အမေရိကန်ဒေါ်လာ(၄၂၂၃၂)ဒေါ်လာဖြင့် ရောင်းချခဲ့သည့် ကမ္ဘာ့ဈေးအကြီးဆုံးချိစ်

454

Pika (NP News)
ချိစ်များသိုလှောင်ထားသည့်နေရာတွင် အချိန်(၁၀)လကြာသက်တမ်းရှိခဲ့သော Cabrales ချိစ် အမျိုးအစားသည် စပိန်နိုင်ငံတွင်ကျင်းပသော ပြိုင်ပွဲတစ်ခုတွင် အမှတ်အများဆုံးရရှိခဲ့ပြီး အမေရိကန် ဒေါ်လာ(၄၂၂၃၂)ဒေါ်လာဖြင့် ရောင်းချခဲ့ပြီးနောက် ကမ္ဘာ့ဂင်းနစ်စံချိန်ရရှိခဲ့ကြောင်းသိရသည်။ Ángel Díaz Herrero ချိစ်စက်ရုံကဖန်တီးခဲ့သော အဆိုပါချိစ်ကို စပိန်နိုင်ငံ Asturias အသိုင်းအဝိုင်းရှိ စည်းမျဉ်း စည်းကမ်းကောင်စီ DOP Cabrales က ရောင်းချခဲ့ပြီး El Llagar de Colloto စားသောက်ဆိုင်က ဝယ် ယူသွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ထို့နောက် ကမ္ဘာ့ဂင်းနစ်စံချိန်မှတ်တမ်း အဖွဲ့က Cabrales ချိစ်ကို လေလံတင်ရောင်းချရာတွင် ဈေးအကြီးဆုံးချိစ်အဖြစ် ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။ စည်းမျဉ်းစည်းကမ်းကောင်စီ DOP Cabrales က Cabrales ချိစ်ကို ပြိုင်ပွဲ၏အကောင်းဆုံး ချိစ် သို့မဟုတ် Mejor Queso del Certamen ဟု အမည်ပေးခဲ့ပြီးနောက် တရားဝင်လေလံတင်ခံခဲ့ရခြင်း ဖြစ်ကြောင်းသိရသည်။ အဆိုပါတန်ဖိုးကြီးချိစ် သည် အလေးချိန်(၅)ပေါင်ခန့်ရှိပြီး နွားနို့ဖြင့်ပြုလုပ်ထားကာ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ (၅၀ဝဝ) နီးပါးတွင်ရှိသော Los Mazos ဂူတွင် အချိန်(၁၀)လကြာ သိမ်းထားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

Zawgyi Version:
အေမရိကန္ေဒၚလာ(၄၂၂၃၂)ေဒၚလာျဖင့္ ေရာင္းခ်ခဲ့သည့္ ကမာၻ႔ေဈးအႀကီးဆုံးခ်ိစ္
Pika (NP News)
ခ်ိစ္မ်ားသိုေလွာင္ထားသည့္ေနရာတြင္ အခ်ိန္(၁၀)လၾကာသက္တမ္းရွိခဲ့ေသာ Cabrales ခ်ိစ္ အမ်ိဳးအစားသည္ စပိန္ႏိုင္ငံတြင္က်င္းပေသာ ၿပိဳင္ပြဲတစ္ခုတြင္ အမွတ္အမ်ားဆုံးရရွိခဲ့ၿပီး အေမရိကန္ ေဒၚလာ(၄၂၂၃၂)ေဒၚလာျဖင့္ ေရာင္းခ်ခဲ့ၿပီးေနာက္ ကမာၻ႔ဂင္းနစ္စံခ်ိန္ရရွိခဲ့ေၾကာင္းသိရသည္။ Ángel Díaz Herrero ခ်ိစ္စက္႐ုံကဖန္တီးခဲ့ေသာ အဆိုပါခ်ိစ္ကို စပိန္ႏိုင္ငံ Asturias အသိုင္းအဝိုင္းရွိ စည္းမ်ဥ္း စည္းကမ္းေကာင္စီ DOP Cabrales က ေရာင္းခ်ခဲ့ၿပီး El Llagar de Colloto စားေသာက္ဆိုင္က ဝယ္ ယူသြားခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။
ထို႔ေနာက္ ကမာၻ႔ဂင္းနစ္စံခ်ိန္မွတ္တမ္း အဖြဲ႕က Cabrales ခ်ိစ္ကို ေလလံတင္ေရာင္းခ်ရာတြင္ ေဈးအႀကီးဆုံးခ်ိစ္အျဖစ္ ထုတ္ျပန္ေၾကညာခဲ့ျခင္းျဖစ္သည္။ စည္းမ်ဥ္းစည္းကမ္းေကာင္စီ DOP Cabrales က Cabrales ခ်ိစ္ကို ၿပိဳင္ပြဲ၏အေကာင္းဆုံး ခ်ိစ္ သို႔မဟုတ္ Mejor Queso del Certamen ဟု အမည္ေပးခဲ့ၿပီးေနာက္ တရားဝင္ေလလံတင္ခံခဲ့ရျခင္း ျဖစ္ေၾကာင္းသိရသည္။ အဆိုပါတန္ဖိုးႀကီးခ်ိစ္ သည္ အေလးခ်ိန္(၅)ေပါင္ခန႔္ရွိၿပီး ႏြားႏို႔ျဖင့္ျပဳလုပ္ထားကာ ပင္လယ္ေရမ်က္ႏွာျပင္အထက္ အျမင့္ေပ (၅၀ဝဝ) နီးပါးတြင္ရွိေသာ Los Mazos ဂူတြင္ အခ်ိန္(၁၀)လၾကာ သိမ္းထားခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။