(၆)လကျော်အတွင်း အွန်လိုင်း MyRO စနစ်တွင် ဆန်စပါးသိုလှောင်ရုံ(၆၀၀)ကျော် မှတ်ပုံတင်ထား

 520

ယွန်း(NP News) - မေ ၉

(၆)လကျော်အတွင်း မြန်မာနိုင်ငံဆန်စပါးအွန်လိုင်း (Myanmar Rice Online - MyRO) စနစ်တွင် ဆန်စပါးသိုလှောင်ရုံ(၆၀၀)ကျော် မှတ်ပုံတင်ဆောင်ရွက်ထားကြောင်း စီးပွားရေးနှင့် ကူးသန်း‌ရောင်းဝယ်ရေးဝန်ကြီးဌာနက ပြီးခဲ့သည့် ရက်ပိုင်းက အသိပေးထုတ်ပြန်ထားသည်။

ဆန်တန်ချိန်(၅၀) (သို့မဟုတ်) စပါးတင်း (၅၀၀၀)နှင့်အထက် သိုလှောင်ထားရှိသည့် ဆန်စပါးသိုလှောင်ရုံများအားလုံးကို မြန်မာဆန်စပါးအွန်လိုင်း (MyRO) စနစ်တွင် မှတ်ပုံတင်ရန် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၃)ရက်၌ အသိပေးထုတ်ပြန်ခဲ့သည်။

အဆိုပါထုတ်ပြန်ချက်ထုတ်ပြန်ပြီးသည့် ကာလမှစ၍ ပြီးခဲ့သည့် မေလ ၆ ရက်နေ့အထိ ကုမ္ပဏီ ၉၄ ခု၏ သိုလှောင်ရုံ ၁၉၇ လုံးနှင့် လူပုဂ္ဂိုလ် ၂၂၁ ဦး၏ သိုလှောင်ရုံ ၄၀၉ လုံး စုစုပေါင်း သိုလှောင်ရုံ ၆၀၆ လုံး မှတ်ပုံတင်ဆောင်ရွက်ထားပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

သို့ဖြစ်၍ ဆန်တန်ချိန် ၅၀ သို့မဟုတ် စပါးတင်း ၅၀၀၀ နှင့်အထက် သိုလှောင်သည့် ဆန်စပါးသိုလှောင်ရုံပိုင်ရှင်များအနေဖြင့် သိုလှောင်ရုံများကို Myanmar Rice Online(MyRO)- www.myro.com.mm တွင်မဖြစ်မနေ မှတ်ပုံတင်ရန် စီးပွားကူးသန်းဝန်ကြီးဌာနက ဆိုထားသည်။

ပြည်တွင်း၌ ဆန်စပါးဖူလုံရေးအပြင် ပြည်ပသို့ စနစ်တကျတင်ပို့ရောင်းချနိုင်ရေး၊ ဆန်စပါးဈေးကွက်နှင့် ‌ဈေးနှုန်းတည်ငြိမ်မှန်ကန်စေရေး၊ ဆန်စပါး သိုလှောင်မှု အခြေအနေများကို စနစ်တကျစာရင်းပြုစုမှတ်ပုံတင်ထားနိုင်ရေးနှင့် သိုလှောင်ရုံကုန်အပ်လက်မှတ်ကို အခြေပြုသည့် ငွေကြေးထောက်ပံ့မှုစနစ်ကို ဖော်ဆောင်နိုင်ရေးတို့အတွက် ဆန်စပါးသိုလှောင်ရုံများမှတ်ပုံတင်ရန် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

zawgyi version
(၆)လေက်ာ္အတြင္း အြန္လိုင္း MyRO စနစ္တြင္ ဆန္စပါးသိုေလွာင္႐ုံ(၆၀၀)ေက်ာ္ မွတ္ပုံ တင္ထား
ယြန္း(NP News) - ေမ ၉

(၆)လေက်ာ္အတြင္း ျမန္မာႏိုင္ငံဆန္စပါးအြန္လိုင္း (Myanmar Rice Online - MyRO) စနစ္တြင္ ဆန္စပါးသိုေလွာင္႐ုံ(၆၀၀)ေက်ာ္ မွတ္ပုံတင္ေဆာင္႐ြက္ထားေၾကာင္း စီးပြားေရးႏွင့္ ကူးသန္း‌ေရာင္းဝယ္ေရးဝန္ႀကီးဌာနက ၿပီးခဲ့သည့္ ရက္ပိုင္းက အသိေပးထုတ္ျပန္ထားသည္။

ဆန္တန္ခ်ိန္(၅၀) (သို႔မဟုတ္) စပါးတင္း (၅၀၀၀)ႏွင့္အထက္ သိုေလွာင္ထားရွိသည့္ ဆန္စပါးသိုေလွာင္႐ုံမ်ားအားလုံးကို ျမန္မာဆန္စပါးအြန္လိုင္း (MyRO) စနစ္တြင္ မွတ္ပုံတင္ရန္ ၿပီးခဲ့သည့္ ၂၀၂၃ ခုႏွစ္၊ ႏိုဝင္ဘာလ (၃)ရက္၌ အသိေပးထုတ္ျပန္ခဲ့သည္။

အဆိုပါထုတ္ျပန္ခ်က္ထုတ္ျပန္ၿပီးသည့္ ကာလမွစ၍ ၿပီးခဲ့သည့္ ေမလ ၆ ရက္ေန႔အထိ ကုမၸဏီ ၉၄ ခု၏ သိုေလွာင္႐ုံ ၁၉၇ လုံးႏွင့္ လူပုဂၢိဳလ္ ၂၂၁ ဦး၏ သိုေလွာင္႐ုံ ၄၀၉ လုံး စုစုေပါင္း သိုေလွာင္႐ုံ ၆၀၆ လုံး မွတ္ပုံတင္ေဆာင္႐ြက္ထားၿပီးျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။

သို႔ျဖစ္၍ ဆန္တန္ခ်ိန္ ၅၀ သို႔မဟုတ္ စပါးတင္း ၅၀၀၀ ႏွင့္အထက္ သိုေလွာင္သည့္ ဆန္စပါးသိုေလွာင္႐ုံပိုင္ရွင္မ်ားအေနျဖင့္ သိုေလွာင္႐ုံမ်ားကို Myanmar Rice Online(MyRO)- www.myro.com.mm တြင္မျဖစ္မေန မွတ္ပုံတင္ရန္ စီးပြားကူးသန္းဝန္ႀကီးဌာနက ဆိုထားသည္။

ျပည္တြင္း၌ ဆန္စပါးဖူလုံေရးအျပင္ ျပည္ပသို႔ စနစ္တက်တင္ပို႔ေရာင္းခ်ႏိုင္ေရး၊ ဆန္စပါးေဈးကြက္ႏွင့္ ‌ေဈးႏႈန္းတည္ၿငိမ္မွန္ကန္ေစေရး၊ ဆန္စပါး သိုေလွာင္မႈ အေျခအေနမ်ားကို စနစ္တက်စာရင္းျပဳစုမွတ္ပုံတင္ထားႏိုင္ေရးႏွင့္ သိုေလွာင္႐ုံကုန္အပ္လက္မွတ္ကို အေျချပဳသည့္ ေငြေၾကးေထာက္ပံ့မႈစနစ္ကို ေဖာ္ေဆာင္ႏိုင္ေရးတို႔အတြက္ ဆန္စပါးသိုေလွာင္႐ုံမ်ားမွတ္ပုံတင္ရန္ ထုတ္ျပန္ခဲ့ျခင္းျဖစ္သည္။

Related news

© 2021. All rights reserved.