မိုးတွင်းတွင် မှိုအမျိုးမျိုး ပေါက်ပွားနေ၍ မသိ၊မစားဖူးသော မှိုများကို စားသုံးခြင်း မပြုသင့်

303

စော(NP News)- ဇွန် ၈
မိုးတွင်းကာလတွင် သစ်တောများနှင့်သစ်ပင်များပေါက်ရောက်ရာ ပတ်ဝန်းကျင်နေရာများတွင် မှိုအမျိုးမျိုး ကြီးထွားပေါက်ပွားမှု များပြားလေ့ရှိသည့်အတွက် မသိသော ၊မစားဖူးသော မှိုများကို စားသုံးခြင်းမပြုသင့်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနခွဲက အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
အဆိုပါမှိုများတွင် အန္တရာယ်ကင်းစွာစားသုံးနိုင်သော မှိုအမျိုးအစားများရှိသကဲ့သို့ အဆိပ်ရှိသော မှိုများစွာရှိပြီး အဆိပ်ရှိ မှိုများအနက် အချို့မှာပြင်းထန်စွာ အဆိပ်သင့်စေ၍ အသက်ဆုံးရှုံးစေသည့်အထိ ဖြစ်နိုင်ကြောင်း ထုတ်ပြန်ထားသည်။
မှိုဆိပ်သင့်ခြင်းလက္ခဏာများမှာ မှိုစားပြီး မိနစ် (၂၀)မှ (၄)နာရီအတွင်း မူးဝေခြင်း၊ အော့အန်ခြင်း၊
ဗိုက်အောင့်ဗိုက်နာခြင်း၊ ဝမ်းလျှောခြင်းတို့ဖြစ်ပွားနိုင်ပြီး ပြင်းထန်ပါက အသက်ဆုံးရှုံးနိုင်သည့်အပြင် ဦးနှောက်နှင့်အာရုံကြောထိခိုက်ပြီး စိတ်အာရုံခြောက်ခြားခြင်း၊ အလွန်အမင်းနိုးကြားလာခြင်းနှင့် စိတ်ဓာတ်ကျခြင်းတို့ဖြစ်စေနိုင်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါအဆိပ်သင့်မှုလက္ခဏာနှင့် ပြင်းထန်မှုအတိုင်းအတာသည် မှိုအမျိုးအစား၊ ပါဝင်သောအဆိပ် ပမာဏ၊ စားသုံးမိသူ၏ အသက်အရွယ် ၊ ကိုယ်ခံစွမ်းအားတို့အပေါ်မူတည်ပြီး သက်ကြီးဘိုးဘွားများနှင့် ရောဂါအခံရှိသူများတွင် မှိုအဆိပ်သင့်ပါက ပိုမိုပြင်းထန်စွာခံစားရနိုင်ပါကြောင်း ထုတ်ပြန်ထားသည်။
ထို့ကြောင့် မိမိမသိသော၊ မစားဖူးသော မှိုများကို မစားသုံးခြင်းသည် အကောင်းဆုံးကာကွယ်နည်းဖြစ်၍ အဆိပ်ရှိသည်ဟုသံသယဖြစ်ဖွယ်မှိုများ၊ သေချာမသိသော၊ မစားဖူးသောမှိုများကို စားသုံးခြင်းလုံးဝမပြုရန် ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနခွဲဆိုသည်။
အဆိပ်သင့်လက္ခဏာများကို ခံစားရပါက အချိန်မီဆေးကုသမှုခံယူရန်လိုအပ်ပါသဖြင့် နီးစပ်ရာဆေးရုံနှင့် ကျန်းမာရေးဌာနများသို့ ချက်ချင်းပို့ဆောင်၍ ဆေးကုသမှုခံယူရမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

Zawgyi Version:
မိုးတြင္းတြင္ မႈိအမ်ိဳးမ်ိဳး ေပါက္ပြားေန၍ မသိ၊မစားဖူးေသာ မႈိမ်ားကို စားသုံးျခင္း မျပဳသင့္
ေစာ(NP News)- ဇြန္ ၈
မိုးတြင္းကာလတြင္ သစ္ေတာမ်ားႏွင့္သစ္ပင္မ်ားေပါက္ေရာက္ရာ ပတ္ဝန္းက်င္ေနရာမ်ားတြင္ မႈိအမ်ိဳးမ်ိဳး ႀကီးထြားေပါက္ပြားမႈ မ်ားျပားေလ့ရွိသည့္အတြက္ မသိေသာ ၊မစားဖူးေသာ မႈိမ်ားကို စားသုံးျခင္းမျပဳသင့္ေၾကာင္း က်န္းမာေရးဝန္ႀကီးဌာန၊ က်န္းမာေရးအသိပညာျမႇင့္တင္ေရးဌာနခြဲက အသိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။
အဆိုပါမႈိမ်ားတြင္ အႏၲရာယ္ကင္းစြာစားသုံးႏိုင္ေသာ မႈိအမ်ိဳးအစားမ်ားရွိသကဲ့သို႔ အဆိပ္ရွိေသာ မႈိမ်ားစြာရွိၿပီး အဆိပ္ရွိ မႈိမ်ားအနက္ အခ်ိဳ႕မွာျပင္းထန္စြာ အဆိပ္သင့္ေစ၍ အသက္ဆုံးရႈံးေစသည့္အထိ ျဖစ္ႏိုင္ေၾကာင္း ထုတ္ျပန္ထားသည္။
မႈိဆိပ္သင့္ျခင္းလကၡဏာမ်ားမွာ မႈိစားၿပီး မိနစ္ (၂၀)မွ (၄)နာရီအတြင္း မူးေဝျခင္း၊ ေအာ့အန္ျခင္း၊
ဗိုက္ေအာင့္ဗိုက္နာျခင္း၊ ဝမ္းေလွ်ာျခင္းတို႔ျဖစ္ပြားႏိုင္ၿပီး ျပင္းထန္ပါက အသက္ဆုံးရႈံးႏိုင္သည့္အျပင္ ဦးေႏွာက္ႏွင့္အာ႐ုံေၾကာထိခိုက္ၿပီး စိတ္အာ႐ုံေျခာက္ျခားျခင္း၊ အလြန္အမင္းႏိုးၾကားလာျခင္းႏွင့္ စိတ္ဓာတ္က်ျခင္းတို႔ျဖစ္ေစႏိုင္ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
အဆိုပါအဆိပ္သင့္မႈလကၡဏာႏွင့္ ျပင္းထန္မႈအတိုင္းအတာသည္ မႈိအမ်ိဳးအစား၊ ပါဝင္ေသာအဆိပ္ ပမာဏ၊ စားသုံးမိသူ၏ အသက္အ႐ြယ္ ၊ ကိုယ္ခံစြမ္းအားတို႔အေပၚမူတည္ၿပီး သက္ႀကီးဘိုးဘြားမ်ားႏွင့္ ေရာဂါအခံရွိသူမ်ားတြင္ မႈိအဆိပ္သင့္ပါက ပိုမိုျပင္းထန္စြာခံစားရႏိုင္ပါေၾကာင္း ထုတ္ျပန္ထားသည္။
ထို႔ေၾကာင့္ မိမိမသိေသာ၊ မစားဖူးေသာ မႈိမ်ားကို မစားသုံးျခင္းသည္ အေကာင္းဆုံးကာကြယ္နည္းျဖစ္၍ အဆိပ္ရွိသည္ဟုသံသယျဖစ္ဖြယ္မႈိမ်ား၊ ေသခ်ာမသိေသာ၊ မစားဖူးေသာမႈိမ်ားကို စားသုံးျခင္းလုံးဝမျပဳရန္ က်န္းမာေရးအသိပညာျမႇင့္တင္ေရးဌာနခြဲဆိုသည္။
အဆိပ္သင့္လကၡဏာမ်ားကို ခံစားရပါက အခ်ိန္မီေဆးကုသမႈခံယူရန္လိုအပ္ပါသျဖင့္ နီးစပ္ရာေဆး႐ုံႏွင့္ က်န္းမာေရးဌာနမ်ားသို႔ ခ်က္ခ်င္းပို႔ေဆာင္၍ ေဆးကုသမႈခံယူရမည္ျဖစ္ေၾကာင္း အသိေပးထုတ္ျပန္ထားသည္။