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးစင်တာများမှ အစီရင်ခံစာတစ်ခုက ဆိုပါတယ်။ သူမ treatment ခံယူခဲ့တဲ့ Vampire Facials ဟာ အရေပြားကို elastic နဲ့ collagen ထုတ်လုပ်ဖို့ လှုံ့ဆော်ပေးပြီး အိုမင်းရင့်ရော်မှု၊ ဝက်ခြံအမာရွတ်နဲ့ နေရောင်ကြောင့် ပျက်စီးမှုလက္ခဏာတွေ လျှော့ချပေးတဲ့နေရာမှာ နာမည်ကျော်တယ်လို့ သိရပါတယ်။ အဲဒီနောက် စုံစမ်းစစ်ဆေးသူတွေက ဆေးခန်းမှတ်တမ်းတွေ၊ ဖုန်းအဆက်အသွယ်များရှိတဲ့ သဘောတူညီချက်ပုံစံတွေမှ အမည်တွေနဲ့ ဖုန်းနံပါတ်စာရင်းကို စုံစမ်းရရှိခဲ့ပါတယ်။

၎င်းမှာ ၂၀၁၈ နွေဦးနဲ့ ဆောင်းဦးရာသီကြား "vampire facials treatment လက်ခံရရှိသူ ၂၀ နဲ့ Botox လို အခြားဝန်ဆောင်မှုများရရှိသူ ၃၉ အပါအဝင် ကူးစက်မှု အန္တရာယ်ရှိ လူ ၅၉ ယောက်ကို ဖော်ထုတ်နိုင်ခဲ့ပြီး ၎င်းတို့ထဲက အမျိုးသမီး ၃ ဦးမှာ Spa မှတစ်ဆင့် HIV ရောဂါဖြစ်ပွားမှုရှိကြောင်း အတည်ပြုခဲ့ပါတယ်။

Zawgyi Version;
အလွအပအတြက္ ေဆးထိုးကုသျခင္းေတြမွလည္း HIV ပိုးကူးစက္ႏိုင္
ေရာင္နီ (NP News) - ေမ ၁

နယူးမကၠဆီကိုႏိုင္ငံ၊ အယ္လ္ဘူကြာကြာရွိ လိုင္စင္မဲ့ spa တစ္ခုမွာ အလွျပင္ "vampire facial treatment ခံယူခဲ့သူ အနည္းဆုံး အမ်ိဳးသမီး သုံးဦး HIV ပိုး ကူးစက္ခံခဲ့ရတယ္လို႔ ဖက္ဒရယ္တာဝန္ရွိသူေတြက ဧၿပီလ ၂၅ ရက္မွာ ေျပာၾကားခဲ့ပါတယ္။

Vampire facial treatmentကို ႏုပ်ိဳတဲ့အသြင္ပိုင္ဆိုင္ဖို႔ အသုံးျပဳၾကၿပီး အဆိုပါ treatment လုပ္ငန္းစဥ္မွာ platelet-rich plasma microneedling ေဆးထိုးအပ္အေရျပားကို ထိုးသြင္းျခင္းတို႔ ျပဳလုပ္ရပါတယ္။

အဆိုပါ treatment မွ HIV ပိုး ကူးစက္မႈေတြ႕ရွိလာရၿပီး ဒါဟာ အလွအပ ေဆးထိုးဝန္ေဆာင္မႈမ်ားမွတစ္ဆင့္ HIV ကူးစက္မႈ ပထမဆုံးအႀကိမ္ ျဖစ္တယ္လို႔ ဆိုပါတယ္။ ပထမဆုံး လူနာအမ်ိဳးသမီးကို ၂၀၁၈ ခုႏွစ္မွာ ေတြ႕ရွိခဲ့တာျဖစ္ၿပီး အမ်ိဳးသမီးဟာ အလွအပ treatment ခံယူခဲ့ဖူးတဲ့ေနာက္ေၾကာင္းေတြ႕ရွိတာေၾကာင့္ ျပည္သူ႔က်န္းမာေရးဆိုင္ရာ စုံစမ္းစစ္ေဆးမႈတစ္ခု ျပဳလုပ္ခဲ့ပါတယ္။

သူမ treatment ခံယူခဲ့တဲ့အလွျပင္ဆိုင္ကို စုံစမ္းစစ္ေဆးတဲ့အခါ အလွျပင္ဆိုင္ဟာ လိုင္စင္မဲ့ျဖစ္ေနၿပီး ဆိုင္အတြင္း တံဆိပ္မပါတဲ့ ေသြးႁပြန္ေတြ၊ အျခား ေရခဲေသတၱာထဲအစားအေသာက္ေတြနဲ႔ အတူ သိမ္းဆည္းထားတဲ့ ေဆးထိုးအပ္ေတြ၊ အံဆြဲနဲ႔ အမႈိက္ပုံးေတြထဲက မထုပ္ပိုးထားတဲ့ ေဆးထိုးအပ္ေတြကို ေတြ႕ရွိခဲ့ပါတယ္။

အဆိုပါေဆးခန္းဟာ တစ္ခါသုံးပစၥည္းေတြကို ျပန္လည္အသုံးျပဳေနပုံရတယ္လို႔ ေရာဂါထိန္းခ်ဳပ္ေရးနဲ႔ ကာကြယ္ေရးစင္တာမ်ားမွ အစီရင္ခံစာတစ္ခုက ဆိုပါတယ္။ သူမ treatment ခံယူခဲ့တဲ့ Vampire Facials ဟာ အေရျပားကို elastic နဲ႔ collagen ထုတ္လုပ္ဖို႔ လႈံ႕ေဆာ္ေပးၿပီး အိုမင္းရင့္ေရာ္မႈ၊ ဝက္ၿခံအမာ႐ြတ္နဲ႔ ေနေရာင္ေၾကာင့္ ပ်က္စီးမႈလကၡဏာေတြ ေလွ်ာ့ခ်ေပးတဲ့ေနရာမွာ နာမည္ေက်ာ္တယ္လို႔ သိရပါတယ္။ အဲဒီေနာက္ စုံစမ္းစစ္ေဆးသူေတြက ေဆးခန္းမွတ္တမ္းေတြ၊ ဖုန္းအဆက္အသြယ္မ်ားရွိတဲ့ သေဘာတူညီခ်က္ပုံစံေတြမွ အမည္ေတြနဲ႔ ဖုန္းနံပါတ္စာရင္းကို စုံစမ္းရရွိခဲ့ပါတယ္။

၎မွာ ၂၀၁၈ ေႏြဦးနဲ႔ ေဆာင္းဦးရာသီၾကား "vampire facials treatment လက္ခံရရွိသူ ၂၀ နဲ႔ Botox လို အျခားဝန္ေဆာင္မႈမ်ားရရွိသူ ၃၉ အပါအဝင္ ကူးစက္မႈ အႏၲရာယ္ရွိ လူ ၅၉ ေယာက္ကို ေဖာ္ထုတ္ႏိုင္ခဲ့ၿပီး ၎တို႔ထဲက အမ်ိဳးသမီး ၃ ဦးမွာ Spa မွတစ္ဆင့္ HIV ေရာဂါျဖစ္ပြားမႈရွိေၾကာင္း အတည္ျပဳခဲ့ပါတယ္။

Related news

© 2021. All rights reserved.