သတိထားရမည့်တိုင်းရင်းသား အရေခြုံရန်ကြိုးစားလာသော လုပ်ရပ်များ (၁)

 728

ကျွန်းသားငမန်း (NP News) - ဖေဖော်ဝါရီ ၅

ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း မွေးရာပါတိုင်းရင်းသားနိုင်ငံသားတွေ၊ မိမိနိုင်ငံအတွင်းမှာအနေ ကြာလာတဲ့အတွက် နိုင်ငံသားအဖြစ်နေထိုင်ခွင့်ရနေသူတွေ၊ ဧည့်နိုင်ငံသားတွေ စသည်အားဖြင့် ရှိနေကြ ပါတယ်။ ဒီလိုနေထိုင်ကြတဲ့သူတိုင်းအတွက် နိုင်ငံအတွင်းနေထိုင်ခြင်းအထောက်အထားတွေ ရှိဖို့လိုအပ် ကြပါတယ်။ ဒါကြောင့်လည်း နိုင်ငံသားမှတ်ပုံတင် ကတ်ပြားတွေကို စိစစ်ထုတ်ပေးလျက်ရှိနေပါတယ်။ ထုတ်ပေးတဲ့အခါ တိုင်းရင်းသား၊ နိုင်ငံသား၊ ဧည့်နိုင်ငံသား စသည်ဖြင့် ကွဲကွဲပြားပြားဖြစ်အောင် စိစစ် ပြီးမှသာထုတ်ပေးရခြင်းဖြစ်ပါတယ်။ ဒီလိုစိစစ်ဆောင်ရွက်တဲ့အခါ မြန်မာနိုင်ငံအတွင်း ခိုးဝင်ရောက်ရှိ လာတဲ့ တချို့သောလူမျိုးတွေဟာ မြန်မာနိုင်ငံ တိုင်းရင်းသားတွေရဲ့အသွင်သဏ္ဌာန်ကို အရေခြုံပြီး တိုင်းရင်းသားအမည်ခံနိုင်ရေး ကြိုးစားလာကြတာကို တွေ့နေရပါတယ်။ ဒီလိုဖြစ်စဉ်မျိုးတွေဟာ နယ်စပ်ဒေသတွေမှာ အများကြီးဖြစ်နိုင်တာကိုလည်းတွေ့ရမှာဖြစ်ပါတယ်။

ရွေးကောက်ပွဲအတွက်အရေးကြီး
နိုင်ငံသားတိုင်းမှတ်ပုံတင်ရရှိရေးဟာ နိုင်ငံသားတစ်ဦးရဲ့တရားဝင်ရပ်တည်ပိုင်ဆိုင်နိုင်ခွင့်အ တွက်အရေးကြီးတဲ့အချက်ဖြစ်ပါတယ်။ ဒါ့ပြင်လည်း မြန်မာနိုင်ငံမှာကျင့်သုံးဆောင်ရွက်နေတဲ့ ပါတီစုံပါဝင်တဲ့ ဒီမိုကရေစီစနစ်အတွက် ပြည်သူ့ကိုယ်စားလှယ် တွေကို ဆန္ဒမဲပေးရွေးချယ်ရာမှာ အသက် (၁၈)နှစ် ပြည့်ပြီးသူတိုင်း ပါဝင်ဆန္ဒမဲပေးပြီး ရွေးချယ်တင် မြှောက်ခွင့်ရနိုင်ဖို့မှာ နိုင်ငံသား စိစစ်ရေးကတ်ပြား ကိုင်ဆောင်မဲပေးရမှာဖြစ်တဲ့အတွက်လည်း နိုင်ငံသားတိုင်း မှတ်ပုံတင်ရရှိရေးဟာ အရေးကြီးလှပါတယ်။

ကျင်းပပြီးစီးခဲ့တဲ့ (၂၀၂၀) ပြည့်နှစ်ပါတီ စုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေ၊ သက်ဆိုင်ရာလွှတ်တော်ဥပဒေ၊ နည်း ဥပဒေတွေနဲ့ ညီညွတ်မှုမရှိခြင်း၊ လွတ်လပ်ပြီး တရားမျှတမှုမရှိတဲ့ရွေးကောက်ပွဲဖြစ်နေခြင်း စတာတွေကို စစ်ဆေးတွေ့ရှိရတဲ့အတွက် အဆိုပါရွေးကောက်ပွဲ ရလဒ်တွေကို ပယ်ဖျက်ခဲ့ပြီးဖြစ်ပါတယ်။ ဒီရွေး ကောက်ပွဲမှာ အရေးကြီးတဲ့အချက်တစ်ချက်ကတော့ နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူ (၄၉) သိန်းခန့်မဲ ပေးခဲ့ခြင်းဖြင့် ရွေးကောက်ပွဲ မသမာမှုကိုဖြစ်စေခဲ့တာဟာလည်း အချက်တစ်ချက်အဖြစ်ပါဝင်ခဲ့တာကို တွေ့ခဲ့ရပါတယ်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်က အိမ်စောင့်အစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ်(၁ / ၂၀၂၁) မှာ အမှာစကားပြောကြား ရာမှာ “တိုင်းရင်းသားတိုင်း၊ နိုင်ငံသားဖြစ်ခွင့်ရှိသူတိုင်း မှတ်ပုံတင်ရရှိရေးကို မှန်မှန်ကန်ကန် ဆောင်ရွက် ပေးရမည် ဖြစ်ကြောင်း၊ နိုင်ငံသားတိုင်း မှတ်ပုံတင်နှင့် သန်းခေါင် စာရင်းများရရှိရေး ဆောင်ရွက်ပေးရန် လိုအပ်ပြီး ရွေးကောက်ပွဲမတိုင်မီ နိုင်ငံသားတိုင်း မှတ်ပုံတင်ရရှိရေးဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ သက်ဆိုင်ရာဝန်ကြီးဌာန၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့တာဝန်ရှိသူများအနေဖြင့် အချိန်မီပြီးစီးရေး နှင့် မှန်မှန်ကန်ကန်ရရှိရေးကို ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း” ဖြင့် နိုင်ငံအတွက် မဖြစ်မနေလုပ်ဆောင်ရမယ့်အခြေခံအချက်တွေမှာ အလေးထားဆောင်ရွက်ရမယ့်အချက်တစ်ရပ်အဖြစ် ထည့်သွင်းပြောကြားခဲ့ပါတယ်။ လူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဝန်ကြီး ဌာနကဆောင်ရွက်နေတဲ့ လုပ်ကိုင်ဆောင်ရွက်ချက်တွေဟာ နိုင်ငံသားတို့ရဲ့ လူမှုဘဝပြည့်စုံနိုင်ရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ နိုင်ငံ သားအထောက်အထား တစ်ခုခုကိုပြုလုပ်ပေးတဲ့လုပ်ငန်းရပ်တွေဖြစ်ပါတယ်။ ဒီလုပ်ငန်းရပ်တွေ ဟာ ပြည်သူ့အကျိုးအတွက် ဆောင်ရွက်ပေးနေတဲ့ လုပ်ငန်းတစ်ခုလည်းဖြစ်ပါ တယ်။ (၂၀၂၅) ခုနှစ်ကုန် ပိုင်းခန့်မှာကျင်းပတော့မယ့်ရွေးကောက်ပွဲအတွက် လူဦးရေစာရင်းတွေကို ကောက်ယူခဲ့ပြီးလည်းဖြစ်ပါ တယ်။ ဒီနေရာမှာ အသက် (၁၈) နှစ်ပြည့်ပြီး နိုင်ငံသားမှတ်ပုံတင်မရရှိ သေးတဲ့ တိုင်းရင်းသားတွေ၊ နိုင်ငံ သားတွေ မှတ်ပုံတင် ရရှိရေးအတွက် လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင် အားဝန်ကြီးဌာနက ပန်းခင်း စီမံချက်နဲ့ စိစစ်လုပ် ဆောင်ပေးနေရာ အခုပန်းခင်းစီမံချက် အဆင့်(၃) နဲ့ (၂၀၂၅) ခုနှစ် အောက်တို ဘာလထိ ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်းသိရပါတယ်။ ဒီလိုလုပ်ဆောင်တဲ့အခါ လုပ်ငန်းစဉ်အလိုက် လုပ်ဆောင်ချက်တွေကို ငါးဦးကော်မတီနဲ့စိစစ်ပြီး ဥပဒေနဲ့အညီ ထုတ် ပေးလုပ်ဆောင်နေပြီဖြစ်ကြောင်း လည်း သိရပါတယ်။ ဒီလိုဆောင်ရွက်လုပ်ကိုင်တဲ့အခါမှာ တိုင်းရင်းသား မဟုတ်သူတွေ၊ တိုင်းရင်းသား အဖြစ် အရေခြုံဝင်ရောက်လာတာမျိုးတွေမရှိဖို့၊ နိုင်ငံသားမဖြစ်သေးသူတွေ နိုင်ငံသားမဖြစ်နိုင်ရေး အ တွက်လည်း အထူးသတိထား ကြပ်မတ်ဆောင်ရွက်သွားဖို့ လိုအပ်မှာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှ တိုင်းရင်းသားအရေခြုံလာသည့်လုပ်ရပ်
နိုင်ငံသားတိုင်း မှတ်ပုံတင်ရရှိရေးဟာ နိုင်ငံ သားတစ်ဦးရဲ့ တရားဝင်ရပ်တည်ပိုင်ခွင့်အတွက် အရေးကြီးတဲ့ကိစ္စတစ်ရပ်ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တရားမဝင် ရောက်ရှိနေထိုင်ကြတဲ့ ဘင်္ဂါလီတွေဟာ သူတို့ကိုယ်သူတို့ နိုင်ငံသားအဖြစ် တရားဝင် ရပ်တည်ပိုင်ခွင့် ရဖို့အရေး တောင်းဆိုနေခဲ့ကြတာကြာပါပြီ။ အခုနောက်ဆုံး ဇာတ်လမ်းအဖြစ် နိုင်ငံသားအဖြစ်တောင် မက တိုင်းရင်းသားအဖြစ်ရရှိရေး မြန်မာနိုင်ငံသမိုင်းမှာမရှိဖူးတဲ့ လူမျိုးတစ်မျိုး နာမည်ကိုခံယူခွင့်ရရှိနိုင် ရေး တောင်းဆိုလာနေတာကိုတွေ့ရပါတယ်။ ဒီလိုဆောင်ရွက်ရာမှာ မရ-ရသကချိုင် သဘောမျိုးနဲ့ နိုင်ငံသားဖြစ်ရေးကို အကြံအဖန်ထုတ်ဆောင်ရွက်လာနေကြတာကို တွေ့ရှိနေရပါတယ်။

ဒါနဲ့ပတ်သက်ပြီး ဒုတိယအကြိမ်ပြည်သူ့လွှတ်တော်သက်တမ်းကာလ (၂၀၁၈)ခုနှစ်အတွင်း က ရမ်းဗြဲမြို့နယ်အတွင်း အစ္စလာမ်ဘာသာကိုးကွယ်သူအချို့ကို နိုင်ငံသားမှတ်ပုံတင်ထုတ်ပေးခဲ့တဲ့ကိစ္စ တစ်ရပ် ပေါ်ပေါက်ခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဆောင်ရွက်ချက်တချို့ဟာ စနစ်တကျစိစစ်ဆောင် ရွက်ခဲ့ခြင်းရှိမရှိ၊ ကမန်လူမျိုးဆိုပြီး မှတ်ပုံတင်ရရှိသွား တဲ့သူတွေဟာ ကမန်လူမျိုးအစစ်အမှန်ဟုတ်မ ဟုတ် ဆွေးနွေးပြောဆိုချက်တွေရှိခဲ့ပြီး ဒုတိယအကြိမ် ရခိုင် ပြည်နယ်လွှတ်တော်မှာ အဆိုတင်သွင်း ဆွေးနွေးပြောဆိုမှုတွေရှိခဲ့ပါတယ်။ (၂၀၁၈) ခုနှစ် စက်တင်ဘာလအတွင်း ကျင်းပပြီးစီးခဲ့တဲ့ဒုတိယ အကြိမ် ရခိုင်ပြည် နယ်လွှတ်တော် အဋ္ဌမအစည်းအဝေးမှာ ရမ်းဗြဲမြို့ နယ်မဲဆန္ဒနယ်အမှတ်(၂)က ပြည် နယ်လွှတ်တော်ကိုယ်စားလှယ်ဦးသန်းမောင်ဦးက “ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာမှာ ဘင်္ဂါလီ တွေကိုထုတ်ပေးတဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြားတွေပေါ်မှာ လူမျိုးနေရာမှာ ကမန်လူမျိုးလို့ ရေးသား ထုတ်ပေးနေတာကို ပြန်လည်စိစစ်ပေးပါရန်နှင့် ကမန်မဟုတ်သူတွေကိုကမန်လူမျိုးအမည်ဖြင့် မှားယွင်း စွာ ၁၁/ရဗန(နိုင်) ကတ်တွေထုတ်ပေးထားတာကို ပြန်လည်ရုပ်သိမ်းပေးပါရန် ရခိုင်ပြည်နယ်အစိုးရမှ တစ်ဆင့် ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်း” အဆိုကို တင်သွင်းခဲ့တာကိုတွေ့ခဲ့ရပါတယ်။

အဆိုရှင်ဦးသန်းမောင်ဦးက အဆိုနဲ့ပတ်သက်ပြီးရှင်းလင်းတင်ပြရာမှာ “ရမ်းဗြဲမြို့နယ် ကျောက်နီ မော်ကျေးရွာအုပ်စုမှာ ဗုဒ္ဓဘာသာဝင် ရခိုင်အိမ်ထောင်စု(၄၆၀)ခန့်နဲ့ အစ္စလာမ်ဘာသာဝင် ဘင်္ဂါလီ လူမျိုး အိမ်ထောင်စု (၈၀ဝ)ခန့် အတူနေထိုင်လျက်ရှိကြကြောင်း၊ အစ္စလာမ်ဘာသာဝင် (၇၀ဝဝ)ခန့်ရှိမယ်လို့ ခန့်မှန်း ရကြောင်း၊ ထိုအစ္စလာမ်ဘာသာဝင် (၇၀ဝဝ) အထဲမှာ ကမန်မျိုးနွယ်စုဝင် (၂၀ဝ)ဝန်းကျင်သာရှိ မယ်ဖြစ်ကြောင်း” ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး သူက “ဘင်္ဂါလီလူမျိုးတွေဟာ ကျောက်နီမော်မှာ ညရှိတဲ့ ရခိုင်ဒေသခံတွေထံမှာ သူရင်းငှားလုပ်ကိုင်ရင်း အတူ နေထိုင်ခဲ့သူတွေဖြစ်ပါကြောင်း၊ ဒါကြောင့် ကျောက်နီမော်ဒေသခံတွေဟာ အစ္စလာမ်ဘာသာဝင်ကိုးကွယ်သူတွေထဲက ဘယ်သူဟာ ဘင်္ဂါလီ၊ ဘယ်သူဟာက မန်၊ ဘယ်သူကမျိုးစပ်ဆိုတာကို သိနေကြသူတွေဖြစ်ကြောင်း” ပြောကြားခဲ့ပါတယ်။

ရခိုင်ပြည်နယ်လွှတ်တော်မှာဆွေးနွေးရတဲ့အထိ ဖြစ်ပေါ်လာခဲ့ရတဲ့အကြောင်းရင်းက (၂၀၁၈) ခုနှစ် ဇန်နဝါရီလမှာ နေပြည်တော်(ရုံးချုပ်) က လက်ထောက်ညွှန်ကြားရေးမှူးတစ်ဦးခေါင်းဆောင်တဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှအထူးအဖွဲ့တစ်ဖွဲ့ဟာ ရမ်းဗြဲမြို့နယ် ကျောက် နီမော်သို့ ရောက်ရှိလာပြီး ဘင်္ဂါလီတွေကို နိုင်ငံသားမှတ်ပုံတင်တွေထုတ်ပေးခဲ့ကြောင်းသိရပါတယ်။ ကမန် တွေကို မှတ်ပုံတင်သက်သေခံကတ်ပြားတွေ ထုတ်ပေးရာမှာ သူတို့တင်ပြတဲ့မျိုးရိုးစဉ်ဆက်မှန် မမှန်ကို ကမန်ရပ်မိရပ်ဖနှစ်ဦးကလည်း စစ်ဆေးအတည်ပြုချက် ပေးရကြောင်းလည်းသိရပါတယ်။ ကျောက်နီမော်ဒေသဟာ ကမန်တိုင်းရင်းသားတွေနဲ့ဘင်္ဂါလီတွေ ရောထွေးနေထိုင်ရာဒေသတစ်ခုဖြစ်ပြီး လူမျိုးချင်း ရောယှက်ရှုပ်ထွေးမှုရှိတဲ့ဒေသလည်းဖြစ်ပါတယ်။ ဒါပေမဲ့ ကမန်တိုင်းရင်းသားတွေကို နိုင်ငံ သား သက်သေခံကတ်ပြားတွေထုတ်ပေးရာမှာ ရခိုင်တိုင်း ရင်းသားကိုယ်စားလှယ်တွေ ပါဝင်ခြင်း မရှိဘဲ ကမန် လူမျိုးဖြစ်ကြောင်း ဒေသခံကမန်(ဆိုသူ)လူကြီးနှစ်ဦးက ထောက်ခံချက်နဲ့ထုတ်ပေးခဲ့တာဖြစ် ကြောင်း လည်းသိရပါတယ်။ ဒေသခံတွေကတော့ ထောက်ခံချက်ပေးတယ်ဆိုတဲ့ ကမန်(ဆိုသူ)နှစ်ဦးပင် လျှင် ကမန်လူမျိုးမဟုတ်ကြောင်း၊ ကျေနပ်မှုမရှိလျှင် မျိုးရိုးဗီဇ (DNA)စစ်ဆေးနိုင်ကြောင်းပြောခဲ့တယ် လို့သိရပါတယ်။ ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာမှာ (၂၀၁၈) ခုနှစ် ဇန်နဝါရီလက လူဝင်မှုကြီးကြပ် ရေးနဲ့အမျိုးသားမှတ်ပုံတင်ဌာနကစိစစ်ပြီး ကမန်တိုင်းရင်းသားအဖြစ် မှတ်ပုံတင် တင်ပေးခဲ့သူပေါင်းဟာ ကျား (၁၄၅၆) ယောက်နဲ့ မ (၁၈၅၀) ယောက်(ပေါင်း ၃၃၀ဝ)ကျော်ရှိခဲ့ကြောင်းလည်း ဦးသန်းမောင်ဦးက ရှင်းလင်းတင်ပြခဲ့ပါတယ်။ (၂၀၁၅) ခုနှစ် ကျောက်နီမော်ကျေးရွာအတွင်း မဲပေးခွင့်ရခဲ့တဲ့ကမန်တိုင်းရင်း သားဟာ (၂၅၀)ပဲရှိခဲ့တယ်လို့လည်းဆိုပါတယ်။ ကျောက်နီမော်ကျေးရွာက ဘင်္ဂါလီလူမျိုးတွေကို ကမန် လူမျိုးအဖြစ်ပြောင်းလဲပြီးမှတ်ပုံတင်ပေးခြင်းနဲ့ပတ်သက်ပြီး ကမန်အမျိုးသားတိုးတက်ရေးပါတီကလည်း (၂၀၁၈)ခုနှစ် စက်တင်ဘာလ (၄) ရက်က နိုင်ငံတော်သမ္မတထံသို့ ပြန်လည်စစ်ဆေးဆောင်ရွက်ပေးဖို့ တင်ပြခဲ့ကြောင်းသိရပါတယ်။ ဘင်္ဂါလီတွေကို ကမန်လူမျိုးအမည်နဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြားတွေ ထုတ်ပေးနေမှုဟာ သူတို့ကမန်လူမျိုးတွေရဲ့ပုံရိပ်ကိုထိခိုက်စေကြောင်းလည်း ကမန်အမျိုးသားတိုးတက် ရေးပါတီက သတင်းစာရှင်းလင်းပွဲတစ်ခုမှာပြောကြားခဲ့ကြောင်းသိရပါတယ်။

ဦးသန်းမောင်ဦးရဲ့အဆိုနဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့က လောလောဆယ် မှတ်ပုံတင် ထုတ်ပေးခြင်းကိုယာယီရပ်ဆိုင်းထားကြောင်း၊ ဒါကြောင့် အဆိုကိုမှတ်တမ်းတင်ပေးဖို့ တင်ပြခဲ့ပေမယ့် အဆိုရှင်ရဲ့ဆန္ဒအရ အဆိုကိုလွှတ်တော်ရဲ့သဘောထားကိုရယူတဲ့အခါ အမတ်တစ်ဦးမှအပ တပ်မတော် သားကိုယ်စားလှယ်တွေအပါအဝင် လွှတ်တော်ကိုယ်စားလှယ်အားလုံးကထောက်ခံခဲ့လို့ အဆိုဟာ အတည်ဖြစ်ခဲ့ပါတယ်။ ဦးသန်းမောင်ဦးတင်သွင်းတဲ့ အဆိုဟာ တစ်မျိုးသားလုံးနဲ့သက်ဆိုင်တဲ့အဆိုဖြစ် လို့ ရခိုင်လွှတ်တော်မှာကိုယ်စားလှယ်တွေအားလုံး (တပ်မတော်သားကိုယ်စားလှယ်တွေအပါအဝင်) တညီတညွတ်တည်း ထောက်ခံခဲ့တာလည်းဖြစ်ကြပါ တယ်။ (ရည်ညွှန်း-ရခိုင်ပြည်နယ်လွှတ်တော်မှတ် တမ်းများ)။ ရခိုင်ပြည်နယ်လွှတ်တော်က နိုင်ငံသားစိစစ်ရေးကတ်ပြားများအပေါ်တွင် လူမျိုးနေရာ၌ ကမန် လူမျိုးဟုရေးသားထုတ်ပေးနေခြင်းကို ပြန် လည်စိစစ် ပေးပါရန်နှင့် ကမန်မဟုတ်သူများကို ကမန် လူမျိုး အမည်ဖြင့် မှားယွင်းစွာ ၁၁/ရဗန(နိုင်) ကတ်များ ထုတ် ပေးထားခြင်းကို ပြန်လည်ရုပ်သိမ်းပေးပါ ရန် ရခိုင်ပြည်နယ်အစိုးရမှတစ်ဆင့် ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်းအဆိုနဲ့ပတ်သက်ပြီး အစိုးရအဖွဲ့က ဆက်လက်ဆောင်ရွက်ခဲ့တာကိုတော့ မတွေ့ခဲ့ရပါဘူး။

မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်သို့ရောက်ရှိနေတဲ့ဘင်္ဂါလီတွေဟာ ရခိုင်ပြည်နယ်ရဲ့ အစိတ်အပိုင်းကိုဖဲ့ယူပြီး သီးခြားနိုင်ငံထူထောင်နိုင်ရေး ကြိုးစားနေကြတာဖြစ်ပါတယ်။ သူတို့ဟာ မြန်မာ နိုင်ငံက သတ်မှတ်ထားတဲ့ ဥပဒေလမ်းကြောင်းကရော အကြမ်းဖက်နည်းနဲ့ပါ နည်းမျိုးစုံသုံးပြီး သူတို့ လိုချင်တဲ့လမ်းကြောင်းကိုရောက်အောင် ကြိုးစားနေကြတာဖြစ်ပါတယ်။ ဒီလိုကြိုးစားရာမှာ တရားဝင် နိုင်ငံသား ဖြစ်ရေးဟာလည်း အရေးကြီးတဲ့အလျောက်ဖြစ်နိုင်ရနိုင်တဲ့နည်းလမ်းနဲ့လုပ်ဆောင်လာကြတာ ဖြစ်ပါတယ်။ ဘင်္ဂါလီအများစုဟာ ခိုးဝင်ဘင်္ဂါလီတွေဖြစ်တာကြောင့် (၁၉၈၂) ခုနှစ်နိုင်ငံသားဥပဒေနဲ့ စိစစ် ခြင်းကို လက်ခံနိုင်ခြင်းမရှိဘဲ အမြဲဆန့်ကျင်ကန့်ကွက် နေခဲ့ကြသူတွေလည်းဖြစ်ကြပါတယ်။ ဒါကြောင့် လည်း ရုပ်ရည်သွင်ပြင်အားဖြင့်လည်းတူ ကိုးကွယ်တဲ့ဘာသာအရလည်းတူတဲ့ ကမန်လူမျိုးအဖြစ် အသွင် ပြောင်းဖို့ကြိုးစားကြတာဖြစ်ပါတယ်။

ဒီနေရာမှာ ထူးခြားချက်တစ်ခုကတော့ ရမ်းဗြဲမြို့နယ်အတွင်းက ဘင်္ဂါလီတွေကို ကမန်တိုင်း ရင်းသားအဖြစ် ပြောင်းလဲမှတ်ပုံတင်ထုတ်ပေးနိုင်ဖို့ အတွက် လူဝင်မှုကြီးကြပ်ရေးနဲ့ အမျိုးသားမှတ်ပုံ တင်ရေးဦးစီးဌာန(ရုံးချုပ်)က တိုက်ရိုက်တာဝန်ပေး စေ လွှတ်ခိုင်းစေခဲ့တာဖြစ်ပါတယ်။ ဒါဟာ ရခိုင်တိုင်း ရင်းသားအနွယ်ဝင်ဖြစ်တဲ့ ကမန်မျိုးနွယ်စုအဖြစ် ဘာသာတူရာအကြောင်းပြုပြီး ဘင်္ဂါလီတွေ ကမန် လူမျိုးအမည် ပြောင်းစိမ့်ဝင်ဖို့ကြိုးစားခဲ့တဲ့ဖြစ်ရပ်တစ်ခုဖြစ်တာ ကိုတွေ့ရပါတယ်။ နိုင်ငံအတွက် အန္တရာယ်ရှိတဲ့ လုပ်ရပ်တစ်ခုလည်းဖြစ်ပါတယ်။

zawgyi version
သတိထားရမည့္တိုင္းရင္းသား အေရၿခဳံရန္ႀကိဳးစားလာေသာ လုပ္ရပ္မ်ား (၁)
ကြၽန္းသားငမန္း (NP News) - ေဖေဖာ္ဝါရီ ၅

ျပည္ေထာင္စုျမန္မာႏိုင္ငံအတြင္း ေမြးရာပါတိုင္းရင္းသားႏိုင္ငံသားေတြ၊ မိမိႏိုင္ငံအတြင္းမွာအေန ၾကာလာတဲ့အတြက္ ႏိုင္ငံသားအျဖစ္ေနထိုင္ခြင့္ရေနသူေတြ၊ ဧည့္ႏိုင္ငံသားေတြ စသည္အားျဖင့္ ရွိေနၾက ပါတယ္။ ဒီလိုေနထိုင္ၾကတဲ့သူတိုင္းအတြက္ ႏိုင္ငံအတြင္းေနထိုင္ျခင္းအေထာက္အထားေတြ ရွိဖို႔လိုအပ္ ၾကပါတယ္။ ဒါေၾကာင့္လည္း ႏိုင္ငံသားမွတ္ပုံတင္ ကတ္ျပားေတြကို စိစစ္ထုတ္ေပးလ်က္ရွိေနပါတယ္။ ထုတ္ေပးတဲ့အခါ တိုင္းရင္းသား၊ ႏိုင္ငံသား၊ ဧည့္ႏိုင္ ငံသား စသည္ျဖင့္ ကြဲကြဲျပားျပားျဖစ္ေအာင္ စိစစ္ ၿပီးမွသာထုတ္ေပးရျခင္းျဖစ္ပါတယ္။ ဒီလိုစိစစ္ေဆာင္႐ြက္တဲ့အခါ ျမန္မာႏိုင္ငံအတြင္း ခိုးဝင္ေရာက္ရွိ လာတဲ့ တခ်ိဳ႕ေသာလူမ်ိဳးေတြဟာ ျမန္မာႏိုင္ငံ တိုင္းရင္း သားေတြရဲ႕အသြင္သဏၭာန္ကို အေရၿခဳံၿပီး တိုင္းရင္းသားအမည္ခံႏိုင္ေရး ႀကိဳးစားလာၾကတာကို ေတြ႕ေနရပါတယ္။ ဒီလိုျဖစ္စဥ္မ်ိဳးေတြဟာ နယ္စပ္ေဒသေတြမွာ အမ်ားႀကီးျဖစ္ႏိုင္တာကိုလည္းေတြ႕ရမွာျဖစ္ပါတယ္။

ေ႐ြးေကာက္ပြဲအတြက္အေရးႀကီး
ႏိုင္ငံသားတိုင္းမွတ္ပုံတင္ရရွိေရးဟာ ႏိုင္ငံသားတစ္ဦးရဲ႕တရားဝင္ရပ္တည္ပိုင္ဆိုင္ႏိုင္ခြင့္အ တြက္အေရးႀကီးတဲ့အခ်က္ျဖစ္ပါတယ္။ ဒါ့ျပင္လည္း ျမန္မာႏိုင္ငံမွာက်င့္သုံးေဆာင္႐ြက္ေနတဲ့ ပါတီစုံပါဝင္တဲ့ ဒီမိုကေရစီစနစ္အတြက္ ျပည္သူ႔ကိုယ္စားလွယ္ ေတြကို ဆႏၵမဲေပးေ႐ြးခ်ယ္ရာမွာ အသက္ (၁၈) ႏွစ္ ျပည့္ၿပီးသူတိုင္း ပါဝင္ဆႏၵမဲေပးၿပီး ေ႐ြးခ်ယ္တင္ ေျမႇာက္ခြင့္ရႏိုင္ဖို႔မွာ ႏိုင္ငံသား စိစစ္ေရးကတ္ျပား ကိုင္ေဆာင္မဲေပးရမွာျဖစ္တဲ့အတြက္လည္း ႏိုင္ငံသားတိုင္း မွတ္ပုံတင္ရရွိေရးဟာ အေရးႀကီးလွပါတယ္။

က်င္းပၿပီးစီးခဲ့တဲ့ (၂၀၂၀) ျပည့္ႏွစ္ပါတီ စုံဒီမိုကေရစီအေထြေထြေ႐ြးေကာက္ပြဲဟာ ဖြဲ႕စည္းပုံ အေျခခံဥပေဒ၊ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ဥပေဒ၊ သက္ဆိုင္ရာလႊတ္ေတာ္ဥပေဒ၊ နည္း ဥပေဒေတြနဲ႔ ညီၫြတ္မႈမရွိျခင္း၊ လြတ္လပ္ၿပီး တရားမွ်တမႈမရွိတဲ့ေ႐ြးေကာက္ပြဲျဖစ္ေနျခင္း စတာေတြကို စစ္ေဆးေတြ႕ရွိရတဲ့အတြက္ အဆိုပါေ႐ြးေကာက္ပြဲ ရလဒ္ေတြကို ပယ္ဖ်က္ခဲ့ၿပီးျဖစ္ပါတယ္။ ဒီေ႐ြး ေကာက္ပြဲမွာ အေရးႀကီးတဲ့အခ်က္တစ္ခ်က္ကေတာ့ ႏိုင္ငံသားစိစစ္ေရးကတ္ျပားမရွိသူ (၄၉) သိန္းခန႔္မဲ ေပးခဲ့ျခင္းျဖင့္ ေ႐ြးေကာက္ပြဲ မသမာမႈကိုျဖစ္ေစခဲ့တာဟာလည္း အခ်က္တစ္ခ်က္အျဖစ္ပါဝင္ခဲ့တာကို ေတြ႕ခဲ့ရပါတယ္။ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္း ေအာင္လႈိင္က အိမ္ေစာင့္အစိုးရအဖြဲ႕အစည္းအေဝးအမွတ္စဥ္(၁ / ၂၀၂၁) မွာ အမွာစကားေျပာၾကား ရာမွာ “တိုင္းရင္းသားတိုင္း၊ ႏိုင္ငံသားျဖစ္ခြင့္ရွိသူတိုင္း မွတ္ပုံတင္ရရွိေရးကို မွန္မွန္ကန္ကန္ ေဆာင္႐ြက္ ေပးရမည္ ျဖစ္ေၾကာင္း၊ ႏိုင္ငံသားတိုင္း မွတ္ပုံတင္ႏွင့္ သန္းေခါင္ စာရင္းမ်ားရရွိေရး ေဆာင္႐ြက္ေပးရန္ လိုအပ္ၿပီး ေ႐ြးေကာက္ပြဲမတိုင္မီ ႏိုင္ငံသားတိုင္း မွတ္ပုံတင္ရရွိေရးေဆာင္႐ြက္ေပးရမည္ျဖစ္ေၾကာင္း၊ သို႔ျဖစ္၍ သက္ဆိုင္ရာဝန္ႀကီးဌာန၊ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္အစိုးရအဖြဲ႕တာဝန္ရွိသူမ်ားအေနျဖင့္ အခ်ိန္မီၿပီးစီးေရး ႏွင့္ မွန္မွန္ကန္ကန္ရရွိေရးကို ေဆာင္႐ြက္သြားရမည္ ျဖစ္ေၾကာင္း” ျဖင့္ ႏိုင္ငံအတြက္ မျဖစ္မေနလုပ္ေဆာင္ရမယ့္အေျခခံအခ်က္ေတြမွာ အေလးထားေဆာင္႐ြက္ရမယ့္အခ်က္တစ္ရပ္အျဖစ္ ထည့္သြင္းေျပာၾကားခဲ့ပါတယ္။ လူဝင္မႈႀကီးၾကပ္ေရးနဲ႔ျပည္သူ႔အင္အားဝန္ႀကီး ဌာနကေဆာင္႐ြက္ေနတဲ့ လုပ္ကိုင္ေဆာင္႐ြက္ခ်က္ေတြဟာ ႏိုင္ငံသားတို႔ရဲ႕ လူမႈဘဝျပည့္စုံႏိုင္ေရးအတြက္ မရွိမျဖစ္လိုအပ္တဲ့ ႏိုင္ငံ သားအေထာက္အထား တစ္ခုခုကိုျပဳလုပ္ေပးတဲ့လုပ္ငန္းရပ္ေတြျဖစ္ပါတယ္။ ဒီလုပ္ငန္းရပ္ေတြ ဟာ ျပည္သူ႔အက်ိဳးအတြက္ ေဆာင္႐ြက္ေပးေနတဲ့ လုပ္ငန္းတစ္ခုလည္းျဖစ္ပါ တယ္။ (၂၀၂၅) ခုႏွစ္ကုန္ ပိုင္းခန႔္မွာက်င္းပေတာ့မယ့္ေ႐ြးေကာက္ပြဲအတြက္ လူဦးေရစာရင္းေတြကို ေကာက္ယူခဲ့ၿပီးလည္းျဖစ္ပါ တယ္။ ဒီေနရာမွာ အသက္ (၁၈) ႏွစ္ျပည့္ၿပီး ႏိုင္ငံသားမွတ္ပုံတင္မရရွိ ေသးတဲ့ တိုင္းရင္းသားေတြ၊ ႏိုင္ငံ သားေတြ မွတ္ပုံတင္ ရရွိေရးအတြက္ လူဝင္မႈႀကီးၾကပ္ေရးနဲ႔ ျပည္သူ႔အင္ အားဝန္ႀကီးဌာနက ပန္းခင္း စီမံခ်က္နဲ႔ စိစစ္လုပ္ ေဆာင္ေပးေနရာ အခုပန္းခင္းစီမံခ်က္ အဆင့္(၃) နဲ႔ (၂၀၂၅) ခုႏွစ္ ေအာက္တို ဘာလထိ ေဆာင္႐ြက္ေပးသြားမွာျဖစ္ေၾကာင္းသိရပါတယ္။ ဒီလိုလုပ္ေဆာင္တဲ့အခါ လုပ္ငန္းစဥ္အလိုက္ လုပ္ေဆာင္ခ်က္ေတြကို ငါးဦးေကာ္မတီနဲ႔စိစစ္ၿပီး ဥပေဒနဲ႔အညီ ထုတ္ ေပးလုပ္ေဆာင္ေနၿပီျဖစ္ေၾကာင္း လည္း သိရပါတယ္။ ဒီလိုေဆာင္႐ြက္လုပ္ကိုင္တဲ့အခါမွာ တိုင္းရင္းသား မဟုတ္သူေတြ၊ တိုင္းရင္းသား အျဖစ္ အေရၿခဳံဝင္ေရာက္လာတာမ်ိဳးေတြမရွိဖို႔၊ ႏိုင္ငံသားမျဖစ္ေသးသူေတြ ႏိုင္ငံသားမျဖစ္ႏိုင္ေရး အ တြက္လည္း အထူးသတိထား ၾကပ္မတ္ေဆာင္႐ြက္သြားဖို႔ လိုအပ္မွာျဖစ္ပါတယ္။

ရခိုင္ျပည္နယ္မွ တိုင္းရင္းသားအေရၿခဳံလာသည့္လုပ္ရပ္
ႏိုင္ငံသားတိုင္း မွတ္ပုံတင္ရရွိေရးဟာ ႏိုင္ငံ သားတစ္ဦးရဲ႕ တရားဝင္ရပ္တည္ပိုင္ခြင့္အတြက္ အေရးႀကီးတဲ့ကိစၥတစ္ရပ္ျဖစ္ပါတယ္။ ဒါနဲ႔ပတ္သက္ၿပီး ရခိုင္ျပည္နယ္ေျမာက္ပိုင္းမွာ တရားမဝင္ ေရာက္ရွိေနထိုင္ၾကတဲ့ ဘဂၤါလီေတြဟာ သူတို႔ကိုယ္သူတို႔ ႏိုင္ငံသားအျဖစ္ တရားဝင္ ရပ္တည္ပိုင္ခြင့္ ရဖို႔အေရး ေတာင္းဆိုေနခဲ့ၾကတာၾကာပါၿပီ။ အခုေနာက္ဆုံး ဇာတ္လမ္းအျဖစ္ ႏိုင္ငံသားအျဖစ္ေတာင္ မက တိုင္းရင္းသားအျဖစ္ရရွိေရး ျမန္မာႏိုင္ငံသမိုင္းမွာမရွိဖူးတဲ့ လူမ်ိဳးတစ္မ်ိဳး နာမည္ကိုခံယူခြင့္ရရွိႏိုင္ ေရး ေတာင္းဆိုလာေနတာကိုေတြ႕ရပါတယ္။ ဒီလိုေဆာင္႐ြက္ရာမွာ မရ-ရသကခ်ိဳင္ သေဘာမ်ိဳးနဲ႔ ႏိုင္ငံသားျဖစ္ေရးကို အႀကံအဖန္ထုတ္ေဆာင္႐ြက္လာေနၾကတာကို ေတြ႕ရွိေနရပါတယ္။

ဒါနဲ႔ပတ္သက္ၿပီး ဒုတိယအႀကိမ္ျပည္သူ႔လႊတ္ေတာ္သက္တမ္းကာလ (၂၀၁၈)ခုႏွစ္အတြင္း က ရမ္းၿဗဲၿမိဳ႕နယ္အတြင္း အစၥလာမ္ဘာသာကိုးကြယ္သူအခ်ိဳ႕ကို ႏိုင္ငံသားမွတ္ပုံတင္ထုတ္ေပးခဲ့တဲ့ကိစၥ တစ္ရပ္ ေပၚေပါက္ခဲ့ပါတယ္။ ဒီကိစၥနဲ႔ပတ္သက္ၿပီး ေဆာင္႐ြက္ခ်က္တခ်ိဳ႕ဟာ စနစ္တက်စိစစ္ေဆာင္ ႐ြက္ခဲ့ျခင္းရွိမရွိ၊ ကမန္လူမ်ိဳးဆိုၿပီး မွတ္ပုံတင္ရရွိသြား တဲ့သူေတြဟာ ကမန္လူမ်ိဳးအစစ္အမွန္ဟုတ္မ ဟုတ္ ေဆြးေႏြးေျပာဆိုခ်က္ေတြရွိခဲ့ၿပီး ဒုတိယအႀကိမ္ ရခိုင္ ျပည္နယ္လႊတ္ေတာ္မွာ အဆိုတင္သြင္း ေဆြးေႏြးေျပာဆိုမႈေတြရွိခဲ့ပါတယ္။ (၂၀၁၈) ခုႏွစ္ စက္တင္ဘာလအတြင္း က်င္းပၿပီးစီးခဲ့တဲ့ဒုတိယ အႀကိမ္ ရခိုင္ျပည္ နယ္လႊတ္ေတာ္ အ႒မအစည္းအေဝးမွာ ရမ္းၿဗဲၿမိဳ႕ နယ္မဲဆႏၵနယ္အမွတ္(၂)က ျပည္ နယ္လႊတ္ေတာ္ကိုယ္စားလွယ္ဦးသန္းေမာင္ဦးက “ရမ္းၿဗဲၿမိဳ႕နယ္ ေက်ာက္နီေမာ္ေက်း႐ြာမွာ ဘဂၤါလီ ေတြကိုထုတ္ေပးတဲ့ ႏိုင္ငံသားစိစစ္ေရးကတ္ျပားေတြေပၚမွာ လူမ်ိဳးေနရာမွာ ကမန္လူမ်ိဳးလို႔ ေရးသား ထုတ္ေပးေနတာကို ျပန္လည္စိစစ္ေပးပါရန္ႏွင့္ ကမန္မဟုတ္သူေတြကိုကမန္လူမ်ိဳးအမည္ျဖင့္ မွားယြင္း စြာ ၁၁/ရဗန(ႏိုင္) ကတ္ေတြထုတ္ေပးထားတာကို ျပန္လည္႐ုပ္သိမ္းေပးပါရန္ ရခိုင္ျပည္နယ္အစိုးရမွ တစ္ဆင့္ ျပည္ေထာင္စုအစိုးရသို႔ တိုက္တြန္းေၾကာင္း” အဆိုကို တင္သြင္းခဲ့တာကိုေတြ႕ခဲ့ရပါတယ္။

အဆိုရွင္ဦးသန္းေမာင္ဦးက အဆိုနဲ႔ပတ္သက္ၿပီးရွင္းလင္းတင္ျပရာမွာ “ရမ္းၿဗဲၿမိဳ႕နယ္ ေက်ာက္နီ ေမာ္ေက်း႐ြာအုပ္စုမွာ ဗုဒၶဘာသာဝင္ ရခိုင္အိမ္ေထာင္စု(၄၆၀)ခန႔္နဲ႔ အစၥလာမ္ဘာသာဝင္ ဘဂၤါလီ လူမ်ိဳး အိမ္ေထာင္စု (၈၀ဝ)ခန႔္ အတူေနထိုင္လ်က္ရွိၾကေၾကာင္း၊ အစၥလာမ္ဘာသာဝင္ (၇၀ဝဝ)ခန႔္ရွိမယ္လို႔ ခန႔္မွန္း ရေၾကာင္း၊ ထိုအစၥလာမ္ဘာသာဝင္ (၇၀ဝဝ) အထဲမွာ ကမန္မ်ိဳးႏြယ္စုဝင္ (၂၀ဝ)ဝန္းက်င္သာရွိ မယ္ျဖစ္ေၾကာင္း” ေျပာၾကားခဲ့ပါတယ္။ ဆက္လက္ၿပီး သူက “ဘဂၤါလီလူမ်ိဳးေတြဟာ ေက်ာက္နီေမာ္မွာ ညရွိတဲ့ ရခိုင္ေဒသခံေတြထံမွာ သူရင္းငွားလုပ္ကိုင္ရင္း အတူ ေနထိုင္ခဲ့သူေတြျဖစ္ပါေၾကာင္း၊ ဒါေၾကာင့္ ေက်ာက္နီေမာ္ေဒသခံေတြဟာ အစၥလာမ္ဘာသာဝင္ကိုးကြယ္သူေတြထဲက ဘယ္သူဟာ ဘဂၤါလီ၊ ဘယ္သူဟာက မန္၊ ဘယ္သူကမ်ိဳးစပ္ဆိုတာကို သိေနၾကသူေတြျဖစ္ေၾကာင္း” ေျပာၾကားခဲ့ပါတယ္။

ရခိုင္ျပည္နယ္လႊတ္ေတာ္မွာေဆြးေႏြးရတဲ့အထိ ျဖစ္ေပၚလာခဲ့ရတဲ့အေၾကာင္းရင္းက (၂၀၁၈) ခုႏွစ္ ဇန္နဝါရီလမွာ ေနျပည္ေတာ္(႐ုံးခ်ဳပ္) က လက္ေထာက္ၫႊန္ၾကားေရးမႉးတစ္ဦးေခါင္းေဆာင္တဲ့ လူဝင္မႈႀကီးၾကပ္ေရးနဲ႔ အမ်ိဳးသားမွတ္ပုံတင္ေရးဦးစီးဌာနမွအထူးအဖြဲ႕တစ္ဖြဲ႕ဟာ ရမ္းၿဗဲၿမိဳ႕နယ္ ေက်ာက္ နီေမာ္သို႔ ေရာက္ရွိလာၿပီး ဘဂၤါလီေတြကို ႏိုင္ငံသားမွတ္ပုံတင္ေတြထုတ္ေပးခဲ့ေၾကာင္းသိရပါတယ္။ ကမန္ ေတြကို မွတ္ပုံတင္သက္ေသခံကတ္ျပားေတြ ထုတ္ေပးရာမွာ သူတို႔တင္ျပတဲ့မ်ိဳး႐ိုးစဥ္ဆက္မွန္ မမွန္ကို ကမန္ရပ္မိရပ္ဖႏွစ္ဦးကလည္း စစ္ေဆးအတည္ျပဳခ်က္ ေပးရေၾကာင္းလည္းသိရပါတယ္။ ေက်ာက္နီေမာ္ေဒသဟာ ကမန္တိုင္းရင္းသားေတြနဲ႔ဘဂၤါလီေတြ ေရာေထြးေနထိုင္ရာေဒသတစ္ခုျဖစ္ၿပီး လူမ်ိဳးခ်င္း ေရာယွက္ရႈပ္ေထြးမႈရွိတဲ့ေဒသလည္းျဖစ္ပါတယ္။ ဒါေပမဲ့ ကမန္တိုင္းရင္းသားေတြကို ႏိုင္ငံ သား သက္ေသခံကတ္ျပားေတြထုတ္ေပးရာမွာ ရခိုင္တိုင္း ရင္းသားကိုယ္စားလွယ္ေတြ ပါဝင္ျခင္း မရွိဘဲ ကမန္ လူမ်ိဳးျဖစ္ေၾကာင္း ေဒသခံကမန္(ဆိုသူ)လူႀကီးႏွစ္ဦးက ေထာက္ခံခ်က္နဲ႔ထုတ္ေပးခဲ့တာျဖစ္ ေၾကာင္း လည္းသိရပါတယ္။ ေဒသခံေတြကေတာ့ ေထာက္ခံခ်က္ေပးတယ္ဆိုတဲ့ ကမန္(ဆိုသူ)ႏွစ္ဦးပင္ လွ်င္ ကမန္လူမ်ိဳးမဟုတ္ေၾကာင္း၊ ေက်နပ္မႈမရွိလွ်င္ မ်ိဳး႐ိုးဗီဇ (DNA)စစ္ေဆးႏိုင္ေၾကာင္းေျပာခဲ့တယ္ လို႔သိရပါတယ္။ ရမ္းၿဗဲၿမိဳ႕နယ္ ေက်ာက္နီေမာ္ေက်း႐ြာမွာ (၂၀၁၈) ခုႏွစ္ ဇန္နဝါရီလက လူဝင္မႈႀကီးၾကပ္ ေရးနဲ႔အမ်ိဳးသားမွတ္ပုံတင္ဌာနကစိစစ္ၿပီး ကမန္တိုင္းရင္းသားအျဖစ္ မွတ္ပုံတင္ တင္ေပးခဲ့သူေပါင္းဟာ က်ား (၁၄၅၆) ေယာက္နဲ႔ မ (၁၈၅၀) ေယာက္(ေပါင္း ၃၃၀ဝ)ေက်ာ္ရွိခဲ့ေၾကာင္းလည္း ဦးသန္းေမာင္ဦးက ရွင္းလင္းတင္ျပခဲ့ပါတယ္။ (၂၀၁၅) ခုႏွစ္ ေက်ာက္နီေမာ္ေက်း႐ြာအတြင္း မဲေပးခြင့္ရခဲ့တဲ့ကမန္တိုင္းရင္း သားဟာ (၂၅၀)ပဲရွိခဲ့တယ္လို႔လည္းဆိုပါတယ္။ ေက်ာက္နီေမာ္ေက်း႐ြာက ဘဂၤါလီလူမ်ိဳးေတြကို ကမန္ လူမ်ိဳးအျဖစ္ေျပာင္းလဲၿပီးမွတ္ပုံတင္ေပးျခင္းနဲ႔ပတ္သက္ၿပီး ကမန္အမ်ိဳးသားတိုးတက္ေရးပါတီကလည္း (၂၀၁၈)ခုႏွစ္ စက္တင္ဘာလ (၄) ရက္က ႏိုင္ငံေတာ္သမၼတထံသို႔ ျပန္လည္စစ္ေဆးေဆာင္႐ြက္ေပးဖို႔ တင္ျပခဲ့ေၾကာင္းသိရပါတယ္။ ဘဂၤါလီေတြကို ကမန္လူမ်ိဳးအမည္နဲ႔ ႏိုင္ငံသားစိစစ္ေရးကတ္ျပားေတြ ထုတ္ေပးေနမႈဟာ သူတို႔ကမန္လူမ်ိဳးေတြရဲ႕ပုံရိပ္ကိုထိခိုက္ေစေၾကာင္းလည္း ကမန္အမ်ိဳးသားတိုးတက္ ေရးပါတီက သတင္းစာရွင္းလင္းပြဲတစ္ခုမွာေျပာၾကားခဲ့ေၾကာင္းသိရပါတယ္။

ဦးသန္းေမာင္ဦးရဲ႕အဆိုနဲ႔ပတ္သက္ၿပီး ရခိုင္ျပည္နယ္အစိုးရအဖြဲ႕က ေလာေလာဆယ္ မွတ္ပုံတင္ ထုတ္ေပးျခင္းကိုယာယီရပ္ဆိုင္းထားေၾကာင္း၊ ဒါေၾကာင့္ အဆိုကိုမွတ္တမ္းတင္ေပးဖို႔ တင္ျပခဲ့ေပမယ့္ အဆိုရွင္ရဲ႕ဆႏၵအရ အဆိုကိုလႊတ္ေတာ္ရဲ႕သေဘာထားကိုရယူတဲ့အခါ အမတ္တစ္ဦးမွအပ တပ္မေတာ္ သားကိုယ္စားလွယ္ေတြအပါအဝင္ လႊတ္ေတာ္ကိုယ္စားလွယ္အားလုံးကေထာက္ခံခဲ့လို႔ အဆိုဟာ အတည္ျဖစ္ခဲ့ပါတယ္။ ဦးသန္းေမာင္ဦးတင္သြင္းတဲ့ အဆိုဟာ တစ္မ်ိဳးသားလုံးနဲ႔သက္ဆိုင္တဲ့အဆိုျဖစ္ လို႔ ရခိုင္လႊတ္ေတာ္မွာကိုယ္စားလွယ္ေတြအားလုံး (တပ္မေတာ္သားကိုယ္စားလွယ္ေတြအပါအဝင္) တညီတၫြတ္တည္း ေထာက္ခံခဲ့တာလည္းျဖစ္ၾကပါ တယ္။ (ရည္ၫႊန္း-ရခိုင္ျပည္နယ္လႊတ္ေတာ္မွတ္ တမ္းမ်ား)။ ရခိုင္ျပည္နယ္လႊတ္ေတာ္က ႏိုင္ငံသားစိစစ္ေရးကတ္ျပားမ်ားအေပၚတြင္ လူမ်ိဳးေနရာ၌ ကမန္ လူမ်ိဳးဟုေရးသားထုတ္ေပးေနျခင္းကို ျပန္ လည္စိစစ္ ေပးပါရန္ႏွင့္ ကမန္မဟုတ္သူမ်ားကို ကမန္ လူမ်ိဳး အမည္ျဖင့္ မွားယြင္းစြာ ၁၁/ရဗန(ႏိုင္) ကတ္မ်ား ထုတ္ ေပးထားျခင္းကို ျပန္လည္႐ုပ္သိမ္းေပးပါ ရန္ ရခိုင္ျပည္နယ္အစိုးရမွတစ္ဆင့္ ျပည္ေထာင္စုအစိုးရသို႔ တိုက္တြန္းေၾကာင္းအဆိုနဲ႔ပတ္သက္ၿပီး အစိုးရအဖြဲ႕က ဆက္လက္ေဆာင္႐ြက္ခဲ့တာကိုေတာ့ မေတြ႕ခဲ့ရပါဘူး။

ျမန္မာႏိုင္ငံအေနာက္ပိုင္း ရခိုင္ျပည္နယ္သို႔ေရာက္ရွိေနတဲ့ဘဂၤါလီေတြဟာ ရခိုင္ျပည္နယ္ရဲ႕ အစိတ္အပိုင္းကိုဖဲ့ယူၿပီး သီးျခားႏိုင္ငံထူေထာင္ႏိုင္ေရး ႀကိဳးစားေနၾကတာျဖစ္ပါတယ္။ သူတို႔ဟာ ျမန္မာ ႏိုင္ငံက သတ္မွတ္ထားတဲ့ ဥပေဒလမ္းေၾကာင္းကေရာ အၾကမ္းဖက္နည္းနဲ႔ပါ နည္းမ်ိဳးစုံသုံးၿပီး သူတို႔ လိုခ်င္တဲ့လမ္းေၾကာင္းကိုေရာက္ေအာင္ ႀကိဳးစားေနၾကတာျဖစ္ပါတယ္။ ဒီလိုႀကိဳးစားရာမွာ တရားဝင္ ႏိုင္ငံသား ျဖစ္ေရးဟာလည္း အေရးႀကီးတဲ့အေလ်ာက္ျဖစ္ႏိုင္ရႏိုင္တဲ့နည္းလမ္းနဲ႔လုပ္ေဆာင္လာၾကတာ ျဖစ္ပါတယ္။ ဘဂၤါလီအမ်ားစုဟာ ခိုးဝင္ဘဂၤါလီေတြျဖစ္တာေၾကာင့္ (၁၉၈၂) ခုႏွစ္ႏိုင္ငံသားဥပေဒနဲ႔ စိစစ္ ျခင္းကို လက္ခံႏိုင္ျခင္းမရွိဘဲ အၿမဲဆန႔္က်င္ကန႔္ကြက္ ေနခဲ့ၾကသူေတြလည္းျဖစ္ၾကပါတယ္။ ဒါေၾကာင့္ လည္း ႐ုပ္ရည္သြင္ျပင္အားျဖင့္လည္းတူ ကိုးကြယ္တဲ့ဘာသာအရလည္းတူတဲ့ ကမန္လူမ်ိဳးအျဖစ္ အသြင္ ေျပာင္းဖို႔ႀကိဳးစားၾကတာျဖစ္ပါတယ္။

ဒီေနရာမွာ ထူးျခားခ်က္တစ္ခုကေတာ့ ရမ္းၿဗဲၿမိဳ႕နယ္အတြင္းက ဘဂၤါလီေတြကို ကမန္တိုင္း ရင္းသားအျဖစ္ ေျပာင္းလဲမွတ္ပုံတင္ထုတ္ေပးႏိုင္ဖို႔ အတြက္ လူဝင္မႈႀကီးၾကပ္ေရးနဲ႔ အမ်ိဳးသားမွတ္ပုံ တင္ေရးဦးစီးဌာန(႐ုံးခ်ဳပ္)က တိုက္႐ိုက္တာဝန္ေပး ေစ လႊတ္ခိုင္းေစခဲ့တာျဖစ္ပါတယ္။ ဒါဟာ ရခိုင္တိုင္း ရင္းသားအႏြယ္ဝင္ျဖစ္တဲ့ ကမန္မ်ိဳးႏြယ္စုအျဖစ္ ဘာသာတူရာအေၾကာင္းျပဳၿပီး ဘဂၤါလီေတြ ကမန္ လူမ်ိဳးအမည္ ေျပာင္းစိမ့္ဝင္ဖို႔ႀကိဳးစားခဲ့တဲ့ျဖစ္ရပ္တစ္ခုျဖစ္တာ ကိုေတြ႕ရပါတယ္။ ႏိုင္ငံအတြက္ အႏၲရာယ္ရွိတဲ့ လုပ္ရပ္တစ္ခုလည္းျဖစ္ပါတယ္။

Related news

© 2021. All rights reserved.