လာမည့်မိုးရာသီတွင် မုန်တိုင်း နှင့် လေပြင်းအန္တရာယ်အပြင် ရေကြီးနိုင်ခြင်းကြောင့် ဂရုစိုက်ရမည်ဟုဆို

 7629

သုတကျော် (NP News) - မေ ၈

လာမည့်မိုးရာသီတွင် မိုးဦးနှင့် မိုးလယ်တွင် မိုးနည်းပြီး မိုးနှောင်းကောင်းမည်ဟု ခန့်မှန်းသော်လည်း မုန်တိုင်းနှင့် လေပြင်းအန္တရာယ်အပြင် ရေကြီးနိုင်ခြင်းကြောင့် ဂရုစိုက်ရမည် ဖြစ်ကြောင်း မိုးလေဝသပညာရှင်တစ်ဦးဖြစ်သူ ဦးဝင်းနိုင်က NP News ကို ပြောသည်။

‘‘အယ်လ်နီညိုနှစ်ဖြစ်လို့ လာနီညာနောက်က ဆက်လိုက်တာကိုလည်း အရင်က ဆရာကြီး (ဦးထွန်းလွင်)က ရှင်းပြထားတယ်။ ချိန်ခွင်နဲ့ ဥပမာ ပြောပြီး ရှင်းပြထားတာပေါ့။ ချိန်ခွင်က တကယ် တမ်းဆိုရင် မျှခြေဖြစ်နေရမယ်။ နှစ်ဖက်မျှပြီးတော့ပေါ့။ ဘာမှမထည့်ထားလို့ရှိရင် ငြိမ်နေရမယ်ပေါ့။ ဒါပေမဲ့ အယ်လ်နီညိုထည့်လိုက်တော့ အယ်လ်နီညိုဘက်ကို သာသွားပြီးတော့ ပူပြင်းတာခြောက်သွေ့ တာ ဖြစ်တယ်။ အယ်လ်နီညိုလျော့သွားပြီးတော့ ချိန်ခွင်ထဲ ကနေ အလေးကို ရုတ်တရက်နုတ်လိုက် လာတဲ့အခါ အရှိန်ကြောင့် လာနီညာဘက်ကို အလေးသာသွားတဲ့ သဘောပေါ့။ အဲဒါကြောင့် အယ်လ်နီညိုပြီးရင် လာနီညာ ဖြစ်တတ်တယ်။ အမြဲတမ်းဖြစ်တာတော့ မဟုတ်ဘူး။ ဒါပေမဲ့ ဖြစ်ရိုးဖြစ်စဉ် ဖြစ်တတ်တဲ့ သဘောရှိတယ်။ ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာဆိုရင် လာနီညာ က ၈၅ ရာခိုင်နှုန်းလောက်အထိ ဖြစ်မှာသေချာတယ်ဆိုပြီး ကြိုတင်ခန့်မှန်းချက်တွေ တွေ့နေရတယ်” ဟု ၎င်းက ဆိုသည်။

အယ်လ်နီညို၏ သက်ရောက်မှုကြောင့် မုတ်သုံအဝင်နောက်ကျနိုင်ကာ မိုးလယ်ကာလတွင် မြန်မာနိုင်ငံအထက်ပိုင်းဒေသတွင်သာ မိုးကောင်းနိုင်ကြောင်း သိရသည်။ ‘နေပြည်တော်ရဲ့ အထက်၊ နေပြည်တော်ရဲ့အောက်ဆိုပြီး နှစ်ပိုင်းခွဲလိုက်လို့ရှိရင် နေပြည်တော်အထက်က မိုးဦးကာလမှာ မိုးကောင်းနိုင်တယ်။ အောက်ပိုင်း မိုးမကောင်းဘူး။ ဇူလိုင်၊ ဩဂုတ် အထိကို ရွာသွန်းမြဲထက် လျော့နေတဲ့ အနေအထားက ဖြစ်နေမှာ။ ဩဂုတ်ကျော်သွားပြီးတော့ စက်တင်ဘာလရောက်တဲ့အထိ လာနီညာ ဆို တာက အားကောင်းရင် Indian Ocean Dipole (IOD) positive ကလည်း ဖြစ်နေတဲ့ အချိန်ပေါ့။ အခု လည်း အစပျိုးနေတာပေါ့။ ဒါကြောင့်လည်း အနောက်ဘက်ကနေပြီးတော့ ကျွန်တော်တို့ ဘက်ကို တောက်လျှောက် မိုးတိမ်တောင်တွေ ဝင်နေတယ်။ ပြီးတော့ ဘယ်နေရာတွေမှာပဲ မိုးကောင်းလဲဆိုတော့ အထက်မှာပဲ မိုးကောင်းတယ်။ အရှေ့ဘက်အထိ ဆက်ရွေ့သွားပြီး ရှမ်းပြည်ပါတာပေါ့။ အောက်ဘက် မှာတော့ အချိန်အခါ မဟုတ် မိုးတောင်ရွာပေးနိုင်တဲ့ အနေအထား မဟုတ်ဘူးဖြစ်နေတာ။ ခုနက စကား ပြန်ကောက်ရရင် မိုးဦးညံ့သွားမယ်။ မိုးလယ်မှာလည်း အသင့်အတင့်ပဲ အထက်ပိုင်းလောက်ပဲ ကောင်းမယ်။ အောက်ပိုင်းနေရာတွေမှာ မိုးလယ်ညံ့မယ်။ မိုးနှောင်းကျမှ လာနီညာဖြစ်စဉ်နဲ့တွဲပြီး ကောင်းနိုင်တယ်။ မိုးနှောင်းမှာ ရေကြီးတာ၊ ရေလျှံတာတွေ ဖြစ်လာနိုင်ပါတယ်’ဟု ဦးဝင်းနိုင်က ဆိုသည်။

မိုးနှောင်ကာလ မိုးကောင်းရာတွင် ဒီဇင်ဘာလအထိ မိုးရွာနိုင်သည့် အနေအထားရှိကာ ပုံမှန်ရွာ သွန်းမြဲထက် ပိုနိုင်မည်ဟု ခန့်မှန်းမှုများရှိကာ ရေကြီးခြင်းကို တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် သတိထားရမည်ဖြစ်ကြောင်းလည်း ၎င်းက ခန့်မှန်းသတိပေးပြောကြားသည်။

‘ဘာသတိထားရမလဲဆိုတော့ မိုးဦးကာလမှာ ပင်လယ်ရေမျက်နှာပြင် အပူချိန်တွေကလည်း မြင့် နေတယ်။ အဲဒီတော့ လေဖိအားနည်းရပ်ဝန်း မုန်တိုင်းဖြစ်လာလို့ရှိရင် မိုးရွာတာထက် လေပြင်းရဲ့ အန္တရာယ်၊ မုန်တိုင်းအန္တရာယ်ပေါ့။ မိုးရာသီဖြစ်သွားလို့ရှိရင် မုတ်သုံလည်းဝင်လာပြီဆိုရင် မုတ်သုံက အားနည်းနေတတ်တယ်။ မုတ်သုံအားပြတ်တတ်တယ်။ အားပြတ်သွားတဲ့အချိန်မှာ မိုးကနည်းသွားမှာ။ မိုးနှောင်းကာလရောက်ရင် တောင်တရုတ်ပင်လယ်ဘက်က ဝင်လာတဲ့ လေပွေလှိုင်းတွေ၊ မုန်တိုင်းတွေရဲ့ အကျန်တွေ ဒါတွေကြောင့်မို့လို့ ဘင်္ဂလားပင်လယ်အော်၊ ကပ္ပလီပင်လယ်မှာ မုန်တိုင်းတွေ ထပ်ဖြစ်လာ နိုင်သေးတယ်။ ဖြစ်လာလို့ရှိရင် မိုးနှောင်းကာလ အယ်လ်နီညို လာနီညာကာလမှာ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ဘက်ကို ဒုက္ခပေးနိုင်တယ် ’ဟု ဦးဝင်းနိုင်က ဆိုသည်။

zawgyi version
လာမည့္မိုးရာသီတြင္ မုန္တိုင္း ႏွင့္ ေလျပင္းအႏၲရာယ္အျပင္ ေရႀကီးႏိုင္ျခင္းေၾကာင့္ ဂ႐ုစိုက္ရမည္ဟုဆို
သုတေက်ာ္ (NP News) - ေမ ၈

လာမည့္မိုးရာသီတြင္ မိုးဦးႏွင့္ မိုးလယ္တြင္ မိုးနည္းၿပီး မိုးေႏွာင္းေကာင္းမည္ဟု ခန႔္မွန္းေသာ္လည္း မုန္တိုင္းႏွင့္ ေလျပင္းအႏၲရာယ္အျပင္ ေရႀကီးႏိုင္ျခင္းေၾကာင့္ ဂ႐ုစိုက္ရမည္ ျဖစ္ေၾကာင္း မိုးေလဝသပညာရွင္တစ္ဦးျဖစ္သူ ဦးဝင္းႏိုင္က NP News ကို ေျပာသည္။

‘‘အယ္လ္နီညိဳႏွစ္ျဖစ္လို႔ လာနီညာေနာက္က ဆက္လိုက္တာကိုလည္း အရင္က ဆရာႀကီး (ဦးထြန္းလြင္)က ရွင္းျပထားတယ္။ ခ်ိန္ခြင္နဲ႔ ဥပမာ ေျပာၿပီး ရွင္းျပထားတာေပါ့။ ခ်ိန္ခြင္က တကယ္ တမ္းဆိုရင္ မွ်ေျချဖစ္ေနရမယ္။ ႏွစ္ဖက္မွ်ၿပီးေတာ့ေပါ့။ ဘာမွမထည့္ထားလို႔ရွိရင္ ၿငိမ္ေနရမယ္ေပါ့။ ဒါေပမဲ့ အယ္လ္နီညိဳထည့္လိုက္ေတာ့ အယ္လ္နီညိဳဘက္ကို သာသြားၿပီးေတာ့ ပူျပင္းတာေျခာက္ေသြ႕ တာ ျဖစ္တယ္။ အယ္လ္နီညိဳေလ်ာ့သြားၿပီးေတာ့ ခ်ိန္ခြင္ထဲ ကေန အေလးကို ႐ုတ္တရက္ႏုတ္လိုက္ လာတဲ့အခါ အရွိန္ေၾကာင့္ လာနီညာဘက္ကို အေလးသာသြားတဲ့ သေဘာေပါ့။ အဲဒါေၾကာင့္ အယ္လ္နီညိဳၿပီးရင္ လာနီညာ ျဖစ္တတ္တယ္။ အၿမဲတမ္းျဖစ္တာေတာ့ မဟုတ္ဘူး။ ဒါေပမဲ့ ျဖစ္႐ိုးျဖစ္စဥ္ ျဖစ္တတ္တဲ့ သေဘာရွိတယ္။ ဇူလိုင္၊ ဩဂုတ္၊ စက္တင္ဘာဆိုရင္ လာနီညာ က ၈၅ ရာခိုင္ႏႈန္းေလာက္အထိ ျဖစ္မွာေသခ်ာတယ္ဆိုၿပီး ႀကိဳတင္ခန႔္မွန္းခ်က္ေတြ ေတြ႕ေနရတယ္” ဟု ၎က ဆိုသည္။

အယ္လ္နီညိဳ၏ သက္ေရာက္မႈေၾကာင့္ မုတ္သုံအဝင္ေနာက္က်ႏိုင္ကာ မိုးလယ္ကာလတြင္ ျမန္မာႏိုင္ငံအထက္ပိုင္းေဒသတြင္သာ မိုးေကာင္းႏိုင္ေၾကာင္း သိရသည္။ ‘ေနျပည္ေတာ္ရဲ႕ အထက္၊ ေနျပည္ေတာ္ရဲ႕ေအာက္ဆိုၿပီး ႏွစ္ပိုင္းခြဲလိုက္လို႔ရွိရင္ ေနျပည္ေတာ္အထက္က မိုးဦးကာလမွာ မိုးေကာင္းႏိုင္တယ္။ ေအာက္ပိုင္း မိုးမေကာင္းဘူး။ ဇူလိုင္၊ ဩဂုတ္ အထိကို ႐ြာသြန္းၿမဲထက္ ေလ်ာ့ေနတဲ့ အေနအထားက ျဖစ္ေနမွာ။ ဩဂုတ္ေက်ာ္သြားၿပီးေတာ့ စက္တင္ဘာလေရာက္တဲ့အထိ လာနီညာ ဆို တာက အားေကာင္းရင္ Indian Ocean Dipole (IOD) positive ကလည္း ျဖစ္ေနတဲ့ အခ်ိန္ေပါ့။ အခု လည္း အစပ်ိဳးေနတာေပါ့။ ဒါေၾကာင့္လည္း အေနာက္ဘက္ကေနၿပီးေတာ့ ကြၽန္ေတာ္တို႔ ဘက္ကို ေတာက္ေလွ်ာက္ မိုးတိမ္ေတာင္ေတြ ဝင္ေနတယ္။ ၿပီးေတာ့ ဘယ္ေနရာေတြမွာပဲ မိုးေကာင္းလဲဆိုေတာ့ အထက္မွာပဲ မိုးေကာင္းတယ္။ အေရွ႕ဘက္အထိ ဆက္ေ႐ြ႕သြားၿပီး ရွမ္းျပည္ပါတာေပါ့။ ေအာက္ဘက္ မွာေတာ့ အခ်ိန္အခါ မဟုတ္ မိုးေတာင္႐ြာေပးႏိုင္တဲ့ အေနအထား မဟုတ္ဘူးျဖစ္ေနတာ။ ခုနက စကား ျပန္ေကာက္ရရင္ မိုးဦးညံ့သြားမယ္။ မိုးလယ္မွာလည္း အသင့္အတင့္ပဲ အထက္ပိုင္းေလာက္ပဲ ေကာင္းမယ္။ ေအာက္ပိုင္းေနရာေတြမွာ မိုးလယ္ညံ့မယ္။ မိုးေႏွာင္းက်မွ လာနီညာျဖစ္စဥ္နဲ႔တြဲၿပီး ေကာင္းႏိုင္တယ္။ မိုးေႏွာင္းမွာ ေရႀကီးတာ၊ ေရလွ်ံတာေတြ ျဖစ္လာႏိုင္ပါတယ္’ဟု ဦးဝင္းႏိုင္က ဆိုသည္။

မိုးေႏွာင္ကာလ မိုးေကာင္းရာတြင္ ဒီဇင္ဘာလအထိ မိုး႐ြာႏိုင္သည့္ အေနအထားရွိကာ ပုံမွန္႐ြာ သြန္းၿမဲထက္ ပိုႏိုင္မည္ဟု ခန႔္မွန္းမႈမ်ားရွိကာ ေရႀကီးျခင္းကို တစ္ႏိုင္ငံလုံးအတိုင္း အတာျဖင့္ သတိထားရမည္ျဖစ္ေၾကာင္းလည္း ၎က ခန႔္မွန္းသတိေပးေျပာၾကားသည္။

‘ဘာသတိထားရမလဲဆိုေတာ့ မိုးဦးကာလမွာ ပင္လယ္ေရမ်က္ႏွာျပင္ အပူခ်ိန္ေတြကလည္း ျမင့္ ေနတယ္။ အဲဒီေတာ့ ေလဖိအားနည္းရပ္ဝန္း မုန္တိုင္းျဖစ္လာလို႔ရွိရင္ မိုး႐ြာတာထက္ ေလျပင္းရဲ႕ အႏၲရာယ္၊ မုန္တိုင္းအႏၲရာယ္ေပါ့။ မိုးရာသီျဖစ္သြားလို႔ရွိရင္ မုတ္သုံလည္းဝင္လာၿပီဆိုရင္ မုတ္သုံက အားနည္းေနတတ္တယ္။ မုတ္သုံအားျပတ္တတ္တယ္။ အားျပတ္သြားတဲ့အခ်ိန္မွာ မိုးကနည္းသြားမွာ။ မိုးေႏွာင္းကာလေရာက္ရင္ ေတာင္တ႐ုတ္ပင္လယ္ဘက္က ဝင္လာတဲ့ ေလေပြလႈိင္းေတြ၊ မုန္တိုင္းေတြရဲ႕ အက်န္ေတြ ဒါေတြေၾကာင့္မို႔လို႔ ဘဂၤလားပင္လယ္ေအာ္၊ ကပၸလီပင္လယ္မွာ မုန္တိုင္းေတြ ထပ္ျဖစ္လာ ႏိုင္ေသးတယ္။ ျဖစ္လာလို႔ရွိရင္ မိုးေႏွာင္းကာလ အယ္လ္နီညိဳ လာနီညာကာလမွာ ဘာပဲျဖစ္ျဖစ္ ကြၽန္ေတာ္တို႔ဘက္ကို ဒုကၡေပးႏိုင္တယ္ ’ဟု ဦးဝင္းႏိုင္က ဆိုသည္။

Related news

© 2021. All rights reserved.