တစ်နှစ်ကို ကလေး သန်း (၃၀၀)ကျော် အွန်လိုင်းမှလိင်ပိုင်းဆိုင်ရာ စော်ကားမှုများ ကြုံတွေ့နေရတယ်လို့ လေ့လာမှုတစ်ခုထွက်ရှိ
525
ရောင်နီ (NP News) - မေ ၂၈
တစ်ကမ္ဘာလုံး၌ တစ်နှစ်ကို ကလေး သန်း ၃၀၀ ကျော် အွန်လိုင်း လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခြင်းနဲ့ အလွဲသုံးစားပြုခြင်းရဲ့သားကောင်တွေ ဖြစ်နေရတယ်လို့ မေလ ၂၇ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ သုတေသန စာတမ်းအရ သိရပါတယ်။
အဆိုပါ သုတေသနစာတမ်းဟာ ကလေးရှစ်ဦးမှာ တစ်ဦးနှုန်းလိင်ပိုင်းဆိုင်ရာ ရုပ်ပုံတွေနဲ့ ဗီဒီယိုတွေရဲ့ သားကောင်ဖြစ်ခဲ့ရပြီး အဲဒီပမာဏဟာ တစ်ကမ္ဘာလုံးနဲ့ချီရင် ၃၀၂ သန်းခန့်ရှိတယ်လို့ လေ့လာမှုကို ဆောင်ရွက်ခဲ့တဲ့ Edinburgh တက္ကသိုလ် Childlight Global Child Safety Institute က ပြောကြားခဲ့ပါတယ်။ မလိုလားအပ်တဲ့ လိင်ဆက်ဆံခြင်း၊ အရွယ်ရောက်ပြီးသူနဲ့ အခြားလူငယ်များ လိင်ပိုင်းဆိုင်ရာပြုမူမှုတွေပြုလုပ်ဖို့ တောင်းဆိုခြင်းစတဲ့ မြှူဆွယ်တဲ့ အရေအတွက်တွေလည်း အလားတူ ဖြစ်ပွားခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ လိင်ပိုင်းဆိုင်ရာ စော်ကားမှုလို့ ခေါ်တဲ့ ပြစ်မှုတွေမှာ ကလေးတွေရဲ့ မျက်နှာပုံတွေနဲ့ AI အသုံးပြု အတုအယောင် ဗီဒီယိုများ၊ ပုံများဖန်တီးခြင်းတို့ ပါဝင်ပါတယ်။
သုတေသနပြုချက်တွေအရ အမေရိကန်နိုင်ငံဟာ အထူးသဖြင့် ဒီကိစ္စနဲ့ပတ်သက်ပြီး အန္တရာယ်များတဲ့ ဒေသဖြစ်နေတယ်လို့ ဆိုပါတယ်။ အထူးသဖြင့် ဆယ်ကျော်သက်အရွယ် ယောက်ျားလေးတွေမှာ အွန်လိုင်းမှာစော်ကားခံရမှုတွေ ကမ္ဘာတစ်ဝှမ်း တိုးလာနေတယ်လို့ သိရပါတယ်။
zawgyi version
တစ္ႏွစ္ကို ကေလး သန္း (၃၀၀)ေက်ာ္ အြန္လိုင္းမွလိင္ပိုင္းဆိုင္ရာ ေစာ္ကားမႈမ်ား ႀကဳံေတြ႕ေနရတယ္လို႔ ေလ့လာမႈတစ္ခုထြက္ရွိ
ေရာင္နီ (NP News) - ေမ ၂၈
တစ္ကမာၻလုံး၌ တစ္ႏွစ္ကို ကေလး သန္း ၃၀၀ ေက်ာ္ အြန္လိုင္း လိင္ပိုင္းဆိုင္ရာ အျမတ္ထုတ္ျခင္းနဲ႔ အလြဲသုံးစားျပဳျခင္းရဲ႕သားေကာင္ေတြ ျဖစ္ေနရတယ္လို႔ ေမလ ၂၇ ရက္ေန႔က ထုတ္ျပန္ခဲ့တဲ့ သုေတသန စာတမ္းအရ သိရပါတယ္။
အဆိုပါ သုေတသနစာတမ္းဟာ ကေလးရွစ္ဦးမွာ တစ္ဦးႏႈန္းလိင္ပိုင္းဆိုင္ရာ ႐ုပ္ပုံေတြနဲ႔ ဗီဒီယိုေတြရဲ႕ သားေကာင္ျဖစ္ခဲ့ရၿပီး အဲဒီပမာဏဟာ တစ္ကမာၻလုံးနဲ႔ခ်ီရင္ ၃၀၂ သန္းခန႔္ရွိတယ္လို႔ ေလ့လာမႈကို ေဆာင္႐ြက္ခဲ့တဲ့ Edinburgh တကၠသိုလ္ Childlight Global Child Safety Institute က ေျပာၾကားခဲ့ပါတယ္။ မလိုလားအပ္တဲ့ လိင္ဆက္ဆံျခင္း၊ အ႐ြယ္ေရာက္ၿပီးသူနဲ႔ အျခားလူငယ္မ်ား လိင္ပိုင္းဆိုင္ရာျပဳမူမႈေတြျပဳလုပ္ဖို႔ ေတာင္းဆိုျခင္းစတဲ့ ျမႇဴဆြယ္တဲ့ အေရအတြက္ေတြလည္း အလားတူ ျဖစ္ပြားခဲ့တယ္လို႔ အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။ လိင္ပိုင္းဆိုင္ရာ ေစာ္ကားမႈလို႔ ေခၚတဲ့ ျပစ္မႈေတြမွာ ကေလးေတြရဲ႕ မ်က္ႏွာပုံေတြနဲ႔ AI အသုံးျပဳ အတုအေယာင္ ဗီဒီယိုမ်ား၊ ပုံမ်ားဖန္တီးျခင္းတို႔ ပါဝင္ပါတယ္။
သုေတသနျပဳခ်က္ေတြအရ အေမရိကန္ႏိုင္ငံဟာ အထူးသျဖင့္ ဒီကိစၥနဲ႔ပတ္သက္ၿပီး အႏၲရာယ္မ်ားတဲ့ ေဒသျဖစ္ေနတယ္လို႔ ဆိုပါတယ္။ အထူးသျဖင့္ ဆယ္ေက်ာ္သက္အ႐ြယ္ ေယာက္်ားေလးေတြမွာ အြန္လိုင္းမွာေစာ္ကားခံရမႈေတြ ကမာၻတစ္ဝွမ္း တိုးလာေနတယ္လို႔ သိရပါတယ္။