ကမ္ဘာ့အကြီးဆုံးscotch eggအစားအစာကို ဗြိတိန်စားဖိုမှူးနှစ်ဦးချက်ပြုတ်
 329
Pika (NP News)
ဗြိတိန်စားဖိုမှူးနှစ်ဦးသည် အလေးချိန်(၁၇)ပေါင်နှင့် (၃ဒသမ၄၈)အောင်စရှိသော ကမ္ဘာ့အကြီးဆုံးscotch eggအစားအစာကို ချက်ပြုတ်ရန်အတွက် ပူးပေါင်းခဲ့ကြပြီးနောက် ကမ္ဘာ့ဂင်းနစ်စံချိန်ချိုးဖျက်နိုင်ခဲ့ကြောင်းသိရသည်။ဖီးနစ်ရို့ဇ်နှင့် အိုလီပက်တာဆန်တို့သည် နှစ်ပေါင်း(၂၀)နီးပါးကြာ ရပ်တည်ခဲ့သော အလေးချိန်(၁၃)ပေါင်နှင့်(၁၀)အောင်စရှိသည့် ကမ္ဘာ့အကြီးဆုံးscotch eggအစားအစာ ဂင်းနစ်စံချိန်ကိုချိုးဖျက်ရန်အတွက် အင်္ဂလန်နိုင်ငံ Enfieldမြို့သို့ အတူတကွ လာရောက်ခဲ့ကြခြင်းဖြစ်ကြောင်းသိရသည်။ဖီးနစ်ရို့ဇ်နှင့် အိုလီပက်တာဆန်တို့သည် ၎င်းတို့၏ ကမ္ဘာ့အကြီးဆုံးscotch eggအစားအစာကို ချက်ပြုတ်ရန်အတွက် ငှက်ကုလားအုတ်ဥကို အသုံးပြုခဲ့ကြကြောင်းသိရသည်။သို့သော်လည်း ၎င်းတို့၏ပထမဆုံးအကြိမ်ကြိုးပမ်းမှုအတွင်း အစားအစာများကို အကြော်အိုးထဲမှထုတ်လိုက်သည့်အချိန်တွင် အောက်သို့ပြုတ်ကျခဲ့ပြီးနောက် ကျရှုံးသွားခဲ့ကြောင်း ဖီးနစ်ရို့ဇ်နှင့် အိုလီပက်တာဆန်တို့ကပြောကြားခဲ့သည်။ထို့နောက် ၎င်းတို့၏ဒုတိယအကြိမ်မြောက်ကြိုးပမ်းမှုတွင် လုံးပတ်(၃၁ဒသမ၃)လက်မနှင့် အလေးချိန်(၁၇)ပေါင်နှင့် (၃ဒသမ၄၈)အောင်စရှိသော ကမ္ဘာ့အကြီးဆုံးscotch eggအစားအစာကို ချက်ပြုတ်နိုင်ခဲ့ပြီးနောက် ကမ္ဘာ့ဂင်းနစ်စံချိန်ချိုးဖျက်နိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။၎င်းတို့က”နှစ်ပေါင်း(၂၀)နီးပါးကြာ ရပ်တည်လာခဲ့တဲ့ ကမ္ဘာ့အကြီးဆုံးscotch eggအစားအစာဂင်းနစ်စံချိန်ကို ချိုးဖျက်နိုင်ခဲ့တဲ့အတွက် တကယ်ကိုဝမ်းသာမိပါတယ်။”ဟုပြောဆိုခဲ့သည်။
Zawgyi Version:
Pika (NP News)
Related news
© 2021. All rights reserved.