ဘူးသီးတောင်ဖြစ်စဉ်မှာ AA အတွက်ဖြေရှင်းရန်ခက်နေသည့် ပုစ္ဆာတစ်ပုဒ် ဖြစ်နေဟုဆို

3688

သုတကျော် (NP News) - မေ ၂၄
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ဖြစ်စဉ်မှာ AA အထက်ပိုင်းက အောက်ခြေ တပ်ဖွဲ့၏ စည်းကမ်းဖောက်ဖျက်မှုကို တာဝန်မယူလိုသည့် သဘောအပြင် ဖြေရှင်းရန်ခက်နေသည့် ပုစ္ဆာတစ်ပုဒ်ဖြစ်နေကြောင်း တပ်မတော်သားဟောင်းတစ်ဦးဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ်လည်း တာဝန်ယူခဲ့သူ ဦးကျော်ဇေယျက NP News ကို သုံးသပ်ပြောကြားသည်။
ယခု မေလ ၁၇ ရက် ညပိုင်းက ဘူးသီတောင်မြို့နယ်ရှိ ဘင်္ဂါလီဒုက္ခသည်များ၏ အိမ်များကို AA က မီးရှို့ခဲ့ကြောင်း နှင့် အဆိုပါရက်မတိုင်မီကလည်း မေလ ၁၈ ရက်၊ နံနက် ၁၀ နာရီ အတွင်း ဘင်္ဂါလီအားလုံးမြို့ပေါ်မှထွက်သွားရန် အမိန့်ထုတ်ခဲ့ကြောင်း ဘင်္ဂါလီအရေး လှုပ်ရှားသူများက ပြောကြားထားသည်။
AA အဖွဲ့မှစစ်သားများက ဘင်္ဂါလီများကို ဥပဒေမဲ့ သတ်ဖြတ်မှုများ ကျူးလွန် သည်ဟုဆိုသော ကိစ္စများကြောင့် AA က စုံစမ်းစစ်ဆေးပေးရန် တောင်းဆိုမှုများရှိနေပြီး AA ဘက်ကလည်း ၎င်းတို့အနေဖြင့် ရခိုင်ပြည်နယ်မှ ဘင်္ဂါလီများကို ကူညီ ကယ်ဆယ်ရေးများလုပ်နေသည်ဟု ထုတ်ပြန်ထားခြင်းများရှိနေကာ လက်ရှိ နိုင်ငံတကာမီဒီယာစာမျက်နှာများထက်တွင် AA နှင့် ဘင်္ဂါလီ အရေးအသံများ တဖန်ထပ်မံထွက်ပေါ်လာနေသည်။
“ဘူးသီးတောင် ကိစ္စကတော့ ဖြစ်သွားပြီးတဲ့နောက် တာဝန်မယူတဲ့သဘော ရှိတာပေါ့။ သူတို့ရဲ့ မူဝါဒနဲ့ လွဲနေတယ် ဆိုတဲ့သဘော၊ ငြင်းတဲ့သဘောတော့ ရှိတာပေါ့။ ဒါပေမဲ့ ရိုနေဆန်းလွင်လား သူကလည်း တိတိကျကျ ဖော်ပြထားတာပေါ့။ ဒေသခံရဲ့သတင်းဇစ်မြစ်က AA အနေနဲ့ ငြင်းဖွယ်ရာ မရှိဘူးလေ။ နိုင်ငံရေးစကားနဲ့ဆိုရင် တာဝန်ယူမှု၊ တာဝန်ခံမှုပေါ့။ ဒါကတော့ ဖြစ်တတ်ပါတယ်။ ကျွန်တော်လည်း တပ်မတော်သားဆိုတော့ အောက်က တစ်မျိုးဖြစ်တာကို အထက်က သိချင်မှသိတာ။ မြေပြင်တပ်ရဲ့ အခြေအနေကို အဝေးက တပ်မှူးက သိချင်မှသိတာ။ AA မပြောပါနဲ့ ကျွန်တော်တို့ တပ်မတော်မှာတောင် စစ်စည်းကမ်းဖောက်တဲ့ စစ်သည်များရှိရင် မမျှော်မှန်းနိုင်တဲ့ဟာတွေ ဖြစ်သွားတတ်တာ အများကြီးရှိပါတယ်။ ဒါတော့ ကျွန်တော် ဝန်ခံပါတယ်။ ဘူးသီးတောင် ကိစ္စမှာဆိုရင် အောက်က AA တပ်တွေက တကယ်ကျူးလွန်ပါလိမ့်မယ်။ ဒါကို အဝေးကနေ ကွပ်ကဲနေတဲ့ ဆက်သွယ်ရေးစက်နဲ့ ကွပ်ကဲနေတဲ့ အရာရှိကြီး အဆင့်တွေက မသိဘူး။ ဒါကို တာဝန်မယူဘူးဖြစ်နေတယ်”ဟု ဦးကျော်ဇေယျက သုံးသပ်ပြောကြားသည်။
အောက်ခြေတပ်ဖွဲ့ဝင်များ၏ စည်းကမ်းဖောက်ဖျက်မှုကို တာဝန်မယူလိုသည့် သဘောဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။ “တပ်မတော်သည်ပင်လျှင် ဖြစ်တတ်တဲ့သဘောရှိပါတယ်။ အနည်းနဲ့အများတော့။ AA က ဖြစ်ခဲ့တဲ့ဟာကို တာဝန်ယူ၊ တာဝန်ခံမှုလုပ်ရမယ်။ လူမျိုးရေးအနေနဲ့ ကြည့်ရင်လည်း မကောင်းဘူး။ နိုင်ငံတကာကလည်း ဒါကို စိတ်ဝင်တစားကြည့်နေတယ်။ AA အနေနဲ့ဖြေရှင်းဖို့ တော်တော်ခက်နေတဲ့ ပုစ္ဆာတစ်ပုဒ်လို့ ထင်ပါတယ်။ ခက်ခဲတဲ့ပုစ္ဆာကို မဖြေရှင်းဘူးဆိုရင်တော့ သမိုင်းက စကားပြောသွားလိမ့်မယ်”ဟု ဦးကျော်ဇေယျက ပြောသည်။
လက်ရှိ အနေအထားအရ ဘူးသီးတောင်၊ မောင်တောဒေသတွင် လိမ္မာ၊ ပါးနပ်စွာ ဆက်ဆံပေါင်းသင်းနိုင်သူသာလျှင် နိုင်ငံရေးအရေ ကျောလုံမည့် အနေအထားဖြစ်ကြောင်း ရခိုင်အရေးကျွမ်းကျင်သည့် နိုင်ငံရေး သုတေသီ တစ်ဦးက ဆိုသည်။ “အခုချိန်မှာ အဲဒီနားတဝိုက်မှာ လက်နက်ရှိခြင်း၊ မရှိခြင်းထက် သူတို့က လူအင်အားအရ အရမ်းများပြားနေတာဖြစ်တယ်။ သူတို့ကို လိမ္မာပါးနပ်စွာ ဆက်ဆံပေါင်းသင်းနိုင်တဲ့သူတွေက အဲဒီနေရာအတွက် စိတ်အေးလက်အေးတစ်ခု ခံစားရမယ်။ နိုင်ငံရေးအရ ကျောလုံမယ်။ ကောင်းကောင်းအိပ်ရမယ်။ လိမ္မာပါးနပ်စွာမရှိပဲ ပစ်ခတ်မှု၊ မီးရှို့မှု စသည် ဖြင့် တစ်ခုခု နဲ့ ဆက်ဆံလိုက်မိလို့ငြင်းမရတဲ့ အထောက်အထားနဲ့ဆိုရင် အဖွဲ့အစည်းသော်လည်းကောင်း၊ လူပုဂ္ဂိုလ်သော်လည်းကောင်း ရင်ဆိုင်ရမယ့် ပြဿနာက ကြီးမားပါမယ်။ ဒါကြောင့်မို့လို့ နိုင်ငံရေးအရ ထဲထဲဝင်ဝင် ကျွမ်းကျွမ်းကျင်ကျင်နဲ့ လိမ္မာပါးနပ်မှုက အဓိကကျပြီး လူမျိုးရေး ဦးစားပေးပြီး လုပ်ရင်တော့ မလိုလား၊ မမျှော်မှန်းထားတဲ့ အန္တရာယ်နဲ့ ရင်ဆိုင်ရနိုင်ပါတယ်”ဟု ၎င်းက ဆိုသည်။
zawgyi version
ဘူးသီးေတာင္ျဖစ္စဥ္မွာ AA အတြက္ေျဖရွင္းရန္ခက္ေနသည့္ ပုစာၦတစ္ပုဒ္ ျဖစ္ေနဟုဆို
သုတေက်ာ္ (NP News) - ေမ ၂၄
ရခိုင္ျပည္နယ္၊ ဘူးသီးေတာင္ၿမိဳ႕ျဖစ္စဥ္မွာ AA အထက္ပိုင္းက ေအာက္ေျခ တပ္ဖြဲ႕၏ စည္းကမ္းေဖာက္ဖ်က္မႈကို တာဝန္မယူလိုသည့္ သေဘာအျပင္ ေျဖရွင္းရန္ခက္ေနသည့္ ပုစာၦတစ္ပုဒ္ျဖစ္ေနေၾကာင္း တပ္မေတာ္သားေဟာင္းတစ္ဦးျဖစ္ၿပီး ရန္ကုန္တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္အျဖစ္လည္း တာဝန္ယူခဲ့သူ ဦးေက်ာ္ေဇယ်က NP News ကို သုံးသပ္ေျပာၾကားသည္။
ယခု ေမလ ၁၇ ရက္ ညပိုင္းက ဘူးသီေတာင္ၿမိဳ႕နယ္ရွိ ဘဂၤါလီဒုကၡသည္မ်ား၏ အိမ္မ်ားကို AA က မီးရႈိ႕ခဲ့ေၾကာင္း ႏွင့္ အဆိုပါရက္မတိုင္မီကလည္း ေမလ ၁၈ ရက္၊ နံနက္ ၁၀ နာရီ အတြင္း ဘဂၤါလီအားလုံးၿမိဳ႕ေပၚမွထြက္သြားရန္ အမိန႔္ထုတ္ခဲ့ေၾကာင္း ဘဂၤါလီအေရး လႈပ္ရွားသူမ်ားက ေျပာၾကားထားသည္။
AA အဖြဲ႕မွစစ္သားမ်ားက ဘဂၤါလီမ်ားကို ဥပေဒမဲ့ သတ္ျဖတ္မႈမ်ား က်ဴးလြန္ သည္ဟုဆိုေသာ ကိစၥမ်ားေၾကာင့္ AA က စုံစမ္းစစ္ေဆးေပးရန္ ေတာင္းဆိုမႈမ်ားရွိေနၿပီး AA ဘက္ကလည္း ၎တို႔အေနျဖင့္ ရခိုင္ျပည္နယ္မွ ဘဂၤါလီမ်ားကို ကူညီ ကယ္ဆယ္ေရးမ်ားလုပ္ေနသည္ဟု ထုတ္ျပန္ထားျခင္းမ်ားရွိေနကာ လက္ရွိ ႏိုင္ငံတကာမီဒီယာစာမ်က္ႏွာမ်ားထက္တြင္ AA ႏွင့္ ဘဂၤါလီ အေရးအသံမ်ား တဖန္ထပ္မံထြက္ေပၚလာေနသည္။
“ဘူးသီးေတာင္ ကိစၥကေတာ့ ျဖစ္သြားၿပီးတဲ့ေနာက္ တာဝန္မယူတဲ့သေဘာ ရွိတာေပါ့။ သူတို႔ရဲ႕ မူဝါဒနဲ႔ လြဲေနတယ္ ဆိုတဲ့သေဘာ၊ ျငင္းတဲ့သေဘာေတာ့ ရွိတာေပါ့။ ဒါေပမဲ့ ႐ိုေနဆန္းလြင္လား သူကလည္း တိတိက်က် ေဖာ္ျပထားတာေပါ့။ ေဒသခံရဲ႕သတင္းဇစ္ျမစ္က AA အေနနဲ႔ ျငင္းဖြယ္ရာ မရွိဘူးေလ။ ႏိုင္ငံေရးစကားနဲ႔ဆိုရင္ တာဝန္ယူမႈ၊ တာဝန္ခံမႈေပါ့။ ဒါကေတာ့ ျဖစ္တတ္ပါတယ္။ ကြၽန္ေတာ္လည္း တပ္မေတာ္သားဆိုေတာ့ ေအာက္က တစ္မ်ိဳးျဖစ္တာကို အထက္က သိခ်င္မွသိတာ။ ေျမျပင္တပ္ရဲ႕ အေျခအေနကို အေဝးက တပ္မႉးက သိခ်င္မွသိတာ။ AA မေျပာပါနဲ႔ ကြၽန္ေတာ္တို႔ တပ္မေတာ္မွာေတာင္ စစ္စည္းကမ္းေဖာက္တဲ့ စစ္သည္မ်ားရွိရင္ မေမွ်ာ္မွန္းႏိုင္တဲ့ဟာေတြ ျဖစ္သြားတတ္တာ အမ်ားႀကီးရွိပါတယ္။ ဒါေတာ့ ကြၽန္ေတာ္ ဝန္ခံပါတယ္။ ဘူးသီးေတာင္ ကိစၥမွာဆိုရင္ ေအာက္က AA တပ္ေတြက တကယ္က်ဴးလြန္ပါလိမ့္မယ္။ ဒါကို အေဝးကေန ကြပ္ကဲေနတဲ့ ဆက္သြယ္ေရးစက္နဲ႔ ကြပ္ကဲေနတဲ့ အရာရွိႀကီး အဆင့္ေတြက မသိဘူး။ ဒါကို တာဝန္မယူဘူးျဖစ္ေနတယ္”ဟု ဦးေက်ာ္ေဇယ်က သုံးသပ္ေျပာၾကားသည္။
ေအာက္ေျခတပ္ဖြဲ႕ဝင္မ်ား၏ စည္းကမ္းေဖာက္ဖ်က္မႈကို တာဝန္မယူလိုသည့္ သေဘာျဖစ္ေၾကာင္းလည္း ၎က ဆိုသည္။ “တပ္မေတာ္သည္ပင္လွ်င္ ျဖစ္တတ္တဲ့သေဘာရွိပါတယ္။ အနည္းနဲ႔အမ်ားေတာ့။ AA က ျဖစ္ခဲ့တဲ့ဟာကို တာဝန္ယူ၊ တာဝန္ခံမႈလုပ္ရမယ္။ လူမ်ိဳးေရးအေနနဲ႔ ၾကည့္ရင္လည္း မေကာင္းဘူး။ ႏိုင္ငံတကာကလည္း ဒါကို စိတ္ဝင္တစားၾကည့္ေနတယ္။ AA အေနနဲ႔ေျဖရွင္းဖို႔ ေတာ္ေတာ္ခက္ေနတဲ့ ပုစာၦတစ္ပုဒ္လို႔ ထင္ပါတယ္။ ခက္ခဲတဲ့ပုစာၦကို မေျဖရွင္းဘူးဆိုရင္ေတာ့ သမိုင္းက စကားေျပာသြားလိမ့္မယ္”ဟု ဦးေက်ာ္ေဇယ်က ေျပာသည္။
လက္ရွိ အေနအထားအရ ဘူးသီးေတာင္၊ ေမာင္ေတာေဒသတြင္ လိမၼာ၊ ပါးနပ္စြာ ဆက္ဆံေပါင္းသင္းႏိုင္သူသာလွ်င္ ႏိုင္ငံေရးအေရ ေက်ာလုံမည့္ အေနအထားျဖစ္ေၾကာင္း ရခိုင္အေရးကြၽမ္းက်င္သည့္ ႏိုင္ငံေရး သုေတသီ တစ္ဦးက ဆိုသည္။ “အခုခ်ိန္မွာ အဲဒီနားတဝိုက္မွာ လက္နက္ရွိျခင္း၊ မရွိျခင္းထက္ သူတို႔က လူအင္အားအရ အရမ္းမ်ားျပားေနတာျဖစ္တယ္။ သူတို႔ကို လိမၼာပါးနပ္စြာ ဆက္ဆံေပါင္းသင္းႏိုင္တဲ့သူေတြက အဲဒီေနရာအတြက္ စိတ္ေအးလက္ေအးတစ္ခု ခံစားရမယ္။ ႏိုင္ငံေရးအရ ေက်ာလုံမယ္။ ေကာင္းေကာင္းအိပ္ရမယ္။ လိမၼာပါးနပ္စြာမရွိပဲ ပစ္ခတ္မႈ၊ မီးရႈိ႕မႈ စသည္ ျဖင့္ တစ္ခုခု နဲ႔ ဆက္ဆံလိုက္မိလို႔ျငင္းမရတဲ့ အေထာက္အထားနဲ႔ဆိုရင္ အဖြဲ႕အစည္းေသာ္လည္းေကာင္း၊ လူပုဂၢိဳလ္ေသာ္လည္းေကာင္း ရင္ဆိုင္ရမယ့္ ျပႆနာက ႀကီးမားပါမယ္။ ဒါေၾကာင့္မို႔လို႔ ႏိုင္ငံေရးအရ ထဲထဲဝင္ဝင္ ကြၽမ္းကြၽမ္းက်င္က်င္နဲ႔ လိမၼာပါးနပ္မႈက အဓိကက်ၿပီး လူမ်ိဳးေရး ဦးစားေပးၿပီး လုပ္ရင္ေတာ့ မလိုလား၊ မေမွ်ာ္မွန္းထားတဲ့ အႏၲရာယ္နဲ႔ ရင္ဆိုင္ရႏိုင္ပါတယ္”ဟု ၎က ဆိုသည္။