အမေရိကန် ဆယ်ကျော်သက်တစ်ဦး Spicy Chip Challenge လုပ်ပြီး သေဆုံး

 3165

ရောင်နီ (NP News) - မေ ၁၇

အမေရိကန် ဆယ်ကျော်သက် တစ်ဦးဟာ အလွန်အစပ်ပြင်းတဲ့ tortilla ချစ်ပ်ပြား ကို စားသုံးဖို့ ဆိုရှယ်မီဒီယာမှာ Challenge ခေါ်ခဲ့ပြီးနောက် နှလုံးရပ် သေဆုံးသွားခဲ့တယ်လို့ မေလ ၁၆ ရက်က ထုတ်ပြန်ချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလက မက်ဆာချူးဆက်ပြည်နယ်မှ အသက် ၁၄ နှစ်အရွယ် ဟားရစ်ဝူလိုဘက် အမည်ရှိ အမျိုးသားဟာ Paqui မှ ထုတ်လုပ်တဲ့ Carolina Reaper နဲ့ Naga Viper ငရုတ်သီးတွေနဲ့ ပြုလုပ်ထားတဲ့ အာလူးကြော်ကို “One Chip Challenge” ပြုလုပ်ပြီးနောက် သေဆုံးသွားခဲ့ပါတယ်။

၎င်းကို ရင်ခွဲစစ်ဆေးရာမှ အခုဆေးစစ်ချက်ထွက်လာခဲ့ခြင်း ဖြစ်ပါတယ်။

Capsaicin (ခေါ်) ငရုတ်ကောင်းအမြောက်အများပါတဲ့ အာလူးကြော်ကို စားသုံးပြီးနောက် ဟားရစ်ဟာ နှလုံးရပ်ကာ သေဆုံးခဲ့တယ်လို့ ဒေသတွင်း ဆေးစစ်ချက်အရာရှိက ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ သူသေဆုံးပြီး ရက်ပိုင်းအကြာမှာတော့ Paqui ကုမ္ပဏီက အဆိုပါ အာလူးကြော်ကို အပူလွန်ကဲတဲ့ အစားအစာလို့ အမှတ်အသားပြုပြီး ဖယ်ရှားခဲ့ပါတယ်။

ကယ်လီဖိုးနီးယားမှာလည်း လူငယ်သုံးဦး အဆိုပါ Challenge မှာ ပါဝင်ခဲ့ပြီးနောက် ၃ ယောက်လုံး ဖျားနာကာ ၁ ယောက် ဆေးရုံတင်ထားရတယ်လို့ သိရပါတယ်။

Zawgyi Version;
အေမရိကန္ ဆယ္ေက်ာ္သက္တစ္ဦး Spicy Chip Challenge လုပ္ၿပီး ေသဆုံး
ေရာင္နီ (NP News) - ေမ ၁၇

အေမရိကန္ ဆယ္ေက်ာ္သက္ တစ္ဦးဟာ အလြန္အစပ္ျပင္းတဲ့ tortilla ခ်စ္ပ္ျပား ကို စားသုံးဖို႔ ဆိုရွယ္မီဒီယာမွာ Challenge ေခၚခဲ့ၿပီးေနာက္ ႏွလုံးရပ္ ေသဆုံးသြားခဲ့တယ္လို႔ ေမလ ၁၆ ရက္က ထုတ္ျပန္ခ်က္အရ သိရပါတယ္။

ၿပီးခဲ့တဲ့ စက္တင္ဘာလက မက္ဆာခ်ဴးဆက္ျပည္နယ္မွ အသက္ ၁၄ ႏွစ္အ႐ြယ္ ဟားရစ္ဝူလိုဘက္ အမည္ရွိ အမ်ိဳးသားဟာ Paqui မွ ထုတ္လုပ္တဲ့ Carolina Reaper နဲ႔ Naga Viper င႐ုတ္သီးေတြနဲ႔ ျပဳလုပ္ထားတဲ့ အာလူးေၾကာ္ကို “One Chip Challenge” ျပဳလုပ္ၿပီးေနာက္ ေသဆုံးသြားခဲ့ပါတယ္။

၎ကို ရင္ခြဲစစ္ေဆးရာမွ အခုေဆးစစ္ခ်က္ထြက္လာခဲ့ျခင္း ျဖစ္ပါတယ္။

Capsaicin (ေခၚ) င႐ုတ္ေကာင္းအေျမာက္အမ်ားပါတဲ့ အာလူးေၾကာ္ကို စားသုံးၿပီးေနာက္ ဟားရစ္ဟာ ႏွလုံးရပ္ကာ ေသဆုံးခဲ့တယ္လို႔ ေဒသတြင္း ေဆးစစ္ခ်က္အရာရွိက ဆုံးျဖတ္ခဲ့တာ ျဖစ္ပါတယ္။ သူေသဆုံးၿပီး ရက္ပိုင္းအၾကာမွာေတာ့ Paqui ကုမၸဏီက အဆိုပါ အာလူးေၾကာ္ကို အပူလြန္ကဲတဲ့ အစားအစာလို႔ အမွတ္အသားျပဳၿပီး ဖယ္ရွားခဲ့ပါတယ္။

ကယ္လီဖိုးနီးယားမွာလည္း လူငယ္သုံးဦး အဆိုပါ Challenge မွာ ပါဝင္ခဲ့ၿပီးေနာက္ ၃ ေယာက္လုံး ဖ်ားနာကာ ၁ ေယာက္ ေဆး႐ုံတင္ထားရတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.