HIV၊ တီဘီရောဂါနဲ့ ကင်ဆာရောဂါသည်တွေကို စစ်မှုထမ်းဆောင်ခိုင်းသွားမယ်လို့ ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနပြော

 440

Pika(NP News) - မေ ၄
HIV၊ တီဘီရောဂါနဲ့ ကင်ဆာရောဂါသည်တွေအပြင် မူးယစ်ဆေးစွဲနေသူအချို့ကို ယူကရိန်းစစ်တပ်မှာ တာဝန်ထမ်းဆောင်ဖို့ စေခိုင်းသွားမယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက မေလ(၃)ရက်နေ့မှာ ထုတ်ပြန်လိုက်တဲ့ ဥပဒေမူကြမ်းစည်းမျဉ်းအသစ်အရသိရပါတယ်။

အဲ့ဒီစည်းမျဉ်းအသစ်အရ ၎င်းတို့ရဲ့ကျန်းမာရေးနဲ့ပတ်သက်ပြီး ရှေ့တန်းမှာစစ်မှုထမ်းဆောင်ရမယ် ဒါမှမဟုတ် နောက်တန်းမှာအလုပ်လုပ်ရမယ်ဆိုတဲ့အချက်တွေကို စစ်ဘက်အရာရှိတွေက ဆုံးဖြတ်သွားမယ်လို့လည်း သိရပါတယ်။

ဥပမာအနေနဲ့ တီဘီရောဂါရှိတဲ့သူတွေဟာ ပြင်းထန်တဲ့အဆုတ်ပျက်စီးမှုနဲ့ ကူးစက်မှုအန္တရာယ်တွေကို ဖြစ်စေမှသာ စစ်မှုထမ်းဆောင်ဖို့ ငြင်းပယ်ခံရမှာဖြစ်တယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် ပြင်းထန်တဲ့ရောဂါမရှိသူတွေကို (၆)လအတွင်း စစ်ဆေးမှုအသစ်တွေပြုလုပ်ဖို့ အမိန့်တွေပေးသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

ဆေးခန်းပြပြီး ကုသနေရတဲ့လူတွေကို နောက်တန်းမှာထားမှာဖြစ်ပြီး တီဘီရောဂါကို ကုသပြီးတော့ သက်သာလာတဲ့လူနာတွေကို ရှေ့တန်းကို ပို့ဆောင်နိုင်တယ်လို့လည်း သိရပါတယ်။ အဲ့ဒီစည်းမျဉ်းအသစ်အရ ကင်ဆာရောဂါသည်တွေနဲ့ HIVရောဂါသည်တွေကိုလည်း ၎င်းတို့ရဲ့ လုပ်ဆောင်နိုင်ပုံအပေါ်မှာ မူတည်ပြီး စစ်ဘက်ဆိုင်ရာရာထူးအချို့အတွက် သင့်လျော်တယ်လို့ ယူဆထားကြတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် ကာကွယ်ရေးဝန်ကြီးဌာနဟာ စိတ်ပိုင်းဆိုင်ရာရောဂါဖြစ်ပွားနေသူတွေကိုလည်း စစ်မှုထမ်းဆောင်ခိုင်းဖို့ လုပ်ဆောင်နေတယ်လို့သိရပါတယ်။ schizophrenia စိတ်ရောဂါခံစားနေရသူတွေ ဒါမှမဟုတ် မူးယစ်ဆေးအနည်းငယ်စွဲနေသူတွေဟာ တိုက်ခိုက်ရေးမဟုတ်တဲ့ တာဝန်တွေထမ်းဆောင်ဖို့ သင့်လျော်တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ယူဆထားပါတယ်။

ယခုနှစ်အစောပိုင်းမှာ ရုရှားနဲ့ ဖြစ်ပွားနေတဲ့ ပဋိပက္ခအတွင်း ယူကရိန်းတပ်ဖွဲ့ဝင်(၃၁၀၀၀)ကျော် ဆုံးရှုံးခဲ့ရတယ်လို့ ယူကရိန်းသမ္မတဇီလန်စကီးက ပြောဆိုထားပါတယ်။အဲ့ဒီအချက်တွေကြောင့် ယူကရိန်းစစ်တပ်ဟာ နောက်ထပ်တပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာကို စစ်တပ်မှာ တာဝန်ထမ်းဆောင်ဖို့အတွက် စာရင်းပေးသွင်းဖို့ ရည်ရွယ်ထားတယ်လို့လည်း သိရပါတယ်။

Zawgyi Version

HIV၊ တီဘီေရာဂါနဲ႔ ကင္ဆာေရာဂါသည္ေတြကို စစ္မႈထမ္းေဆာင္ခိုင္းသြားမယ္လို႔ ယူကရိန္းကာကြယ္ေရးဝန္ႀကီးဌာနေျပာ

Pika(NP News) - ေမ ၄
HIV၊ တီဘီေရာဂါနဲ႔ ကင္ဆာေရာဂါသည္ေတြအျပင္ မူးယစ္ေဆးစြဲေနသူအခ်ိဳ႕ကို ယူကရိန္းစစ္တပ္မွာ တာဝန္ထမ္းေဆာင္ဖို႔ ေစခိုင္းသြားမယ္လို႔ ကာကြယ္ေရးဝန္ႀကီးဌာနက ေမလ(၃)ရက္ေန႔မွာ ထုတ္ျပန္လိုက္တဲ့ ဥပေဒမူၾကမ္းစည္းမ်ဥ္းအသစ္အရသိရပါတယ္။

အဲ့ဒီစည္းမ်ဥ္းအသစ္အရ ၎တို႔ရဲ႕က်န္းမာေရးနဲ႔ပတ္သက္ၿပီး ေရွ႕တန္းမွာစစ္မႈထမ္းေဆာင္ရမယ္ ဒါမွမဟုတ္ ေနာက္တန္းမွာအလုပ္လုပ္ရမယ္ဆိုတဲ့အခ်က္ေတြကို စစ္ဘက္အရာရွိေတြက ဆုံးျဖတ္သြားမယ္လို႔လည္း သိရပါတယ္။

ဥပမာအေနနဲ႔ တီဘီေရာဂါရွိတဲ့သူေတြဟာ ျပင္းထန္တဲ့အဆုတ္ပ်က္စီးမႈနဲ႔ ကူးစက္မႈအႏၲရာယ္ေတြကို ျဖစ္ေစမွသာ စစ္မႈထမ္းေဆာင္ဖို႔ ျငင္းပယ္ခံရမွာျဖစ္တယ္လို႔လည္း သိရပါတယ္။ ဒါ့အျပင္ ျပင္းထန္တဲ့ေရာဂါမရွိသူေတြကို (၆)လအတြင္း စစ္ေဆးမႈအသစ္ေတြျပဳလုပ္ဖို႔ အမိန႔္ေတြေပးသြားမွာျဖစ္တယ္လို႔လည္း သိရပါတယ္။

ေဆးခန္းျပၿပီး ကုသေနရတဲ့လူေတြကို ေနာက္တန္းမွာထားမွာျဖစ္ၿပီး တီဘီေရာဂါကို ကုသၿပီးေတာ့ သက္သာလာတဲ့လူနာေတြကို ေရွ႕တန္းကို ပို႔ေဆာင္ႏိုင္တယ္လို႔လည္း သိရပါတယ္။ အဲ့ဒီစည္းမ်ဥ္းအသစ္အရ ကင္ဆာေရာဂါသည္ေတြနဲ႔ HIVေရာဂါသည္ေတြကိုလည္း ၎တို႔ရဲ႕ လုပ္ေဆာင္ႏိုင္ပုံအေပၚမွာ မူတည္ၿပီး စစ္ဘက္ဆိုင္ရာရာထူးအခ်ိဳ႕အတြက္ သင့္ေလ်ာ္တယ္လို႔ ယူဆထားၾကတယ္လို႔လည္း သိရပါတယ္။

ဒါ့အျပင္ ကာကြယ္ေရးဝန္ႀကီးဌာနဟာ စိတ္ပိုင္းဆိုင္ရာေရာဂါျဖစ္ပြားေနသူေတြကိုလည္း စစ္မႈထမ္းေဆာင္ခိုင္းဖို႔ လုပ္ေဆာင္ေနတယ္လို႔သိရပါတယ္။ schizophrenia စိတ္ေရာဂါခံစားေနရသူေတြ ဒါမွမဟုတ္ မူးယစ္ေဆးအနည္းငယ္စြဲေနသူေတြဟာ တိုက္ခိုက္ေရးမဟုတ္တဲ့ တာဝန္ေတြထမ္းေဆာင္ဖို႔ သင့္ေလ်ာ္တယ္လို႔ ကာကြယ္ေရးဝန္ႀကီးဌာနက ယူဆထားပါတယ္။

ယခုႏွစ္အေစာပိုင္းမွာ ႐ုရွားနဲ႔ ျဖစ္ပြားေနတဲ့ ပဋိပကၡအတြင္း ယူကရိန္းတပ္ဖြဲ႕ဝင္(၃၁၀၀၀)ေက်ာ္ ဆုံးရႈံးခဲ့ရတယ္လို႔ ယူကရိန္းသမၼတဇီလန္စကီးက ေျပာဆိုထားပါတယ္။အဲ့ဒီအခ်က္ေတြေၾကာင့္ ယူကရိန္းစစ္တပ္ဟာ ေနာက္ထပ္တပ္ဖြဲ႕ဝင္ ေထာင္ေပါင္းမ်ားစြာကို စစ္တပ္မွာ တာဝန္ထမ္းေဆာင္ဖို႔အတြက္ စာရင္းေပးသြင္းဖို႔ ရည္႐ြယ္ထားတယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.