အိပ်မက်ထဲက လမ်းမကြီး သို့မဟုတ် ရန်ကုန်- စစ်တွေ ခရီး

 407

သုတကျော် (NP News) - ဖေဖော်ဝါရီ ၅

လွန်ခဲ့သောကာလတစ်ခုအထိ ရန်ကုန်- စစ်တွေလမ်းမကြီးသည် ခရီးသည်များ အားကိုးအား ထားပြုရာ၊ ကုန်စည်စီးဆင်းရာ လမ်းမကြီးတစ်ခုဖြစ်ခဲ့ သည်။ မြန်မာနိုင်ငံ၏ စီးပွားရေးအချက်အချာ မြို့တော်ဖြစ်သည့်ရန်ကုန်မြို့နှင့် ရခိုင်ပြည်နယ်၏မြို့တော် စစ်တွေမြို့တို့ချိတ်ဆက်ရာတွင် အဓိက ကျသည့် လမ်းမကြီးတစ်ခုဖြစ်သည်။

အဆိုပါလမ်းမကြီး ပေါ်ပေါက်သည်ကပင် ရခိုင်ပြည်နယ်မြောက်ပိုင်းအတွက် အိပ်မက်တစ်ခုပမာ ဖြစ်ခဲ့သည်။ လမ်းမကြီးသည် လွယ်လွယ်ကူကူ ပေါ်ပေါက်လာခြင်းတော့ မဟုတ်ပါ။ အင်ဂျင်နီယာများ အခက်အခဲမျိုးစုံကြုံကြရသည်။ ရသည့်နည်းဖြင့် လမ်းမကြီးကိုဖောက်လုပ်ခဲ့ကြရသည်။ ရခိုင်ပြည်နယ် သည် မြစ်ချောင်းပေါများ သည့်အတွက် လမ်းမကြီး ဖြတ်သန်းရာနေရာတစ် လျှောက်တွင် တံတားများ စွာထိုးရသည်။ ရာမောင် တံတား၊ ကစ္စပနဒီတံတား၊ ဒလက်ချောင်းတံတား၊ မြောင်းဘွေတံတား၊ မင်း ချောင်းတံတား စသည်ဖြင့် တံတားရှည်ကြီးများမှသည် အလတ်စားတံတား၊ အသေးစားတံတားများအထိ တံတားများစွာကိုလည်း ဖောက်လုပ်ခဲ့ကြရသည်။

“အဲဒီတုန်းက အခက်အခဲတွေက မျိုးစုံပဲ။ ရိုးမပေါ်လမ်းဖောက်တုန်းကဆို လမ်းဆိုက်ထဲ တောင် ပေါ်က ဝက်ဝံဆင်းလာတာတွေရောစုံလို့ပဲ။ အခက်အခဲတွေကြားထဲက အင်တိုက်အားတိုက်နဲ့လုပ်ခဲ့ကြ တာ။ လမ်းပြီးတော့လည်း ပြင်ထိန်းတွေက ခဏခဏလုပ်ခဲ့ကြရသေးတာ” ဟု ရန်ကုန်-စစ်တွေ လမ်း ဖောက်စဉ် ပါဝင်ခဲ့သော အငြိမ်းစားအင်ဂျင်နီယာတစ်ဦးက အမှတ်တရကို ပြန်ပြောင်းပြောပြသည်။ လမ်းမကြီးပေါ်ပေါက်ပြီးနောက် ဒေသခံများ၏ လူမှုစီးပွားဘဝများတိုးတက်ရေးအတွက် တိုက် ရိုက် အကျိုးသက်ရောက်မှုရှိခဲ့သည်။ လမ်းဘေး၊ ဝဲယာ ဒေသများ၊ ယင်းဒေသများနှင့် ချိတ်ဆက်နေသည့်နေရာများအတွက် စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးမှာ များစွာ တိုးတက်သွားခဲ့သည်။

“ကျန်းမာရေးဆိုရင်လည်း လမ်းပေါက်တော့ မြန်မြန်သွားနိုင်တယ်။ စီးပွားရေးဆိုရင် ထမင်းဆိုင် တွေပဲ ကြည့်မလား၊ ဒါမှမဟုတ် ကုန်သွယ်ရေးပဲ ကြည့်မလား အဘက်ဘက်က တိုးတက်ခဲ့တယ်။ ဒါက လမ်းမကြီးတစ်ခုပေါ်လာခဲ့တဲ့အကျိုးကို ခံစားရတာပေါ့"ဟု စစ်ဘေးကြောင့် အမ်းမြို့မှတိမ်းရှောင် လာခဲ့သူတစ်ဦးက ဆိုသည်။ ရခိုင်ပြည်နယ်အတွင်းက မြို့များဖြစ်သော ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား စသည်ဖြင့် မြို့များကို ဖြတ်သန်းသွားခြင်းဖြစ်ပြီး ထိုမှ တစ်ဆင့် အမ်းမြို့ကိုကျော်၊ ရခိုင်ရိုးမကိုဖြတ်သန်း ကာ မကွေးတိုင်းအတွင်း ဝင်သည်။

လမ်းမကြီးသည် ရခိုင်ပြည်နယ်အတွက် အသက်သွေးကြောတစ်ခုဟုပင် ဆိုလိုကဆိုနိုင်သည်။ အဘယ်ကြောင့်ဆိုသော် ရခိုင်ပြည်နယ်သို့ ရေကြောင်းမှ ကုန်စည်ဝင်သကဲ့သို့ အထက်ပါ လမ်းမကြီးမှ လည်း ကုန်တင်ကားများဖြင့် ကုန်စည်များဝင်သည်။ ယခင်က အထက်ပါလမ်းမကြီးတွင် ပျက်စီးသည့် နေရာများရှိခဲ့သည်။ သို့သော် ပြုပြင်ရင်း သုံး ရင်း၊ ပြန်လည်မွမ်းမံ အဆင့်မြှင့်တင်မှုများလုပ်ရင်းဖြင့် နောက်ပိုင်းကာလတွင် လမ်းမကြီးမှာ ယခင်ထက် ပိုမိုကောင်းလာခဲ့ပြီး ခရီးသွားချိန်လည်း တိုလာခဲ့သည်။

“အရင်ကာလတွေတုန်းကဆိုရင် မိုးရာသီ တို့ဘာတို့ကျ တောင်ပြိုတာတွေ ဘာတွေရှိတယ်။ တစ်ခါတလေဆို လမ်းမှာတင် သုံးလေးရက်၊ တစ်ခါ တလေ ဆိုးတယ်ဆို တစ်ပတ်လောက်တောင် ကြာသွားတာတွေရှိတယ်။ နောက်ပိုင်းတော့ တဖြည်းဖြည်း အဆင့်မြှင့်တင်ရင်းလမ်းက ပိုကောင်းလာတယ်။ အခုဆို နာရီနဲ့တွက်ရင်တောင် အမြန်ဆုံး (၁၅) နာရီလောက်အထိပေါ့။ ဒီနေ့မနက် ရန်ကုန်က ထွက်၊ နောက်နေ့ဆို ရခိုင်ပြည်နယ်ထဲရောက်တဲ့အထိ တိုး တက်လာခဲ့တာ”ဟု ရခိုင်တိုင်းရင်းသားတစ်ဦးက ဆိုသည်။

လမ်းမကြီးနှင့်ပတ်သက်၍ ရခိုင်သီချင်းများတွင်ပင် တွေ့နိုင်သေးသည်။ ဥပမာအားဖြင့် ရခိုင် တိုင်းရင်းသားအဆိုတော် ကိုသန်းမောင်၏ “ကိုယ့်ပြည်ကို ပြန်မေ” အမည်ရှိ ရခိုင်သီချင်းတွင် “ကိုယ့် ပြည်ကို ပြန်မေ ပြန်မေ၊ ရိုးတောင်ကို ကျော်မေ ကျော်မေ” ဆိုသည်မှာ ရန်ကုန်-စစ်တွေ လမ်းမကြီးကို အသုံးပြုကာ ရခိုင်ရိုးမကိုဖြတ်သန်းပြီး ရခိုင်ပြည်နယ်သို့ အပြန်ခရီးကို ထုံမွှမ်းထားခြင်းဖြစ်သည်။

ရန်ကုန်-စစ်တွေလမ်းကြီးတွင် ငြိမ်းချမ်းစဉ်အခါက ရခိုင်တိုင်းရင်းသားများသာမက တိုင်းရင်း သားလူမျိုးပေါင်းစုံ အသုံးပြုခဲ့ကြခဲ့သည်။ လမ်းမကောင်းစဉ်အခါက ရိုးရိုး ခရီးသည်တင်အဝေးပြေး ကားများအခြေအနေဆီမှသည် အဆင့်မြင့် ခရီးသည်တင်ကားများခေတ်အထိ လမ်းမကြီးသည် ခေတ်နှင့် အညီ လိုက်လျောညီထွေ ပြောင်းလဲကောင်းမွန်လာခဲ့သည်။

သို့သော် အချိန်များက ရုတ်တရက် နောက်ပြန်ဆုတ်သွားခဲ့သည်။ AA အဖွဲ့က ရခိုင် ပြည်နယ်တွင် တိုက်ပွဲများစတင်ဖော်ဆောင်ပြီးနောက် လမ်းမကြီးတွင် ကားများသွားလာရာ၌ မလုံခြုံမှုစဖြစ်သည်။ ထို့ပြင် ပြတ်တောင်းပြတ်တောင်း လမ်းပိတ်ခြင်းများလည်းရှိခဲ့သည်။

ခရီးသည်တင်ကားများကို AA က စစ်ဆေးမှုများလုပ်လာခဲ့သည်။ ယခင်ကကဲ့သို့ ခရီးသည် များအတွက် တစ်ဖြောင့်တည်း ခရီးသွားလာရခြင်းမျိုး မဟုတ်တော့။ လမ်းပိုင်းတွင် စိုးရိမ်မှုအရိပ်က စတင် ဖုံးလွှမ်းလာခဲ့သည်။ ယခုနောက်ပိုင်းကာလတွင်မူ တိုက်ပွဲများကြောင့် ရန်ကုန်-စစ်တွေလမ်းမကြီးမှာ လုံးဝပိတ်သွားခဲ့ပြီ။

လက်ရှိ ရခိုင်ပြည်နယ်အတွင်းက စစ်တွေ မြို့၊ ကျောက်ဖြူမြို့နှင့် မာန်အောင်မြို့တို့ကို အစိုးရက အပြည့်အဝထိန်းချုပ်ထားသည်။ အဆိုပါမြို့များအနက် စစ်တွေမြို့ တစ်မြို့တည်းသာ ရန်ကုန်- စစ်တွေ လမ်းနှင့်ထိစပ်နေပြီး ကျန်မြို့များမှာ အဆိုပါလမ်းပိုင်း နှင့် ထိစပ်ခြင်းမရှိပေ။ လက်ရှိတွင် လုံခြုံရေး အခြေအနေအရ စစ်တွေမြို့နယ်မှ အသွားအလာကန့်သတ်ထားကြောင်း ဒေသခံများထံမှသိရသည်။ ကျန်လမ်းပိုင်းများမှာမူ AA ထိန်းချုပ်ရာမြို့များကို ဖြတ်သန်းသွားသည်ဖြစ်ရာ လမ်းမကြီးမှာ လုံးဝ အသုံးပြုမရတော့သည့်အခြေအနေသို့ ဆိုက်ရောက်သွားခဲ့သည်။

“ အရင်ကတော့ ကားခက နှစ်သောင်းကျော် ကျော်လောက်ပဲ ရှိတာပေါ့။ နောက်ပိုင်းတော့ တိုက်ပွဲတွေဘာတွေဖြစ်လာတော့ ကားခဈေးက တက်လာလိုက်တာ မပိတ်ခင်ကာလအထိဆို လေး သောင်းကျော်၊ ငါးသောင်း နီးပါးလောက်အထိ ဖြစ်သွားတယ်” ဟု ရခိုင်တိုင်းရင်းသားတစ်ဦးက ဆိုသည်။

ယခုအခါ AA က ထိန်းချုပ်ရာမြို့များကို ဖြတ်သန်းသွားသည့် ရန်ကုန်-စစ်တွေ လမ်းပိုင်းနေရာ များကို ဖြတ်သန်းသွားလာခွင့်ပေးပါ၏။ NP News က စုံစမ်းရရှိထားသည့် အချက်အလက်များအရ ပုဏ္ဏားကျွန်းမြို့မှ မင်းပြားမြို့အထိ ကောင်းစွာသွားလာခွင့်ရသည်ဟုသိရသည်။ သို့သော် စစ်ဆေးမှုများက များသည်။ ပြည်နယ်အဆင့် လမ်းမကြီးတစ်ခုမှသည် ဒေသအတွင်းလမ်းတစ်ခုအသွင် လျော့ကျသွားခဲ့ပြီ။ မင်းပြားမြို့အကျော် အမ်းမြို့အထိ လမ်းပိုင်းကိုမူ ကောင်းစွာ ဖွင့်ပေးခြင်းမရှိသေးပေ။ အထက်ပါ လမ်းပိုင်းများတွင် ယခင်က စိတ်အေးသက်သာစွာ သွားခဲ့ရသောအခြေအနေမှာ လက်ရှိတွင် ဟုတ်ပင်၊ ဟုတ်ပါမည်လောဟု မေးခွန်းထုတ်ဖွယ်ရာ အခြေအနေပင် ဆိုက်သွားခဲ့သည်။ ယခင်ကဲ့သို့ ကုန်တင်ကားများမရှိတော့။ ခရီးသည်တင်ကားများ ဥဒဟို သွားလာခြင်းလည်း မရှိတော့။ ပိုဆိုးသည်က ယခင်ကကဲ့သို့ ရန်ကုန်အထိပင် အထက်ပါလမ်းမကြီးက မပေါက်တော့ပေ။

“အခုကတော့ ဒီလိုပဲ သွားသတိ လာသတိနဲ့ သွားလာရတာပေါ့။ စစ်တဲ့ဂိတ်တွေဆိုရင်လည်း ဘယ်သွားမှာလဲ ဘာညာနဲ့ AA ဂိတ်တွေကစစ်တယ်။ ကျွန်တော်သိသလောက်တော့ ပုဏ္ဏားကျွန်းကနေ သွားမယ်ဆို မင်းပြားအထိ အနည်းဆုံး တစ်မြို့ကို AA တစ်ဂိတ်တော့ ဖြတ်ရမယ်ထင်တယ်။ နောက်ဆုံး အခြေအနေပေါ့” ဟု အထက်ပါ ရခိုင်တိုင်းရင်းသားက ဆိုသည်။

သို့ဆိုလျှင် ရခိုင်ပြည်နယ်သို့ဝင်ရာ လမ်းပေါက်မရှိတော့ဟု ထင်စရာရှိသည်။ မဟုတ်ပါ။ ရခိုင် ပြည်နယ်တောင်ပိုင်းဖြစ်သည့် တောင်ကုတ်၊ သံတွဲ ဘက်သို့ ယခင်က ပန်းတောင်း-တောင်ကုတ်လမ်းကို အသုံးပြုကာ ဝင်ရောက်နိုင်သည်။ အထက်ပါလမ်းအတိုင်း တောင်ကုတ်ဘက်အထိသွားပြီးနောက် ရေ ကြောင်းမှ ကွေ့ဝိုက်ကာ ရခိုင်ပြည်နယ်မြောက်ပိုင်းက အထက်ပါ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏား ကျွန်း၊ မင်းပြား၊ မြောက်ဦး၊ မြေပုံ၊ ပေါက်တော၊ စစ်တွေ စသည်ဖြင့် မြို့များသို့ တစ်ကွေ့တစ်ပတ် ပြန် သွားရသည်။ သို့သော် ယခုတော့ တိုက်ပွဲများကြောင့် အထက်ပါလမ်းပိုင်းကို သုံးသူမရှိသလောက်ပင် ဖြစ်သွားပေပြီ။

ဧရာဝတီတိုင်းဒေသကြီးဘက်မှ ကွေ့ပတ်ကာ ဂွဘက်သို့သွားပြီး အဆိုပါ မြို့နယ်ဘက်ခြမ်းမှ ရေကြောင်းဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်းသို့ ပြန်ထွက်နိုင်သောလမ်းလည်းရှိသည်။ သို့သော် ယခုတော့ အထက်ပါလမ်းလည်း ပိတ်နေပြီဖြစ်သည်။ တစ်ဖန် လေကြောင်းဖြင့် မသွားနိုင်ပြီလောဟု မေးခွန်းထုတ်စရာရှိသည်။ ရခိုင်ပြည်နယ်တွင် စစ်တွေမြို့နှင့် ကျောက်ဖြူမြို့တို့၌ လေယာဉ်ကွင်းများရှိရာ အချို့က ကျောက်ဖြူအထိ လေယာဉ်စီးပြီး ထိုမှတစ်ဆင့် ရေကြောင်းမှ ကွေ့ပတ်သွားခြင်းလည်းရှိသည်။ ရေကြောင်းခရီးအတွက် ကုန်ကျငွေက လည်း မြင့်သည်။ လေယာဉ်စားရိတ်ကလည်း မြင့်သည်။

“ ရေကြောင်းက သွားရင် AA ဘက်က အထုပ်တစ်ထုပ် လူတစ်ယောက် အဲဒီလိုမျိုး လက်ခံ တယ်လို့သိရတယ်။ ဒါပေမဲ့ စစ်ဆေးတာကတော့ အရမ်းတင်းကြပ်တယ်။ အထုပ်ဖောက်စစ်တာတွေ ဘာတွေအထိ ရှိတယ်လို့သိရတယ်” ဟု လမ်းကြောင်းအခြေအနေကိုသိရှိသူ ရခိုင်တိုင်းရင်းသား တစ်ဦးက ဆိုသည်။ တစ်ဖန် မကွေးတိုင်းဘက်မှ တောင်တက် တောင်ဆင်းလမ်းများအတိုင်း ရခိုင်ပြည်နယ်ဘက် ဝင်သောလမ်းလည်း ရှိသည်။ လမ်းလျှောက်ရသည်။ ရက်ကြာသည်။ တစ်ပတ်၊ ဆယ်ရက်ခန့် ကြာနိုင် သည်။ အဆိုပါလမ်းပိုင်းမှ သွားလာသူများလည်းရှိပြီး ယင်းအတွက် ကုန်ကျငွေမှာ ကျပ်ဆယ်သိန်းနှင့် သိန်းနှစ်ဆယ်ကြားရှိကြောင်း သိရသည်။

လမ်းပြကခေါ်ဆောင်သည့်နောက် လိုက်ရခြင်းဖြစ်ပြီး ငွေပေးထားပြီးမှ လိမ်ပြေးခြင်းများလည်း ရှိသည်။ ယခုနောက်ဆုံးသိရသည့် လမ်းကြောင်းတစ်ခုမှာ ချင်းပြည်နယ် ပလက်ဝဘက်ကပြန်ဝင်သော လမ်းကြောင်းတစ်ခုဖြစ်သည်။ ယင်းလမ်းကြောင်း မှာလည်း အထက်ပါလမ်းနှင့် အတူတူပင်။ ယခင်က ငွေသောင်းဂဏန်းဖြင့် လိုရာရောက်သောခရီးမှသည် ယခုအခါ သိန်းဆယ်ချီပေးရသည့်တိုင် အာမခံချက် မရှိသောအခြေအနေသို့ ဆိုက်ရောက်သွားသည်။ လမ်းကောင်းကောင်းဖြင့်သွားလာခဲ့သောကာလသည် အိပ်မက်တစ်ခုသဖွယ် ဖြစ်သွားခဲ့ပြီ။

“ အဲဒီလမ်းတွေကတော့ အာမခံချက်တော့ မရှိဘူးပေါ့။ ဒီလိုပဲသွားနေကြတာပဲ။ လမ်းတွေက တော့ ဒီလိုပဲ ရှာဖွေပြီး အဝင်အထွက်တော့ရှိနေတယ်။ ဒါပေမဲ့ လမ်းပိုင်းလုံခြုံမှုက လုံးဝကို အာမခံချက် မရှိဘူးလို့ပြောရမယ့် အနေအထားကိုဆိုက်ရောက်သွားတာပေါ့။ လမ်းတိုတဲ့ခရီးတွေ ဘာတွေလည်းရှိ နိုင်ပါသေးတယ်။ ရန်ကုန်-စစ်တွေလမ်းကို သုံးမရတော့ သုံးလို့ရတဲ့လမ်းပေါ်မူတည်ပြီး ရခိုင်ပြည်နယ်ထဲ ဝင်ဖို့ကို ကြိုးစားသွားလာနေကြတာ” ဟု အထက်ပါ ဒေသခံကဆိုသည်။

ယခင်က တိုင်းရင်းသားလူမျိုးမရွေးသွား လာခဲ့သည်ဆိုသော ရန်ကုန်-စစ်တွေလမ်းမကြီး၏ အတိတ်သည် ယခုအခါ မှေးမှိန်နေလေပြီ။ ယင်းလမ်း ပိုင်းကိုမဆိုထားနှင့်။ အထက်ပါ တောတွင်းလမ်း များမှ ဖြတ်သန်းသွားလာမည်ဟုတွေးလျှင်ပင် ရခိုင်တိုင်းရင်းသားမဟုတ်ဘဲ အခြား ဗမာကဲ့သို့ တိုင်း ရင်းသား အချို့အတွက် လုံခြုံမှုက ပို၍ စိုးရိမ်ဖွယ်ကောင်းသည်။ အကြောင်းပြချက်တစ်စုံတစ်ရာမရှိဘဲ နေရာတွင်ပင် အသက်ပျောက်သွားခြင်းမျိုးလည်း ရှိနိုင်သည်။

ရန်ကုန်-စစ်တွေလမ်းမကြီးသည် ယခုတော့ အိပ်ပျော်နေသောနဂါးတစ်ကောင်သဖွယ် ငြိမ်သက် နေခဲ့ပြီ။ ၎င်း၏ကိုယ်ပေါ်တွင်မူ အကျိုးစီးပွားများအစား ပြည်သူများ၏အပူများသာတင် ကျန်နေခဲ့လေ ပြီ။ စစ်ကား ရန်ကုန်-စစ်တွေလမ်းနှင့်အတူ ဒေသခံတို့၏အကျိုးစီးပွားများအားလုံးကို သိမ်းပိုက်သွားခဲ့ လေသည်။

zawgyi version
အိပ္မက္ထဲက လမ္းမႀကီး သို႔မဟုတ္ ရန္ကုန္- စစ္ေတြ ခရီး
သုတေက်ာ္ (NP News) - ေဖေဖာ္ဝါရီ ၅

လြန္ခဲ့ေသာကာလတစ္ခုအထိ ရန္ကုန္- စစ္ေတြလမ္းမႀကီးသည္ ခရီးသည္မ်ား အားကိုးအား ထားျပဳရာ၊ ကုန္စည္စီးဆင္းရာ လမ္းမႀကီးတစ္ခုျဖစ္ခဲ့ သည္။ ျမန္မာႏိုင္ငံ၏ စီးပြားေရးအခ်က္အခ်ာ ၿမိဳ႕ေတာ္ျဖစ္သည့္ရန္ကုန္ၿမိဳ႕ႏွင့္ ရခိုင္ျပည္နယ္၏ၿမိဳ႕ေတာ္ စစ္ေတြၿမိဳ႕တို႔ခ်ိတ္ဆက္ရာတြင္ အဓိက က်သည့္ လမ္းမႀကီးတစ္ခုျဖစ္သည္။

အဆိုပါလမ္းမႀကီး ေပၚေပါက္သည္ကပင္ ရခိုင္ျပည္နယ္ေျမာက္ပိုင္းအတြက္ အိပ္မက္တစ္ခုပမာ ျဖစ္ခဲ့သည္။ လမ္းမႀကီးသည္ လြယ္လြယ္ကူကူ ေပၚေပါက္လာျခင္းေတာ့ မဟုတ္ပါ။ အင္ဂ်င္နီယာမ်ား အခက္အခဲမ်ိဳးစုံႀကဳံၾကရသည္။ ရသည့္နည္းျဖင့္ လမ္းမႀကီးကိုေဖာက္လုပ္ခဲ့ၾကရသည္။ ရခိုင္ျပည္နယ္ သည္ ျမစ္ေခ်ာင္းေပါမ်ား သည့္အတြက္ လမ္းမႀကီး ျဖတ္သန္းရာေနရာတစ္ ေလွ်ာက္တြင္ တံတားမ်ား စြာထိုးရသည္။ ရာေမာင္ တံတား၊ ကစၥပနဒီတံတား၊ ဒလက္ေခ်ာင္းတံတား၊ ေျမာင္းေဘြတံတား၊ မင္း ေခ်ာင္းတံတား စသည္ျဖင့္ တံတားရွည္ႀကီးမ်ားမွသည္ အလတ္စားတံတား၊ အေသးစားတံတားမ်ားအထိ တံတားမ်ားစြာကိုလည္း ေဖာက္လုပ္ခဲ့ၾကရသည္။

“အဲဒီတုန္းက အခက္အခဲေတြက မ်ိဳးစုံပဲ။ ႐ိုးမေပၚလမ္းေဖာက္တုန္းကဆို လမ္းဆိုက္ထဲ ေတာင္ ေပၚက ဝက္ဝံဆင္းလာတာေတြေရာစုံလို႔ပဲ။ အခက္အခဲေတြၾကားထဲက အင္တိုက္အားတိုက္နဲ႔လုပ္ခဲ့ၾက တာ။ လမ္းၿပီးေတာ့လည္း ျပင္ထိန္းေတြက ခဏခဏလုပ္ခဲ့ၾကရေသးတာ” ဟု ရန္ကုန္-စစ္ေတြ လမ္း ေဖာက္စဥ္ ပါဝင္ခဲ့ေသာ အၿငိမ္းစားအင္ဂ်င္နီယာတစ္ဦးက အမွတ္တရကို ျပန္ေျပာင္းေျပာျပသည္။ လမ္းမႀကီးေပၚေပါက္ၿပီးေနာက္ ေဒသခံမ်ား၏ လူမႈစီးပြားဘဝမ်ားတိုးတက္ေရးအတြက္ တိုက္ ႐ိုက္ အက်ိဳးသက္ေရာက္မႈရွိခဲ့သည္။ လမ္းေဘး၊ ဝဲယာ ေဒသမ်ား၊ ယင္းေဒသမ်ားႏွင့္ ခ်ိတ္ဆက္ေနသည့္ေနရာမ်ားအတြက္ စီးပြားေရး၊ လူမႈေရး၊ က်န္းမာေရးမွာ မ်ားစြာ တိုးတက္သြားခဲ့သည္။

“က်န္းမာေရးဆိုရင္လည္း လမ္းေပါက္ေတာ့ ျမန္ျမန္သြားႏိုင္တယ္။ စီးပြားေရးဆိုရင္ ထမင္းဆိုင္ ေတြပဲ ၾကည့္မလား၊ ဒါမွမဟုတ္ ကုန္သြယ္ေရးပဲ ၾကည့္မလား အဘက္ဘက္က တိုးတက္ခဲ့တယ္။ ဒါက လမ္းမႀကီးတစ္ခုေပၚလာခဲ့တဲ့အက်ိဳးကို ခံစားရတာေပါ့"ဟု စစ္ေဘးေၾကာင့္ အမ္းၿမိဳ႕မွတိမ္းေရွာင္ လာခဲ့သူတစ္ဦးက ဆိုသည္။ ရခိုင္ျပည္နယ္အတြင္းက ၿမိဳ႕မ်ားျဖစ္ေသာ ပုဏၰားကြၽန္း၊ ေက်ာက္ေတာ္၊ ေျမာက္ဦး၊ မင္းျပား စသည္ျဖင့္ ၿမိဳ႕မ်ားကို ျဖတ္သန္းသြားျခင္းျဖစ္ၿပီး ထိုမွ တစ္ဆင့္ အမ္းၿမိဳ႕ကိုေက်ာ္၊ ရခိုင္႐ိုးမကိုျဖတ္သန္း ကာ မေကြးတိုင္းအတြင္း ဝင္သည္။

လမ္းမႀကီးသည္ ရခိုင္ျပည္နယ္အတြက္ အသက္ေသြးေၾကာတစ္ခုဟုပင္ ဆိုလိုကဆိုႏိုင္သည္။ အဘယ္ေၾကာင့္ဆိုေသာ္ ရခိုင္ျပည္နယ္သို႔ ေရေၾကာင္းမွ ကုန္စည္ဝင္သကဲ့သို႔ အထက္ပါ လမ္းမႀကီးမွ လည္း ကုန္တင္ကားမ်ားျဖင့္ ကုန္စည္မ်ားဝင္သည္။ ယခင္က အထက္ပါလမ္းမႀကီးတြင္ ပ်က္စီးသည့္ ေနရာမ်ားရွိခဲ့သည္။ သို႔ေသာ္ ျပဳျပင္ရင္း သုံး ရင္း၊ ျပန္လည္မြမ္းမံ အဆင့္ျမႇင့္တင္မႈမ်ားလုပ္ရင္းျဖင့္ ေနာက္ပိုင္းကာလတြင္ လမ္းမႀကီးမွာ ယခင္ထက္ ပိုမိုေကာင္းလာခဲ့ၿပီး ခရီးသြားခ်ိန္လည္း တိုလာခဲ့သည္။

“အရင္ကာလေတြတုန္းကဆိုရင္ မိုးရာသီ တို႔ဘာတို႔က် ေတာင္ၿပိဳတာေတြ ဘာေတြရွိတယ္။ တစ္ခါတေလဆို လမ္းမွာတင္ သုံးေလးရက္၊ တစ္ခါ တေလ ဆိုးတယ္ဆို တစ္ပတ္ေလာက္ေတာင္ ၾကာသြားတာေတြရွိတယ္။ ေနာက္ပိုင္းေတာ့ တျဖည္းျဖည္း အဆင့္ျမႇင့္တင္ရင္းလမ္းက ပိုေကာင္းလာတယ္။ အခုဆို နာရီနဲ႔တြက္ရင္ေတာင္ အျမန္ဆုံး (၁၅) နာရီေလာက္အထိေပါ့။ ဒီေန႔မနက္ ရန္ကုန္က ထြက္၊ ေနာက္ေန႔ဆို ရခိုင္ျပည္နယ္ထဲေရာက္တဲ့အထိ တိုး တက္လာခဲ့တာ”ဟု ရခိုင္တိုင္းရင္းသားတစ္ဦးက ဆိုသည္။

လမ္းမႀကီးႏွင့္ပတ္သက္၍ ရခိုင္သီခ်င္းမ်ားတြင္ပင္ ေတြ႕ႏိုင္ေသးသည္။ ဥပမာအားျဖင့္ ရခိုင္ တိုင္းရင္းသားအဆိုေတာ္ ကိုသန္းေမာင္၏ “ကိုယ့္ျပည္ကို ျပန္ေမ” အမည္ရွိ ရခိုင္သီခ်င္းတြင္ “ကိုယ့္ ျပည္ကို ျပန္ေမ ျပန္ေမ၊ ႐ိုးေတာင္ကို ေက်ာ္ေမ ေက်ာ္ေမ” ဆိုသည္မွာ ရန္ကုန္-စစ္ေတြ လမ္းမႀကီးကို အသုံးျပဳကာ ရခိုင္႐ိုးမကိုျဖတ္သန္းၿပီး ရခိုင္ျပည္နယ္သို႔ အျပန္ခရီးကို ထုံမႊမ္းထားျခင္းျဖစ္သည္။

ရန္ကုန္-စစ္ေတြလမ္းႀကီးတြင္ ၿငိမ္းခ်မ္းစဥ္အခါက ရခိုင္တိုင္းရင္းသားမ်ားသာမက တိုင္းရင္း သားလူမ်ိဳးေပါင္းစုံ အသုံးျပဳခဲ့ၾကခဲ့သည္။ လမ္းမေကာင္းစဥ္အခါက ႐ိုး႐ိုး ခရီးသည္တင္အေဝးေျပး ကားမ်ားအေျခအေနဆီမွသည္ အဆင့္ျမင့္ ခရီးသည္တင္ကားမ်ားေခတ္အထိ လမ္းမႀကီးသည္ ေခတ္ႏွင့္ အညီ လိုက္ေလ်ာညီေထြ ေျပာင္းလဲေကာင္းမြန္လာခဲ့သည္။

သို႔ေသာ္ အခ်ိန္မ်ားက ႐ုတ္တရက္ ေနာက္ျပန္ဆုတ္သြားခဲ့သည္။ AA အဖြဲ႕က ရခိုင္ ျပည္နယ္တြင္ တိုက္ပြဲမ်ားစတင္ေဖာ္ေဆာင္ၿပီးေနာက္ လမ္းမႀကီးတြင္ ကားမ်ားသြားလာရာ၌ မလုံၿခဳံမႈစျဖစ္သည္။ ထို႔ျပင္ ျပတ္ေတာင္းျပတ္ေတာင္း လမ္းပိတ္ျခင္းမ်ားလည္းရွိခဲ့သည္။

ခရီးသည္တင္ကားမ်ားကို AA က စစ္ေဆးမႈမ်ားလုပ္လာခဲ့သည္။ ယခင္ကကဲ့သို႔ ခရီးသည္ မ်ားအတြက္ တစ္ေျဖာင့္တည္း ခရီးသြားလာရျခင္းမ်ိဳး မဟုတ္ေတာ့။ လမ္းပိုင္းတြင္ စိုးရိမ္မႈအရိပ္က စတင္ ဖုံးလႊမ္းလာခဲ့သည္။ ယခုေနာက္ပိုင္းကာလတြင္မူ တိုက္ပြဲမ်ားေၾကာင့္ ရန္ကုန္-စစ္ေတြလမ္းမႀကီးမွာ လုံးဝပိတ္သြားခဲ့ၿပီ။

လက္ရွိ ရခိုင္ျပည္နယ္အတြင္းက စစ္ေတြ ၿမိဳ႕၊ ေက်ာက္ျဖဴၿမိဳ႕ႏွင့္ မာန္ေအာင္ၿမိဳ႕တို႔ကို အစိုးရက အျပည့္အဝထိန္းခ်ဳပ္ထားသည္။ အဆိုပါၿမိဳ႕မ်ားအနက္ စစ္ေတြၿမိဳ႕ တစ္ၿမိဳ႕တည္းသာ ရန္ကုန္- စစ္ေတြ လမ္းႏွင့္ထိစပ္ေနၿပီး က်န္ၿမိဳ႕မ်ားမွာ အဆိုပါလမ္းပိုင္း ႏွင့္ ထိစပ္ျခင္းမရွိေပ။ လက္ရွိတြင္ လုံၿခဳံေရး အေျခအေနအရ စစ္ေတြၿမိဳ႕နယ္မွ အသြားအလာကန႔္သတ္ထားေၾကာင္း ေဒသခံမ်ားထံမွသိရသည္။ က်န္လမ္းပိုင္းမ်ားမွာမူ AA ထိန္းခ်ဳပ္ရာၿမိဳ႕မ်ားကို ျဖတ္သန္းသြားသည္ျဖစ္ရာ လမ္းမႀကီးမွာ လုံးဝ အသုံးျပဳမရေတာ့သည့္အေျခအေနသို႔ ဆိုက္ေရာက္သြားခဲ့သည္။

“ အရင္ကေတာ့ ကားခက ႏွစ္ေသာင္းေက်ာ္ ေက်ာ္ေလာက္ပဲ ရွိတာေပါ့။ ေနာက္ပိုင္းေတာ့ တိုက္ပြဲေတြဘာေတြျဖစ္လာေတာ့ ကားခေဈးက တက္လာလိုက္တာ မပိတ္ခင္ကာလအထိဆို ေလး ေသာင္းေက်ာ္၊ ငါးေသာင္း နီးပါးေလာက္အထိ ျဖစ္သြားတယ္” ဟု ရခိုင္တိုင္းရင္းသားတစ္ဦးက ဆိုသည္။

ယခုအခါ AA က ထိန္းခ်ဳပ္ရာၿမိဳ႕မ်ားကို ျဖတ္သန္းသြားသည့္ ရန္ကုန္-စစ္ေတြ လမ္းပိုင္းေနရာ မ်ားကို ျဖတ္သန္းသြားလာခြင့္ေပးပါ၏။ NP News က စုံစမ္းရရွိထားသည့္ အခ်က္အလက္မ်ားအရ ပုဏၰားကြၽန္းၿမိဳ႕မွ မင္းျပားၿမိဳ႕အထိ ေကာင္းစြာသြားလာခြင့္ရသည္ဟုသိရသည္။ သို႔ေသာ္ စစ္ေဆးမႈမ်ားက မ်ားသည္။ ျပည္နယ္အဆင့္ လမ္းမႀကီးတစ္ခုမွသည္ ေဒသအတြင္းလမ္းတစ္ခုအသြင္ ေလ်ာ့က်သြားခဲ့ၿပီ။ မင္းျပားၿမိဳ႕အေက်ာ္ အမ္းၿမိဳ႕အထိ လမ္းပိုင္းကိုမူ ေကာင္းစြာ ဖြင့္ေပးျခင္းမရွိေသးေပ။ အထက္ပါ လမ္းပိုင္းမ်ားတြင္ ယခင္က စိတ္ေအးသက္သာစြာ သြားခဲ့ရေသာအေျခအေနမွာ လက္ရွိတြင္ ဟုတ္ပင္၊ ဟုတ္ပါမည္ေလာဟု ေမးခြန္းထုတ္ဖြယ္ရာ အေျခအေနပင္ ဆိုက္သြားခဲ့သည္။ ယခင္ကဲ့သို႔ ကုန္တင္ကားမ်ားမရွိေတာ့။ ခရီးသည္တင္ကားမ်ား ဥဒဟို သြားလာျခင္းလည္း မရွိေတာ့။ ပိုဆိုးသည္က ယခင္ကကဲ့သို႔ ရန္ကုန္အထိပင္ အထက္ပါလမ္းမႀကီးက မေပါက္ေတာ့ေပ။

“အခုကေတာ့ ဒီလိုပဲ သြားသတိ လာသတိနဲ႔ သြားလာရတာေပါ့။ စစ္တဲ့ဂိတ္ေတြဆိုရင္လည္း ဘယ္သြားမွာလဲ ဘာညာနဲ႔ AA ဂိတ္ေတြကစစ္တယ္။ ကြၽန္ေတာ္သိသေလာက္ေတာ့ ပုဏၰားကြၽန္းကေန သြားမယ္ဆို မင္းျပားအထိ အနည္းဆုံး တစ္ၿမိဳ႕ကို AA တစ္ဂိတ္ေတာ့ ျဖတ္ရမယ္ထင္တယ္။ ေနာက္ဆုံး အေျခအေနေပါ့” ဟု အထက္ပါ ရခိုင္တိုင္းရင္းသားက ဆိုသည္။

သို႔ဆိုလွ်င္ ရခိုင္ျပည္နယ္သို႔ဝင္ရာ လမ္းေပါက္မရွိေတာ့ဟု ထင္စရာရွိသည္။ မဟုတ္ပါ။ ရခိုင္ ျပည္နယ္ေတာင္ပိုင္းျဖစ္သည့္ ေတာင္ကုတ္၊ သံတြဲ ဘက္သို႔ ယခင္က ပန္းေတာင္း-ေတာင္ကုတ္လမ္းကို အသုံးျပဳကာ ဝင္ေရာက္ႏိုင္သည္။ အထက္ပါလမ္းအတိုင္း ေတာင္ကုတ္ဘက္အထိသြားၿပီးေနာက္ ေရ ေၾကာင္းမွ ေကြ႕ဝိုက္ကာ ရခိုင္ျပည္နယ္ေျမာက္ပိုင္းက အထက္ပါ ေျမာက္ဦး၊ ေက်ာက္ေတာ္၊ ပုဏၰား ကြၽန္း၊ မင္းျပား၊ ေျမာက္ဦး၊ ေျမပုံ၊ ေပါက္ေတာ၊ စစ္ေတြ စသည္ျဖင့္ ၿမိဳ႕မ်ားသို႔ တစ္ေကြ႕တစ္ပတ္ ျပန္ သြားရသည္။ သို႔ေသာ္ ယခုေတာ့ တိုက္ပြဲမ်ားေၾကာင့္ အထက္ပါလမ္းပိုင္းကို သုံးသူမရွိသေလာက္ပင္ ျဖစ္သြားေပၿပီ။

ဧရာဝတီတိုင္းေဒသႀကီးဘက္မွ ေကြ႕ပတ္ကာ ဂြဘက္သို႔သြားၿပီး အဆိုပါ ၿမိဳ႕နယ္ဘက္ျခမ္းမွ ေရေၾကာင္းျဖင့္ ရခိုင္ျပည္နယ္ေျမာက္ပိုင္းသို႔ ျပန္ထြက္ႏိုင္ေသာလမ္းလည္းရွိသည္။ သို႔ေသာ္ ယခုေတာ့ အထက္ပါလမ္းလည္း ပိတ္ေနၿပီျဖစ္သည္။ တစ္ဖန္ ေလေၾကာင္းျဖင့္ မသြားႏိုင္ၿပီေလာဟု ေမးခြန္းထုတ္စရာရွိသည္။ ရခိုင္ျပည္နယ္တြင္ စစ္ေတြၿမိဳ႕ႏွင့္ ေက်ာက္ျဖဴၿမိဳ႕တို႔၌ ေလယာဥ္ကြင္းမ်ားရွိရာ အခ်ိဳ႕က ေက်ာက္ျဖဴအထိ ေလယာဥ္စီးၿပီး ထိုမွတစ္ဆင့္ ေရေၾကာင္းမွ ေကြ႕ပတ္သြားျခင္းလည္းရွိသည္။ ေရေၾကာင္းခရီးအတြက္ ကုန္က်ေငြက လည္း ျမင့္သည္။ ေလယာဥ္စားရိတ္ကလည္း ျမင့္သည္။

“ ေရေၾကာင္းက သြားရင္ AA ဘက္က အထုပ္တစ္ထုပ္ လူတစ္ေယာက္ အဲဒီလိုမ်ိဳး လက္ခံ တယ္လို႔သိရတယ္။ ဒါေပမဲ့ စစ္ေဆးတာကေတာ့ အရမ္းတင္းၾကပ္တယ္။ အထုပ္ေဖာက္စစ္တာေတြ ဘာေတြအထိ ရွိတယ္လို႔သိရတယ္” ဟု လမ္းေၾကာင္းအေျခအေနကိုသိရွိသူ ရခိုင္တိုင္းရင္းသား တစ္ဦးက ဆိုသည္။ တစ္ဖန္ မေကြးတိုင္းဘက္မွ ေတာင္တက္ ေတာင္ဆင္းလမ္းမ်ားအတိုင္း ရခိုင္ျပည္နယ္ဘက္ ဝင္ေသာလမ္းလည္း ရွိသည္။ လမ္းေလွ်ာက္ရသည္။ ရက္ၾကာသည္။ တစ္ပတ္၊ ဆယ္ရက္ခန႔္ ၾကာႏိုင္ သည္။ အဆိုပါလမ္းပိုင္းမွ သြားလာသူမ်ားလည္းရွိၿပီး ယင္းအတြက္ ကုန္က်ေငြမွာ က်ပ္ဆယ္သိန္းႏွင့္ သိန္းႏွစ္ဆယ္ၾကားရွိေၾကာင္း သိရသည္။

လမ္းျပကေခၚေဆာင္သည့္ေနာက္ လိုက္ရျခင္းျဖစ္ၿပီး ေငြေပးထားၿပီးမွ လိမ္ေျပးျခင္းမ်ားလည္း ရွိသည္။ ယခုေနာက္ဆုံးသိရသည့္ လမ္းေၾကာင္းတစ္ခုမွာ ခ်င္းျပည္နယ္ ပလက္ဝဘက္ကျပန္ဝင္ေသာ လမ္းေၾကာင္းတစ္ခုျဖစ္သည္။ ယင္းလမ္းေၾကာင္း မွာလည္း အထက္ပါလမ္းႏွင့္ အတူတူပင္။ ယခင္က ေငြေသာင္းဂဏန္းျဖင့္ လိုရာေရာက္ေသာခရီးမွသည္ ယခုအခါ သိန္းဆယ္ခ်ီေပးရသည့္တိုင္ အာမခံခ်က္ မရွိေသာအေျခအေနသို႔ ဆိုက္ေရာက္သြားသည္။ လမ္းေကာင္းေကာင္းျဖင့္သြားလာခဲ့ေသာကာလသည္ အိပ္မက္တစ္ခုသဖြယ္ ျဖစ္သြားခဲ့ၿပီ။

“ အဲဒီလမ္းေတြကေတာ့ အာမခံခ်က္ေတာ့ မရွိဘူးေပါ့။ ဒီလိုပဲသြားေနၾကတာပဲ။ လမ္းေတြက ေတာ့ ဒီလိုပဲ ရွာေဖြၿပီး အဝင္အထြက္ေတာ့ရွိေနတယ္။ ဒါေပမဲ့ လမ္းပိုင္းလုံၿခဳံမႈက လုံးဝကို အာမခံခ်က္ မရွိဘူးလို႔ေျပာရမယ့္ အေနအထားကိုဆိုက္ေရာက္သြားတာေပါ့။ လမ္းတိုတဲ့ခရီးေတြ ဘာေတြလည္းရွိ ႏိုင္ပါေသးတယ္။ ရန္ကုန္-စစ္ေတြလမ္းကို သုံးမရေတာ့ သုံးလို႔ရတဲ့လမ္းေပၚမူတည္ၿပီး ရခိုင္ျပည္နယ္ထဲ ဝင္ဖို႔ကို ႀကိဳးစားသြားလာေနၾကတာ” ဟု အထက္ပါ ေဒသခံကဆိုသည္။

ယခင္က တိုင္းရင္းသားလူမ်ိဳးမေ႐ြးသြား လာခဲ့သည္ဆိုေသာ ရန္ကုန္-စစ္ေတြလမ္းမႀကီး၏ အတိတ္သည္ ယခုအခါ ေမွးမွိန္ေနေလၿပီ။ ယင္းလမ္း ပိုင္းကိုမဆိုထားႏွင့္။ အထက္ပါ ေတာတြင္းလမ္း မ်ားမွ ျဖတ္သန္းသြားလာမည္ဟုေတြးလွ်င္ပင္ ရခိုင္တိုင္းရင္းသားမဟုတ္ဘဲ အျခား ဗမာကဲ့သို႔ တိုင္း ရင္းသား အခ်ိဳ႕အတြက္ လုံၿခဳံမႈက ပို၍ စိုးရိမ္ဖြယ္ေကာင္းသည္။ အေၾကာင္းျပခ်က္တစ္စုံတစ္ရာမရွိဘဲ ေနရာတြင္ပင္ အသက္ေပ်ာက္သြားျခင္းမ်ိဳးလည္း ရွိႏိုင္သည္။

ရန္ကုန္-စစ္ေတြလမ္းမႀကီးသည္ ယခုေတာ့ အိပ္ေပ်ာ္ေနေသာနဂါးတစ္ေကာင္သဖြယ္ ၿငိမ္သက္ ေနခဲ့ၿပီ။ ၎၏ကိုယ္ေပၚတြင္မူ အက်ိဳးစီးပြားမ်ားအစား ျပည္သူမ်ား၏အပူမ်ားသာတင္ က်န္ေနခဲ့ေလ ၿပီ။ စစ္ကား ရန္ကုန္-စစ္ေတြလမ္းႏွင့္အတူ ေဒသခံတို႔၏အက်ိဳးစီးပြားမ်ားအားလုံးကို သိမ္းပိုက္သြားခဲ့ ေလသည္။

Related news

© 2021. All rights reserved.