ဈေးကွက်ကျဉ်းလာသောကြောင့် ရှမ်းဒေသထွက် ကြက်သွန်နှင့် အခြားသီးနှံများ   ဈေးကွက်ပျက်လာ
                        
                            
                             
 269
 
                             
                            
                            
                         
                        
သန့်ဇင် (NP News) - စက်တင်ဘာလ ၂၅
      ဈေးကွက်ကျဉ်းကာ အဝယ်နည်းလာသောကြောင့် ရှမ်းပြည်နယ်မှထွက်ရှိသော ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ခရမ်းချဉ်နှင့် ခရမ်းသီးများ ရောင်းမ ထွက်ကာ ဈေကွက်ပျက်နေကြောင်း ရှမ်းပြည်နယ်မှ ကုန်စည်ရောင်းဝယ်ရေးလုပ်ကိုင်သူတစ်ဦးက NP News သို့ပြောသည်။
	လက်ရှိကာလတွင် ရှမ်းပြည်နယ်ထွက် ပန်းဂေါ်ဖီ၊ ဂေါ်ဖီနှင့် အာလူးတို့ ဈေးကောင်းရနေသော် လည်း ခရမ်းချဉ်သီး၊ ခရမ်းသီး၊ ချင်း၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် ဂေါ်ရခါးဈေးကွက်မှာမူ ဈေးကွက် ပျက်သည်အထိ အရောင်းအဝယ်အေးနေကြောင်း သိရသည်။
	" အခု ဒီနှစ် ဒီကာလထဲမှာ ဈေးကောင်းရ နေတာတော့ ပန်းပွင့်နဲ့အာလူး မဆိုးဘူး။ ဈေးလေး တွေကောင်းနေတယ်။ ဆိုးဆိုးရွားရွားဖြစ်သွားတာက ခရမ်းသီးနဲ့ ခရမ်းချဉ်သီး။ မထင်မှတ်ထားလောက် အောင် ဈေးကွက်ပျက်သွားတာက ကြက်သွန်ဖြူ၊ ကြက်သွန်နီရော လစ်တာပဲ။ နောက်ပြီး ချင်းကတော့ Export မရှိလို့ ကျွန်တော်တို့က ခန့်မှန်းထားခဲ့ပြီး သား။ ဈေးမရဘူး။ နောက်ပြီး မုန်ညင်းပေါ့။ ဈေးပြန် ကျနေတာမုန်ညင်းပေါ့နော်။ ဒုတိယဈေးကောင်းတာ ကတော့ ဂေါ်ဖီပေါ့နော်။ အခုလတ်တလော ဆိုးဆိုး ရွားရွားဖြစ်နေတာက ဂေါ်ရခါးသီးပေါ့။ ဂေါ်ရခါးသီး ကလည်း လှိုင်လှိုင်ထွက်လာတော့ ဈေးတော်တော် လေးထိုးကျသွားတာ"ဟု အထက်ပါ သတင်းရင်းမြစ် ကပြောသည်။
	ထိုသို့ သီးနှံများစွာဈေးကွက်ပျက်နေရ ခြင်းမှာ ဝယ်လိုအားနည်းနေခြင်း၊ ကုန်စည်ပို့ဆောင် ရာတွင် လမ်းခရီးအခက်အခဲနှင့် ယခင်ထက် ဈေး ကွက်ဧရိယာကျဉ်းလာခြင်းတို့ကြောင့်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
	" အခုက ဝယ်လိုအားကနည်းနေပြီး ရောင်းလိုအားကများနေတော့ ဈေးကိုဆွဲတင်လို့ မရဘူး။ ဈေးကွက်ကလည်းကျုံ့သွားတာပေါ့။ ကျွန် တော်တို့ ခရမ်းသီးတို့ဘာတို့ဆိုတာက ဈေးကွက် ရှိတာကိုပဲမှီခိုရတာလေ။ မြန်မာပြည်အနှံ့ကုန်သွယ် ရေးလမ်းကြောင်းတွေက သွားမရတာတွေရှိတယ်။ အဲဒီတော့ တင်ပို့လို့မရတာတွေရှိတယ်။ ကျွန်တော်တို့ တင်ပို့လို့ရတဲ့ ဧရိယာကျဉ်းသွားတာပေါ့။ ရန်ကုန် လောက်လေးပဲဆိုတော့ အခုက ရန်ကုန်ကလည်း ပန်းပွင့်လောက်လေးသာဆွဲနေတာ။ ခရမ်းသီးကျ အဲဒီလောက်မဝယ်ဘူး။ ဆွဲအားမရှိဘူး။ အဲဒီတော့ ရန်ကုန်ဈေးကွက်သာမှီခိုရမယ်ဆိုတော့ ဒီမှာက ထွက်လာတဲ့အနေအထားနဲ့ ဟိုဘက်က ဖြုန်းအားနဲ့ မမျှတော့ ဒီမှာ တောင်ပုံယာပုံတွေဖြစ်သွားတာ" ဟု ၎င်းကဆက်ပြောသည်။
	လက်ရှိတွင် ရန်ကုန်မြို့ရှိ တညင်းကုန်း ဈေးနှင့် သီရိမင်္ဂလာဈေးတို့တွင် ပန်းဂေါ်ဖီတစ်ပွင့် လျှင့် ငွေကျပ် (၃၀ဝဝ) အထက်တွင် ပေါက်ဈေးရှိ နေသော်လည်း ခရမ်းချဉ်သီးနှင့် ခရမ်းဈေးမှာ တစ်ပိဿာလျှင် ကျပ် (၂၀ဝ)မှ(၅၀ဝ)အကြားတွင် သာရှိကြောင်းသိရသည်။
	ထိုသို့ ဈေးထိုးကျနေခြင်းကြောင့်လည်း တောင်သူများတွက်ခြေမကိုက်ဘဲ အရှုံးပေါ်ကာ အချို့သောနေရာများတွင် ကုန်စည်များလွှင့်ပစ်ထား ရသည်အထိ အခြေအနေဆိုးနေကြောင်း ၎င်းကဆို သည်။
	" တောင်သူတွေကတော့ အမြဲတမ်းထီထိုး နေရသလိုဖြစ်နေတာ။ တော်တော်ကို ဆိုးဆိုးရွားရွား ဖြစ်သွားတယ်။ ဈေးမရဘူးဆိုရင် သူတို့ကတော့ ဝမ်း နည်းရတာပေါ့။ ဘာလို့ဆို လုပ်အားခတွေ၊ ပင်ပန်း ထားတာတွေရှိတယ်။ မျိုးဖိုးတွေရှိတယ်။ အသီးအနှံ က ဈေးကွက်ကမရှိဘူးဆိုတော့ သူတို့ဝေဒနာက တော်တော်များတယ်"ဟု ၎င်းကပြောသည်။
                     
                        
                                                                    
Zawgyi Version: 
ေဈးကြက္က်ဥ္းလာေသာေၾကာင့္ ရွမ္းေဒသထြက္ ၾကက္သြန္ႏွင့္ အျခားသီးႏွံမ်ား   ေဈးကြက္ပ်က္လာ
သန႔္ဇင္ (NP News) - စက္တင္ဘာလ ၂၅
      ေဈးကြက္က်ဥ္းကာ အဝယ္နည္းလာေသာေၾကာင့္ ရွမ္းျပည္နယ္မွထြက္ရွိေသာ ၾကက္သြန္ျဖဴ၊ ၾကက္သြန္နီ၊ ခရမ္းခ်ဥ္ႏွင့္ ခရမ္းသီးမ်ား ေရာင္းမ ထြက္ကာ ေဈကြက္ပ်က္ေနေၾကာင္း ရွမ္းျပည္နယ္မွ ကုန္စည္ေရာင္းဝယ္ေရးလုပ္ကိုင္သူတစ္ဦးက NP News သို႔ေျပာသည္။
	လက္ရွိကာလတြင္ ရွမ္းျပည္နယ္ထြက္ ပန္းေဂၚဖီ၊ ေဂၚဖီႏွင့္ အာလူးတို႔ ေဈးေကာင္းရေနေသာ္ လည္း ခရမ္းခ်ဥ္သီး၊ ခရမ္းသီး၊ ခ်င္း၊ ၾကက္သြန္နီ၊ ၾကက္သြန္ျဖဴႏွင့္ ေဂၚရခါးေဈးကြက္မွာမူ ေဈးကြက္ ပ်က္သည္အထိ အေရာင္းအဝယ္ေအးေနေၾကာင္း သိရသည္။
	" အခု ဒီႏွစ္ ဒီကာလထဲမွာ ေဈးေကာင္းရ ေနတာေတာ့ ပန္းပြင့္နဲ႔အာလူး မဆိုးဘူး။ ေဈးေလး ေတြေကာင္းေနတယ္။ ဆိုးဆိုး႐ြား႐ြားျဖစ္သြားတာက ခရမ္းသီးနဲ႔ ခရမ္းခ်ဥ္သီး။ မထင္မွတ္ထားေလာက္ ေအာင္ ေဈးကြက္ပ်က္သြားတာက ၾကက္သြန္ျဖဴ၊ ၾကက္သြန္နီေရာ လစ္တာပဲ။ ေနာက္ၿပီး ခ်င္းကေတာ့ Export မရွိလို႔ ကြၽန္ေတာ္တို႔က ခန႔္မွန္းထားခဲ့ၿပီး သား။ ေဈးမရဘူး။ ေနာက္ၿပီး မုန္ညင္းေပါ့။ ေဈးျပန္ က်ေနတာမုန္ညင္းေပါ့ေနာ္။ ဒုတိယေဈးေကာင္းတာ ကေတာ့ ေဂၚဖီေပါ့ေနာ္။ အခုလတ္တေလာ ဆိုးဆိုး ႐ြား႐ြားျဖစ္ေနတာက ေဂၚရခါးသီးေပါ့။ ေဂၚရခါးသီး ကလည္း လႈိင္လႈိင္ထြက္လာေတာ့ ေဈးေတာ္ေတာ္ ေလးထိုးက်သြားတာ"ဟု အထက္ပါ သတင္းရင္းျမစ္ ကေျပာသည္။
	ထိုသို႔ သီးႏွံမ်ားစြာေဈးကြက္ပ်က္ေနရ ျခင္းမွာ ဝယ္လိုအားနည္းေနျခင္း၊ ကုန္စည္ပို႔ေဆာင္ ရာတြင္ လမ္းခရီးအခက္အခဲႏွင့္ ယခင္ထက္ ေဈး ကြက္ဧရိယာက်ဥ္းလာျခင္းတို႔ေၾကာင့္ျဖစ္ေၾကာင္း ၎က ဆိုသည္။
	" အခုက ဝယ္လိုအားကနည္းေနၿပီး ေရာင္းလိုအားကမ်ားေနေတာ့ ေဈးကိုဆြဲတင္လို႔ မရဘူး။ ေဈးကြက္ကလည္းက်ဳံ႕သြားတာေပါ့။ ကြၽန္ ေတာ္တို႔ ခရမ္းသီးတို႔ဘာတို႔ဆိုတာက ေဈးကြက္ ရွိတာကိုပဲမွီခိုရတာေလ။ ျမန္မာျပည္အႏွံ႔ကုန္သြယ္ ေရးလမ္းေၾကာင္းေတြက သြားမရတာေတြရွိတယ္။ အဲဒီေတာ့ တင္ပို႔လို႔မရတာေတြရွိတယ္။ ကြၽန္ေတာ္တို႔ တင္ပို႔လို႔ရတဲ့ ဧရိယာက်ဥ္းသြားတာေပါ့။ ရန္ကုန္ ေလာက္ေလးပဲဆိုေတာ့ အခုက ရန္ကုန္ကလည္း ပန္းပြင့္ေလာက္ေလးသာဆြဲေနတာ။ ခရမ္းသီးက် အဲဒီေလာက္မဝယ္ဘူး။ ဆြဲအားမရွိဘူး။ အဲဒီေတာ့ ရန္ကုန္ေဈးကြက္သာမွီခိုရမယ္ဆိုေတာ့ ဒီမွာက ထြက္လာတဲ့အေနအထားနဲ႔ ဟိုဘက္က ျဖဳန္းအားနဲ႔ မမွ်ေတာ့ ဒီမွာ ေတာင္ပုံယာပုံေတြျဖစ္သြားတာ" ဟု ၎ကဆက္ေျပာသည္။
	လက္ရွိတြင္ ရန္ကုန္ၿမိဳ႕ရွိ တညင္းကုန္း ေဈးႏွင့္ သီရိမဂၤလာေဈးတို႔တြင္ ပန္းေဂၚဖီတစ္ပြင့္ လွ်င့္ ေငြက်ပ္ (၃၀ဝဝ) အထက္တြင္ ေပါက္ေဈးရွိ ေနေသာ္လည္း ခရမ္းခ်ဥ္သီးႏွင့္ ခရမ္းေဈးမွာ တစ္ပိႆာလွ်င္ က်ပ္ (၂၀ဝ)မွ(၅၀ဝ)အၾကားတြင္ သာရွိေၾကာင္းသိရသည္။
	ထိုသို႔ ေဈးထိုးက်ေနျခင္းေၾကာင့္လည္း ေတာင္သူမ်ားတြက္ေျခမကိုက္ဘဲ အရႈံးေပၚကာ အခ်ိဳ႕ေသာေနရာမ်ားတြင္ ကုန္စည္မ်ားလႊင့္ပစ္ထား ရသည္အထိ အေျခအေနဆိုးေနေၾကာင္း ၎ကဆို သည္။
	" ေတာင္သူေတြကေတာ့ အၿမဲတမ္းထီထိုး ေနရသလိုျဖစ္ေနတာ။ ေတာ္ေတာ္ကို ဆိုးဆိုး႐ြား႐ြား ျဖစ္သြားတယ္။ ေဈးမရဘူးဆိုရင္ သူတို႔ကေတာ့ ဝမ္း နည္းရတာေပါ့။ ဘာလို႔ဆို လုပ္အားခေတြ၊ ပင္ပန္း ထားတာေတြရွိတယ္။ မ်ိဳးဖိုးေတြရွိတယ္။ အသီးအႏွံ က ေဈးကြက္ကမရွိဘူးဆိုေတာ့ သူတို႔ေဝဒနာက ေတာ္ေတာ္မ်ားတယ္"ဟု ၎ကေျပာသည္။