အမေရိကန်နိုင်ငံမှာ စိုက်ပျိုးခဲ့သည့် ကမ္ဘာ့အလေးဆုံးမက်မွန်သီး

 287

Pika(NP News) - စက်တင်ဘာ ၂၈

အမေရိကန်နိုင်ငံ ဗာဂျီးနီးယားပြည်နယ်မှ ဥယျာဉ်ခြံတစ်ခုသည် အလေးချိန် (၁ ဒသမ ၈၃) ပေါင်ရှိသည့် မက်မွန် သီးကို စိုက်ပျိုးခဲ့ပြီးနောက် ကမ္ဘာ့ဂင်းနစ်စံချိန်ချိုးဖျက်နိုင်ခဲ့ကြောင်းသိရသည်။ Crozet အသိုင်းအဝိုင်းတွင်ရှိသော Chiles Peach Orchard ဥယျာဉ်ခြံမှ မက်မွန်သီးခူးသူများသည် စက်တင်ဘာလအစောပိုင်းတွင် အလေးချိန် (၁ ဒသမ ၈၃) ပေါင်ရှိသည့် ကြီးမားသောမက်မွန်သီးကို ခူးယူခဲ့ပြီးနောက် ယင်းကဲ့သို့ ကမ္ဘာ့ဂင်းနစ်စံချိန် ချိုးဖျက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စိုက်ပျိုးသူ Henry Chiles က ‘‘ဒီကြီးမား တဲ့မက်မွန်သီးကို စိုက်ပျိုးဖို့ ကျွန်တော်တို့မရည်ရွယ်ခဲ့ပါဘူး။ ယခုနှစ်မှာ ရာသီဥတုကောင်းမွန်လာမှုနဲ့အတူ မက်မွန်သီးက ကြီးထွားလာခဲ့တာပါ”ဟုပြောဆိုခဲ့သည်။ အဆိုပါမက်မွန်သီးကို ခူးယူကာ ကမ္ဘာ့ဂင်း နစ်စံချိန်မှတ်တမ်းအဖွဲ့သို့ တရားဝင်တင်ပြခဲ့ပြီး နောက် ကမ္ဘာ့အလေးဆုံးမက်မွန်သီးအဖြစ် ဂင်းနစ် စံချိန်မှတ်တမ်းအဖွဲ့က တရားဝင်အသိအမှတ်ပြုခဲ့ ခြင်း ဖြစ်ကြောင်းသိရသည်။
Chiles Peach Orchard ဥယျာဉ်ခြံက ‘‘ဒါကတရားဝင်ဖြစ်သွားပါပြီ။ ကမ္ဘာ့အလေးဆုံး မက်မွန်သီး ဂင်းနစ် စံချိန်ကို ကျွန်တော်တို့ တရားဝင် ရရှိခဲ့ပါပြီ။ ဒီလိုကြီးမားတဲ့မက်မွန်သီးကို စိုက်ပျိုးခဲ့တဲ့ Henry Chiles အတွက် တကယ်ကိုဂုဏ်ယူမိပါတယ်။ ပြီးတော့ တရားဝင်အတည်ပြုမှုတွေလုပ်ဆောင် ပေးခဲ့တဲ့ ကမ္ဘာ့ဂင်းနစ်စံချိန်မှတ် တမ်း အဖွဲ့ကို ကျေးဇူးတင်ပါတယ်” ဟု ပြောဆိုခဲ့သည်။

Zawgyi Version:
အေမရိကန္ႏိုင္ငံမွာ စိုက္ပ်ိဳးခဲ့သည့္ ကမာၻ႔အေလးဆုံးမက္မြန္သီး
Pika(NP News) - စက္တင္ဘာ ၂၈

အေမရိကန္ႏိုင္ငံ ဗာဂ်ီးနီးယားျပည္နယ္မွ ဥယ်ာဥ္ၿခံတစ္ခုသည္ အေလးခ်ိန္ (၁ ဒသမ ၈၃) ေပါင္ရွိသည့္ မက္မြန္ သီးကို စိုက္ပ်ိဳးခဲ့ၿပီးေနာက္ ကမာၻ႔ဂင္းနစ္စံခ်ိန္ခ်ိဳးဖ်က္ႏိုင္ခဲ့ေၾကာင္းသိရသည္။ Crozet အသိုင္းအဝိုင္းတြင္ရွိေသာ Chiles Peach Orchard ဥယ်ာဥ္ၿခံမွ မက္မြန္သီးခူးသူမ်ားသည္ စက္တင္ဘာလအေစာပိုင္းတြင္ အေလးခ်ိန္ (၁ ဒသမ ၈၃) ေပါင္ရွိသည့္ ႀကီးမားေသာမက္မြန္သီးကို ခူးယူခဲ့ၿပီးေနာက္ ယင္းကဲ့သို႔ ကမာၻ႔ဂင္းနစ္စံခ်ိန္ ခ်ိဳးဖ်က္ႏိုင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
စိုက္ပ်ိဳးသူ Henry Chiles က ‘‘ဒီႀကီးမား တဲ့မက္မြန္သီးကို စိုက္ပ်ိဳးဖို႔ ကြၽန္ေတာ္တို႔မရည္႐ြယ္ခဲ့ပါဘူး။ ယခုႏွစ္မွာ ရာသီဥတုေကာင္းမြန္လာမႈနဲ႔အတူ မက္မြန္သီးက ႀကီးထြားလာခဲ့တာပါ”ဟုေျပာဆိုခဲ့သည္။ အဆိုပါမက္မြန္သီးကို ခူးယူကာ ကမာၻ႔ဂင္း နစ္စံခ်ိန္မွတ္တမ္းအဖြဲ႕သို႔ တရားဝင္တင္ျပခဲ့ၿပီး ေနာက္ ကမာၻ႔အေလးဆုံးမက္မြန္သီးအျဖစ္ ဂင္းနစ္ စံခ်ိန္မွတ္တမ္းအဖြဲ႕က တရားဝင္အသိအမွတ္ျပဳခဲ့ ျခင္း ျဖစ္ေၾကာင္းသိရသည္။
Chiles Peach Orchard ဥယ်ာဥ္ၿခံက ‘‘ဒါကတရားဝင္ျဖစ္သြားပါၿပီ။ ကမာၻ႔အေလးဆုံး မက္မြန္သီး ဂင္းနစ္ စံခ်ိန္ကို ကြၽန္ေတာ္တို႔ တရားဝင္ ရရွိခဲ့ပါၿပီ။ ဒီလိုႀကီးမားတဲ့မက္မြန္သီးကို စိုက္ပ်ိဳးခဲ့တဲ့ Henry Chiles အတြက္ တကယ္ကိုဂုဏ္ယူမိပါတယ္။ ၿပီးေတာ့ တရားဝင္အတည္ျပဳမႈေတြလုပ္ေဆာင္ေပးခဲ့တဲ့ ကမာၻ႔ဂင္းနစ္စံခ်ိန္မွတ္ တမ္း အဖြဲ႕ကို ေက်းဇူးတင္ပါတယ္” ဟု ေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.